02/11/2026
Galaxy အသင်းကိုအနိုင်ယူပြီး အမှတ်ပေးဇယားကိုဆက်လက်ဦးဆောင်နေသည့် ရန်ကုန်ယူနိုက်တက်(ယူ-၂၀) အသင်း။
…………….…………….…………….
ရန်ကုန်ယူနိုက်တက်(ယူ-၂၀)အသင်း၏ M-League Week (22) အဖြစ် Galaxy အသင်းနှင့် YUSC ကွင်းတွင် ယှဉ်ပြိုင်ကစားခဲ့ပြီး (၁-၀) ဂိုးဖြင့်အနိုင်ရရှိခဲ့သည်။
ရန်ကုန်လူငယ်အသင်းအတွက်တစ်လုံးတည်းသောအနိုင်ဂိုးကို ပွဲချိန်(၄၆) မိနစ်တွင်ရရှိခဲ့ကာ ကျော်သီဟမှဧရိယာထိပ်မှ တစ်ဖက်ဂိုးသမား၏ညာဘက်ဂိုးထောင့်သို့လှလှပပကန်သွင်းအဆုံးသတ်ခဲ့သည်။
ရန်ကုန်ယူနိုက်တက်(ယူ-၂၀)အသင်းသည်လက်ရှိတွင် (၂၂) ပွဲကစား ၊ (၁၆) ပွဲနိုင် ၊ (၄) ပွဲသရေ ၊ (၂) ပွဲရှုံး ၊ ရမှတ်(၅၂) မှတ်ဖြင့်အမှတ်ပေးဇယားကိုဦးဆောင်နေပြီး လာမည့်နိုဝင်ဘာ (၉) ရက်နေ့တွင် စစ်ကိုင်းယူနိုက်တက်(ယူ-၂၀)အသင်းနှင့် ဗဟန်းကွင်းတွင်ဆက်လက်ယှဉ်ပြိုင်သွားမည်ဖြစ်သည်။
Yangon United (U-20) Maintain Their Top Spot After Defeating Galaxy FC
…………….…………….…………….
Yangon United (U-20) secured a 1-0 victory over Galaxy FC in M-League Week 22 at YUSC Stadium.
The decisive goal came in the 46th minute, as Kyaw Thiha produced a brilliant finish from the edge of the penalty area, placing the ball into the bottom-right corner of the opposition's goal.
Yangon United (U-20) currently sit at the top of the league table with 52 points from 22 matches, recording 16 wins, 4 draws and 2 defeats.
Their next fixture will be against Sagaing United U-20 on November 9 at M3 Stadium.