Fit Zone

Fit Zone Your Close Care Fitness Hub

01/09/2026

Hello 🌿 September မှာ ကိုယ့်ကိုယ်ကို ပိုဂရုစိုက်ကြမယ် 🧘‍♀️

တစ်နေ့တာလုံး ထိုင်နေရတာများလို့
ခါးနာ၊ ပခုံးတင်း၊ ဇက်ကြောတက်တာတွေ ဖြစ်နေပြီလား?

အလုပ်တွေကြားမှာ ကိုယ့်ခန္ဓာကိုယ်နဲ့ စိတ်ကိုလည်း
အချိန်ပေးဖို့ လိုပါတယ်။ 🤍

🧘 Yoga လေ့ကျင့်ခြင်းက —

✨ Stretching
ကြွက်သားတင်းကျပ်မှုတွေ လျော့ကျစေပြီး ခန္ဓာကိုယ်ကို ပိုမိုပေါ့ပါးလွယ်ကူစေပါတယ်။

💪 Strength
ခန္ဓာကိုယ်အတွင်းပိုင်း ကြွက်သားတွေကို သန်မာစေပြီး Body Posture ပိုကောင်းလာစေပါတယ်။

🧘‍♀️ Balance & Flexibility
ကိုယ်ခန္ဓာရဲ့ ဟန်ချက်ညီမှုနဲ့ လှုပ်ရှားနိုင်စွမ်းကို တိုးတက်စေပါတယ်။

🌱 Mind & Body Relaxation
နေ့စဉ်စိတ်ဖိစီးမှုတွေကို လျော့ချပေးပြီး ကိုယ့်အတွက် အေးချမ်းတဲ့အချိန်လေး ရရှိစေပါတယ်။

📅 September Yoga Class

တစ်ပတ်ကို ၃ ရက်
တစ်ရက်ကို ၁ နာရီ နဲ့
ကိုယ့်ခန္ဓာကိုယ်ကို ပိုကျန်းမာသန်မာအောင် စတင်ကြရအောင်။

September ကို “New Month, New Energy” နဲ့ စလိုက်ပါ။ 🌿✨

📩 Class အသေးစိတ်နဲ့ Registration အတွက်
Page Messenger မှာ ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

22/08/2026

ဝိတ်ချဖို့က မခက်ပါဘူး 💪🔥

ဝိတ်ချတာထက် မှန်ကန်တဲ့နည်းလမ်းကို သိပြီး စနစ်တကျလုပ်ဖို့ က ပိုအရေးကြီးပါတယ်။
အစားအသောက်ကို ထိန်း၊ လှုပ်ရှားမှုရှိပြီး စိတ်ရှည်ရှည်နဲ့ ဆက်လုပ်သွားရင် ကိုယ်လိုချင်တဲ့ Result ကို ရနိုင်ပါတယ်။ ❤️

ဒီ Video လေးက ဝိတ်ချနေသူတွေအတွက် Motivation တစ်ခု ဖြစ်ပါစေ။ ✨

14/08/2026

“ရာသီဥတုက အဆင်ပြေမနေပေမယ့်လည်း ကိုယ့်ခန္ဓာကိုယ်နဲ့စိတ်ကိုတော့ အဆင်ပြေဖို့လိုပါတယ်၊ တက်ကြွလန်းဆန်းစေဖို့ yoga လေ့ကျင့်ကြရအောင်🌿”

08/08/2026

"လေ့ကျင့်ခန်း လုပ်နေတာပဲ၊ ဘီယာတစ်ခွက် နှစ်ခွက်ကတော့ ကိစ္စမရှိပါဘူး" လို တွေးနေရင် မှားသွားပါလိမ့်မယ်!

🍺 ဝိတ်ချနေပြီဆိုရင် Beer ကို ဘာကြောင့်ရှောင်သင့်လဲ?
ဝိတ်ချနေတဲ့အချိန်မှာ အစားအသောက်ကိုပဲ ထိန်းပြီး Beer ကိုတော့ “နည်းနည်းပါ” ဆိုပြီး ဆက်သောက်နေမယ်ဆိုရင် ရလဒ်နှေးနိုင်ပါတယ်။
🍺 Beer မှာ Calories ပါတယ်
တစ်ခွက်၊ တစ်ဘူးသောက်တာက များများစားလိုက်သလို မထင်ရပေမယ့် Calories တွေ တဖြည်းဖြည်းစုလာနိုင်ပါတယ်။
🍻 Beer သောက်ရင် အစားပိုစားမိတတ်တယ်
Beer နဲ့အတူ အကြော်၊ အကင်၊ အဆီများတဲ့ Snack တွေ စားမိတာက Calories ပိုတက်စေပါတယ်။
🔥 Fat Loss Goal ကို ထိခိုက်နိုင်တယ်
ကိုယ်ခန္ဓာက Alcohol ကို အရင်ဆုံး ချေဖျက်တဲ့အတွက် အဲ့ဒီအချိန်မှာ Fat burning ကို ထိခိုက်စေနိုင်ပါတယ်။
😴 အိပ်စက်မှုလည်း ထိခိုက်နိုင်တယ်
အိပ်ရေးမဝတာက နောက်နေ့ အစားအသောက်ထိန်းချုပ်မှုနဲ့ Workout performance ကိုပါ သက်ရောက်နိုင်ပါတယ်။
💡 ဝိတ်ချနေတယ်ဆိုရင် အကောင်းဆုံးက Alcohol ကို လျှော့သောက်တာ သိုမဟုတ် ခဏရှောင်ထားတာပါ။
ဝိတ်ချတာက တစ်ရက်၊ နှစ်ရက်နဲ့ ပြီးတာမဟုတ်ပါဘူး။
နေ့တိုင်းလုပ်နေတဲ့ အလေ့အကျင့်လေးတွေကပဲ Result ကို ဆုံးဖြတ်ပေးတာပါ။ 💪🔥

🧘‍♀️ စိတ်ရောကိုယ်ပါ လန်းဆန်းကျန်းမာစေဖို့ Fit Zone ရဲ့ Online Yoga Class လေးနဲ့ မိတ်ဆက်ပေးပါရစေ! ✨တစ်နေ့တာ ပင်ပန်းနွမ်းန...
29/07/2026

🧘‍♀️ စိတ်ရောကိုယ်ပါ လန်းဆန်းကျန်းမာစေဖို့ Fit Zone ရဲ့ Online Yoga Class လေးနဲ့ မိတ်ဆက်ပေးပါရစေ! ✨
တစ်နေ့တာ ပင်ပန်းနွမ်းနယ်မှုတွေကို ပြေပျောက်စေပြီး ခန္ဓာကိုယ်ကြံ့ခိုင်မှုနဲ့ စိတ်၏အေးချမ်းမှုကို ရရှိစေဖို့ အိမ်မှာတင် ပေါ့ပါးလွတ်လပ်စွာ လေ့ကျင့်နိုင်မယ့် Yoga Class လေး ရောက်ရှိလို့လာပါပြီ။ 🧘‍♂️💚
မိသားစုဝင်တွေပါ အတူတူ ပါဝင်လေ့ကျင့်လို့ရတာမို့ ကျန်းမာရေးအတွက် ရင်းနှီးမြှုပ်နှံဖို့ အကောင်းဆုံးအချိန်ပါပဲနော်။
📅 သင်တန်းအသေးစိတ် အချက်အလက်များ
📅 သင်တန်းကာလ: (၄.၈.၂၀၂၆ - ၂၇.၈.၂၀၂၆) အထိ
⏰ အချိန်: ည 7:00 PM - 8:00 PM (Myanmar Time)
💻 သင်ကြားမည့်ပုံစံ: Zoom Online Class Live
🗓 အတန်းချိန်: တစ်လလျှင် (၁၂) ကြိမ်
💰 သင်တန်းကြေး: 100,000 MMK
✨ "One Breath at a Time" - ပေါ့ပါးကျန်းမာတဲ့ မနက်ဖြန်တွေကို ပိုင်ဆိုင်ဖို့ ဒီနေ့ပဲ Fit Zone နဲ့အတူ စတင်လိုက်ရအောင်! 💪✨
📩 သင်တန်းအပ်နှံရန်နှင့် အသေးစိတ်စုံစမ်းရန်:
Page Chat Box (သို့မဟုတ်) ဖုန်းနံပါတ် [ဖုန်းနံပါတ်ထည့်ရန်] သို့ ဆက်သွယ်စုံစမ်း မေးမြန်းနိုင်ပါသည်။

“ယနေ့သည် မြတ်ဗုဒ္ဓ၏ ဓမ္မစကြာတရားဦး ဟောကြားတော်မူရာနေ့၊ သန္ဓေ၊ တောထွက်၊ ဓမ္မစက်၊ ပြာဋိဟာ ဟူသော ထူးခြားသည့် အခြင်းအရာလေးပါ...
29/07/2026

“ယနေ့သည် မြတ်ဗုဒ္ဓ၏ ဓမ္မစကြာတရားဦး ဟောကြားတော်မူရာနေ့၊ သန္ဓေ၊ တောထွက်၊ ဓမ္မစက်၊ ပြာဋိဟာ ဟူသော ထူးခြားသည့် အခြင်းအရာလေးပါးနှင့် ပြည့်စုံသည့် မင်္ဂလာရှိသော ဝါဆိုလပြည့် (ဓမ္မစကြာနေ့) ဖြစ်ပါသည်။ ယနေ့မှစ၍ ဝါတွင်းသုံးလပတ်လုံး အားလုံးပဲ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာစွာဖြင့် ကုသိုလ်တရားများ ပွားများအားထုတ်နိုင်ကြပါစေ။”

23/07/2026

နှလုံးကျန်းမာရေးနဲ့ ကြွက်သားတွေအတွက် ပဲနို့ (Soy Milk) ရဲ့ အံ့မခန်း ကောင်းကျိုးများ! 🥛💪

ပဲနို့ဟာ သောက်ရလွယ်ကူရုံတင်မကဘဲ ခန္ဓာကိုယ်အတွက် တကယ့်ကို အကျိုးပြုတဲ့ သဘာဝအာဟာရရည် ဖြစ်ပါတယ်။ အထူးသဖြင့် နှလုံးကျန်းမာရေး (Heart Health) ကို ဂရုစိုက်နေသူတွေနဲ့ ကြွက်သားထုကို ထိန်းသိမ်းချင်သူတွေအတွက် မရှိမဖြစ်ပါပဲ။
ဒီနေ့ဗီဒီယိုလေးထဲမှာတော့... ၁။ မကောင်းတဲ့အဆီ (LDL Cholesterol) ကို လျှော့ချပေးပြီး နှလုံးကို ကာကွယ်ပေးပုံ ၂။ ကြွက်သားနဲ့ အရိုးအဆစ်တွေကို သန်မာစေတဲ့ အာနိသင် ၃။ သွေးဆုံးကိုင် ဝေဒနာတွေကို သက်သာစေတဲ့ အချက်တွေကို စုံစုံလင်လင် တင်ဆက်ပေးထားပါတယ်။
ဗီဒီယိုလေးကို ကြည့်ရှုပြီး အားလုံးပဲ ကျန်းမာကြံ့ခိုင်တဲ့ နေ့ရက်တွေကို ပိုင်ဆိုင်နိုင်ကြပါစေခင်ဗျာ။ ✨
#ပဲနို့ကျန်းမာရေး #နှလုံးကျန်းမာရေး

17/07/2026

🔥 190 lbs ➜ 162 lbs 🔥

ဝိတ်ချနေရင်း တစ်နေရာမှာ ရပ်နေပြီး မကျတော့ဘူး လို့ စိတ်ညစ်နေတဲ့သူတွေအတွက် ဒီ Video ကို မဖြစ်မနေ ကြည့်စေချင်ပါတယ်။

John John ကလည်း အရင်တုန်းက အဲ့ဒီပြဿနာကို ကြုံခဲ့ရသူတစ်ယောက်ပါ။ ဒါပေမယ့် Nutrition Plan ကို စနစ်တကျလိုက်နာပြီး—

✅ အစားအသောက် Guide
✅ Daily Report & Follow-up

နဲ့ အတူ ကြိုးစားခဲ့တဲ့အတွက် 190 lbs ကနေ 162 lbs အထိ ပြောင်းလဲနိုင်ခဲ့ပါတယ်။

ဒီ Video ထဲမှာတော့ ဝိတ်ကျနေရာက ရပ်တန့်သွားတဲ့အခြေအနေကို ဘယ်လိုကျော်ဖြတ်ခဲ့လဲဆိုတာကို ကိုယ်တိုင် မျှဝေပေးထားပါတယ်။

သင်လည်း ကိုယ့်ရဲ့ Weight Loss Journey ကို ထိရောက်တဲ့ နည်းလမ်းနဲ့ စတင်ချင်တယ်ဆိုရင် Comment မှာ “PLAN” လို့ ရေးခဲ့ပါ၊ ဒါမှမဟုတ် Inbox မှာ ဆက်သွယ်နိုင်ပါတယ်။

12/07/2026

“Telegram Channel t.me/fitzonemm တွင် အစဆုံးFree ကြည့်ရှူ့နိုင်ပါပြီရှင့်” တစ်နေ့တာလုံး အလုပ်တွေပိပြီး စိတ်ဖိစီးနေလို ညဘက် အိပ်မပျော် ဖြစ်နေလား? 🥱✨" ဒီနေ့ ဗီဒီယိုထဲမှာ ညဘက် အိပ်မောကျစေမယ့် အလွယ်ကူဆုံး ယောဂကျင့်စဉ်တွေကို ပြသပေးထားပါတယ်။ ဗီဒီယိုလေးကို အဆုံးထိကြည့်ပြီး ဒီညပဲ လိုက်လုပ်ကြည့်ဖို့ Telegram channel ကိုလာရောက်ကြည့်ရှူ့လေ့ကျင့်လို့ရပါပြီ
t.me/fitzonemm

Hashtags: #အပ်ပျော်စေတဲ့ယောဂ

03/07/2026

Yogaလည်းလေ့ကျင့်ချင်တယ်…Online class ဆို အားမရဘူးလို့ခံစားရတယ်…
ထိထိမိမိနဲ့ yoga ကျင့်စဉ်တွေကိုလည်းလေ့ကျင့်ချင်တယ်….
အခြေခံအကျဆုံးဖြစ်တဲ့ အသက်ရှူလေ့ကျင့်ခန်းတွေကစပြီး တခြားသောယောဂကျင့်စဉ်တွေအထိစနစ်တကျနဲ့ သင်ပေးနိုင်တဲ့ဆရာတွေလည်းဖြစ်ရမယ်….
ဆရာတစ်ယောက်ထဲကပဲသင်နေရင်လည်း ရိုးအီသလိုဖြစ်မိတတ်တယ်…
ဒါတွေအားလုံးကို ဖြေရှင်းပေးနိုင်မယ့်…Fit Zone ရဲ့ inperson class လေးလာပါပီရှင် 🥰
RYT - 500 hrs ရရှိထားတဲ့ ဆရာ/ဆရာမတွေနဲ့သင်ခွင့်ရမယ်…ဆရာ (၃) ယောက်ရဲ့ မတူညီတဲ့ ယောဂကျင့်စဉ်တွေကိုကျင့်ခွင့်ရမယ်…သင်တန်းချိန်ကလည်း ရုံးချိန်ပြင်ပ ညနေတန်းလေးလည်းဖြစ်မယ်…🤭
🗓️ (09.07.2026 - 01.08.2026)
🗒️ Thursday/ Friday/ Saturday
⏰ (5:30 - 6:30) pm
💵 (150,000) 12 times/ per month
🚗 အမှတ် (၃၈)၊ အခန်း (၁၀၁) ပထမထပ်/ မိုးကောင်းလမ်း၊ ရန်ကင်းမြို့နယ်၊ (KBZ bank/ Moe Kaung) အပေါ်ထပ်

Address

Yangon
11011

Website

Alerts

Be the first to know and let us send you an email when Fit Zone posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category