14/09/2023
"How people treat you is their Karma...
How you react is yours..."
Wayne Dyer~
တခြားသူတွေ မိမိအပေါ် ပြုမူပြောဆိုဆက်ဆံတာကို ထိန်းချုပ်လို့ မရသလိုတားဆီးလို့မရပါဘူး .
အဲ့အရာတွေက သူတို့အတွက် သူတို့ရဲ့ကံတွေပါ.
ဒါပေမဲ့ မိမိကိုယ်တိုင် ဘယ်လိုပြန်တုန့်ပြန်လည်းဆိုတာကတော့ မိမိတို့ ကံတွေဖြစ်လို့ ကိုယ့်ကံကိုသာ ကောင်းတဲ့အကျိုးတရားဖြစ်အောင် ကောင်းတဲ့အကြောင်းတရားတွေနဲ့နေထိုင်ရမှာဖြစ်ပါတယ်.
ကောင်းတဲ့အရာနဲ့နေထိုင်ဖို့ ကောင်းတဲ့အတွေးကို အရင်တွေးရမှာဖြစ်လို့ အခုကစလို့
Think positive, stay positive 🍀🍀🍀
13/09/2023
လူတိုင်းမှာ ပိုင်ဆိုင်မှုကိုယ်စီရှိကြတယ်.
အဲ့တာတွေကို လူတွေက ပိုင်ဆိုင်ပြီးသားဖြစ်လို့ မမြင်နိုင်ပဲ မပိုင်ဆိုင်ရသေးတဲ့အရာတွေအတွက် အချိန်တွေ အကုန်ခံပြီး ပိုင်ဆိုင်ရအောင် ကြိုးစားနေကြရင်း သေဆုံးကြရတယ်.
သင့်ကိုယ်သင်မေးဖူးပါသလား......................
"သင့်ကို လူတွေဘယ်လိုမြင်စေချင်တယ်" ဆိုတာ
လူတွေကို မြင်စေချင်တဲ့အတိုင်းရော သင့်ကိုယ်သင် စိတ်ကူးနဲ့ အရင်ပုံဖော်ကြည့်ဖူးပါသလား???
စိတ်ကူးနဲ့တောင် ပုံမဖော်ကြည့်ရသေးရင် သင်ကဘယ်လိုမှ အဲ့လိုလူဖြစ်မလာနိုင်သေးပါ....
၁. စိတ်ကူးနဲ့အရင်ပုံဖော်ပါ
"မင်းရဲ့အကြီးမားဆုံး ပိုင်ဆိုင်မှုဟာ တစ်နေ့မင်းဖြစ်လာစေချင်တဲ့ မင်းပုံစံကို ပုံဖော်ပြီး မြင်တတ်ဖို့ပါပဲ"
သူဌေးတို့လျှောက်သောလမ်း မှကောက်နုတ်ချက်
12/09/2023
"If you fail to plan
You are planning to fail"
Benjamin Franklin~
သင်မပြင်ဆင်ထားရင် ကျရှုံးမှုအတွက် ကိုယ့်ကိုကိုယ်ပြင်ဆင်နေရမယ်. ကြိုတင်ပြင်ဆင်ထားရင်တော့ အောင်မြင်ဖို့အတွက် ကိုယ့်ကိုကိုယ်ပြင်ဆင်နေမှာပါ....
ကျရှုံးမှုကိုမကြောက်ပါနဲ့ ကျရှုံးပြီးလဲကျတဲ့အချိန် ပြန်မထနိုင်မှာကိုသာကြောက်ပါ...
07/09/2023
Self-love ကို့ကိုယ်ကိုချစ်ပါ
Self-love ကို့ကိုယ်ကိုချစ်ပါ ဆိုတော့ လူတွေကထင်ကြတယ်.
ကောင်းတာတွေစားပေးမှ ,သက်သောင့်သာနေထိုင်မှ, ကောင်းတာတွေဆင်မှလို့ထင်ကြတယ်.
တကယ်တော့ ကို့ body ကိုသာမက ကို့စိတ်ကိုပါ ကောင်းအောင်နေခြင်း၊ ကောင်းတာတွေး ခြင်း ၊ မကောင်းတာတွေမတွေးအောင်နေထိုင်ခြင်း၊ သူများအပူကိုယ့်မကူးအောင်နေထိုင်ခြင်း တွေကသာ ကိုယ့်ကိုကိုယ်ချစ်ခြင်း Self-love လို့ခေါ်ပါတယ်.
ကိုယ့်ဖြစ်တည်မှုကို လက်ခံလိုက်ခြင်းက Self-love လို့ခေါ်ပါတယ်.
03/09/2023
Change Yourself
လူတိုင်းမှာဖြစ်ချင်တာတွေ အများကြီးရှိကြလိမ့်မယ်။
ကိုယ်ကိုယ်တိုင်ရော ကို့ဘေးနားကလူတွေကိုပါ ကိုဖြစ်ချင်တဲ့အတိုင်းဖြစ်ချင်ကြတယ်။
သို့ပေမဲ့ ကိုယ်တိုင်တောင် ကိုယ်ဖြစ်ချင်သလိုမဖြစ်တဲ့အခါတွေရှိတော့ တခြားလူဆို ဆိုဖွယ်ရာမရှိတော့။
ဒါပေမဲ့ ဘာပဲလိုချင်လိုချင် ဘာပဲရချင်ရချင် ဘယ်သူ့ကိုပဲပြောင်းလဲချင်ချင် ကိုကိုယ်တိုင်သာအရင်ပြောင်းလဲဖို့လိုအပ်ပါတယ်
"တခြားလူတွေကိုပြောင်းလဲအောင်လုပ်ဖို့ထက် မင်းကိုမင်းပြုပြင်ပြောင်းလဲလိုက်တာက ပိုလွယ်တယ်လို့မှတ်ပါ"
(သူဌေးဖေဖေ ဆင်းရဲဖေဖေ စာအုပ်)
02/09/2023
Master of mind စိတ်ရဲ့အရှင်သခင်ဖြစ်ချင်ရင် ကို့စိတ်ရဲ့အခြေအနေကိုအရင်သိရပါမယ်
စိတ်အခြေနေက ဘာဖြစ်နေမှန်းတောင်မသိရင် ကို့စိတ်ကိုပြုပြင်လို့ရမှာမဟုတ်ပါဘူး။
စိတ်ခံစားချက်ကအေးချမ်းနေလား ပျော်ရွှင်နေလား ဝမ်းနည်းနေလား ပူလောင်နေလားဆိုတာကို သိဖို့သတိရှိမှဖြစ်ပါမယ်။
အရင်ဆုံး ကို့ကိုယ်ကိုမေးကြည့်လိုက်ပါ
ကို့စိတ်ကို သိပြီလားဆိုတာ
"All feelings are energy"
02/09/2023
"MIND" = " စိတ်"
လူသားတွေဟာ စိတ်အကြောင်းကိုသေချာမသိလို့သာ ပင်ပန်းဆင်းရဲနေကြခြင်းဖြစ်ပါတယ်
စိတ်ဆိုတာ စွမ်းအားအကြီးဆုံးအရာပါ
အခုဖြစ်နေတဲ့ ပျော်ရွှင်ခြင်း ဝမ်းနည်းခြင်း ဝမ်းသာခြင်း ဖြစ်ဖြစ်သမျှခံစားချက်များအားလုံးက စိတ်ကြောင့်သာဖြစ်တယ်
စိတ်ကိုအောင်နိုင်ရင် ကို့ဘဝကိုလည်း အလိုရှိသလို ထိန်းချုပ်နိုင်တာမို့ စိတ်ရဲ့သခင်ဖြစ်အောင်ဘယ်လို
နေထိုင်လို့ရလည်းဆိုတာ နောက်ပို့စ်မှာ ဆက်လက်တင်ပြသွားပါအုံးမယ်
ကို့ကိုယ်ကို အောက်ကစာသားလေးအတိုင်းရွတ်ကြည့်လိုက်ပါ
"ငါဟာလက်ရှိငါထက် ပိုစွမ်းဆောင်နိုင်တဲ့သူဖြစ်တယ်"
ဖရာရီလမ်းခွဲမှကောက်နုတ်ချက်
01/09/2023
အခုလိုကာလ မှာ ဘာရယ်မဟုတ် စိတ်လေးတွေ ခဏတာ အေးချမ်းတာပဲဖြစ်ဖြစ် အသိလေးတခုဖြစ်ဖြစ် ရစေချင်တဲ့စေတနာလေးနဲ့ သိသမျှ တတ်သမျှလေးတွေ ဝေမျှပေးချင်ယုံပါ ✨✨✨