19/03/2022
Turbo star ဂေါ်ဆိုလာ 😜
ညီကိုများအာလုံး fz page မှ ကြိုဆိုပါတယ်
19/03/2022
Turbo star ဂေါ်ဆိုလာ 😜
11/03/2022
ဖိုင်း post တွေ ခုလပိုင်တွေမတင်ပေးနိုင်းတာ အာလုံးကို sorry ပါ bro တို့
#ဦးထုပ်ဆောင်ကျပါbro တို့
Photo crd
04/08/2021
Built HideoutCustoms
𝑻𝒖𝒓𝒃𝒐 𝒔𝒕𝒂𝒓 𝒇𝒛 𝒕𝒐𝒑 𝒔𝒑𝒆𝒆𝒕 105 😁
China fz 🏍
16/10/2020
ABS ဘရိတ်စနစ်အကြောင်း
ယာဉ်အန္တရာယ်ကင်းရှင်းရေးအတွက် ပညာရှင်တွေ တီထွင်ကြံဆရာကနေ ပေါ်ထွက်လာခဲ့တဲ့ ABS ဘရိတ်စနစ်အကြောင်း မျှဝေပေးလိုပါတယ်။ ABS စနစ်ကို Anti-lock Braking System (သို့) Anti-skid Braking System လို့ အကျယ်ဖြန့်ကြည့်နိုင်ပါတယ်။ ABS စနစ်က ကား (သို့) ဆိုင်ကယ်ရဲ့ ဘီးတစ်ခုချင်းစီမှာ တပ်ဆင်ထားတဲ့ အာရုံခံကိရိယာ (Sensor) တွေကို အသုံးပြုပြီး ဘီးရဲ့ လည်ပတ်နှုန်းကို စောင့်ကြည့်ပေးပါတယ်။ ကားရဲ့ ကွန်ပျူတာက ဘီးကရလာတဲ့ အချက်အလက်တွေနဲ့ ယာဉ်မောင်းနင်းထားတဲ့ လီဗာအတိုင်းအတာကို စောင့်ကြည့်ပြီး ယာဉ်ကို တည်ငြိမ်မှုရှိအောင် ထိန်းပေးတယ်။ သာမန်ဘရိတ်စ နစ်တွေအသုံးပြုတဲ့ ကား (သို့) မော်တော်ဆိုင်ကယ်ကို ရေစိုနေတဲ့ လမ်းတွေ၊ ချောမွေ့တဲ့ လမ်းမျက်နှာပြင်တွေမှာ ရုတ်တ ရက် ဘရိတ်ဖမ်းတဲ့အခါ ဘီးအားလုံး ရပ်သွားပြီး မောင်းနှင်နေတဲ့အမြန်နှုန်းကြောင့် ကား (သို့) ဆိုင်ကယ်ဟာ ထိန်းမရ သိမ်းမရဖြစ်လို့ ရှေ့ကို လျှောတိုက်ထွက်သွားတယ်။ ဒီအားနည်းချက်ကို ကာကွယ်နိုင်စေဖို့ ABS စနစ်တွေကို တီထွင်ခဲ့ တာဖြစ်ပြီး Anti-lock (သို့) Anti-skid လို့ ဆိုထားတဲ့အတိုင်း ယာဉ်မောင်းသူက ဘရိတ်ဖမ်းလိုက်တဲ့အခါ ဘီးတွေကို လုံးဝ ရပ်တန့်သွား (Lock ဖြစ်သွား) တာမျိုး မဖြစ်အောင် အကြိမ်ပေါင်းများစွာ ဘရိတ်ဖမ်းပေးပါတယ် – ABS စနစ်အများစုက တစ်စက္ကန့်မှာ ၁၅ ကြိမ်လောက်အထိ ဘရိတ်ဖမ်းနိုင်စွမ်းရှိတယ်။ ဒီလို ဘရိတ်ဖမ်းခြင်းအားဖြင့် ကားဘီးလည်ပတ်မှုက လုံးဝအသေဖြစ်မသွားစေဘဲ လမ်းပေါ်မှာ ဆက်လက်စွဲမြဲနေစေပြီး လမ်းချော်ထွက်တာမျိုး မဖြစ်အောင် ထိန်းသိမ်းလို့ ရသွားစေပါတယ်။
ABS ဘရိတ်စနစ်တွေက ဘရိတ်ဖမ်းနိုင်တဲ့ အကွာအဝေးကိုလည်း လျှော့ချပေးနိုင်စွမ်း ရှိပါတယ်။ အထူးသဖြင့် ခြောက်သွေ့တဲ့ လမ်းတွေ၊ ချော်ချွတ်တဲ့လမ်းတွေပေါ်မှာပါ။ နှင်းဖုံးတဲ့ လမ်းတွေနဲ့ ကျောက်စရစ်များတဲ့ လမ်းတွေမှာတော့ ဘရိတ်ဖမ်းတဲ့အကွာအဝေးက သိသိသာသာ ပိုများပါတယ် – ဒါပေမယ့် ယာဉ်ကို ဆက်လက်ထိန်းကျောင်းနိုင်အောင်တော့ စွမ်းဆောင်ပေးတယ်။ ဒီနေ့ခေတ်မော်တော်ယာဉ်တွေမှာ ABS စနစ်ကို စံတစ်ခုလို ထည့်သွင်းတပ်ဆင်ပေးလာပါတယ်။ အားသာချက်အနေနဲ့ ABS စနစ်ပါတဲ့ ကားတွေက ပြန်ရောင်းတဲ့အခါ သာမန်ဘရိတ်စနစ်ပါတဲ့ ကားတွေထက် ဈေးကောင်း ပိုရနိုင်တယ် – ABS စနစ်ကြောင့် အပြည့်အဝမဟုတ်ပေမယ့် ဈေးကောင်းရစေမယ့် Feature တွေထဲမှာ ဒီစနစ် ပါဝင်ပါ တယ်။ ဒါ့အပြင် (ကျွန်တော်တို့ဆီမှာ ရ၊ မရ သိပ်မသေချာပေမယ့်) တခြားနိုင်ငံတွေမှာ ABS စနစ်ပါတဲ့ ယာဉ်တွေကို အာမ ခံထားတဲ့အခါ လျှော့ဈေးအကျိုးခံစားခွင့်တွေ ပေးပါတယ်။ အကြောင်းက ABS စနစ်ဟာ စနစ်တကျစမ်းသပ်ထားပြီး အန္တ ရာယ်ကင်းရှင်းမှုအတွက် ယုံကြည်စိတ်ချရလောက်တဲ့ အနေအထားမှာ ရှိနေတာကြောင့်ပါ။
ခေတ်ပေါ်ကားတွေမှာ လမ်းမျက်နှာပြင်နဲ့ စွဲမြဲနေစေဖို့ Traction Control ဆိုတဲ့ စနစ်ပါဝင်လာတယ် – ဒီစနစ်က သူ့ရဲ့လုပ်ဆောင်ချက်တစ်ချို့ကို ABS စနစ်ကတစ်ဆင့် ရယူအသုံးပြုပါတယ်။ အကျိုးဆက်အနေနဲ့ ထုတ်လုပ်သူတွေက ကားမော်ဒယ်လ်သစ်တွေမှာ ABS နဲ့ Traction Control – စနစ်နှစ်မျိုးစလုံးကို အလွယ်တကူ ထည့်သွင်းပေးလို့ ရစေတယ်။ ABS စနစ်တွေက အန္တရာယ်ကင်းတယ်ဆိုပေမယ့် အားနည်းချက်အနည်းငယ်တော့ ရှိပါတယ်။ တစ်ချို့ယာဉ်မောင်းသူတွေက ဘရိတ်ဖမ်းရတဲ့ အကွာအဝေးပိုများတယ်လို့ ဆိုကြပြီး ဒီလိုဖြစ်လာရင်တော့ ABS စနစ်မှာ ချို့ယွင်းချက်တစ်စုံတစ်ရာ ဖြစ်နေတယ်လို့ သိနိုင်တယ်။ ဘရိတ်ဖမ်းလိုက်တဲ့အခါ ပုံမှန်မဟုတ်တဲ့ ဖိကြိတ်သံမျိုးတွေ ထွက်လာရင်း ဘရိတ်စနစ်ကို ပြန်လည်စစ်ဆေးသင့်တယ်။ ABS ဘရိတ်စနစ်မှာ အာရုံခံကိရိယာ (Sensor) တွေ ပါဝင်တာကြောင့် ချို့ယွင်းချက်ရှိတဲ့အ ခါ ပြင်ဆင်စရိတ်တော့ မြင့်ပါလိမ့်မယ်။
ABS စနစ် ချို့ယွင်းချက်ရှိလာရင် ကားရဲ့ ဒက်ရှ်ဘုတ်ပေါ်မှာ မီးအလင်းသင်္ကေတနဲ့ အချက်ပြပေးပါတယ်။ ကွန် ပျူတာစနစ်က အာရုံခံကိရိယာတွေဆီကနေ အချက်အလက်တွေ မရတဲ့အခါ၊ ပုံမှန်မဟုတ်တဲ့ အချက်ပြတွေ ဝင်ရောက် လာတဲ့အခါ ABS ကသင်္ကေတ လင်းလက်လာပြီး ယာဉ်မောင်းသူကို အချက်ပြပေးပါလိမ့်မယ်။ ကားဘီးမှာရှိတဲ့ အာရုံခံ ကိရိယာတွေအပြင် တခြားသော အကြောင်းအရာတွေကြောင့်လည်း ABS မီးက လင်းလာနိုင်ပါတယ်။ ဥပမာ – ဘရိတ်ဆီ လျော့နည်းနေတဲ့အချိန်မျိုး၊ ဖျု့စ်တွေ ပျက်နေတဲ့အချိန်မျိုးတွေမှာပါ။ တစ်ခုရှိတာက ABS မီး လင်းနေချိန်မှာလည်း ကားရဲ့ ဘရိတ်က ပုံမှန်အတိုင်း အလုပ်လုပ်ပါတယ် – ကားကို ဝပ်ရှော့အထိ ဆက်မောင်းသွားလို့ ရပါသေးတယ်။ အကောင်းဆုံး ကတော့ ABS မီး လင်းလာပြီဆိုရင် ကျွမ်းကျင်ပညာရှင်တွေနဲ့ ပြသတာပဲ ဖြစ်တယ်။
ဒီလောက်ဆိုရင် ABS စနစ်အကြောင်း အတော်လေးစုံလင်သွားပြီလို့ ထင်ပါတယ်။ Automatic Braking System နဲ့ မတူတာက ABS စနစ်က ကားဘီးမှာ တပ်ဆင်ထားတဲ့ အာရုံခံကိရိယာတွေရဲ့ အကူအညီနဲ့ အလုပ်လုပ်တယ်။ Automatic Braking System ကတော့ ကားကိုယ်ထည်မှာ တပ်ဆင်ထားတဲ့ ရေဒါစနစ်တွေရဲ့ အကူအညီနဲ့ အလုပ်လုပ် ပါတယ်။
Ref: motors.com.mm
crd: Mawlamyine Daily
13/08/2020
CBR တစ်စီကို စတေကာ free ကပ်ပေးလိုက်တယ် 😁
11/04/2020
YAMAHA. MT. 15
Photo crd
04/04/2020
Page က bro တို့ပျင်းနေမှဆိုလို😊
ကြိုက်ရာဘီးလေကို save ပြီ စိတ်ကူးယဉ်ကြည်ရအောင်😊
Share ထားကျပါအုံး bro တို့
02/04/2020
21/03/2020
Yamaha V-max 2019 😍
# 1700 cc
Page comment တွေ rp ပြန်လိုမရလိုပါ
Page ခဏခဏ ကျနေလိုပါ
ပြန်ရတာနဲ့ပုံတွေ လဲပြန်တင်ပေးပါမယ်
ညီကိုများအာလုံး ကျေဇူးပါ 🙏🙏🙏
15/11/2019
YAMAHA. R15 / V3.
MADE ကွာခြားပုံ
photo crd