Bullet Futsal Football Club

Bullet Futsal Football Club

Share

we are bullet
bullet is danger

Photos from MFF Futsal's post 29/06/2025

Champions ဆုကြီးနှင့်အတူလှိုင်သာယာမှာခြေစွမ်းကောင်းတဲ့ကစားသမားတွေရှိကြောင်းသက်သေပြနိုင်ခဲ့ပြီးလှိုင်သာယာမြို့ကိုဂုဏ်ဆောင်ခဲ့သည့် Kyal Sin Linn Futsal Club အသင်းအားလှိုင်သာယာအပျော်တမ်းအသင်းများကိုယ်စားBULLET FUTSAL CLUBမှညီကိုများက လေးစားဂုဏ်ပြုလျှက်👏





Bullet Futsal Football Club

09/05/2025

ပံ့ပိုးမှုများရှိရင်ဝင်ရောက်ယှဥ်ပြိုင်သွားပါမည်။

MFF Futsal Amateur Cup 2025 ပြိုင်ပွဲကို အသင်းပေါင်း ၅၀ဖြင့် ကျင်းပမည်
-----------------------

MFF Futsal Amateur Cup 2025 ပြိုင်ပွဲကို MFF Futsal Stadium တွင် အသင်းပေါင်း ၅၀ ဖြင့် ဇွန်လ ၄ ရက်မှ ၂၉ ရက် အထိ ကျင်းပသွားမည် ဖြစ်သည်။

ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင် လိုသည့် အသင်းများအနေဖြင့် မေ ၂၀ ရက်မှ ၂၃ ရက် အထိ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဖူဆယ် နှင့် သဲသောင်ပြင် ဌာနတွင် အသင်းဝင်ခွင့် လျှောက်လွှာများကို ထုတ်ယူ၍ အသင်းဝင်ခွင့်လျှောက်ထားရမည် ဖြစ်သည်။

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဖူဆယ် နှင့် သဲသောင်ပြင်ကော်မတီ အနေဖြင့် ထိုပြိုင်ပွဲကို အသင်း‌ပေါင်း ၅၀ ဖြင့်သာ ကျင်းပမည် ဖြစ်ပြီး အသင်းအရေအတွက် ပြည့်မီပါက အသင်းဝင်ခွင့် လျှောက်လွှာတင်ခြင်းကို ရပ်ဆိုင်းသွားမည် ဖြစ်သည်။

MFF Futsal Amateur Cup 2025 ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင် လိုသော အသင်းများအနေဖြင့် အသင်းဝင်ကြေး ကျပ် ၃ သိန်း၊ Deposit ကျပ် ၂ သိန်းပေးသွင်းရမည် ဖြစ်ပြီး အနည်းဆုံး ဂိုးသမား နှစ်ဦး အပါအဝင် ကစားသမား ၁၄ ဦးမှ ၁၆ဦးအထိ လည်းကောင်း၊ အုပ်ချုပ်နည်းပြ အနည်းဆုံး ၃ ဦးမှ ၆ ဦးအထိ လည်းကောင်း စာရင်းပေးသွင်းနိုင်မည် ဖြစ်သည်။

MFF Futsal Amateur Cup 2025 ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် အသင်းများ အနေဖြင့် ကစားသမားများ မှတ်ပုံတင်ရာတွင် လက်ရွေးစင် ဖူဆယ်/ဘောလုံးကစားသမားများ၊ Futsal League 1,2, MNL 1,2 နှင့် MNL Youth League ပြိုင်ပွဲများတွင် ၀င်ရောက်ကစားခဲ့ဖူးသူများနှင့် အထက်ပါ ပြိုင်ပွဲများတွင် အုပ်ချုပ် နည်းပြ အဖွဲ့၀င်များ အဖြစ် ပါဝင်ဆောင်ရွက်ခဲ့သူများကို ကစားသမားအဖြစ် မှတ်ပုံတင်ခွင့် ပြုမည် မဟုတ်ပါ။

MFF Futsal Amateur Cup 2025 ပြိုင်ပွဲတွင် တရာမဝင် ကစားသမား ထည့်သွင်း အသုံးပြုသည်ကို စစ်ဆေးတွေ့ရှိပါက အသင်းအား ပြိုင်ပွဲမှ ထုတ်ပယ်သွားမည် ဖြစ်ပါသည်။

25/03/2025

မိမိလုပ်ငန်းအမှတ်တံဆိတ်အားကြော်ငြာချင်သောလုပ်ငန်းရှင်ကြီးများအားဖိတ်ခေါ်လျှက်ရှိပါကြောင်း❗️

BULLET FUTSAL CLUB အနေဖြင့်အသင်းသားအသစ်များဖြင့်ပြန်လည်ဖွဲ့စည်းသွားမည်ဖြစ်ပီး အပတ်စဥ်Trainingများကိုလဲပြန်လည်ပြုလုပ်သွားမည်ဖြစ်သည်။

MFFမှကြီးမှုးကျင်းပသောအပျော်တမ်းအသင်းများပြိုင်ပွဲAMATEUR CUPတွင်လဲBULLET FC အနေဖြင့်ဝင်ရောက်ယှဥ်ပြိုင်ရင်ဆန္ဒရှိနေတာဖြစ်ပီး အသင်းအားထောက်ပံ့ပေးရန်ဆန္ဒရှိသောလုပ်ငန်းရှင် ဝါသနာရှင်ကြီးများနှင့် Trainingတွင်လာရောက်ပူးပေါင်းပီးပြိုင်ပွဲကန်ချင်စိတ်ရှိသောညီကိုများကိုအမြဲတမ်းကြိုဆိုလျက်ပါ။

Bullet Futsal Football Club

23/02/2025

ကျွန်တော်တို့အသင်းPageအားပိုင်ရှင်အသစ်ထံ23.2.2025ရက်နေ့တွင်လွှဲပြောင်းလိုက်ပြီဖြစ်ပြီး ပိုင်ရှင်အသစ်ကသာPageအားဆက်လက်အသုံးပြုသွားမည်ဖြစ်သည်။ဤPageမှအကြောင်းအရင်းတစုံတရာဖြစ်ခဲ့သည်ရှိသော် BULLET FUTSAL မှညီကိုများနှင့်လုံးဝသက်ဆိုင်တော့မည်မဟုတ်ပါ။


Photos from HTY Amateur Futsal Tournament's post 27/11/2024
Photos from Bullet Futsal Football Club's post 24/11/2024

Friendship Futsal League HTY 2024/2025 ဖွင့်ပွဲအားတက်ရောက်ခဲ့သည့်မြင်ကွင်းများအားပြန်လည်မျှဝေလိုက်သည်။ BULLET FC အနေနဲ့ဘယ်ဘက်မှ3တန်းမြောက်တွင်ရပ်ကာဂျာစီအညိုဖြင့်ဖွင့်ပွဲအားပါဝင်ခဲ့ကြသည်။




We are Champion

10/11/2024

ကျွန်တော်တို့BULLET FUTSAL CLUBသည် Friendship Futsal League HTY 2024/2025 ပြိုင်ပွဲတွင်ဝင်ရောက်ယှဥ်ပြိုင်သွားမည်ဖြစ်သည်။

Friendship Futsal League HTY 2024/2025 တွင်ပါဝင်သော အသင်းများအား ဦးစွာပဏာမ မိတ်ဆက်ခြင်း ဖြစ်ပါသည်။

လှိုင်သာယာအပျော်တန်းအလွတ်တန်းလိဂ်ပြိုင်ပွဲပါဝင်ကစားသွားမဲ့ လှိုင်သာယာအပျော်တန်းအသင်းဖြစ်တဲ့အသင်းကောင်း‌နောက်ထပ်တစ်သင်းကတော့ Bullet FC ဘဲဖြစ်ပါတယ်။ Champion အဖြစ်အကောင်းဆုံးကြိုးစားပြီး အသန့်ရှင်းဆုံးအလှပဆုံးယှဉ်ပြိုင် ကစားနိုင်မယ်လို့ ယုံကြည်ပါတယ်ဗျာ။

ဖိုက်တင်းပါ Bullet FC ညီကိုတို့

အောက်ဖော်ပြပါ Bullet FC အသင်း pageလေးဖြစ်ပါတယ်
https://www.facebook.com/profile.php?id=61551900050476&mibextid=ZbWKwL

28/10/2024

လှိုင်သာယာမှ ညီငယ်လေးများသို့ သတင်း

ကောင်းပါးပါရစေ

U-15နှင့်အထက် U-20 ထိ ညီငယ်လေးများအားလုံး

AFCလိုင်စင်ရှိနည်းပြဆရာကောင်းတစ်

ယောက်နှင့် အတူ Training လေ့ကျင့်

သင်ကြားဖို့အတွက်အသင်းရှိညီငယ်လေးများနှင့်အတူ

လေ့ကျင့်သင်ကြား နိုင်ပါပြီ။ အသင်းမှ Training

ဆရာအား မေတ္တာရပ်ခံထားသောကြောင့် အသင်းဘက်

မှ တက်နိုင်သလောက် လုပ်ပေးခြင်းဖြစ်ပါ၍ ဆရာမှ

သင်ပြလေ့ကျင့်ပေးသွားမှာဖြစ်ပါတယ်။ သို့ဖြစ်ပါ၍

အသင်းသို့ လာရောက် ဆက်သွယ် မေးမြန်း၍စာရင်း

ပေး သွင်းနိုင်ပါသည်။ များသောအားဖြင့် မည်သည့်အထောက်အပံ့မှ

မရှိသောကြောင့် အသင်းမှ စနေနေ့နှင့်

တနင်္ဂနွေများတွင် ပြုလုပ်ပေးမည်ဖြစ်ပါသည်။

ကျန်တဲ့အသေးစိတ်အားTraining တွင် ပြောပြပေးပါမည်။

ဆရာမှ ညီ‌ငယ်လေးမှအား၏ အရည်းအချင်း ပါရမီ အပေါ်မူတည်၍လည်း

အသင်းကောင်းများထံ ပို့ပေးရန် ဆန္ဒများရှိကြောင်းလည်း သိရ၍ ညီငယ်များ

အရည်းအချင်းအပေါ်မူတည် ၍ အကျိုးရှိနိုင်ကြောင်းလည်း သိရှိရပါသည်။

Photos from MFF Futsal's post 26/10/2024

Congratulations! Hinthar FC

Photos from Bullet Futsal Football Club's post 30/07/2024

‼️‼️

Bullet Futsal Club ၏ "Captain" Sai Kyaw Thu သည်၎င်း၏ Player Life မှခနတာအနားယူသွားမည်ဖြစ်သည်။

Captain ပီသပြီး Respect ရှိသောကစားသမားဖြစ်သူကိုခနတာလက်လွှတ်ရသည့်အတွက်Bullet Fcကညီကိုများကစိတ်မကောင်းဖြစ်မိပါသည်။

စိုင်းကျော်သူသည်ကစားသမားဘဝမှခနတာအနားယူသွားပေမယ့်အသင်းတွက်ထောက်ပံ့မှုများဆက်လက်ပြုလုပ်သွားမည်ဖြစ်သည်။

ဆက်လက်ပီးအသင်း၏ကပ္ပတိန်ကိုတော့ 10.TunAungKyawကဘဲဆက်လက်ပြုလုပ်သွားမည်ဖြစ်သည်။










Bullet Futsal Football Club

Want your business to be the top-listed Gym/sports Facility in Yangon?

Click here to claim your Sponsored Listing.

Location

Category

Telephone

Website

Address


Hlaingtharyar
Yangon