တို့ ထရိန်နင် က ကစားသမား လေးတွေက ကြက်တောင်ဘဲ ကစား တတ်တာ ဟုတ်ဖူးနော်
အဆို ကောင်းတဲ့ ကလေး တွေ လည်း ရှိပါကြောင်း
ကြွားတာ ပါ
Happy birthday Daniel
အောင်မြင်တဲ့ ကစားသမားတင် မဟုတ်ဘဲ ကြက်တောင်လောက တိုးတက်ရေးကို ပံ့ပိုး ပေး နိုင်တဲ့ တန်ဘိုးရှိ ကစား သမား တစ်ယောက် ဖြစ်လာပါစေ လို့ ဆုတောင်း ပေး လိုက်ပါတယ်
Myanmar Badminton Training Sub-Committee, MBTC
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Myanmar Badminton Training Sub-Committee, MBTC, Sports Team, 320-332, Anawyahta Road, Yangon.
19/02/2024
တို့တစ်တွေ အားလုံး လူမရှိတဲ့ ဆိုင်းဘုတ် နောက်မှာ နေရာ ယူ ကြမယ်
15/02/2024
ရုပ်ရှင်မင်းသားမင်းသမီးတွေလို skin care တွေ မိတ်ကပ်တွေ မလိမ်း နိုင်ပေမယ့် ချွေးတစ်လုံးလုံးထွက် အောင်လေ့ကျင့်နေရတဲ့ ကစားသမားတွေရဲ့ ရုပ်သွင်ပြင်က တစ်မျိုယတစ်ဘာသာ ကြည့်ကောင်း နေပြီး မြင်ရတဲ့သူတွေရဲ့ စိတ်ကို တက်ကြွ ပြီး အားအင်ပြည့်စေတဲ့ ရသ ကို ပေးစွမ်း နေပါပြန်ရော
12/02/2024
ဒီနေ့ ဓါတ်ပုံ Album လေးတွေပြန်ကြည့် တော့ မနှစ်က Tokyo မှာကျင်းပ ခဲ့တဲ့ Asian Juniof ပွဲက ပုံတစ်ချို့ ကိုပြန်ကြည့်ရင်း အတွေးတစ်ချိုွ ဝင်လာပါတယ်
ဒီပြိုင်ပွဲ က ရည်ရွယ်ချက်ကောင်းကောင်းနဲ့ တစ်ကယ့်ကို အကုန်ကျခံပြီး ကိုယ့်အာရှက ထွန်းထောက်လာမယ်လို့ ယူဆရတဲ့ ၁၅ နှစ်အောက်ကလေး တွေ တွေ့ဆုံ ယှဥ်ပြိုင်ကျပြီး အတွေ့အကြုံ ဖလှယိရာ တစ်ကယ့် အနှစ်သာရ အပြည့်အဝ ရှိတဲ့ ပွဲတစ်ပွဲ ပါ ဒါပေမယ့်သူက SEA game နဲ့ နဲနဲ ကွဲလွဲတာက
Single သမားက double ရိုက်လို့ မရပါဘူး
Double သမား က single ရိုက် လို့ လဲ မရ ပါဘူး
Mix double ကိုတော့ double သမား ကြိုက် သလို လဲ တွဲ လို့ ရပါတယ်
ကစားသမား က
Boys ၃ ယောက်
Girls ၃ ယောက် ဘဲ ခေါ်ခွင့်ပြုပါတယ်
ဒီပွဲဟာ ကလေးတွေ အတွက် ယူတတ်မယ်ဆိုရင် အကျိုး အများ ကြီးရှိတဲ့ပွဲပါ
ဂျပန်ကို သွားရ တယ်ကွ ဆိုယုံ လောက်နဲ့ ဆိုရင် မတန်ပါဘူး
သေချာ ပြင်ဆင် လေ့ကျင့် ပြီး သွားသင့် တဲ့ ပွဲတစ်ပွဲ လို့မြင်ပါတယ်
ကျွန်တော့ တစ်ယောက်ထဲ အမြင်နဲ ဆိုရင်တော့ ဒီဂျပန် ပွဲရဲ့ စည်းမျဥ်း အတိုင်း လူရွေးချယ်ရေးကိုလည်း
Single ဆို Single
Double ဆို Double ဘဲ ရွေးချယ်မယ်ဆို
ပြင်ဆင် လေ့ကျင့် မှု ပိုအား ကောင်းမလား ပေါ့
ဒါပေမယ့်လည်း ဒါက ကျွန်တောွ တစ်ယောက်တည်း အမြင်ပါ ကြက်တောင်လောက ကျွမ်းကျင်သူ များ ရဲ့ ရှုထောင့်ဘက်က အမြင် က ဘယ်လို ရှိလည်း ဆိုတာက ပို အရေးကြီးပါတယ်
အမှားပြင်ဆင်ချက် U15 မဟုတ်ပါ U16 ဖြစ်ပါတယ်
08/02/2024
နည်းပြ အိအိချောက ပြီးခဲ့တဲ့အပါတ်က ကလေးတွေ အတွက် ဆန်းဒဝှစ် ဒိန်ချဥ် တွေ ဝယ်ကျွေး
ဒီတစ်ပါတ် နည်းပြချုက်ကလည်း အုန်းရေ တွေ ဝယ်လာတိုက် နဲ့
ကလေးတွေ အပေါ် ထားတဲ့ မေတ္တာ ကြည်နူးစရာ ပါ
များများစားစား ထောက်ပံ့ မယ့်သူ မရှိပေမယ့်လဲ ရှိနေတယ့် လူနည်းနည်း အပြင် နည်းပြတွေက ပါ ဝိုင်းကူ နေကြ
ပီတိ ဖြစ်စရာ
03/02/2024
Victories do not come to you
You must run toward them
31/01/2024
MBF ထရိန်နင် ကမ့် အတွက် နည်းပြ အဖွဲ့ နှင့် နောက် ၆လ သက်တမ်း အတွက် စာချုပ်လက်မှတ်ရေးထိုးခြင်း အောင်မြင်စွာ ပြီးဆုံး
မြန်မာ့လက်ရွေးစင် ဟောင်း ၇ ယောက် တိုင်းနှင့်ပြည်နယ် လက်ရွေးစင် ၂ယောက် နဲ့ ဖွဲ့စည်းထားပြီး
နေရှင်နယ်ချန်ပီယံ ၄ ကြိမ်ဆက် ရထား သော ကျွန်တော့်် ညီလေး အောင်အောင်မှလည်း အချိန်ပိုင်း ဝင်ရောက် အားဖြည့် ပေးထားပါတယ်
မြန်မာ့ကြက်တောင်လောက သိသာထင်ရှား သော အရွေ့ တစ်ခု ဖြစ်ပေါ်လာဘို့ ရည်ရွယ်ထားပြီး
အဲ့ဒီ ရည်မှန်းချက် အောင်မြင်ဘို့ ကြက်တောင်လောကသား များရဲ့
အားပေးကူညီမှု နဲ့ စာနာ နားလည်ပေးမှု အပြုသဘောဆောင်သော ( ဝေဖန်တိုက်ခိုက် ခြင်းမဟုတ်) အကြံဥာဏ်ပေးမှု တွေက လည်း အရေးကြီး တဲ့တစ်ချက် ဖြစ်တာကြောင့် ဝိုင်းဝန်းကူညီကြဘို့ မေတ္တာရပခံရင်း မြန်မာ့ကြက်တောင်လောက တိုးတက်ရေး အတွက် အတူတစ်ကွ လုပ်ဆောင်ကြဘို့ ဖိတ်ခေါ် လိုက်ပါတယ်
24/01/2024
MBf မှာ ထရိန်နင် ဆင်းနေတဲ့ ကစားသမား လေးများ အတွက် အပတ်စဥ် အမဲသား ပြုတ် ကျွေးမွေး ဘို့အတွက် pilot test ပြုလုပ် ရာမှာ Thai Plus စားသောက်ဆိုင် ပိုင်ရှင် ကိုကျော်ခင်မှ ကိုယ်တိုင် ချက်ပြုတ် လှူဒန်း ခဲ့ ပါတယ်
အရသာ ဘယ်လို နေလည်း တီးခေါက်ကြည့်တော့
ကောင်းလွန်းလို့ တစ်ချို့ ကစားသမား တွေက ညစာ အတွက်ပါ ထပ်ယူ ထားကြတယ်လို့ သတင်းရရှိ
နောက်တစ်ပတ်က တော့ MBF ဥက္ကဌ ကြီး ကိုအောင်ပိုင် က လှူဒန်း ကျွေးမွေး မယ်လို့ အတည်ပြု
သူပြီးရင်တော့ ကြက်တောင်ရိုက်ရင် ကျွန်တော့်ကို နိုင်တဲ့ အခါ ပျော်ရွှင်ကြည်နူး တတ်တဲ့ ဦးကြီး လို့ကြားပါတယ်
( ကျွန်တော်လည်း သူမလှူ မှာ စိုးလို့ ရှုံးအောင် တော်တော် ကြိုးစား ကစား ရတယ်ဗျာ )
ခု တစ်ခေါက်ကတော့ တစ်သိန်းပတ်ချာ လည် လောက် ကုန်ကျတယ် ကြားသိ ရ
26/12/2023
မြန်မာ့ ကြက်တောင်လောက ရဲ အနာဂတ်မျိုးဆက်သစ် ရာတနာ လေးတွေ ရှာဖွေ ဖော်ထုတ်နိုင်ဘို့ ရည်ရွယ်ပြီး ကျင်းပတဲ့ SP gems Junior Championship မှာ တိုက်ဆိုင်တာလား နမိတ်ကောင်း တွေ ပြတာလား တော့ မသိပါဘူး Main sponsor က အရည်သွေးမြင့် ကျောက်မျက်ရာတနာ တွေ ရောင်းချ ပေး နေတဲ့ SP Gems နဲ့ Me& Gems က Main spinsor နဲ့ Co sponsor အပြင် ခိုင်မာစိတ်ချ ရတဲ့ UAB bank ကလည်း Co Sponsor ဆိုတော့ အတိတ်နမိတ်တွေ က အကောင်းဘက် ကို ပြနေတယ် ပြောရမလား ဘဲ
ပြိုင်ပွဲရဲ့ သဘောသဘာဝ အတိုင်း စင်းလုံးချော တော့ မဟုတ်ခဲ့ ပေမယ့်ကလပ် အသင်း နည်းပြများ ကစားသမား မိဘ များရဲ့ နားလည် ခွင့်လွတ်ပေးမှု ပူးပေါင်းပါဝင် ဆောင်ရွက်ပေးမှု တွေက ပြိုင်ပွဲ မှာ အပြုံးတွေ ပီတိတွေ စိတ်လှုပ်ရှား မှု တက်ကြွမှု ရဲ့ အငွေ့အသက်တွေ ဖုံးလွမ်း နေတယ် လို့ ခံစား ရပါတယ်
တက်ကြွပျော်ရွင်နေတဲ့ ကလေးတွေ ရဲ့ မျက်လုံး တွေ မှာ မျော်လင့်ချက်တွေ နဲ့ပြည့်နေတာ ကို မြင်ရတာကလည်း မြနွ်မာ့ကြက်တောင်လောက အကောင်းဘက်ရွေ့လာ နိုင်တယ်လို့ ယုံကြည် မိလာပြန်ပါတယ်
လာမယ့် ၂၀၂၄ မေလ ၁ ရက်နေ့မှ ပိုမို ကောင်းမွန်တဲ့ လက်ရည် နဲ့ တို့တစ်တွေ ပြန်ဆုံ ကြရအောင်
25/12/2023
https://youtube.com/shorts/vPCDslBMR5w?si=qGql_aTCHdTXps8f
Festive mood🕺 💫 Merry Christmas #shorts #youtubeshorts #short #dance #merrychristmas #christmas
15/12/2023
SP Gems Badminton Junior championship ပြိုင်ပွဲ (၂၃ ၂၆ ဒီဇင်ဘာ) အတွက် သတင်းစာရှင်းလင်းပွဲကို ဒီကနေ့ ပြုလုပ်ဖြစ်ပါတယ်
ဒီသတင်းစာရှင်းလင်းပွဲ မှာ ပေးခဲ့ message ကို ကြက်တောင်သမားများ နည်းပြများ ကစားသမားများရဲ့ အုပ်ထိန်းသူ မိဘများ သိရှိရနွ် အောက်ပါ အတိုင်း မျဝေပေး လိူက်ပါတယ်
SP gems, UAB , Me &Gems တို့ မှတစ်လှည့်စီ main sponsor ,co sponsor ပြုလုပ်၍ နှစ်စဥ် တစ်နှစ်လျင် ၂ ကြိမ် ၁. ခရစ်စမတ်ကာလ နှင့် ၂. မေလ ၁ ရက်နေ့ ( အလုပ်သမားနေ့) တွင် ကျင်းပပေးသွားပါမယ်
အနည်းဆုံး ၃ နှစ်ဆက်တိုက် ၎င်းနေ့တွေ မှာ ပျက်ကွက်မှု မရှိရလေအောင် အတတ်နိုင်ဆုံးကြိုးစား ကျင်းပသွားမှာပါ ( အကြောင်းကြောင်း ကြောင့် ဘယ်လိုမှမလုပ်နိုင်တဲ့ အခြေအနေဖြစ်ခဲ့ရင်တော့ နားလည်မှု ပေးကြပါရန်)
နှစ်တိုင်း ဒီလို ပြိုင်ပွဲကျင်းပ မဲ့ရက်အတိအကျကို risk
ယူပြီး ကြေငြာ ပေးထားတာက လဲ နည်းပြတွေ ကစားသမားတွေ ကြိုတင်ပြင်ဆင်မှုအားကောင်းစေ
ရန် ရည်ရွယ်ပြီး အရဲစွန့် လုပ်ရတဲ့ ကိစ္စ ဖြစ်ပါတယ်
နောက်တစ်ခု ထူးခြား တာလေး ကြိုတင် ဖောက်သည် ချလိုတာက ဒီလို ကြက်တောင်ကစားသမား လေးတွေ မွေးထုတ်ပေးတဲ့ ဆရာသမား သို့မဟုတ် မိဘ တွေကို မြန်မာနိုင်ငံကြက်တောင် အဖွဲ့ချုပ်ကနေ အသိအမှတ်ပြု ဂုဏ်ပြုတဲ့ အနေနဲ့ ဆုကြေးငွေ ချီးမြင့်ဘို့ ဆွေးနွေး နေတဲ့အကြောင်းပါ
ဒီနေရာမှာ ငွေပမာဏ အနည်းအများက အဓိက မဟုတ်ပါဘူး အဖွဲ့ချုပ် ရည်ရွယ်ချက်က ကျေးဇူးတင်ကြောင်း ကို ဖော်ပြလိုတာ ပါ
နောက်တစ်ခု က ဒီအစီအစဥ် က ပထမ ဦးဆုံး ပြုလုပ်တာဖြစ်လို့ အားနည်းချက် လစ်ဟာချက် ရှိနိုင်ပါတယ်
အလိုဖြစ်ခဲ့တယ် ဆိုရင် နားလည်မှုပေးပြီး အပြုသဘော နဲ့ သာ အကြံပေးပါ လို့ ကြိုတင် မေတ္တာရပ်ခံ လိုပါတယ် ခင်များ
ကဲ သားသား မီးမီး တို့ရေ လေ့ကျင့်ထားသမျ အစွမွး ကုန် ကျဲ ပလိုက်ကြပါကွာ
05/12/2023
မျိုးဆက်သစ်တွေ တိုးတက်ရစ်ဘို့
Click here to claim your Sponsored Listing.
Location
Category
Website
Address
320-332, Anawyahta Road
Yangon
11131
Opening Hours
| Monday | 09:00 - 17:00 |
| Tuesday | 09:00 - 17:00 |
| Wednesday | 09:00 - 17:00 |
| Thursday | 09:00 - 17:00 |
| Friday | 09:00 - 17:00 |