23/03/2025
ဂျူဗင်တပ်စ်အသင်းသည် နည်းပြ သီယာဂိုမော့တာကို ရာထူးမှထုတ်ပယ်ပြီး အသင်း ကစားသမားဟောင်းဖြစ်သူ တူဒေါကို အစားထိုးခန့်အပ်ကြောင်း အတည်ပြုကြေညာခဲ့သည်။
တူဒေါ(၄၆ နှစ်)၏စာချုပ်သက်တမ်းကိုမူ အသင်းဘက်က တရားဝင်ထုတ်ပြန်ခြင်းမရှိကြောင်း သိရသည်။
သတင်းများတွင်မူ တူဒေါ၏စာချုပ်မှာ ရာသီကုန်အထိဖြစ်ပြီး ချန်ပီယံလိဂ်ဝင်ခွင့်ရလျှင် အလိုအလျောက် တစ်နှစ်သက်တမ်းတိုးမည်ဖြစ်သည်။
Photo: B/R Football
28/07/2024
စပါးအသင်းသည် တောင်ကိုရီးယားကလပ် Gangwon FC အသင်းမှ ဆယ်ကျော်သက်တောင်ပံကစားသမား ယန်မင်ယောင်ကို ခေါ်ယူနိုင်ခဲ့ပြီဖြစ်ကြောင်း အတည်ပြုကြေညာခဲ့သည်။
အသက် ၁၈ နှစ်အရွယ်ရှိ ယန်မင်ယောင်သည် စပါးအသင်းနှင့် လာမည့်နှစ် ဇန်နဝါရီလမှ လာရောက်ပူးပေါင်းမည်ဖြစ်ပြီး စာချုပ်သက်တမ်းမှာ ၂၀၃၀ ပြည့်နှစ်အထိ ဖြစ်သည်။
Crd
24/07/2024
မန်ချက်စတာယူနိုက်တက်တိုက်စစ်မှူး ဟွိုင်လန်းသည် လာမည့်ရာသီတွင် ယခင် ကျောနံပါတ် ၁၁ မှ ကျောနံပါတ် ၉ ကို ပြောင်းလဲဝတ်ဆင်ကစားမည်ဖြစ်သည်။
crd
17/08/2023
ဗိုလ်လုပွဲတွေဆိုရင် ဘာမှမလုပ်ပြနိုင်တဲ့ ဟာလန်းဟာ ညက ဆီဗီလာနဲ့ ဥရောပစူပါဖလားပွဲမှာလည်း ဘာမှမလုပ်ပြနိုင်ခဲ့ပြန်ပါဘူး။ ၉၅ မိနစ် ဝင်ကစားခဲ့ပြီး သွင်းဂိုးသုည၊ ဖန်တီးမှုဇီးရိုး၊ ဂိုးပေါက်တည့်ချက်မရှိဖြစ်ခဲ့ကာ သူ့ရဲ့ ဗိုလ်လုပွဲခြေစွမ်းတွေကတော့ မေးခွန်းထုတ်စရာဖြစ်နေပါပြီ။
အသင်းအနိုင်ရလို့သာ ဆုဖလားကိုင်မြှောက်ခွင့်ရခဲ့ပြီး ပျော်စရာကောင်းခဲ့တာပါ။ ဒါပေမယ့် မန်စီးတီးအတွက် သူ ဗိုလ်လုပွဲနဲ့ ဆီမီးဖိုင်နယ်ပွဲတွေေ ၈ ပွဲအထိ ကစားပေးခဲ့ရာမှာ တဂိုးမှမသွင်းနိုင်ခဲ့သလို တကြိမ်မှတောင် ဂိုးဖန်တီးပေးနိုင်တာမျိုး မရှိခဲ့ပါဘူးး။
ညကလည်း မန်စီးတီးကို လူငယ်ကစားသမားလေး ပယ်လ်မာ ကယ်တင်ပေးခဲ့ရတာပါ။ သူ့ချေပဂိုးကြောင့် ပင်နယ်တီအဆုံးအဖြတ်ခံယူဖို့ဖြစ်ခဲ့ပြီး ကံကောင်းခဲ့တာပါ။ ဟာလန်းက ကွန်မြူနတီဒိုင်းတုန်းကလည်း ဘာမှမလုပ်ပြနိုင်ခဲ့သလို ညကပွဲမှာလည်း အဲဒီအတိုင်းပဲ ဖြစ်ခဲ့ပါတယ်။
17/08/2023
လီဗာပူးအသင်းဟာ စတုဂတ်အသင်းခေါင်းဆောင်အန်ဒိုကို ပြောင်းရွေ့ကြေးယူရို(18)သန်းနဲ့ခေါ်ယူဖို့ သဘောတူညီမှုရသွားခဲ့ပြီဖြစ်ပါတယ်။
လီဗာပူးရဲ့ကမ်းလှမ်းမှုကို လက်ခံရခဲ့အပြီးမှာ ကစားသမားဘက်က ထွက်ခွာခွင့်တောင်းခံခဲ့တာလည်းဖြစ်ပါတယ်။
လက်ရှိအချိန်မှာ အန်ဒိုအနေနဲ့အပြောင်းအရွေ့အပြီးသတ်ဖို့ အဂ်လန်ကိုလာနေပြီဖြစ်ပါတယ်။
crdလီဗာပူးအသင်းဟာ စတုဂတ်အသင်းခေါင်းဆောင်အန်ဒိုကို ပြောင်းရွေ့ကြေးယူရို(18)သန်းနဲ့ခေါ်ယူဖို့ သဘောတူညီမှုရသွားခဲ့ပြီဖြစ်ပါတယ်။
လီဗာပူးရဲ့ကမ်းလှမ်းမှုကို လက်ခံရခဲ့အပြီးမှာ ကစားသမားဘက်က ထွက်ခွာခွင့်တောင်းခံခဲ့တာလည်းဖြစ်ပါတယ်။
လက်ရှိအချိန်မှာ အန်ဒိုအနေနဲ့အပြောင်းအရွေ့အပြီးသတ်ဖို့ အဂ်လန်ကိုလာနေပြီဖြစ်ပါတယ်။
crd
16/08/2023
"ကျနော် တရုတ်ကို သွားခဲ့လို့ လူတွေအများအပြားက ဝေဖန်ခဲ့ကြပါတယ်၊ ဒါပေမယ့် တကယ့်အမှန်တရားကိုတော့ သူတို့မသိခဲ့ကြပါဘူး၊ ကျနော်ပြောပြပါ့မယ်၊ ကိုရင်သီယန်ကို ကျနော်မရောက်ခင်နဲ့ ရောက်ခဲ့ပြီးချိန် ကျနော့်ကစားသမားဘ၀အကြောင်းပေါ့"
"ဒီအပြောင်းအရွှေ့ကနေ ကျနော် ငွေကြေးအများကြီးရခဲ့ပါတယ်၊ ဒါပေမယ့် ကျနော် ဘာလုပ်ခဲ့လဲသိလား၊ ကျနော့်အေးဂျင့်ကို ကျနော်ပြောခဲ့တယ်၊ ငါ ပိုက်ဆံတွေ မလိုချင်ဘူး၊ ငါ အိမ် ၁၅ လုံးဝယ်ချင်တယ်၊ ပြီးတော့ ငါ့မိသားစုကို Fuerte Apache ရဲ့ အစွန်အဖျားမှာ နေနေရတဲ့ ငါ့မိသားစုကို ပေးချင်တယ်လို့"
"ကျနော့်အကိုတွေ၊ ဦးလေးတွေ၊ အဒေါ်တွေရှိတဲ့ မိသားစုပေါင်း ၁၅ ခုကို ကျနော်ထောက်ပံ့ပေးခဲ့တာပါ၊ ဒါကို လူတွေမသိကြပါဘူး၊ စုစုပေါင်း လူ ၆၀ လောက်ရှိတယ်၊ ကျနော်လုပ်သမျှက တီဗက်ဇ်မျိုးဆက်သစ်တွေကို ပိုကောင်းစေချင်လို့ပဲ၊ ကောင်းမွန်တဲ့ ပညာရေးရရှိဖို့၊ ကျနော်ဖြတ်သန်းခဲ့ရသလိုမျိုးကို သူတို့မဖြတ်သန်းစေချင်တာကြောင့်ပါ"
- ကားလို့စ်တီဗက်ဇ်
16/08/2023
အိပ်မက် မက်ဖို့တောင်မလွယ်တဲ့တောင်းဆိုမှုတွေလုပ်ပြီးမှ ဆော်ဒီသွားခဲ့သူ
****************************************************************
၃၂ နှစ်အရွယ် နေမာဟာ ဒီနွေမှာ ဆော်ဒီကိုရောက်လာတဲ့ စူပါစတားတွေထဲက တစ်ယောက်ပါ။
သူကလည်း ကစားသမားဘ၀ရဲ့နှောင်းပိုင်းကာလအတွက် အပျံစားတောင်းဆိုမှုတွေ လုပ်ခဲ့ပါတယ်။
အယ်ဟီလယ်ပိုင်ရှင်တွေကို သူအရင်ဆုံးတောင်းဆိုခဲ့တာက သူကိုယ်တိုင်နဲ့ သူ့အပေါင်းအသင်းတွေသုံးဖို့ ဇိမ်ခံကား ၈ စီး စီစဉ်ပေးဖို့ပါ။
အဲဒီမှာ ၃ စီးက သူမောင်းဖို့ဖြစ်ပြီး အပေါင်းအသင်းတွေအတွက်က Mercedes G Wagons ၄ စီးအပြင် ဒရိုင်ဘာပါတဲ့ Mercedes van တစ်စီးလည်း တောင်းဆိုခဲ့ပါတယ်။
ဒါ့အပြင် သူကိုယ်တိုင်၊ အပေါင်းအသင်းတွေနဲ့ မိသားစုအတွက် နေ့တိုင်းမှာ ဒရိုင်ဘာအမြဲရှိနေရမယ်လို့ တောင်းဆိုခဲ့တာပါ။
သူနေမယ့်အိမ်က ရေခဲသေတ္တာထဲမှာလည်း သူအရမ်းကြိုက်တဲ့ Açaí juice အမြဲဖြည့်ထားပေးရမယ်လို့လည်း တောင်းဆိုခဲ့ပါတယ်။
နောက်ပြီး သူနေမယ့်အိမ်မှာ ချွေးထုတ်ခန်း ၃ ခန်းထည့်ပေးဖို့နဲ့ အချိန်ပြည့်ခိုင်းလို့ရမယ့် အလုပ်သမား ၅ ယောက်ထားပေးဖို့လည်း တောင်းဆိုခဲ့တာပါ။
အဲဒီထဲမှာ ဘရာဇီးက သူ့ရဲ့ကိုယ်ပိုင်စားဖိုမှုးကို ကူညီပေးမယ့် စာဖိုမှုးတစ်ယောက်လည်း ပါ၀င်ကာ ၂ ယောက်ကတော့ သန့်ရှင်းရေးဖြစ်ပါတယ်။
ဒါ့အပြင် အားလပ်ရပ်တွေမှာ လည်ပတ်ရင် သူတည်းမယ့်ဟိုတယ်၊ သူစားမယ့် စားသောက်ဆိုင်တွေက ကုန်ကျစရိတ်တွေအားလုံးကိုလည်း ခံပေးရမယ်လို့ နေမာက အယ်ဟီလယ်ပိုင်ရှင်တွေကို တောင်းဆိုခဲ့ကြောင်း သတင်းရင်းမြစ်တစ်ခုက The Sun သတင်းစာကို ပြောခဲ့တာပါ။
crd
16/08/2023
မက်ဆီကတော့ အင်တာမိုင်ယာမီအတွက် ဒီမနက်ကစားခဲ့တဲ့ လိဂ်ဖလားဆီမီးဖိုင်နယ်မှာ ဂိုးတဂိုးထပ်သွင်းကာ ၆ ပွဲဆက်တိုက်ဂိုးရအောင် စွမ်းဆောင်နိုင်ခဲ့ပါပြီ။ အသင်းကလည်း ၄-၁ နဲ့ အနိုင်ရခဲ့ပြီး ဗိုလ်လုပွဲကို တက်ရောက်သွားခဲ့ပါပြီ။ မက်ဆီရဲ့ ဒီအသင်းကို ရောက်ရောက်ချင်း လုပ်ပေးနေပုံတွေကတော့ တကယ်ကို ချီးကျူးစရာပါပဲ။
ဂိုးသွင်းဘုရင်ဖြစ်ဖို့လည်း မက်ဆီက သေချာသွားပြီဖြစ်ကာ အင်တာမိုင်ယာမီအတွက် ဖလားယူပေးဖို့ပဲ ကျန်ပါတော့တယ်။ သူ ရောက်လာပြီးကတည်းက ပွဲတိုင်းဂိုးသွင်းတယ်၊ အင်တာမိုင်ယာမီကလည်း ရှုံးပွဲမရှိတော့ဘူး၊ တွေ့သမျှအသင်းတိုင်းကို အနိုင်ကစားနေပြီး တပွဲကို အနည်းဆုံး ၃ ဂိုးနှုန်း သွင်းတာမျိုးအထိ ဖြစ်လာခဲ့တာက တကယ်အံ့အားသင့်စရာပါပဲ။
မက်ဆီက အမေရိကမှာ ရပ်တန့်လို့မရအောင်ကို ဖြစ်နေခဲ့ပါပြီ။ သူ့ရဲ့ ဦးဆောင်နေမှု၊ ဂိုးသွင်းပေးနေမှု၊ ဖန်တီးပေးမှုတွေက အင်တာမိုင်ယာမီကို ထိပ်သီးအသင်းတသင်းဖြစ်လာအောင်ပါ ပြောင်းလဲပေးနိင်ခဲ့ပါတယ်။
Crd
16/08/2023
#𝐁𝐑𝐄𝐀𝐊𝐈𝐍𝐆
ပုဂ္ဂိုလ်ရေးသဘောတူညီမှုမရခဲ့တာကြောင့် မက်ဂွဲယားနဲ့ဝက်စ်ဟမ်းတို့ကြား အပြောင်းအရွေ့ပျက်ပြယ်သွားခဲ့ပြီဖြစ်ပါတယ်။
မက်ဂွဲယားအတွက် ယူနိုက်တက်နဲ့ဝက်စ်ဟမ်းတို့ကြား ပြောင်းရွေ့ကြေးသဘောတူညီမှုရခဲ့ပေမယ့် ကစားသမားနဲ့ပုဂ္ဂိုလ်ရေးသဘောတူညီမှုမရခဲ့တာဖြစ်ပါတယ်။
မက်ဂွဲယားအနေနဲ့ ယူနိုက်တက်အသင်းကို ချစ်မြတ်နိုးပြီး အခုလက်ရှိရာသီမှာ ကစားခွင့်တွေရလာမယ်လို့ ယုံကြည်နေတာလည်းဖြစ်ပါတယ်။
crd
15/08/2023
အိုလီဆီနဲ့ ပုဂ္ဂိုလ်ရေးသဘောတူညီမှု ရယူနိုင်ဖို့ နီးစပ်နေတဲ့ ချဲလ်ဆီး
⚽⚽⚽⚽⚽⚽⚽⚽⚽⚽⚽⚽⚽⚽⚽⚽⚽⚽
ချဲလ်ဆီးအသင်းဟာ ခရစ္စတယ်ပဲလေ့စ်တောင်ပံကစားသမား မိုက်ကယ်အိုလစ်ဆီနဲ့ ပုဂ္ဂိုလ်ရေးသဘောတူညီမှု ရယူနိုင်ဖို့ နီးစပ်နေတယ်လို့ သိရပါတယ်။
ချဲလ်ဆီးဟာ ခရစ္စတယ်ပဲလေ့စ်စတားကို ပေါင် ၄၅ သန်းနဲ့ ခေါ်ယူနိုင်ဖို့ မျှော်လင့်နေပြီး ကစားသမားဘက်နဲ့ အဆင်ပြေဖို့ နီးစပ်နေတယ်လို့ သတင်းတွေက ဆိုပါတယ်။ မန်ချက်စတာစီးတီးအသင်းကလည်း အခုနွေရာသီမှာ ပြင်သစ်သားကို ခေါ်ယူနိုင်ဖို့ ချိတ်ဆက်နေပါတယ်။
အိုလီဆီကိုသာ ချဲလ်ဆီးအနေနဲ့ ခေါ်ယူနိုင်ခဲ့မယ်ဆိုရင် နွေရာသီငွေကြေးအသုံးပြုမှုက ပေါင်သန်း ၄၀၀ လောက်အထိ ရှိလာမှာဖြစ်ပါတယ်။ ပိုချက်တီနိုရဲ့အသင်းဟာ ဘရိုက်တန်ကွင်းလယ်လူ ကိုင်စီဒိုကိုလည်း ခေါ်ယူနိုင်ဖို့ နီးစပ်နေပြီဖြစ်ပါတယ်။ ဒါ့အပြင် ဆောက်သမ်တန်ကွင်းလယ်လူ လီဗီယာကိုလည်း ခေါ်ယူဖို့ ချိတ်ဆက်နေပါတယ်။
ပဲလေ့စ်ကတော့ သူတို့စတားကို အသင်းမှာပဲ ဆက်ထိန်းထားချင်နေပြီး ရွိင်ယန်ဟော့ဆန်ကတော့ အသက် ၂၁ နှစ်သားကို အသင်းမှာ ဆက်ထိန်းထားနိုင်ဖို့ ရုန်းကန်နေရကြောင်း ဝန်ခံပြောကြားထားခဲ့တာဖြစ်ပါတယ်။
Crd
Myanmar Agent
Ph-viber
09 773 666 353
15/08/2023
ပြင်းထန်တဲ့ဒူးဒဏ်ရာကြောင့် အနည်းဆုံး ၇ လလောက်အနားယူရတော့မယ့် တိုင်ရွန်မင်းစ်
⚽⚽⚽⚽⚽⚽⚽⚽⚽⚽⚽⚽⚽⚽⚽⚽⚽⚽
နယူးကာဆယ်နဲ့ ပွဲမှာ ရရှိတဲ့ပြင်းထန်တဲ့ဒူးဒဏ်ရာကြောင့် အက်စတွန်ဗီလာနောက်ခံလူ တိုင်ရွန်မင်းစ်တစ်ယောက် အနည်းဆုံး ၇ လလောက်နားရဖွယ်ရှိနေပါတယ်။ သတင်းတွေအရ အင်္ဂလန်သားဟာ စနေနေ့တုန်းက အီဆက်နဲ့ ထိခိုက်မိခဲ့ပြီး ပြင်းထန်တဲ့ဒူးဒဏ်ရာ ရရှိခဲ့တာဖြစ်ပါတယ်။
ခွဲစိတ်မှုသာ အောင်မြင်ခဲ့မယ်ဆိုရင် တိုင်ရွန်မင်းစ်တစ်ယောက် အခုလာမယ့်ဆောင်းရာသီမှာ လေ့ကျင့်ခန်းပြန်ဆင်းနိုင်ဖို့ ဗီလာအသင်းက မျှော်လင့်နေပါတယ်။ ဒါပေမယ့် အခြားတစ်ဖက်မှာ မင်းစ်တစ်ယောက် ၉ လလောက်နားရနိုင်တယ်လို့ ဖော်ပြနေကြပြီး အခုရာသီကို လွဲချော်ဖို့များနေပါတယ်။
အသက် ၃၀ အရွယ်ကစားသမားဟာ အဆိုပါဒဏ်ရာ ရခဲ့ပြီးနောက် သူ့မျက်နှာကို အကျီနဲ့အုပ်ခဲ့တာကိုလည်း မြင်ခဲ့ရတာဖြစ်ပါတယ်။ ၂ ဖက်အသင်း ပရိသတ်တွေကတော့ တိုင်ရွန်မင်းစ်ကို အားပေးမှုတွေပြုလုပ်ခဲ့ကြသေးတာ ဖြစ်ပါတယ်။ ဗီလာအသင်းက အဆိုပါသတင်းကို အတည်ပြုခဲ့ပြီး ပရိသတ်တွေအတွက်တော့ စိုးရိမ်စရာဖြစ်လာခဲ့ပါတယ်။
“တိုင်ရွန်မင်းစ်တစ်ယောက် ပြင်းထန်တဲ့ဒူးဒဏ်ရာ ရရှိခဲ့တယ်ဆိုတာ ကျွန်တော်တို့ အတည်ပြုနိုင်ပါတယ်။ သူ့ကိုစစ်ဆေးမှုတွေပြုလုပ်ပြီး ကံမကောင်းစွာနဲ့ ခွဲစိတ်မှုခံယူရမှာဖြစ်ကာ ကာလရှည်ပြန်လည်သက်သာလာအောင် လုပ်ဆောင်ရမှာပါ။ အဆိုပါပွဲမှာ အမ်မရီရဲ့ဗီလာအသင်းဟာ နယူးကာဆယ်အသင်းကို ၅-၁ နဲ့ အရေးနိမ့်ခဲ့ပါတယ်။ ပွဲအပြီးမှာ အမ်မရီက သူ့ကြည့်ရတာ အဆင်မပြေသလိုပါပဲ။ ဒီအပတ်က ကျွန်တော်တို့အတွက် ဆိုးဝါးလွန်းပါတယ်။ ဘွမ်ဒီယာလည်း ဒဏ်ရာရခဲ့သလို အခုလည်း တိုင်ရွန်မင်းစ်လည်း ဒဏ်ရာရရှိခဲ့ပါတယ်။ သူတို့က ကျွန်တော်တို့အသင်း အတွက် အရေးပါတဲ့သူတွေပါ။ ဒီနေ့မှာ ကျွန်တော်တို့ အရေးနိမ့်ခဲ့ပေမယ့် အဲ့တာထက်ပိုဆိုးတာက တိုင်ရွန်ဒဏ်ရာရခဲ့တာပါ။ ကျွန်တော်တို့ ပြန်လာနိုင်ဖို့ ရက်အနည်းငယ်ရသလို အဲဗာတန်နဲ့ပွဲအတွက် ပြင်ဆင်ရပါမယ်။ အခုအပတ်မှာ အရာအားလုံးက အဆင်မပြေခဲ့ပါဘူး။ ဒါပေမယ့် ကျွန်တော်တို့ ပြန်လာနိုင်ရပါမယ်။ ကစားသမားတွေ အပေါင်းလက္ခဏာဆောင်တာကို မြင်ချင်သလို ဒီအခြေအနေကိုပြောင်းလဲနိုင်ဖို့ လိုအပ်ပါတယ်”လို့ အမ်မရီက ပြောကြားခဲ့ပါတယ်။
“ဗီလာပရိသတ်တွေကို ဘယ်လိုကျေးဇူးတင်ရမလဲမသိတော့ပါဘူး။ ဒါပေမယ့် သူတို့ရဲ့အားပေးမှုကို ကျွန်တော်ကျေးဇူးတင်ပါတယ်။ အငှားလာကစားတည်းက ကျွန်တော် ကွင်းထဲမှာ အရာအားလုံးပေးဆပ်ကစားခဲ့တာပါ။ ကျွန်တော်ကွင်းပြင်ပမှာလည်း အရာအားလုံးလုပ်ဆောင်ပြီး အသင်းဆီကို အမြန်ပြန်လာနိုင်အောင် လုပ်ဆောင်သွားမှာပါ။ အားလုံးကို ကျေးဇူးတင်ပါတယ်”လို့ တိုင်ရွန်မင်းစ်က ပြောကြားခဲ့ပါတယ်။
အမ်မရီကတော့ တိုင်ရွန်မင်းစ်နေရာမှာ ကစားသမားသစ် ပါအူလ်တောရက်စ်ကို အစားထိုးခဲ့ပါတယ်။ ဗီလာပရိသတ်တွေကတော့ တိုင်ရွန်မင်းစ်ဒဏ်ရာ အခြေအနေကြောင့် ကစားသမားသစ်ခေါ်ယူဖို့ တောင်းဆိုနေကြပါတယ်။
Crd
15/08/2023
ယူနိုက်တက်ရဲ့ နိုင်ပွဲမှာ အဓိကနေရာကနေ ပါဝင်ခဲ့တဲ့ ဂိုးသမားကြီး အိုနာနာပါ။ သူ့ရဲ့ အပိုင်ကာကွယ်မှုတွေနဲ့ အသင်းကို နိုင်ပွဲရအောင် ကူညီပေးနိုင်ခဲ့ပါတယ်။ ဗာရန်းရဲ့ ဂိုးနဲ့ အနိုင်ရခဲ့တာ မှန်ပေမယ့် အိုနာနာရဲ့ လက်စွမ်းတွေက ချေပဂိုးပြန်မပေးရအောင် အထောက်အကူပြုခဲ့ပြီး ၀ုလ်ဗ်တိုက်စစ်ကိုလည်း သူ ကောင်းကောင်းကြီး ဟန့်တားနိုင်ခဲ့တာပါ။
သူ့ရဲ့ ပထမဆုံး ပရီးမီးယားလိဂ်ပွဲက ပေးဂိုးမရှိနိုင်ပွဲရခဲ့လို့လည်း ကျေနပ်စရာပါပဲ။ ဒီဂီယာနေရာကို အစားဝင်လာတဲ့ ဒီဂိုးသမားကို စောင့်ကြည့်နေသူတွေက အများကြီးပါ။ ညက လက်စွမ်းအရတော့ သူက အသိအမှတ်ပြုစရာကောင်းအောင် ကစားနိုင်ခဲ့တာ ငြင်းမရပါဘူး။
ယူနိုက်တက်ကစားပုံက ဆိုးရွားလွန်းပြီး ဂိုးတဂိုးရဖို့ မနည်းလုပ်ခဲ့ရပြနီးတော့ ဂိုးလွယ်လွယ်နဲ့ ပြန်မပေးရအောင် အိုနာနာက လုပ်ပေးခဲ့တာပါ။ ညက ယူနိုက်တက်ရဲ့ အကောင်းဆုံးကစားသမားတွေထဲက တဦးက သူပါပဲ။
Myanmar Agent
Ph-viber
09 773 666 353