Yangon Galaxy FC

Yangon Galaxy FC

Share

Amatuer Football Team in Yangon aiming to enjoy playing with regional football teams. Contact us for future friendly matches.

Photos from Yangon Galaxy FC's post 24/10/2025

Congratulations!!!

ယမန်နေ့ အောက်တိုဘာလ (၂၃) ရက်၊ ညနေ(၃:၃၀) အချိန် ရန်ကုန်မြို့၊ သုဝဏ္ဏဘောလုံးကွင်း၌ ကျင်းပခဲ့သော MNL(U-21) Youth League 2025 အမှတ်ပေးပြိုင်ပွဲ ချန်ပီယံအဆုံးအဖြတ်ပွဲစဉ်တွင် ISPE ယူ-၂၁ အသင်းအား ၁ ဂိုး၊ ဂိုးမရှိ ရလဒ်ဖြင့် အနိုင်ရရှိ ဗိုလ်စွဲခဲ့သော ဒဂုံစတားယူနိုက်တက် ယူ-၂၁ အသင်းအား ဝမ်းသာဂုဏ်ယူပါကြောင်းနှင့် ဒီထက်မက အောင်မြင်မှုများထပ်မံရရှိပါစေကြောင်း Yangon Galaxy FC အသင်းမှ ဂုဏ်ပြုစကားပါးလိုက်ပါတယ်။

Yangon Galaxy FC အသင်းအတွက် 2022-2024 ပြိုင်ပွဲများမှာ ဝင်ရောက်ကစားပေးခဲ့ပြီး ယခု MNL(U-21) Youth League 2025 ပြိုင်ပွဲတွင် ဒဂုံစတားယူနိုက်တက် ယူ-၂၁ အသင်းအတွက် ဝင်ရောက်ကစားပေးကာ အနိုင်ရရှိဗိုလ်စွဲခဲ့သော နောက်တန်းကစားသမား စိုင်းကောင်းဆက်ပိုင်၊ ကွင်းလယ် ကစားသမား နေသူရဖြိုး နှင့် သက်ပိုင်ထဋ် တို့အား ဝမ်းမြောက် ဂုဏ်ယူပါကြောင်းနှင့် နောက်လာမယ့်အနာဂတ်တွင်လည်း နိုင်ငံအတွက်အရေးပါသော ဘောလုံးအားကစားသမားကောင်းများဖြစ်ပါစေလို့ Yangon Galaxy FC အသင်းမှ ဂုဏ်ပြုဆုတောင်းပေးလိုက်ပါတယ်။




06/10/2025

သီတင်းကျွတ်လပြည့်နေ့ 🎇🏮🪔

မြန်မာတို့ရဲ့ အထင်ကရ သီတင်းကျွတ်လပြည့်နေ့ အခါသမယမှာ တိုင်းသူပြည်သားများအားလုံး စိတ်ချမ်းသာအေးချမ်းပြီး ပျော်ရွှင်ဖွယ် သီတင်းကျွတ်အခါသမယ ဖြစ်ပါစေကြောင်း Yangon Galaxy FC မိသားစုမှ ဆုမွန်ကောင်းတောင်းပေးအပ်ပါသည်။



#သီတင်းကျွတ်လပြည့်နေ့

19/07/2025

အာဇာနည်နေ့ - ၁၉ ဇူလိုင် မမေ့နိုင်
----------

၂၀၂၅ ခုနစ်၊ ဇူလိုင်လ (၁၉) ရက်နေ့တွင် ကျရောက်သော (၇၈) နှစ်မြောက် အာဇာနည်နေ့အား ကြိုဆိုရင်း ကျဆုံးလေပြီးသော ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်းဆောင်ကြီးများအား ဦးညွတ် ဂါရဝပြုအပ်ပါသည်။



'_Day
#အာဇာနည်နေ့တို့မမေ့

01/05/2025

International Labour Day - May Day
----------------

ယနေ့ မေလ ၁ရက်နေ့တွင် ကျရောက်သော အလုပ်သမားနေ့အား Yangon Galaxy FC မိသားစုမှ ဂုဏ်ပြုကြိုဆိုအပ်ပါသည်။





28/04/2025

မင်္ဂလာပါဗျ 🥰🙏

ဒီနေ့လေးဟာဆိုရင်တော့ ကျွန်တော်တို့ Yangon Galaxy FC အသင်းရဲ့ ဥက္ကဋ္ဌ ဖြစ်တဲ့ ကိုအာကာကံ့ကော်ရဲ့ မွေးနေ့လေးပဲဖြစ်ပါတယ်။

Happy birthday ပါ ကိုကြီးရေ 🥳🎉🎂

ယနေ့ကျရောက်သော ကိုကြီးရဲ့ မွေးနေ့မှသည် နောက်လာမယ့်မွေးနေ့ ရာကျော်မကတိုင် စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်း၊ အလုံးစုံပျော်ရွှင်ခြင်းအပေါင်းနဲ့ပြည့်စုံပြီး ချစ်ရသောဇနီး၊ သားသားတို့နဲ့ ဘဝကိုဖြတ်သန်းနိုင်ပါစေဗျာ။😍

နည်းပြအဖွဲ့ဝင်တွေနဲ့ အသင်းသားများအပေါ်ကိုလည်း ယခုထက်ပိုပြီး ထောက်ပံ့ပေးနိုင်ပြီး လုပ်ငန်းစီးပွား များလည်းတိုးတက်ပါစေကြောင်း အသင်းမှ ညီအကိုများမှ ဆုတောင်းပေးလိုက်ပါတယ်ဗျ။❤️🙏



17/04/2025

မြန်မာနှစ်ဆန်းတစ်ရက်နေ့ နှစ်သစ်ဆုတောင်း
---------------------------------------

ယနေ့ကျရောက်သော ၁၃၈၇ခုနစ်၊ မြန်မာနှစ်သစ်အခါသမယမှသည် မြန်မာပြည်သူပြည်သားများ နှင့် ကမ္ဘာပြည်သူပြည်သားများပါမကျန် ကပ်ဘေးအပေါင်းမှ ကင်းစင်ဝေးပြီး စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာပျော်ရွှင်ကာ စီးပွားလာဘ်လာဘများ ဒီရေအလားတိုးပွားပါစေကြောင်း Yangon Galaxy FC မိသားစုမှ နှစ်သစ်ဆုမွန်ကောင်းတောင်းအပ်ပါသည်။



#နှစ်သစ်ဆုတောင်း

28/03/2025

ဝမ်းနည်းကြေကွဲခြင်း
---------------------

ယနေ့ မြန်မာစံတော်ချိန် နေ့လယ် ၁၂:၅၀ နာရီ ဝန်းကျင်မှာ လှုပ်ခတ်ခဲ့သော ငလျင်ဒဏ်ကြောင့် မြန်မာနိုင်ငံအနှံ့အပြား၌ တိုက်တာအဆောက်အအုံပျက်စီးဆုံးရှုံးသူများ၊ အသက်ဆုံးရှုံးသူများ နှင့် ထိခိုက်ဒဏ်ရာရရှိသူ အများအပြားရှိကြောင်း ကြားသိရတဲ့အတွက်
များစွာစိတ်မကောင်းဖြစ်ရပါသည်။

မြန်မာပြည်သူပြည်သားများလည်း ကပ်ကြီး(၃)ပါးရန်မှ အမြန်ဆုံး ကင်းလွတ်ပါစေကြောင်း Yangon Galaxy FC မိသားစုမှ ဆုတောင်းမေတ္တာပို့သအပ်ပါသည်။

မြန်မာတစ်နိုင်ငံလုံးဒေသအသီးအသီးမှ ပြည်သူပြည်သားများနဲ့အတူ ကျွန်တော်တို့ထပ်တူခံစားရပြီး နောက်ထပ်မည်သည့်ဘေးအန္တရာယ်မျိုးမှ မကြုံတွေ့ရပါစေရန် Yangon Galaxy FC မိသားစုမှ ဆုတောင်းလျက်ရှိပါတယ် ခင်ဗျ။





19/03/2025

Yangon Galaxy FC အသင်းဥက္ကဋ္ဌနှင့် အသင်းအုပ်ချုပ်သူများ MNL-2 Promotion Amateur Club Tournament 2025 ပြိုင်ပွဲမှ YRFA FC Vs 10/Mon FC ပွဲစဉ်အားသွားရောက်ကြည့်ရှုအားပေးပြီး အသင်းနည်းပြချုပ်ဟောင်း၊ ကစားသမားဟောင်းများနှင့် တွေ့ဆုံ
-----------------------------------

Yangon Galaxy FC အသင်းမှ အသင်းဥက္ကဋ္ဌနှင့် အသင်း အုပ်ချုပ်သူများသည် ယနေ့မနက်ပိုင်းက ကစားခဲ့သော YRFA FC Vs 10/Mon FC ပွဲစဉ်အားသွားရောက်ကြည့်ရှုခဲ့ပြီး အသင်းနည်းပြချုပ်ဟောင်း၊ ကစားသမားဟောင်းများနှင့် တွေ့ဆုံကာ အားပေးစကားပြောကြားခဲ့ကြသည်။

Yangon Galaxy FC အသင်း၏ ရည်မှန်းချက်အတိုင်း မျိုးဆက်သစ်ဘောလုံးသမားများပေါ်ထွက်ရေးကို အစွမ်းကုန်ကြိုးစားနေပြီး ယခုယှဉ်ပြိုင်ကစားနေသော MNL-2 Promotion Amateur Club Tournament 2025 ပြိုင်ပွဲ မှာလည်း Yangon Galaxy FC အသင်းမှ နည်းပြချုပ်နှင့် ကစားသမားဟောင်းများ ပါဝင်ယှဉ်ပြိုင်ကစားလျက်ရှိသည်။

MNL-2 Promotion Amateur Club Tournament 2025 ပြိုင်ပွဲမှာ ဝင်ရောက်ကစားနေကြသော ကစားသမားဟောင်းများ
---------------------
YRFA FC - နည်းပြချုပ်ဟောင်း ဦးဇင်မင်းဦး၊ ကစားသမားများ - ထွန်းကျော်စွာဦး၊ ဖြိုးပြည့်စုံ၊ ဖြိုးကိုကို၊ ကောင်းခန့်လွင် ။

10/Mon FC - အာကာမျိုး၊ စိုးမင်းထက်။

Happy Friendship FC - စိုင်းကောင်းဆက်ပိုင်၊ ဂရေဟမ်၊ ဇော်ထွန်းအောင်၊ သူရဇော်။

Zan United FC - ရဲသူရထွန်း။

TKG Hmawbi FC - ကျော်မင်းထွန်း။

W FC - အောင်သိုက်။



-2Promotion

Photos from Yangon Galaxy FC's post 07/02/2025

မြန်မာ့လက်ရွေးစင် ယူ-၂၂ ပဏာမလက်ရွေးစင်အတွက် ရွေးချယ်ခံရခြင်း
----------------------

Yangon Galaxy FC အသင်းနှင့်အတူ (၂၀၂၃-၂၀၂၄) အတွင်း ပြိုင်ပွဲများ ဝင်ရောက် ယှဉ်ပြိုင်ခဲ့ပြီး ယခုအခါ၂၀၂၅ ဒီဇင်ဘာလမှာ ယှဉ်ပြိုင်ကစားမည့် ဆီးဂိမ်းပြိုင်ပွဲဝင် မြန်မာလက်ရွေးစင် ယူ -၂၂ ဘောလုံးအသင်းအတွက် ကစားသမား ရွေးချယ်ဖွဲ့စည်းရာ (၅) ကြိမ်မြောက် အမျိုးသားအားကစားပွဲတော် ရန်ကုန်တိုင်းကိုယ်စားပြုကစားခဲ့သော "မောင်ကောင်းခန့်လွင်" နှင့် ဒဂုံပေါ့ ယူ-၂၀ အသင်းမှ "မောင်ဝိုင်းဝိုင်းချစ်" နှင့် "မောင်သက်ပိုင်ထွဋ်" တို့ ရွေးချယ်ခံရသည်ဟု ကြားသိရတဲ့အတွက် ဝမ်းသာဂုဏ်ယူပါကြောင်း နှင့် နိုင်ငံအသင်းအတွက်လည်း အကောင်းမွန်ဆုံးခြေစွမ်းပြကစားနိုင်ပါစေကြောင်း Yangon Galaxy FC မိသားစုမှ ဂုဏ်ယူဝမ်းမြောက်စွာ ဆုမွန်ကောင်းတောင်းပေးလိုက်ပါသည်။



Photos from Yangon Region Football Association's post 30/01/2025

Yangon Galaxy FC အသင်းအတွက် ၂၀၁၉-၂၀၂၃ ခုနစ်အတွင်း နည်းပြချုပ်အဖြစ် တာဝန်ယူပေးခဲ့ပြီး (Yangon Amateur Premier League 2022 Champion ၊ Yangon Amateur FA Cup Champion၊ Friendly Cup 2023 Winner ၊ MNL-2 Promotion Amateur Club Tournament 2023 Semi Stage) များရောက်အောင် စွမ်းဆောင်ပေးနိုင်ခဲ့သော ဆရာ ဦးဇင်မင်းဦး သည် ရန်ကုန်ယူနိုက်တက် ယူ-၂၀ အသင်းမှ ရန်ကုန်တိုင်းအသင်းသို့ ပြောင်းရွှေ့သွားခဲ့သည်ဟု ကြားသိရသည့်အတွက် ဝမ်းသာဂုဏ်ယူပါကြောင်း နှင့် အသင်းသစ်မှာလည်း အောင်မြင်မှုများ ယခုထက် ပိုမိုရရှိပါစေလို့ Yangon Galaxy FC မိသားစုမှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။


29/01/2025

🎊Xin Nian Kuai Le 🎉
Gong Xi Fa Cai!!!
Happy Lunar New Year 🏮🪭🧧
Year of the snake 🐍



Want your business to be the top-listed Gym/sports Facility in Yangon?

Click here to claim your Sponsored Listing.

Location

Telephone

Website

Address


အိမ်အမှတ် ၄၁၈၊ ဗလိက္ကလမ်း, ၁၀ရက်ကွက်၊ တောင်ဥက္ကလာပမြို့နယ်။
Yangon