12/10/2023
ဂျာမန် စနိုက်ပါ လို့လည်းခေါ်ကြတယ်နော် သူ့ကို…..
Ke Daily Football
နေ့စဉ်နောက်ဆုံးရ ဘောလုံးသတင်းများကို အချိန်နှင့်တပြေးညီတင်ပေးသွားမှာဖြစ်ပါတယ်။
12/10/2023
ဂျာမန် စနိုက်ပါ လို့လည်းခေါ်ကြတယ်နော် သူ့ကို…..
Ke Daily Football
10/10/2023
၈ပွဲဆက် ရှုံးပွဲမရှိ ဇယားထိပ်မှာဦးဆောင်နေတဲ့ စပါးအသင်း...
စပါးအသင်းဟာ ဒီနှစ်ရာသီမှာတော့ ၈ပွဲ ကစားထားရာ ၆ပွဲ နိုင် ၂ပွဲ သရေနဲ့ ဇယားထိပ်ဆုံးမှာ ဦးဆောင်နေပါတယ်။
Son ဦးဆောင်တဲ့ စပါးအသင်းဟာ အုပ်စုဖွဲအားကောင်းတဲ့ နည်းဗျူဟာ ကစားကွက်တွေနဲ့ အတူ ပွဲစဥ်တိုင်းကို အကောင်းဆုံး ကစားထားနိုင်ခဲ့ပါတယ်။
စပါးတိုက်စစ်မှူးဟောင်း Kane မရှိတော့ပေမဲ့ Son ကတော့ အကောင်းဆုံး သွင်းဂိုးတွေနဲ့အတူ စပါးအသင်းကို ရှေ့ကနေ ဦးဆောင်ပေးနေပါတယ်။ Son နဲ့အတူ ပွဲစဥ်တိုင်းမှာ ခြေစွမ်းပြအကောင်းဆုံး ကစားပေးနေတဲ့ Maddison ကိုလဲမေ့ထားလို့မရပါဘူး။ဥရောပပြိုင်ပွဲ ဝင်ခွင့်မရပေမဲ့ လက်ရှိ ပရီးမီးယားလိပ် ကိုသာ အာရုံစိုက်ပြီး ကစားနေတဲ့ စပါးအသင်းကတော့ နောက်ထပ်ပွဲစဥ်တွေမှာရော နိုင်ပွဲတွေရရှိနိုင်အုန်းမလား ဆိုတာ စိတ်ဝင်စားဖို့ကောင်းပါတယ်။
Ke Ke Daily Football
09/10/2023
Martinelli ရဲ့သွင်းဂိုးနဲ့ အိမ်ကွင်းမှာ မန်စီးတီးကို အနိုင်ရယူခဲ့တဲ့ အာဆင်နယ်.....💪💪
Arsenal 1-0 Manchester City (FT)
Martinelli 86”
Ke Ke Daily Football
09/10/2023
ဂီတာဖေး အသင်းအတွက် Greenwood ရဲ့ပထမဆုံးသွင်းဂိုး
ရရှိခဲ့ပါပြီ....Never Give Up Boy 💪💪
Ke Ke Daily Football
09/10/2023
လူကာကူရဲ့ သွင်းဂိုးတွေနဲ့ အဝေးကွင်းမှာ ဂိုးပြတ်အနိုင်ရခဲ့တဲ့ နည်းပြကြီးမော်ရင်ဟိုရဲ့ ရိုးမားအသင်း......
Cagliari 1-4 Roma (FT)
Ke Ke Daily Football
08/10/2023
စပိန်မြေမှာတောက်ပနေတဲ့ အင်္ဂလန်သားလေး ဘယ်လင်ဟမ်ရဲ့ ဦးဆောင်ဂိုးနဲ့ အတူ Osasuna အသင်းကို အိမ်ကွင်းမှာဂိုးပြတ်အနိုင်ရရှိခဲ့တဲ့ တော်ဝင် မက်ဒရစ်။
⚽️ Jude Bellingham 9’ , 54’
⚽️ Vinicius 65’
⚽️Joselu 70’
08/10/2023
Arsenal Vs Manchester City အသင်းတို့ရဲ့ ပွဲကြိုခန့်မှန်းသုံးသပ်ချက်...
Super Sunday ရဲ့ အကောင်းဆုံးပွဲစဥ်တစ်ပွဲဖြစ်တဲ့
Arsenal အသင်းနဲ့ Manchester City တို့ရဲ့ပွဲကတော့
ဘယ်လိုရလဒ်တွေနဲ့ ထွက်လာအုန်းမလဲဆိုတာ စိတ်ဝင်စားစရာကောင်းပါတယ်။ နှစ်တိုင်းအပြိုင်အဆိုင် ဖြစ်တဲ့ ဒီနှစ်သင်းကတော့ ဒီနှစ်မှာရော ဘယ်လိုပြိုင်ဆိုင်မှုတွေနဲ့လယှဥ်ပြိုင်လာကြအုန်းမှာလဲ။ နှစ်သင်းလုံးမှာ အဓိက ကစားသမားတွေ ဒဏ်ရာရနေကြတဲ့အတွက် ဘယ်လိုလူစာရင်းတွေနဲ့ ပွဲထွက်လာကြမလဲ အာဆင်နယ်အသင်းကတော့ သူတို့အသင်းရဲ့အဓိက ကစားသမား "Saka” ပြန်လည်ပါဝင်
လာမယ်လို့ နည်းပြ အာတီတာက အတည်ပြုထားပါတယ်။ မန်စီးတီးအသင်းကတော့ သူတို့အသင်းရဲ့ အားကိုးရတဲ့ ကွင်းလယ်ကစားသမား "Rodri” ကတော့ ပွဲနားခံထားရတာဖြစ်တဲ့အတွက် မန်စီးတွးကွင်းလည်မှာ ဘယ်လိုတွေအားဖြည့်လာမှာလဲဆိုတာလဲ စိတ်ဝင်စားဖို့ကောင်းလှပါတယ်။ ဒီနှစ်သင်းတွေ့တိုင်း ဂိုးတွေ မြူးကြပါတယ်။ နောက်ဆုံးတွေ့ခဲ့တဲ့ "Community” ဖလားပွဲမှာတော့ ၁-၁ နဲ့ သရေကျထားပါတယ်။ အာဆင်နယ်ကတော့ ချန်ပီယံလိပ်ရှုံးပွဲတွေ့ထားပြီး မန်စီးတီးကတော့ ချန်ပီယံလိပ် နိုင်ပွဲတစ်ပွဲ ပြန်လည်ရယူထားပါတယ်။ ရှူံးပွဲတွေ့ခဲ့တဲ့ အာဆင်နယ်အသင်းကဘဲ ပြန်လည်ပြီး နိုင်ပွဲပြန်တွေ့နိုင်မလား
နှစ်ပွဲဆက်နိုင်ပွဲကို မန်စီးတီးအသင်းကဘဲယူဆောင်သွားမလား စောင့်ကြည့်ရမှာဖြစ်ပါတယ်။
ကျွန်တော်ကတော့ Super Sunday ရဲ့ အကောင်းဆုံးတစ်ပွဲဖြစ်တဲ့ Arsenal အသင်းနဲ့ Manchester City တို့ရဲ့ပွဲစဥ်မှာတော့ " အာတီတာရဲ့ အစုအဖွဲ့ကောင်းကောင်းနဲ့ ပွဲထွက်လာမဲ့ အာဆင်နယ်အသင်းက အိမ်ကွင်းမှာ မန်စီးတီးအသင်းကို အရှုံးခံမှာ မဟုတ်ဘူးလို့ သုံးသပ်ချင်ပါတယ်”
ကျွန်တော်သိသလောက်လေးနဲ့ အကောင်းဆုံးခံမှန်းထားတာဖြစ်လို့ အမှားပါခဲ့ရင်လဲ နားလည်ပေးပါညီကိုတို့။
Ke Ke Daily Football
တိုမီနေးရဲ့ နောက်ကျ အနိုင် သွင်းဂိုးတွေနဲ့ အတူ သရဲနီတို့အိမ်ကွင်း Old Trafford မှာ နိုင်ပွဲရရှိခဲ့ပါတယ်။
07/10/2023
အဝေးကွင်းမှာ Burnley ကို ဂိုးပြတ်အနိုင်ရခဲ့တဲ့ Chelsea....💪
Burnley 1-4 Chelesa (FT)
Ke Ke Daily Football
07/10/2023
အမှားတွေရှိနေပေမဲ့လဲ
အကောင်းဆုံး Come Back နဲ့ ပြန်လာနိုင်ခဲ့တဲ့ United......💪
Manchester United 2-1 Brentford (FT)
Tominay. 90+3,90+7 Jensen 26"
06/10/2023
Manchester United Vs Brentford ပွဲကြိုသုံးသပ်ချက်..........
စနေ့နေ့ညယှဥ်ပြိုင်ကစားမဲ့ ပရီးမီးယားလိဂ် ပွဲစဉ်တွေထဲကပွဲကောင်းတစ်ပွဲဖြစ်တဲ့ "Manchester United နဲ့ Brentford ”တို့ရဲ့ပွဲစဥ်ကိုသုံးသပ်ရမယ်ဆိုရင် ရှုံးပွဲတွေနဲ့ရင်ဆိုင်နေရတဲ့ United တို့ ဘယ်လိုမျိုးအပြောင်းအလဲတွေနဲ့ပွဲထွက်လာအုန်းမှာလဲဆိုတာပါဘဲ။ အသင်းကြီးတွေနဲ့တွေ့ရင် အမြဲတမ်း ပြန်ခံဆော့လေ့ရှိတဲ့ Brentford အသင်းဒီတစ်ကြိမ်မှာရော United ရဲ့ အိမ်ကွင်းမှာ ဘယ်လိုတွေခြေစွမ်းပြပြီးကစားအုန်းမှာလဲဆိုတာစိတ်ဝင်စားဖို့ကောင်းပါတယ်။ နောက်ဆုံးတွေ့ဆုံခဲ့တဲ့ ၅ပွဲမှာ United က ၃ပွဲနိုင် တစ်ပွဲရှုံး သပွဲသရေနဲ့ပြီးဆုံးထားပါတယ်။ United ကစားသမားတွေနဲ့ နည်းပြကြား အဆင်မပြေနိုင်သေးတဲ့ နည်းဗျူဟာတွေဟာ လက်ရှိကန်ခဲ့တဲ့ Crystal Palace နဲ့ Galatasaray တို့ပွဲစဥ်နှစ်ပွဲစလုံးမှာ ထင်ရှားခဲ့ပါတယ်။ နောက်ဆုံးတွေ့ခဲ့တဲ့ United ကွင်းမှာ ၁-၀ ဆိုတဲ့ရလဒ်နဲ့ United တို့အနိုင်ရရှိထားပါတယ်။
Brentford အသင်းကတော့ နောက်ဆုံး ၅ပွဲမှာ နိုင်ပွဲရယူထားနိုင်ခြင်း မရှိသေးပါဘူး ဒါပေမဲ့ နယူးကာဆယ်နဲ့အာဆင်နယ် နှစ်သင်းလုံးကို ၁ဂိုးသာခွင့်ပြုပြီး အရေးနိမ့်ခဲ့တာဖြစ်ပါတယ်။ United နဲ့တွေ့မဲ့ ပွဲမှာရော Brentford တို့ဘယ်လောက်ထိကစားပြနိုင်မလဲဆိုတာ စိတ်ဝင်စားဖို့ကောင်းပါတယ်။ ကျွန်တော်ရဲ့ သုံးသပ်ချက်ကတော့ အပြန်အလှန်သွင်းဂိုးတွေမြင်တွေရမှာနိုင်မှာပါ။ United တို့နိုင်မို့ဆိုတာ တော်တော်လေး ရုံးကန်မှသာ နိုင်ပွဲဖြစ်လာနိုင်မှာပါ။ ကျွန်တော်ကတော့ စနေနေ့ည ယှဥ်ပြိုင်ကစားမဲ့ United နဲ့ Brentford တို့ပွဲစဥ်ကိုတော့ ဂိုးပေါ်သွားနိုင်မယ်လို့ သုံးသပ်ချင်ပါတယ်။
"ကျွန်တော့ရဲ့ ပထမဆုံးပွဲကြိုသုံးသပ်ချက်ဖြစ်လို့
အမှားပါတာများရှိခဲ့ရင်နားလည်ပေးကြပါညီကိုတို့။”
Ke Ke Football Daily #