Chelsea News & Football Teams

Chelsea News & Football Teams

Share

We are Chelsea Fans

06/05/2026

ကြာသပတေးရောက်ခါနီးပီဆိုရင်

တောရက်စ်လာမလား မျှော်ရပြီ

တောရက်စ်ကို ကို့ယ့်ရည်းစားလို ချစ်ခဲ့တာ ။

သူဘာအမှားပဲ လုပ်လုပ် အပြစ်ကို မမြင် ။

သူဂိုးရဖို့ အသင်းသားအားလုံး လိုချင်ကြတယ် ။

သူ့ မလုပ်ပြနိုင်လို့လဲ သူ့ကို စိတ်ပျက်မသွားဘူး ။

ယုံကြည်မှု ပျက်မသွားဘူး ။

ဒေးဗစ်လုဝစ်တို့ကအစ ဆုတောင်းပေးကြတယ်။

ခုခေတ်ကောင်တွေများ နည်းနည်းလေးမှားတာနဲ့

ဆဲဆို အော်ဟစ် ပညာပြတဲ့ကောင်တွေချည်း ။

အချင်းချင်းလဲ မစည်းလုံး ။

အဲ့တာမလို့လဲ မအောင်မြင်တာ ။

တောရက်စ် ဂိုးစသွင်းတဲ့ နေ့ဆို

ဦးလေးက မနက်နိုးနိုးချင်း လာပြောတယ် ။

ညနက်လို့ ကိုကတော့ မကြည့်နိုင်ခဲ့လို့ပေါ့ ။

အခုထိလဲ တောရက်စ်ဆိုတဲ့ နာမည်က

ကျန်နေခဲ့တုန်းပဲ ။

တောရက်စ်ကို မမီတဲ့ ညီကိုတွေအတွက်

စိတ်မကောင်းဘူး ။

ခုခေတ်လို ကန်တင်ပြေး အဆုံးသတ်တွေထက်

လှပသေသပ်တဲ့ ပညာသားပါပါ ကန်သွင်းချက်တွေ

ဘယ်လောက်တောင် အနုပညာဆန်ခဲ့လဲဆိုတာ

မြင်တွေ့ခွင့်မရတော့လို့ 💙❤️




မနက်ဖြန် တောရက်စ် လာမလား 🥲🥲🥲

04/05/2026

ဒီအသင်း ခြေစွမ်း စုတ်ပြတ်နေပြီ

ဝေဖန်ခဲ့တုန်းက ဘုမသိ ကိုးမသိတွေက

ငါ့ကို ဆဲကြတယ် ။

ရှုံးလဲ ချဲလ်ဆီး နိုင်လဲ ချဲလ်ဆီး ဆိုပေမဲ့

အားနေ အသင်းတိုင်းကို ပတ်ရှုံးနေတာမျိုးကတော့

လက်ခံနိုင်စရာမရှိပါဘူး ။

ဘယ်မှာလဲ စိတ်ဓာတ်….

အပြာရောင်သွေးသားတွေ …..

လူစာရင်း နည်းပြကြောင့်ပါလို့မပြောနဲ့

ပွဲပယ်တွေ

ဒဏ်ရာတွေ နဲ့ ရုန်းကန်ခဲ့ရတဲ့ ၂၀၁၂ တုန်းကတော့

မင်းတို့ကြမ်းပါတယ်ဆိုတဲ့ ဂျာမန်ဘီလူးကြီးကို

ဘာမဟုတ်တဲ့ လက်ထောက်နည်းပြ

ဒီမက်တီယိုနဲ့ ချန်ပီယံဆုဖလားယူခဲ့တာကွ ။

အဓိိကက စိတ်ဓာတ်ပဲ ။

နိိုင်ကို နိုင်ရမယ်ဆိုတဲ့ စိတ်ဓာတ် ။

ဒီရာသီလောက် စုတ်ပြတ်သတ်တဲ့ ရာသီ မရှိတော့ဘူး

ဘာပဲဖစ်ဖစ် အသင်းကို ဟိုးအရင်ကတည်းက

နှလုံးသားထဲ စိုက်ထူထားတော့

ဆက်ချစ်ရအုံးမည်

အားပေးရအုံးမည်ဗျာ

27/04/2026

Only The ONE 💙

26/04/2026

May လ ၁၆ ရက်နေ့မှာ

ချဲလ်ဆီးတို့ ဒီရာသီ ပထမဆုံး ဆုဖလားကို

ရယူဖို့ကြိုးစားသွားကြမည့်

FA CUP FINAL

26/04/2026

အနိုင်ရခဲ့တယ်ဆိုပေမဲ့

အားရစရာ မရှိတဲ့ ချဲလ်ဆီး 👏👏👏

ဒီတိုင်းဆို ဗိုလ်လုပွဲ မှာ စီးတီးကို အနိုင်ရဖို့

အတော်လေး ရုန်းကန်ရဖို့ရှိနေပါတယ်

Chelsea 1-0 Leeds (FT)


26/04/2026

Goallllllll

Enzo 💙💙💙

ငါပြောပါတယ်

နည်းပြထုတ်ပီးရင် ရှယ်ရုန်းတယ်ဆိုတာ 😁😁

26/04/2026

၂ ဂိုးပြတ်အသာနဲ့

FINAL ကို တက်လှမ်းမည့် ချဲလ်ဆီး



22/04/2026

"ကွင်းဘေးက ကဗျာဆရာ"

ပြိုင်ပွဲရဲ့ အသံတွေက ဆူညံလို့

မြက်ခင်းစိမ်းပေါ်မှာ တိုက်ပွဲတွေ

ပြင်းထန်နေချိန်

သူကတော့...

နည်းဗျူဟာတွေကြားမှာ

ကဗျာစာသားတွေကို ရှာနေသလား။

လက်ထဲက ဘောပင်တစ်ချောင်းက

လူကစားပုံကို ညွှန်ကြားဖို့လား

နှလုံးသားရဲ့ ခံစားချက်ကို မှတ်တမ်းတင်ဖို့လား

မျက်မှန်နောက်က သူ့မျက်ဝန်းတွေက

ဂိုးပေါက်ထက် စာမျက်နှာပေါ်မှာ ပိုအခြေချလို့။

ပရိသတ်တွေက ဂိုးအော်ဖို့ စောင့်နေကြပေမဲ့

သူကတော့ ကာရန်ညီဖို့ကို စောင့်နေပုံပါပဲ

"နည်းပြ" ဆိုတဲ့ ခေါင်းစဉ်အောက်မှာ

သူဟာ... အနုပညာဆန်လွန်းတဲ့

"ကဗျာဆရာ" တစ်ယောက်ဖြစ်နေရုံကလွဲလို့

တူနယ် တူနယ် တူနယ် တန် …



22/04/2026

FA CUP FINAL တက်လှမ်းဖို့အတွက်

ခြေတလှမ်းဆုတ်လိုက်တဲ့ ချဲလ်ဆီး 😊

လာမဲ့ Super Sunday မှာ သူတို့ရဲ့

ပထမဆုံး ဖလားရယူဖို့ ချဲလ်ဆီးဟာ

ဒီနေ့ပွဲမှာ သာမန်သာကစားခဲ့ကြပီး

အားအင်ချွေတာခဲ့တာကို မြင်တွေ့ရပါတယ် ။

အက်စတီဗာ ပက်ဒရိုတို့ ဒဏ်ရာရနေကြတာဖြစ်လို့

နောက်ထပ် ဒဏ်ရာ မရအောင်သာ

ရှောင်ကစားခဲ့ကြပြီး FA Cup အတွက်

အာရုံစိုက်လာတာ ထင်သာ မြင်သာရှိလွန်းလှပါတယ်။

တချို့အသင်းဖန်တွေ မမြင်တဲ့

မြုပ်ကွက်တွေနဲ့ Chelsea အသင်းကတော့

ရာသီအကုန်မှာ အံဩစရာတွေ လုပ်ပြနေအုံးမှာပါ။

ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့ ချဲလ်ဆီးအသင်းအနေနဲ့

မကြာခင် ပြန်လာပြီး ဥရောပ ဝင်ခွင့်ကို

အေးဆေး ရယူသွားဖို့ရှိနေပါတယ် ။




21/04/2026

Brighton Vs Chelsea

ပွဲကြို သုံးသပ်ချက် 💙

ဒီည မှ မနိုင်ရင် ချဲလ်ဆီး မဟုတ်တော့ဘူး



19/04/2026

EPL ပွဲတွေဆိုတာ ဒီလို အကြိတ်နယ်
လေတိုက်ကြမှ ပျော်ဖို့ကောင်းတာကိုးဗျ

😂😂😂😂



Want your business to be the top-listed Gym/sports Facility in Yangon?

Click here to claim your Sponsored Listing.

Location

Address


Padamyar Street
Yangon