13/04/2024
I don't chase dreams, I hunt goals✌️
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from KZT - Fitness Coach, Personal trainer, Yangon.
13/04/2024
I don't chase dreams, I hunt goals✌️
07/04/2024
I LIVE LIKE I HAVE NOTHING TO LOSE
🔺Back မှာ အဆီများနေတဲ့ သူတွေအတွက်
🔺Back muscle ရှိချင်တဲ့သူတွေအတွက်ပါ
လိုက်ဆော့ကြည့်နော်
🔺muscle ကိုသေချာ focus ထားပီးဆော့
ကြည့်နော်
🔺ဘာအတွက်ပဲဆော့ဆော့ အချိန်တစ်ခု
တော့ပေးရတယ်
🔺ပီးစလွယ်မဆော့ပါနဲ့
🔺သေချာလေး focus ထားပီးဆော့မယ်ဆို
🔺ကိုယ်လိုချင်တဲ့recult တစ်ခုကိုယ်ရလာပါ
လိမ့်မယ်
# Health & Fitness
# Back Workout
# Freelance
Thrust
✅တင်ပါးမှာ အဆီတွေများနေတဲ့သူပဲဖြစ်ဖြစ်
✅မရှိတဲ့ တင်ပါးကို ကိတ်လာအောင်ဆော့ချင်လို့ပဲဖြစ်ဖြစ်
✅ဒီကစားနည်းကို တွေနဲ့ ဆော့လို့ရတယ်နော်
Don't forget to like and follow my page for fitness tips and fitness workouts
✅ မှာ အဆီများနေတဲ့သူတွေအတွက် နဲ့ဆော့လို့ရတဲ့ # workout လေးပြပေးထားတယ်
✅ တည်ဆောက်ချင်တဲ့သူတွေလဲ ဆော့လို့ရတယ်နာ်
အိမ်မှာပဲဖြစ်ဖြစ် Gym မှာပဲဖြစ်ဖြစ် ဆော့လို့ရတယ်
Don’t forget to like & follow my page for more fitness tips and fitness workout 💪💪
✅ မှာ အဆီများနေလို့ပဲ ဖြစ်ဖြစ်
✅ တည်ဆောက်ချင်လို့ဘဲ ဖြစ်ဖြစ်
ကျနော်ပြပေးထားတဲ့ လေ့ကျင့်ခန်းတွေကို ဆော့လို့ရတယ်
ကိုယ်လိုချင်တဲ့ ကိုတော့ သေချာ ထားပီး ဆော့ဖို့တော့ လိုတယ်နော်
Don’t forget to like & follow my page for more fitness tips and fitness workout 💪💪
13/10/2023
ခန္ဓာကိုယ် ကျန်းမာကြံ့ခိုင်အောင် ဘာတွေစားသင့်သလဲ...
အဓိက💪 ကြွက်သားတွေ သန်မာဖို့ တည်ဆောက်ရာမှာ လက်ရှိစားသောက်နေတဲ့ ပုံစံထက် ပရိုတင်းရမယ့် အစားအသောက်ကို ရွေးချယ်ပြီး အနည်းဆုံးနေ့စဥ် 50 ဂရမ်မှ 175 ဂရမ် စားပေးသင့်ပါတယ် ဒါမှမဟုတ် ပရိုတင်းပါတဲ့ ဖြည့်စွက်စာတွေကိုလည်းစားလို့ရပါတယ် စားပြီးသည့်တိုင် Workout တွေကိုလည်း ပုံမှန်ကစားပေးဖို့လိုအပ်ပါတယ်။
#ပရိုတင်း ပြည့်ဝစေတဲ့ အစားအသောက်တွေကို တွက်ချက်ပြီးလည်း စားသုံးသင့်ပါသေးတယ်....
ပြည့်ဝစေတဲ့ အစားအသောက်များထဲကမှ အဓိကဖြစ်တဲ့ အစားအသောက် 6မျိုးကို ပြောပြပေးသွားမှာပါ...
1️⃣Egg
ကြက်ဥများမှာ ပရိုတင်း၊ ကျန်းမာသော အဆီများနှင့် ဗီတာမင် B နှင့် choline စတဲ့ အရေးကြီးသော အာဟာရဓာတ်များ လုံလောက်စွာပါဝင်တယ်။
ပရိုတင်းများကို အမိုင်နိုအက်ဆစ်များဖြင့် ဖွဲ့စည်းထားပြီး ကြွက်သားများရရှိလာဖို့အတွက် ပိုမိုအထောက်အကူဖြစ်စေပါတယ်။
2️⃣Salmon
ဆယ်လမွန်ဟာ ကြွက်သားတည်ဆောက်မှုနှင့် အလုံးစုံကျန်းမာရေးအတွက် အကောင်းဆုံး အစားအစာတစ်ခုပါ။
ဆော်လမွန် (85 ဂရမ်)မှာ ပရိုတင်း 17 ဂရမ်၊ Omega 3 Fatty acids 1.5 ဂရမ် ပါဝင်ပါတယ်။Omega 3 Fatty acids ဟာ ကြွက်သားကျန်းမာရေးအတွက် ထောက်ပံ့ပေးတာကြောင့် ခန္ဓာကိုယ်ကို ပိုမို သန်မာလာစေပါတယ်။
3️⃣Chicken Breast
ကြက်သားစားသုံးခြင်းဟာလည်း Protein ပါဝင်လို့ ကြွက်သားများရရှိ ဖို့အတွက် အထောက်အကူဖြစ်စေပါတယ်။ကြက်သား (85 ဂရမ်) မှာ Protein 26.7 ဂရမ်ခန့် ပါဝင်ပါတယ်။
ကြက်သားတွင် Vitamin B ,Niacin နှင့် B6 များစွာပါဝင်လို့ အာဟာရဓာတ်များကိုလည်း ပိုမိုပြည့်ဝစေပါတဲ့ အပြင် ကြက်သားနှင့်ပြုလုပ်ထားတဲ့ Protein အစားအသောက်တွေဟာ အဆီတက်မှုကို လျှော့ချပေးနိုင်ပါတယ်။
4️⃣Dairy Products (Yogurt)
နို့ထွက်ပစ္စည်းတွေမှာတော့ ပရိုတင်းဓာတ်သာမက အစာချေဖျက်နိုင်တဲ့အတွက် နှေးစေတဲ့အတွက် ပုံမှန်ထက်ပိုပြီးအစာစားချင်စိတ်ကို လျော့ကျစေပါတယ်။လေ့ကျင့်ခန်းလုပ်ပြီးနောက် ဒါမှမဟုတ် အိပ်ယာမဝင်မီ ဒိန်ချဥ် သောက်သုံးခြင်းဟာလည်း အရိုးအဆစ်များကို သန်မာစေသည့်အပြင် အစာချေဖျက်မှုကို နှေးစေတာကြောင့်အဆေိတက်မှုကိူ လျှော့ချစေနိုင်ပါတယ်။
5️⃣Beef
Beef တွင် ပရိုတင်း၊ ဗီတာမင်ဘီ၊ သတ္တုဓာတ်နှင့် creatine တို့ ပါဝင်သည်။ကြွက်သားတက်ဖို့ ကြိုးစားနေချိန်မှာ ကယ်လိုရီအများကြီးပိုမပေးဘဲ ကြွက်သားတက်အောင် ကူညီထောက်ပံ့ပေးနိုင်ပါတယ်။Beef (85 ဂရမ်) တွင် 235 ကယ်လိုရီနှင့် အဆီ 16 ဂရမ် ပါဝင်ပါတယ်။
6️⃣Bean
များစွာသော ပဲအမျိုးမျိုးဟာ ကြွက်သားများရရှိရန် အစားအသောက်များတွင် တစ်ခုအပါအဝင်ဖြစ်သည်။
ချက်ပြုတ်ထားတဲ့ ပဲတစ်ခွက်မှာ ပရိုတင်း 15 ဂရမ် 52 ကယ်လိုရီပါဝင်ပါတယ်။ ပဲမှာ မဂ္ဂနီဆီယမ်၊ ဖော့စဖရပ်နှင့် သံဓာတ်တို့အပြင် အမျှင်ဓာတ်နှင့် ဗီတာမင်တို့ပါဝင်ပါတယ်။ ပဲကိုရေရှည်စားသုံးခြင်းဟာ ကျန်းမာရေးနှင့် ရောဂါကာကွယ်ခြင်း ကိုအထောက်အပံ့လည်းဖြစ်စေပါတယ်။
ဒါကတော့ ခန္ဓာကိုယ် ကျန်းမာကြံ့ခိုင်ဖို့အတွက် စားသောက်ရမယ့် အစားအသောက်တွေထဲရွေးချယ်ပေးလိုက်တဲ့ အစားအစာ 6မျိုးဖြစ်ပါတယ်နော်....
အားလုံးဘဲ ကျန်းမာကြံခိုင်ပြီး လိုချင်တဲ့ Goals တစ်ခုကို ပိုင်ဆိုင်နိုင်ကြပါစေ...💪
08/10/2023
Workout ပြုလုပ်ရာတွင် သတိထားပြုလုပ်သင့်တဲ့ အချက်များ...
⛔ ကျွမ်းကျင်သည့် Fitness Coach တစ်ဦးနှင့် Plan များကို တိုင်ပင်ဆွေးနွေးပါ။
⛔ Workout မလုပ်မီ သွေးပူလေ့ကျင့်ခန်းလုပ်ပါ သွေးလည်ပတ်မှုနှင့် ပြင်းထန်တဲ့ Workout တွေလုပ်တဲ့အခါ ဒဏ်ဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်ပါတယ်။
⛔ Form မှန်ဖို့အတွက် နှင့် injuries ဖြစ်နိုင်ခြေကို ကြိုတင်ကာကွယ်ရန် Coach တစ်ဦးနှင့် ဆော့ကစားရန် ဒါမှမဟုတ် ကျွမ်းကျင် Fitness Coach ပြသသော Video instructions များကို နည်းလမ်းမှန်ကန်စွာနှင့် လုပ်ဆောင်ရန်။
⛔ ဖြည်းဖြည်း နှင့် မှန်မှန်စတင်ပါ။ သင်ဟာ လေ့ကျင့်ခန်းတွေအတွက် အခုမှ စတင်တဲ့သူ ဖြစ်ဖြစ် ယခင်ဆော့ကစားပြီးမှ ပြန်လည်ကစားမည့်သူ ဖြစ်ဖြစ် ဖြည်းဖြည်းနှင့် မှန်မှန် ကစားဖို့လိုအပ်ပါတယ်... အလေးများဖို့မလို ထိရောက်တဲ့ လေ့ကျင့်ခန်းအမျိုးအစား တွေ ဖြစ်ဖို့လိုအပ်ပါတယ်။
⛔ ရေဓာတ်ပြည့်ဝနေဖို့လိုအပ်ပါတယ်။လေ့ကျင့်ခန်းတွေ ပြုလုပ်ရန် မစမီနှင့် လုပ်ဆောင်မှုပြီးချိန်တွင် ရေဓာတ်ကို ပြန်လည်ဖြည့်တင်းဖို့လိုအပ်ပါတယ်။ရေဓာတ်ခမ်းခြောက်ခြင်းဟာ စွမ်းဆောင်ရည်နှင့် ကျန်းမာရေးကို ထိခိုက်စေနိုင်တာကြောင့်ဖြစ်ပါတယ်။
⛔ အားကစားဖိနပ် ၊ အဝတ်အစားစသည်တို့ကအစ ပေါ့ပါးပြီး ချွေးစုပ်စေနိုင်သည့် ဝတ်စားဆင်ယင်မှုကို အသုံးပြုသင့်ပါတယ်။
⛔ သင့်၏ ခန္ဓာကိုယ်ပုံစံနှင့် အနေအထားကို ဂရုစိုက်ရပါမယ် ကြွက်သားနာခြင်းမှ လွဲ၍ ပုံမှန်မဟုတ်သော ခေါင်းမူးခြင်း၊ အသက်ရှုကြပ်ခြင်း ဒါမှမဟုတ်အခြားသော လက္ခဏာများ ခံစားလာရပါက လေ့ကျင့်ခန်းလုပ်ဆောင်ခြင်းကို ရပ်ပစ်၍ အနားယူသင့်ပါတယ်။
⛔ လေ့ကျင့်ခန်းလုပ်ဆောင်ရာမှာလည်း အချိန်ကြာလာတာနှင့်အမျှ အလေးတိုးခြင်းနှင့် အခေါက်ရေ ပိုလုပ်ခြင်းက တိုးတက်ပြောင်းလဲမှုကို သတ်မှတ်ထားတဲ့ အချိန်ကာလအတွင်း Body Transform ဖြစ်စေပါတယ်။
ဒီအချက်တွေကတော့ သတိထားသင့်တဲ့ အချက်တွေဖြစ်ပြီး လိုအပ်တဲ့သူများအတွက် အကျိုးသက်ရောက်မှုများကို ဖြစ်စေပါတယ်။
အားလုံးဘဲ ကျန်းမာကြံ့ခိုင်ပြီး လိုချင်တဲ့ Goals တစ်ခုကို ပိုင်ဆိုင်နိုင်ကြပါစေ...💪
03/10/2023
Transform ဖြစ်ချင်သူတိုင်းအတွက် အောက်ဆုံးမှာ အဖြေရှိိတယ်....🤔
ဘာပဲ လုပ်လုပ် အားနဲ့ မာန်နဲ့လုပ်....💪
ဘာပဲ လုပ်လုပ် အပြည့်နဲ့လုပ်....⚡
ဘာပဲ လုပ်လုပ် ဆုံးဖြတ်ချက် ခိုင်ခိုင်မာမာနဲ့လုပ်....🎯
အဓိကရဲ့ နောက်ကွယ်မှာ ကြိုးစားလုပ်ဆောင်ဖို့ ပိုအရေးကြီးပါတယ်....တကယ်ဖြစ်ချင်စိတ်နဲ့ ကြိုးစားလုပ်ဆောင်မှသာ အောင်မြင်မှု နေရာဆီကို အရောက်လှမ်းနိုင်မှာပါ....
Transform ဖြစ်ဖို့ အတွက် လုပ်ဆောင်တာတွေဟာ gym မှာဘဲ ဆော့ဆော့ ၊ အိမ်မှာ ရှိတဲ့ နဲ့ဘဲ ဆော့ဆော့ ကြိုးစားပြီး အချိန်အတိုင်းအတာ တစ်ခုအတွင်း အသေအချာ ဂရုတစိုက် လုပ်ဆောင်မှသာ လိုချင်တဲ့ ပန်းတိုင်ကို ရောက်မှာပါ...💯
တွေကို လုပ် 1️⃣ရက် မလုပ် 6️⃣ရက် ဆိုရင်တော့ သေချာပါတယ်...လိုချင်တဲ့ Transform က ဖြစ်လာမှာမဟုတ်ပါဘူး... Plan ကလည်း စနစ်တကျနဲ့ စားသောက်တတ်ဖို့ ပိုအရေးကြီးပါတယ်...🥗
Plan နဲ့ Plan အတွက် တရက်မှ #၉၈၀ ကျပ်ထဲနဲ့ ၃လ အတွင်း လူတွေမမှတ်မိအောင် ပြောင်းလဲ လိုက်ဖို့ အစဥ်သင့်ပါဘဲလား....💪
#၃လ ပလန်မှာ ဘာတွေပါမှာလဲ....💁♂️
🎯 Workout Plan အတွက် နေ့စဥ်ဆော့ရမယ့်
🎯 Meal Plan အတွက် နေ့စဥ် မနက်စာ ၊နေ့လည်စာ၊ ညစာ တို့ကို နှင့် တွက်ပီး စားသောက်ရမယ့်
🎯နေ့စဥ်အတွက် လုပ်တဲ့အခါ ပုံစံမှန် မမှန်နှင့် အစားအသောက် စားသောက်မှုတွေကို လုပ်ပေးသွားမှာပါ...
🎯အပတ်စဥ် (or) ဖြင့် လိုအပ်ချက်များကို တိုင်ပင်ဆွေးနွေးပေးဦးမှာပါ...
အမှန်တကယ် တိုးတက် ပြောင်းလဲ ချင်စိတ်ရှိမှ Body Transform Program ကို ပါ....
#လူတွေမမှတ်မိအောင် တိုးတက်ပြောင်းလဲဖို့ (Luffy) fitness coach က စောင့်ကြိုနေပါတယ်နော်....💪
Body Transform Program ကို Join ဖို့အတွက် စတင်မယ်ဆိုရင်တော့
ရဲ့ Messenger (or) +95 9 42737 7396 သို့ ဆက်သွယ်မေးမြန်းလို့ရပါတယ်... လား လား ဖြစ်ချင်တာကိုသာပြောပါ အသေးစိတ်ကအစ သေချာ ဆွေးနွေးပေးသွားမှာပါ...🏋️♀️
....⚡
27/09/2023
လိုချင်တဲ့ goals တစ်ခုကို ရရှိပြီးရင် ဘယ်လိုမျိုး ဆက်လက်ထိန်းသိမ်းကြမလဲ....❓
ဖြစ်ပြီးရင် ကျေနပ်နေလို့မရသေးပါဘူး... ပုံစံ ထွက်လာဖို့နဲ့ လက်ရှိ Body ပုံစံကိုလည်း ထိန်းသိမ်းတက်ရန်လိုအပ်ပါသေးတယ်...
🎯 ပိုမိုသန်မာလာစေဖို့အတွက် လမ်းလျှောက်ပေးပါ လမ်းလျှောက်ခြင်းဟာ ကြံ့ခိုင်မှုနှင့် နှလုံး ခုန်နှုန်း ပိုမိုကောင်းမွန်လာစေဖို့အတွက် လုပ်ဆောင်ပေးပါတယ်...
🎯 ဟင်းသီးဟင်းရွက်နှင့် အခြား ကယ်လိုရီမပါဝင်တဲ့ အာဟာရကို စားသောက်ပေးရမှာပါ....
🎯 ကောင်းမွန်စွာ အိပ်စက်အနားယူသင့်သလို မနက်စာကိုလည်း ပုံမှန် စားသောက်ပေးဖို့လိုအပ်ပါသေးတယ်...
🎯 နေရောင်ခြည်ရဲ့အလင်းလည်း ရရှိဖို့ လိုပါသေးတယ်၊အလင်းရဲ့ D ဟာ Loss အတွက် အရေးကြီးတဲ့ တစ်နေရာ အပါအဝင်ဘဲ ဖြစ်ပါတယ်၊ အစာစားချင်စိတ်ကို ထိန်းပေးပြီး ခန္ဓာကိုယ်မှာရှိတဲ့ ကယ်လ်စီယမ် ကို စုပ်ယူနိုင်ပြီး အရိုးများကို သန်မာစေကာ ကိုယ်ခံစွမ်းအားကို မြှင့်တင်ပေးပါတယ်....
🎯 နောက်တစ်ချက်ကတော့ ရေသောက်ပေးဖို့ပါဘဲ ရေဓာတ်ပြည့်ဝမှသာ ခန္ဓာကိုယ်မှာရှိတဲ့ ဇီဝဖြစ်ပျက်မှုတွေကို မြှင့်တင်ပေးနိုင်မှာပါ တစ်နေ့ရေဘယ်လောက်နှုန်း သောက်ရဖို့အတွက် ခန္ဓာကိုယ်အလေးချိန် (ပေါင်) ကို နှစ်ဆခွဲ ပြီး ရေအောင်စကို နေ့တိုင်းသောက်လို့ရပါတယ်...💁♂️
ဒီအချက်တွေကတော့ ခန္ဓာကိုယ်အတွက် ဆက်လက်ထိန်းသိမ်းရမယ့်အချက်တွေကို ပြောပြပေးသွားပါ....💪
အားလုံးဘဲ ကျန်းမာကြံခိုင်ပြီး လိုချင်တဲ့ Goals တစ်ခုကို ပိုင်ဆိုင်နိုင်ကြပါစေ...💪
26/09/2023
ကြိုးစားမှုတိုင်းအတွက် အောင်မြင်မှုဟာ လက်တစ်ကမ်းဆီမှာ အမြဲရှိပါတယ်....
3 လ အတွင်း အောင်မြင်မှုရဲ့ တံခါးဝကို အရောက်လှမ်းနိုင်ခဲ့ပါပြီ....💪
အတွက် Plan နဲ့ Plan ကို ဂရုတစိုက် သေချာ လုပ်ခဲ့တဲ့ ရလဒ်တွေကြောင့် အချိန်ခဏတာအတွင်း လိုချင်တဲ့ Transform ကိုရရှိလာတာပါ....
လိုချင်တဲ့ ပန်းတိုင်ဆီ အရောက်လှမ်းနိုင်ဖို့ နောက်ထပ်တစ်ဆင့်မှာ ခန္ဓာကိုယ်တစ်ဆစ်ချိုး ပြောင်းလဲနိုင်ဖို့အတွက် ကြိုးစား လုပ်ဆောင်ရင်း....
ကျန်းမာကြံ့ခိုင်တဲ့ ခန္ဓာကိုယ် ကို ပိုင်ဆိုင်နိုင်ပါစေ.....🎯
Workout ကို အိမ်မှာ ဘယ်လိုကစားကြမလဲ....💁♂️
Exercise ဟာ ခန္ဓာကိုယ်က အဆီပိုတွေကို ဖယ်ရှားပေးပြီး ခုခံအားစနစ်ကို ပိုကောင်းစေပါတယ်...
သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးပြီး ကောင်းမွန်စွာ အိပ်စက်သည့်အပြင် ကျန်းမာတဲ့ ခန္ဓာကိုယ် အလေးချိန်တစ်ခုကို ရရှိစေပါတယ်...
အိမ်မှာနေရင်း ခန္ဓာကိုယ်မှာ ရှိတဲ့ အဆီပိုတွေကို လျှော့ချလိုက်ကြရအောင်... မှာ ပါဝင်တဲ့ အကြိမ်အရေအတွက်နဲ့ အခေါက်ရေ ပြည့်မှန်အောင် ဆော့ဖို့လိုအပ်ပါတယ်....💪