17/11/2021
Prodigies are BACK on pitch again!!
Today, we played friendly match against our brothers team from North Dagon at Dream Paradise Futsal Court and the result is as follows.
Prodigy (25) - (9) Bros team
Goals for PDG :
Zarni Tunlinn ⚽⚽⚽⚽
Naing Ye Aung ⚽⚽⚽⚽⚽⚽
Khant Thwin Aung ⚽⚽⚽
Htet Myat Oo ⚽⚽⚽⚽⚽
Lwin Min Oo ⚽⚽
Min Thet Paing ⚽⚽
Myat Thura Aung ⚽
Kante ⚽⚽
Hope to see you again bros. Thanks for nice and fair game 🤝
MOTM : Kg Zaw Win
06/08/2021
WELCOME LEO 💛🖤
Introducing our new Prodigy 🙄
Former FC Barcelona captain Lionel Messi joins Team Prodigy as Free agent.
Rate this signing out of 10 🤗
11/10/2020
Birthday Appreciation Post
========================
Today is the 21st Birthday of our captain Kaung Zaw Win!
Wish you have the very Happy 21+ birthday and play together with us for many years🙌
09/10/2020
A great article by our player Zarni 🔥👌
The Deadline Savage (2020)
(သို့မဟုတ်)
အီဒူးတို့အုပ်စု ဆီမြူနီ တို့ကို တစ်ကွက်ပြသွားခြင်း
------------------------------------------------------------
၁၁:၂၈ PM.....အောက်တိုဘာ ၅ရက် (တနင်္လာနေ့)(The Transfer Deadline day)
ဒေသ စံတော်ချိန် ည ၁၁ နာရီ ခွဲ ဝန်းကျင်မှာ အေတီကိုမက်ဒရစ်အသင်းသို့ လာလီဂါ ခုံရုံးက ဆက်သွယ်လာသည်။ အာဆင်နယ်အသင်းက သောမတ်စ်ပါတေး ၏ စာချုပ်ဖျက်သိမ်းကြေး စတာလင်ပေါင် ၄၅ သန်း (ယူရို သန်း၅၀) အား ပေးချေလိုက်ကြောင်း လာလီဂါ ခုံရုံးက အကြောင်းကြားလိုက်ခြင်းပင်။ ထိုအကြောင်းကြားစာကို ရရချင်း မက်ဒရစ်အခြေစိုက် ကလပ်၏ ထိပ်ပိုင်း ပုဂ္ဂိုလ်များ ကြား အတော် အံ့အားသင့်စရာ ဖြစ်သွားသည်။ အပြောင်းအရွှေ့ကာလ တောက်လျှောက် မိမိတို့နှင့် အကြိမ်ကြိမ် ဆွေးနွေးခဲ့သော အမျိုးမျိုး နည်းလမ်းသုံးကာ သောမတ်စ်ကို ခေါ်ယူရန် ကြိုးစားခဲ့သော အာဆင်နယ် အသင်း..ထို အချိန်က စာချုပ်ဖျက်သိမ်းကြေး ပေးရန် မည်သို့မျှ စိတ်ဝင်စားမှု မပြသခဲ့သော အီဒူးတို့ ခေါင်းဆောင်သည့် ညှိနှိုင်းရေး အဖွဲ့ ၏ ပုံရိပ်များသည် အေတီကို ဘုတ်မှ ဆရာကြီးများ၏စိတ်အာရုံတွင်ပြန်လည် မြင်ယောင်လာ စေခဲ့သည်။ ဒီထက် ပို အံ့အားသင့်စရာကောင်းသည်က အာဆင်နယ်က အေတီကို အား စာချုပ်ဖျက်သိမ်းကြေးပေးမည်ဟု လုံးဝ ဆက်သွယ်ခြင်း မပြုခဲ့ခြင်းပင်။ လာလီဂါခုံရုံးက အကြောင်းကြားလာမှသာ ဆီမြူနီတို့ တစ်သိုက် သိခဲ့ရခြင်းဖြစ်သည်။
******************
၂:၀၀ AM .....အောက်တိုဘာ ၅ရက် (တင်္နလာနေ့)(The Transfer Deadline day)
သောမတ်စ်ပါတေး၏ ပြန်ကြားရေး အဖွဲ့ထံ မနက် ၂နာရီ အချိန်ကြီး ဖုန်းဝင်လာခဲ့၍ ကြည့်လိုက်ရာ အာဆင်နယ်အသင်း၏ နည်းစနစ်ဒါရိုက်တာ အီဒူးဂက်စ်ပါ ၏ ဖုန်း ဖြစ်နေသည်။ သောမတ်စ်ပါတေးနှင့် ပုဂ္ဂိုလ်ရေးသဘောတူညီချက်များ အချောသတ်မည်ဖြစ်ကြောင်း ၊ ယနေ့ အပြီး သောမတ်စ်အား စာချုပ်ဖျက်သိမ်း ကြေးပေးကာ ခေါ်ယူမည်ဖြစ်ကြောင်း ပြော၍ အပြောင်းအရွှေ့ စာရွက်စာတမ်းကိစ္စများ အမြန်အပြီးသတ်လိုကြောင်း ပြော၍ ဖုန်းချသွားသည်။ ထိုဖြစ်ရပ်ပြီးနောက် ပါတေး၏ ပြန်ကြားရေးအရာရှိ ဆမ်မြူရယ် ဇစ်ဂါရဲ့ တွစ်တာ မှာ သဲနာရီ ပုံလေး တင်ခဲ့ပြီး တစ်စုံတစ်ခုတော့ ဖြစ်လာတော့မည်ဟု အရိပ်အယောင်ပြကာ မီဒီယာတွေကို အုံကြွသွားစေခဲ့လေသည်.....
************************
လန်ဒန်၊ အောက်တိုဘာ ၄ရက် (တနင်္ဂနွေနေ့)
"ကျွန်တော်တို့ ပစ်မှတ်တွေကို ရဖို့ အမှန်တကယ်ကြိုးစားနေပါတယ်။ ဘုတ်နဲ့ စတန်တို့ကလည်း အမှန်တကယ်ကို ထောက်ပံ့ပေးနေပါတယ်။ကျွန်တော်ပြောတာယုံပါ။ မဟုတ်ပဲကျွန်တော်ဒီလိုတွေ ပြောလေ့မရှိပါဘူး။နောက်ဆုံးအချိန်ထိ စောင့်ကြည့်ကြတာပေါ့။"
လီယွန်ကြယ်ပွင့် ဟူဆန်အူဝါ အား ခေါ်ယူမှု ရပ်ဆိုင်းသွားခဲ့ခြင်းနှင့် ပတ်သက်၍ မီဒီယာများ၏ မေးမြန်းမှုအား ရှက်ဖီးယူနိုက်တက်နှင့်ပွဲ အပြီးတွင် အာတီတာ ဖြေကြားနေခဲ့ခြင်းဖြစ်သည်။
တကယ်လည်း ဟူဆန်အူဝါအတွက် အီဒူးတို့ ရေကုန်ရေခမ်း ကြိုးပမ်းခဲ့ကြသည်။ လီယွန် အုပ်ကြီး အကြောင်းလည်း အားလုံးသိတဲ့အတိုင်းပင် ထိုပုဂ္ဂိုလ်သည် ရစ်လုံး။ အပြောင်းအရွှေ့ ကိစ္စတိုင်းတွင် အဆိုပါ ရစ်အုပ်ကြီးသည် တစ်မျိုးမဟုတ် တစ်မျိုး ရစ်လိုက်ရမှ နေသာထိုင်သာ ရှိသည်ကိုး။ခုလည်း တနင်္လာမှာ ပိတ်မည့် ဈေးကွက် အတွက် သောကြာနှင့် စနေ တစ်နေကုန် အစည်းအဝေးထိုင် ညှိနှိုင်းခဲ့ကြသော်လည်း မအောင်မြင်ခဲ့။ အဆိုပါ ၂ရက်ကြာဆွေးနွေးပွဲအား ရပ်ဆိုင်းလိုက်ကြောင်း ကြေငြာခံရပြီး အူဝါ ကိစ္စ လည်း အဆုံးသတ်သွားခဲ့သည်။ ထုံးစံအတိုင်းပင် ဆိုရှယ်ပလက်ဖောင်းပေါ်မှ အာဆင်နယ် ဖန်များ၏ ဒေါသပေါက်ကွဲမှုတွေပြန်လည် ထွက်ပေါ်လာပြီး ခရွန်ကီတို့ သားအဖလည်း ချွေးပြန်နေ့ရက်များထံ၂ရက်လောက် ပြန်လည် ရောက်ရှိသွားခဲ့လေသည်။
ခရွန်ကီက ကိုဗစ်ကာလအရှုံးပြမှုများအား ဖာထေးရန် သူ့အိတ်ထဲမှ သန်း၂၀၀ မ,တည် ပေးထားပြီး ပြန်ဆပ်ရန် မလိုကြောင်းလည်း ကိုဗစ်အစောပိုင်းကာလက အသင်းထံ အသိပေးထားခဲ့သည်။ ဆိုပေမယ့် ထို ငွေများသည် အပြောင်းအရွှေ့ကဏ္ဍများတွင် သုံးမည်မဟုတ်ပဲ အ ခြားသော အထွေထွေ ကြွေးမြီကိစ္စများ အတွက် တစ်ဖက်တစ်လမ်းမှ ရှင်းနိုင်ရန် ဘုတ်အား ကူညီပေးခြင်းဖြစ်သည်။ သို့သော် တစ်ဖက်မှာလည်း အပြောင်းအရွှေ့အတွက် အာတီတာအား ကူညီရန်လည်း ဆုံးဖြတ်ထားသည်။ထို့ကြောင့်လည်း အာတီတာတို့ အုပ်စုက အပြောင်းအရွှေ့ပစ်မှတ်များအား အေးအေးလူလူ ဆွေးနွေးနေခဲ့ခြင်းဖြစ်ပြီး ပါတေးအား မဖြစ်မနေခေါ်ယူရန် အစောပိုင်းထဲက ဆုံးဖြတ်ထားခဲ့ခြင်းဖြစ်သည်။ ပါတေးအတွက် သန်း၅၀ ကို ဖယ်ထားပြီး ပိုငွေနှင့် အူဝါကို ကြိုးစားကြည့်သည် ။ရလျှင် ၂ယောက်လုံးခေါ်မည်။ မရလည်း ပါတေးအား နောက်ဆုံးနေ့တွင် နှိုက်မည်။ ၂ယောက်လူံး ၅၀ စီ ပေးပြီးခေါ်ရန်တော့ ထင်သလောက် မလွယ်ကူ။ဒါကိုလည်း သိထား၍ အထွက် စာရင်းများအား အမြန်ရောင်းထုတ်နိုင်ရန် စီစဉ်နေခဲ့ခြင်းပင်။သို့သော်လည်း ဒီကာလ အကျပ်အတည်းများကြောင့် ခေါ်ယူပေးနိုင်သော အသင်းများ မရှိသည်က တစ်ကြောင်း၊ ကစားသမားလစာများနေသည်က တစ်ကြောင်း မူမူတို့၊ တင့်ကာကြီးတို့၊ ဂရိကြီးတို့ ဂွမ်ဂွမ်တို့အား ခေါ်မည့်အစီအစဉ်များအား လက်ရှောင်သွားခဲ့ရာ အပိုငွေလည်း ထွက်မလာသောကြောင့် အူဝါကို ဒီအပြောင်းအရွှေ့မှာ လက်လျှော့ခဲ့ကြသည်။တစ်ဖက်မှာတော့ သောမတ်စ်ပါတေးအား မဖြစ်မနေ ခေါ်ယူဖို့ သာ ကျန်တော့သည့်အတွက် အီဒူးတို့ အုပ်စုကြီး ထိုကိစ္စကြီးအား ဗျူဟာမြောက် ဖြေရှင်းရေးကိုသာ အားစိုက်ခဲ့ကြသည်။
****************************************
အပြောင်းအရွှေ့အစောပိုင်းကာလ (ဩဂုတ် နှင့် စက်တင်ဘာ အပိုင်းအခြားများ)
အာဆင်နယ်အသင်း၏ နည်းစနစ်ဒါရိုက်တာ အီဒူးဦးဆောင်သော အဖွဲ့သည် အေတီကို ကွင်းလယ်ကျောက်ဆောင် ဂါနာသား သောမတ်စ်ပါတေးအား ခေါ်ယူရန် အသည်းအသန်အလိုရှိနေဟန်ဖြင့် အေတီကို ညှိနှိုင်းရေး ဆရာကြီးများနှင့် ဆွေးနွေးနေခဲ့သည်။
အာဆင်နယ်က အေတီကို အလိုရှိနေသော လာကာဇက်သို့မဟုတ် ဂွမ်ဒူဇီ အပေါင်း ငွေကြေးအလိုက်ပေး၍ သောမတ်စ် ကို ကမ်းလှမ်းသည်။ လာကာဇက်၏ အဆိုပါကာလပေါက်ကြေးသည် သန်း ၄၀ ဝန်းကျင် မရှိလျှင်တောင် ၃၅ သန်းအောက် မနိမ့်။ တီကိုကလည်း လာကာဇက်က ဆီမြူနီ အကြိုက်တိုက်စစ်မှူးမှန်းလည်း သူတို့နားလည်ထားသည်။သို့သော် အဆိုပါကာလ တွင်လည်း တီကိုမှာ ငွေကြေးအခက်အခဲကြားရောက်နေချိန်ဖြစ်ပြီး ကြွေးမြီများရှင်းရန် ငွေသား သီးသန့် မှတပါး အခြားအရာ အလိုမရှိကြောင်း တုန့်ပြန်သည်။ တီကိုသည် သောမတ်စ်အား လုံးဝ လက်မလွှတ်ချင်။ ထို့ကြောင့်လည်း စာချုပ်သက်တမ်းတိုး၍ စာချုပ်ဖျက်သိမ်းကြေးအား တိုးမြှင့်ရန် လုပ်ဆောင်လာခဲ့သည်။သို့သော် တစ်ဖက်က ပါတေးကလည်း လက်ရှိလစာထက် သုံးဆကျော် ပိုပေးမည်ဖြစ်သော အာဆင်နယ်သို့သာ စိတ်ယိုင်နေသည်ကတစ်ကြောင်း ၊ ပရီးမီးယားလိဂ်ကဲ့သို့သော စိန်ခေါ်မှု များသော နေရာအား ပြောင်းရွှေ့လိုနေသည်ကတစ်ကြောင်း အာဆင်နယ်၏ ကြိုးပမ်းမှုကိုသာ စောင့်မျှော်နေခဲ့သည်။
တီကိုကလည်း သိပ်မနုံရှာခဲ့ပါ။ ပါတေးသာ လက်မလွှတ်ပေးချင်၊ သို့သော် လာကာဇက်တော့ လိုချင်သည်။ထို့ကြောင့် အသင်းမှ သောမတ်စ်လီမာ၊ ကော်ရဲရားနှင့် ဗီတိုလိုတို့အား လာကာနှင့် တိုက်ရိုက်လဲလှယ်ရန် လာကမ်းလှမ်းရှာသည်။ အာဆင်နယ်ကလည်း ပါတေး မှ ပါတေးသာ လိုချင်သောကြောင့် အဆိုပါ ကမ်းလှမ်းချက်အား ပယ်ချပြီး ပါတေးပါဝင်မည့် အခြားနည်းလမ်းကိုသာ သုံးရန် ပြောကြားခဲ့ကာ နှစ်သင်းကြား အပြောင်းအရွှေ့ဆွေးနွေးမှုများတင်းမာလာခဲ့သည်။
ထို့နောက် တီကိုက ဘာကာမှ လူးဝစ်ဆွာရက်စ်အား အလွတ်ဖြင့်ရလိုက်သောကြောင့် လာကာဇက်အား မလိုတော့ပဲ ကွင်းလယ် ဘက်အား စိတ်ပြောင်းသွားသည်။
ထိုအခါ ဆီမြူနီက တော်ရဲရားဘက်ကို စိတ်ပါလာသည်။အာဆင်နယ်ကလည်း တော်ရဲရားနဲ့ ငွေသားပေါင်းပေး၍ ပါတေးနှင့်လဲရန် ဆွေးနွေးမှုစတင်သည်။ တီကိုကလည်း တော်ရဲရားကို ငွေသားအခက်အခဲကြောင့် မခေါ်နိုင်ကြောင်း သို့သော် အငှားတော့ ချပေးစေလိုကြောင်း ရာသီကုန်လျှင် အပြီးဝယ်ဆိုလျှင် ဝယ်ပါ့မည် ဖြစ်ကြောင်း ပြောရာ အာဆင်နယ်ဘက်က တော်ရဲရားကိစ္စကို လျှော့ပေး၍ တီကို ဆန္ဒ ဖြည့်စည်းပေးလိုက်ပါက တစ်ဖက်တွင် ပါတေးကိစ္စအတွက် တစ်ခုခု ပြန်လည်တောင်းဆိုရ လွယ်ကူနိုင်ကြောင်း( ဥပမာ ပါတေးအား တစ်ရာသီ အငှားချပေး၊ရာသီကုန် ဖျက်သိမ်းကြေးပေးပြီးဝယ်မယ်) အစရှိသည့် ဆွေးနွေးမှူးများ မြင်တွေ့နိုင်လိမ့်မည်ဟု မျှော်လင့်ကာ တော်ရဲရားအား အငှားချပေးမည်ဟု ပြောကြားခဲ့သည်။ တီကိုက ဤသို့ အကြောင်းပြန် လေသည်
"တော်ရဲရားအတွက် ကျေးဇူးပါ အီဒူးရေ
ပါတေးတော့ ဆောရီးပဲ၊ နိုး"
အီဒူးတို့ အုပ်လိုက်ကြီး၏ ဒေါသသည် အထိဋ်အထိပ်သို့ ရောက်ရှိသွားခဲ့လေသည်။ ဒီအတွက်လည်း အီဒူး၊အာတီတာနှင့် ဗင်နိုင်း တို့ အဖွဲ့သည် ဆီမြူနီတို့ အုပ်စုအား တစ်ကွက်ပြန်ပြရန် ကြိုးစားမှုမဟာစီမံကိန်းကြီး စတင်ခဲ့ကြခြင်းပင်။
*********************
အောက်တိုဘာ ၅ရက် (တနင်္လာနေ့)(The Transfer Deadline day)
လန်ဒန်၌ အရာရာသည် တိတ်ဆိတ်နေသည်။ အပြောင်းအရွှေ့နောက်ဆုံးနေ့ကုန်ဆုံးရန်လည်း နီးကပ်လာသည်။ အာဆင်နယ် ပရိသတ်များသည်လည်း အိမ်ထဲသော်လည်းကောင်း မလွှဲသာ၍ အလုပ်၌သော်လည်းကောင်း ဖုန်းတစ်လုံးစီနှင့် အပြောင်းအ ရွှေ့နောက်ဆုံးနေ့သတင်းများကို မျှော်လင့်နေကြသည်။ မနက်ခင်းထိ ဘာမှ မထူးခြားသေး။ဂွမ်ဂွမ် ဟာသာဘာလင်ရောက်တော့မည်။တော်ရဲရားက စပိန်မှာ ဆေးစစ်ပြီး တီကို နှာခေါင်းစည်းနှင့်ပုံများ တက်လာသည်။ အူဝါက မနေ့ညက လီယွန်အတွက် ဂိုးပါသွင်းသွားပြီ။ မျှော်လင့်ချက်က မရှိသလောက်။ ဒီနှစ်လည်း ချံပီယမ်လိဂ်နှင့် ဝေးပြီ။ အရာရာဟာ ဒုံရင်း။ ဖြစ်နိုင်လျှင် ခရွန်ကီအား သောက်ခွက်တက်ရိုက်လိုက်ချင်သည်။ အူဝါလို အရွယ်နှင့် အတက်ဘက်သွားနေသော ကစားသမားအားမခေါ်ပေး သည်သာ စိတ်ထဲတနုံ့နုံ့။တစ်ဖက်မှာလည်း မသိစိတ်က နောက်ဆုံး အချိန်ထိ အီဒူးတို့ အဖွဲ့ဘာလုပ်ပြမလဲ ယုံကြည်ချင်နေသေးသည်။
မကြာလိုက်ပါ။ ဂိုးလ်မှ သတင်းထောက် ချာလ်းဝက်စ်၊ ဒေးဗစ်အွန်းစတန်း၊ ဖာဘရီဇီယို ရိုမားနိုးတို့က သောမတ်စ် နှင့် အာဆင်နယ် သတင်းများကို စတင် အတည်ပြု လာကြသည်။ ယုံကြည်ရတဲ့ အရင်းအမြစ်များမှ ဖြစ်၍ စိတ်ချလို့ရသွားသည့်တိုင်အောင် မယုံနိုင်သေး။ နောက်မှ နားလည်လိုက်တာက ဪ...အီဒူးတို့ တစ်ကွက် ပြသွားပြီ...ကိုး။
အီဒူးတို့သည် ဆီမြူနီတို့ တီကို ကိုသာ အကွက်ပြခဲ့သည် မဟုတ်။ အူဝါကိစ္စဈေးငြှိ မပေးတဲ့ လီယွန် အုပ်ကြီးတို့ကို ပါ ဆေးကျွေး သွားခဲ့သည်။
အူဝါမှာ လီယွန်မှာဆက်ရှိနေတော့မှာ ကြောင့် အူဝါ နေရာ အစားထိုးရန် အေစီမှ ခေါ်ထားသော ပက်ကွီတာ လည်း ရောက်နေပြီဖြစ်ရာ ပက်ကွီတာ ခေါ်ထားသော ငွေကြေးပိုင်းပြန်ကာမိရန်ရော ကွင်းလယ်မှာလူပိုနေခြင်းကြောင့်ပါ လီယွန်သည် ဒီပိုင်းနှင့် အဒီလိုင်ဒီ တို့အား ဘာကာနှင့် ဟာသာဘာလင်အား ပြန်ရောင်းရန် အရှိန်အဟုန်မြှင့် ကြိုးပမ်းနေချိန်။ ဘာကာနှင့် ဒီပေး ဇာတ်လမ်းက လည်း ဈေးညှိမရတဲ့အဆုံး လီယွန်ထုတ်ရောင်းမည့် နောက်ဆုံးလက်နက်မှာ ဟာသာဘာလင်နှင့် ချိတ်ဆက်နေသည့် အဒီလိုင်ဒီ ဖြစ်သည်။ တန်ကြေးမှာ ၂၇ သန်းဝန်းကျင်။ ထိုအချိန်တွင် အသင်းမှာ စည်းကမ်းပိုင်း ပေါက်ကရတွေ ဖြစ်ထားသော ဂွမ်ဒူဇီကို ဟာသာဘာလင်အား အငှားချ ပေးရန် ကမ်းလှမ်းမှုကို ခွင့်ပြုပေး လိုက်သည်။ ဘာလင်ကလပ်ကလည်း အဒီလိုင်ဒီ သန်း၂၀ကျော် ပေးမည့်အစား ဂွမ်ဂွမ်လို လက်ရှိ သန်း၄၀ ပေါက်နေသည့် ကစားသမားကိုသာ အငှားကြေး အလွတ်၊ လစာ အပြည့်ပေးချေမည့် စာချုပ်ဖြင့်သာ ခေါ်ယူသွားလေရာ...လီယွန်အုပ်ကြီးလည်း ရွှေပျောက်သွားလေသည်။
*************************************
လန်ဒန်။ ။ အောက်တိုဘာ ၅ရက် (တနင်္လာနေ့)(The Transfer Deadline day)
အာဆင်နယ်အသင်း၏ လေ့ကျင့်ရေးကွင်း လန်ဒန်ကိုလ်နီ သို့ စပိန်မှာဆေးစစ်ပြီး လေယဥ်ဖြင့်လာသော သောမတ်စ်ပါတေးရောက်လာသည်။ လက်ကျန် ဆေးစစ်မှုများဆက်လုပ်ပြီး စာချုပ်လက်မှတ်ထိုးခြင်းများဆက်လုပ်ကာ ဂါနာနှင့်နိုင်ငံပွဲ ကန်ရန်ရှိသောကြောင့် အင်တာဗျူးခြင်း ဓာတ်ပုံရိုက်ခြင်းများ မလုပ်နိုင်ပဲ တူရကီသို့ လစ်သွားသည်။
လန်ဒန် စံတော်ချိန်ည ၁၁:၁၅ နာရီ တွင် ပါတေး အပြောင်းအရွှေ့အား တရားဝင် ကြေငြာနိုင်ခဲ့လေသည်။
အဆိုပါ အပြောင်းအရွှေ့မှာ တီကို၏ အပြောင်းအရွှေ့ရာသီ တစ်ခုလုံး အာဆင်နယ်အပေါ် ပါတေးကိစ္စကို အဆင်မပြေအောင် လက်ပေါက်ကပ်အောင် နည်းလမ်းပေါင်းစုံနှင့် ကြိုးစားသွားခဲ့သည့် အစိုင်အခဲများအား အီဒူးတို့ ပညာသားပါပါ ပြန်လည်တုံ့ပြန်ပြသွားနိုင်ခဲ့သည်ကို တွေ့ရသည်။ အာဆင်နယ်ကို စာချုပ်ဖျက်သိမ်းကြေးပေးနိုင်မည် မဟုတ်ဟု လျှော့တွက်သော ဆီမြူနီတို့ အုပ်စုသည် ပါတေးနေရာအစားထိုးရန်လည်း ဘာမှ မစီစဉ်ထားပဲ အာဆင်နယ်မှ အငှားခေါ်ထားသော တော်ရဲရားမှာလည်း ပါတေးနေရာ အစားထိုးရန် မဟုတ်ပဲ ဟက်တာ ဟာရဲရားနေရာ အစားထိုးရန်သာ ရည်ရွယ်ထားခြင်းသာ ဖြစ်ကြောင်း ဆီမြူနီ၏ အနာဂတ်တီကိုကွင်းလယ်မှာ ပါတေးနှင့် တော်ရဲရားတွဲကစားစေမည်ဟု တော်ရဲရားအား နည်းစနစ်ပိုင်းဆိုင်ရာများပြောကြားထားစဉ်က စကားကို ကြည့်ခြင်းဖြင့်သိနိုင်သည်။ မည်သို့ပင် ဆိုစေကာမူ၊ ပါတေးသည် ဆီမြူနီ စိတ်ကြိုက် ကောင်ကြီး ဖြစ်သည်။ ထိုကောင်ကြီးအတွက် အစားထိုးရန်လည်း Deadline dayမှာ လူရှာဖို့က အချိန်မရှိတော့။ တီကို၏ ကွင်းလယ်အထိုင် အစီအစဉ်များ လုံးဝပျက်စီးသွားခဲ့ရာ ဒီယေဂို ဆီမြူနီ တစ်ယောက် သောက်ရမ်း တင်းသွားခဲ့သည်ဟု အေတီကို အတွင်းသတင်းများမှ ပြန်ကြားရသည်။ ထို့ထက် ပို ဆီမြူနီ၏ စိတ်ကိုဆွစေခဲ့သည်မှာတော့ အာဆင်နယ်က ကမ်းလှမ်းလာတာနဲ့ တပြိုင်နက် တီကို ကို တောင် အသိမပေးပဲ လက်မှတ်ထိုးခြင်းများ ချက်ချင်းဆောင်ရွက်ခဲ့သော သူအချစ်ဆုံး ဂါနာသားကြီး ဖြစ်ပြီး အသင်းနဲ့ တိုင်ပင် ခြင်း မရှိပဲ အာဆင်နယ်မှ အာဆင်နယ်ဖြစ်နေခဲ့သော ပါတေးအား တီကို တွစ်တာမှာ အသင်းသစ်မှာ အဆင်ပြေရန်ဆုတောင်းခြင်းတစ်စုံတစ်ရာမျှတောင် မလုပ် ပေးခဲ့ပဲ တစ်ဖက်သတ် စာချုပ်ဖျက်သိမ်းသွားသည်ဟု တီကို က ပါတေးကို စွပ်စွဲ သွားခဲ့လေသည်။
တစ်ဖက်မှာလည်း အီဒူးတို့ အုပ်စုကြီးက တစ်နွေလုံး ချေနေခဲ့သော တီကို အား ဖုတ်နေသည့် ငါးပိ ရှိသည်ဟုတောင် မမှတ်တော့ပဲ ဖုန်းတစ်ကော တောင် မဆက်ပဲ ချေ ချကာ လာလီဂါ ခုံရုံးအား "ရော့..ဒီမှာ စာချုပ်ဖျက်သိမ်းကြေး ယူရို သန်း၅၀၊ ငါတို့ သောမတ်စ်နဲ့ ဆွေးနွေးတော့မယ်, okay??"ဆိုပြီး Savage ကျကျ လုပ်ဆောင်သွားရင်း Transfer deadlineကို Thug life ဖြစ်အောင် ဖန်တီးသွားနိုင်ခဲ့သည်။သေချာတာကတော့ အာဆင်နယ်နဲ့ မက်ဒရစ်အခြေစိုက် ဖြူနီကြားအသင်းတို့ကြား အပြောင်းအရွှေ့တွေကို ထပ်မံ မြင်တွေ့ရတော့မှာတော့ မဟုတ်။
ဒီအပြောင်းအရွှေ့မှာ မဖြစ်မနေချီးကျူးရမှာ အာတီတာနဲ့ အီဒူးတို့ရဲ့ ပူးပေါင်းဆောင်ရွက်မှု ဖြစ်ပြီး အာတီတာကို ထောက်ပံ့ပေးခဲ့တဲ့ ပရိသတ် ချဉ်ဖက် ဆရာသမား စတန်ခရွန်ကီကြီးလည်း တစ်ထောင့်တစ်နေရာက ပါဝင်နေခဲ့သည်။
အရာရာ ယိုယွင်းနေတဲ့အသင်းကို အစကနေ ပြန်တည်ဆောက်ရာမှာ ခုရေတွင်းတူး ခုရေကြည်သောက် ချင်လို့ မရပဲ အပြောင်းအရွှေ့ တစ်ရာသီနဲ့ လုပ်ဆောင်မှူတွေ မလုံလောက်နိုင်သေးသလို နောက်ရာသီ အပြောင်းအရွှေ့တွေကိုလည်း စတန် ခရွန်ကီဆီက ဖြည့်တင်းမှုတွေ ထပ်မံတွေ့ရှိလာရတော့မယ်လို့ မျှော်လင့်ရပြီး အာဆင်နယ် ပရိသတ်တွေအားလုံး ကျေနပ်စရာ အပြောင်းအရွှေ့ရာသီတစ်ခုအတွက် ပျော်ရွှင်နေကြမယ်လို့ မျှော်လင့်ရင်း.........
✍️ - ဆြာဇန်
ကျွန်တော်တို့ PSC Page စတင်တည်ထောင်တဲ့အထိမ်းအမှတ်အနေနဲ့ Giveaway လေးလည်းပေးထားလို့ အားလုံးပါဝင်ကံစမ်းသွားဖို့ဖိတ်ခေါ်ပါတယ် ။
Giveaway Link : https://www.facebook.com/104900031388120/posts/105524701325653/
06/10/2020
Like and Follow our newest Channel for your daily football updates,news,result,Fantasy Premier League tips,player bios and interesting sports articles
💯🙌🙆
Prodigy Sports Channel
Prodigy Sports Channel for Up-to-Date News
26/07/2020
🟡 The Prodigies are 'Back in Action' after a long break due to COVID-19❗
Friendly Match Result
Team PDG (18) - (14) Brothers from GTI
Htet Myat Oo ⚽️⚽️⚽️⚽️⚽️⚽️
Ny Yair Aung ⚽️⚽️⚽️⚽️⚽️
Lwin Min Oo ⚽️⚽️⚽️
Thwin Htoo Aung ⚽️⚽️⚽️
Khant Thwin Aung ⚽️
GGWP to the opponent team and Thanks for the fair and exciting game 🤝
Many more games coming soon 💯
10/07/2020
3 years ago🔙
That Winning Feeling 🏆
03/12/2019
Back to our Winning Days 👊🏻
Friendly-Match Result
Team PDG (20) - (16) Team Fox [UM-1]
Min Thet Paing ⚽️⚽️⚽️⚽️⚽️⚽️⚽️
Arkar MinHein ⚽️⚽️⚽️⚽️⚽️
Zarni TunLinn ⚽️⚽️⚽️
Lwin MinOo ⚽️⚽️
Htet Myat Oo ⚽️
Ny Yair Aung ⚽️
Thukha PyaeSone ⚽️
Good Game Well Played and Thanks a lot to every single Team Fox player and Wishing you the best of luck in your coming inter-uni tournament 💪🏼
With Respect
06/11/2019
Another friendly night match
Team PDG (14)-(16) Brothers the Beasts
Htet Myat Oo ⚽⚽⚽⚽⚽⚽⚽
Zarni TL ⚽⚽
Ny Yair Ag ⚽⚽
Min Thet Paing ⚽⚽⚽
Thanks for the match and hope to see you again bros 🙌
24/10/2019
Unfortunately, our win-streak after a year has come to an end.
Full-Time Result
Prodigy (14) - (16) Strategy First
Thukha PyaeSone ⚽️⚽️⚽️⚽️⚽️
Min Thet Paing ⚽️⚽️⚽️
Arkar MinHein ⚽️⚽️
Ny Yair Aung ⚽️⚽️
Yeir Yint ⚽️
Zarni TunLinn ⚽️
Htet Myat Oo ⚽️
It’s an honour to share experience with these bros.Thanks a lot for the fair and friendly match and we hope to see you again 💛
Well Played Prodigies 👏🏻
We’ll be inactive for a few weeks due to some players’ exams and field trips and after that we’re warmly welcome to friendly matches ⚽️
With Respect
20/10/2019
Another Game Another Win 🔥⚽️
Team PDG (25) - (13) Opponent team
ThuKha PyaeSone ⚽️⚽️⚽️⚽️⚽️⚽️⚽️⚽️
Zarni TunLinn ⚽️⚽️⚽️⚽️
Htet Myat Oo ⚽️⚽️⚽️
Min Thet Paing ⚽️⚽️⚽️
Lwin Min Oo ⚽️⚽️
Ny Yair Aung ⚽️⚽️
Yeir Yint ⚽️⚽️
Khant Thwin Aung ⚽️
Happy 21st Birthday to our Vice Captain Zarni Tunlinn and wish you all the achievements in your career and every happiness 💛
Thukha Pyaesone keeps scoring for his new team and now he’s got 16 goals in just 2 games 💥
Well Played lads ! We managed to perform the best despite the extremely hot weather and Thanks a lot to our opponent team for the fair game and Hope to see you again ⚽️
With Respect