Yoga O'clock

Yoga O'clock

Share

Yoga & Pilates

28/07/2026

🧘‍♀️ Notice for Studio Holiday Announcement 🧘‍♂️

​Yoga O'Clock Yoga Studio မှ သင်တန်းသူ/သားများအားလုံးရှင် ...
ဩဂုတ်လ ၃ ရက်နေ့မှ ၆ ရက်နေ့အထိ စတူဒီယို ​
ခေတ္တပိတ်ထားမှာ ဖြစ်ပါတယ်။

​ဩဂုတ်လ ၈ ရက်နေ့မှစ၍ Class အားလုံး ပုံမှန် Schedule အတိုင်း ပြန်လည်စတင်ပါမယ်ရှင်။

​သင်တန်းသူ/သားများအနေဖြင့် ပိတ်ရက်အတောအတွင်း စိတ်ရောခန္ဓာပါ ကျန်းမာရွှင်လန်းစွာဖြင့် ပြည့်ဝစွာ အနားယူနိုင်ကြပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါတယ်ရှင် 🙏🥰။

​ဩဂုတ်လ (၈) ရက်နေ့မှစ၍ Normal Schedule များ အတိုင်း သင်တန်းမှာ ပြန်လည်ဆုံတွေ့ကြပါမယ် 🥰

သင်တန်းလိပ်စာ
တိုက်-၃၂(၄လွှာ-အေ)၊ တောင်မြင်းပြိုင်ကွင်းလမ်း၊ YKKO အနီး၊ တာမွေမြို့နယ်၊ ရန်ကုန်မြို့။

အသေးစိတ်သိရှိလိုပါက Page messenger မှဖြစ်စေ၊
ဖုန်း 09795276993 သို့ဖြစ်စေ ဆက်သွယ်စုံစမ်း မေးမြန်းနိုင်ပါတယ်ရှင်။


24/07/2026

ပိုမို ကျန်းမာပေါ့ပါးတဲ့ ကိုယ့်ရဲ့ Version အသစ်ကို ယောဂနဲ့အတူ စတင်လိုက်ပါ 🌸

Yoga O'clock Yoga Studio မှာ ခန္ဓာကိုယ် ကြံ့ခိုင် ပျော့ပျောင်းစေရုံတင်မကဘဲ စိတ်ကိုပါ အေးချမ်းစေမယ့် Professional Yoga Classes များကို စနစ်တကျ သင်ကြားပေးနေပါပြီ။

​ခန္ဓာကိုယ် အကဲဖြတ်မှုတွေ၊ ပြိုင်ဆိုင်မှုတွေမရှိတဲ့ ငြိမ်းချမ်းတဲ့ ပတ်ဝန်းကျင်လေးမှာ ကိုယ့်အတွက် နေ့စဉ် ၁ နာရီ အချိန်ပေးပြီး Recharge လုပ်လိုက်ပါ ✨

🌿 ကျွန်မတို့ Class မှာ ဘာတွေ ပါဝင်မလဲ?

​Anatomy & Alignment Based Practice: ဒဏ်ရာမရစေဘဲ ခန္ဓာကိုယ် အနေအထား မှန်ကန်စေမယ့် စနစ်ကျသော လေ့ကျင့်စဉ်များ

​Pranayama & Mindfulness: စိတ်ဖိစီးမှု ပြေပျောက်ပြီး အသက်ရှူစနစ် မှန်ကန်စေမယ့် အသက်ရှူကျင့်စဉ်များ

​Deep Relaxation: တစ်နေ့တာ ပင်ပန်းသမျှကို ပြေပျောက်စေမယ့် အနားယူခြင်းများပါဝင်မှာဖြစ်ပါတယ်။

​🌿 ကျွန်မတို့ Studio ရဲ့ အားသာချက်များ:

Beginner မှသည် Intermediate အထိ တန်းခွဲများ

ကျယ်ဝန်းသန့်ပြန့်ပြီး လေဝင်လေထွက်ကောင်းတဲ့ Yoga Studio

စိတ်ရှည်ပြီး စနစ်တကျသင်ကြားပြသပေးတဲ့
တီချယ်အေးမြတ် (International Certified Yoga Instructor RYT 500-2024, RYT 300- 2025)

ကောင်းမွန်​တဲ့ ပတ်ဝန်းကျင်၊
လွယ်ကူတဲ့ ကားပါကင်၊
Locker၊ Shower Room အပြင်
Sportswear တွေပါ အလွယ်တကူဝယ်ယူလို့ရနိုင်အောင် စီစဥ်ပေးထားပါသေးတယ်။

သင်တန်းဘက်က လက်မချော်တဲ့ဖျာ၊ Block၊ Wheel နဲ့ Strip တွေလည်း စီစဥ်ထားရှိပေးပါတယ်။

​✨ အရင်ဆုံး စမ်းသပ်လေ့ကျင့်ချင်သူများအတွက် Free Trial Class လည်း စီစဉ်ပေးထားတာမို့
အခုပဲ ​အချိန်နဲ့ရက်ကို ကြိုတင် ရယူလိုက်ပါ။

သင်တန်းလိပ်စာ
တိုက်-၃၂(၄လွှာ-အေ)၊ တောင်မြင်းပြိုင်ကွင်းလမ်း၊ YKKO အနီး၊ တာမွေမြို့နယ်၊ ရန်ကုန်မြို့။

အသေးစိတ်သိရှိလိုပါက Page messenger မှဖြစ်စေ၊ ဖုန်း 09795276993 သို့ဖြစ်စေ ဆက်သွယ်စုံစမ်း မေးမြန်းနိုင်ပါတယ်ရှင်။


Photos from Yoga O'clock's post 12/07/2026

Paschimottanasana (Seated Forward Bend / Fold) ကို သေချာအာရုံစိုက်ပြီး ပြင်းပြင်းထန်ထန် (Intensely) လေ့ကျင့်တဲ့အခါ ခန္ဓာကိုယ်နဲ့ စိတ်ပိုင်းဆိုင်ရာမှာ သိသာထင်ရှားတဲ့ အကျိုးကျေးဇူးတွေ အများကြီး ရရှိလာနိုင်ပါတယ်။

​၁။ ခန္ဓာကိုယ်အနောက်ဘက် တစ်ပြင်လုံး Flexibilty တက်လာခြင်း (Deep Stretching)
​Forward bends တွေဟာ ခန္ဓာကိုယ်ရဲ့ အနောက်ဘက်ကြွက်သားအုပ်စု (Posterior Chain) တစ်ခုလုံးကို ဆွဲဆန့်ပေးပါတယ်။

​Hamstrings & Calves: ပေါင်နောက်ကြွက်သားနဲ့ ခြေသလုံးကြွက်သားတွေကို အားကောင်းကောင်းနဲ့ ဆွဲဆန့်ပေးလို့ တောင့်တင်းနေတာတွေ ပြေလျော့သွားပါတယ်။

​Lower Back & Spine: ခါးအောက်ပိုင်းနဲ့ ကျောရိုးတစ်လျှောက်လုံးမှာ ရှိတဲ့ တင်းအားတွေကို လျှော့ချပေးပြီး ကျောရိုးကို ပိုမိုရှည်လျား လိုက်လျောညီထွေ ရှိစေပါတယ်။

​၂။ အစာခြေစနစ် ပိုကောင်းလာခြင်း (Detox & Digestion)
​ရှေ့ကို ပြင်းပြင်းထန်ထန် ငုံ့လိုက်တဲ့အခါ ဝမ်းဗိုက်ပိုင်းက ကြွက်သားတွေနဲ့ အတွင်းကလီစာတွေ (အသည်း၊ ကျောက်ကပ်၊ အူလမ်းကြောင်း) ကို နှိပ်နယ်ပေးသလို (Compression) ဖြစ်သွားပါတယ်။

​ဒါက အစာခြေစနစ်ကို လှုံ့ဆော်ပေးပြီး ဝမ်းချုပ်တာကို သက်သာစေသလို ခန္ဓာကိုယ်တွင်း ဇီဝကမ္မဖြစ်စဉ်ကိုလည်း ပိုကောင်းစေပါတယ်။

​၃။ စိတ်ကို တည်ငြိမ်ပြီး အေးချမ်းသွားစေခြင်း (Calming Effect)
​အာရုံကြောစနစ် အရဆိုရင် Forward bends တွေဟာ Parasympathetic Nervous System (ခန္ဓာကိုယ်ကို အနားပေးပြီး ငြိမ်သက်စေတဲ့ စနစ်) ကို လှုံ့ဆော်ပေးပါတယ်။

​ရင်ဘတ်နဲ့ ဝမ်းဗိုက်ကို ပေါင်နဲ့ ကပ်ပြီး ခေါင်းကို ​မှောက်ချလိုက်တဲ့အခါ စိတ်ထဲမှာ လုံခြုံမှုရှိပြီး စိတ်ဖိစီးမှု (Stress) နဲ့ သောက (Anxiety) တွေကို ချက်ချင်း လျော့ကျသွားစေပါတယ်။ ညဘက် အိပ်မပျော်တဲ့သူတွေအတွက်လည်း အများကြီး အထောက်အကူပြုပါတယ်။

​၄။ သွေးလည်ပတ်မှု ကောင်းမွန်ခြင်း
​ဦးခေါင်းက နှလုံးထက် နိမ့်တဲ့အနေအထားကို ရောက်သွားတဲ့အတွက် ဦးနှောက်ဆီကို သွေးနဲ့ အောက်ဆီဂျင် ရောက်ရှိမှု ပိုကောင်းလာစေပါတယ်။ ဒါကြောင့် စိတ်ကြည်လင်လန်းဆန်းစေပြီး အမောအပန်း ပြေစေပါတယ်။

၅။ ​အမျိုးသမီးကျန်းမာရေးအတွက် အထောက်အကူပြုခြင်း: မီးယပ်သွေးဆုံးကိုင် ဝေဒနာတွေကို သက်သာစေသလို၊ ရာသီလာစဉ် ကိုက်ခဲနာကျင်မှုတွေကိုလည်း ပြေလျော့စေပါတယ်။

​💡 Forward bends တွေက အရမ်းကောင်းပေမယ့် ပြင်းပြင်းထန်ထန် လေ့ကျင့်တဲ့အခါ Hamstring injury မဖြစ်အောင်နဲ့ ခါးဆစ်မထိခိုက်အောင် မတ်ဆောက်တဲ့ ကျောရိုး (Flat back/Lengthened spine) နဲ့ တင်ပါးဆုံ (Hips) ကနေ စပြီးအားထည့်ဆန့်ထုတ်ဖို့ လိုပါတယ်။

​ဒီ pose က ကောင်းကျိုးများပေမဲ့
​ခါးဆစ်ကျွံခြင်း သို့မဟုတ် ခါးအာရုံကြောညပ်ခြင်း (Herniated Disc / Slipped Disc): ခါးဆစ်အတွင်းပိုင်း အပြားကျွံထားသူတွေအနေနဲ့ ခါးကို အဝိုင်းလိုက် ရှေ့ကို အတင်းညွတ်ငုံ့ချရင် အာရုံကြောကို ပိုမိုဖိမိပြီး ဒဏ်ရာ ပိုမိုပြင်းထန်လာနိုင်လို့ လုံးဝ မလုပ်သင့်ပါဘူး။ (တကယ်လို့ လုပ်ချင်တယ်ဆိုရင် ဒူးကို ကွေးထားပြီး ခါးကို လုံးဝမကုန်းဘဲ မတ်မတ်ဆန့်တန်းထားတဲ့ Variation ပဲ လုပ်ရပါမယ်)

​ပေါင်နောက်ကြော ပြင်းထန်စွာ ဒဏ်ရာရထားသူများ (Severe Hamstring Injury): အခုပုံထဲက variation က hamstring ကို အဆုံးထိ stretch လုပ်တာဖြစ်လို့ အနောက်ကြော ဒဏ်ရာရခါစ (သို့) ရောင်ရမ်းနေသူတွေ လုံးဝ ရှောင်ရပါမယ်။

​ပြင်းထန်စွာ ဝမ်းလျှောနေသူများ (Diarrhea): ဝမ်းဗိုက်ပိုင်း ဖိအားပေးမှုကြောင့် အခြေအနေ ပိုဆိုးစေနိုင်ပါတယ်။

​ပန်းနာရင်ကြပ် (Asthma) ထနေချိန်: ရင်ဘတ်နဲ့ ဝမ်းဗိုက် ဖိကပ်ထားတဲ့ အနေအထားက အသက်ရှူရ ပိုကြပ်စေနိုင်တဲ့အတွက် အမောဖောက်နေချိန်မှာ မလုပ်သင့်ပါဘူး။

သင်တန်းလိပ်စာ
တိုက်-၃၂(၄လွှာ-အေ)၊ တောင်မြင်းပြိုင်ကွင်းလမ်း၊ YKKO အနီး၊ တာမွေမြို့နယ်၊ ရန်ကုန်မြို့။

အသေးစိတ်သိရှိလိုပါက Page messenger မှဖြစ်စေ၊
ဖုန်း 09795276993 သို့ဖြစ်စေ ဆက်သွယ်စုံစမ်း မေးမြန်းနိုင်ပါတယ်ရှင်။


Photos from Yoga O'clock's post 03/07/2026

ချွေးတစ်စက်စီတိုင်းဟာ ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေကို ဖယ်ရှားပေးပြီး ပိုမိုကျန်းမာသန်စွမ်းတဲ့ သင့်ကို ဖန်တီးပေးနေတာပါ။

ကိုယ်တိုင်ပေးဆပ်ရတဲ့ အားထုတ်မှု၊
အရှုံးမပေးဘဲ ထိန်းထားရတဲ့ သည်းခံမှု၊
ပြီးတော့ အတူတူလေ့ကျင့်နေတဲ့ အသိုက်အဝန်းရဲ့ အားအင်တွေနဲ့ စုစည်းထားတာပါ။

​"ငါရော လုပ်နိုင်ပါ့မလား" ဆိုပြီး အဝေးကပဲ ကြည့်မနေပါနဲ့တော့။ အပြောင်းအလဲဆိုတာ အခုလို ချွေးတစ်စက်၊ အားထုတ်မှုတစ်ချက်ကနေပဲ စတင်တာပါ။ သင်တန်းသူတွေနဲ့အတူ ကိုယ့်ကိုယ်ကိုယ် ပိုကောင်းတဲ့ Version တစ်ခုဖြစ်အောင် အတူတူ ကြိုးစားလိုက်ရအောင်လားရှင်။

တက်ကြွပြီး ကျန်းမာတဲ့ Lifestyle တစ်ခုကို ပိုင်ဆိုင်ဖို့ သင်တန်းအကြောင်း အသေးစိတ်ကို Page Messenger မှဖြစ်​စေ၊ ဖုန်း 09795276993 မှဖြစ်​စေ ဆက်သွယ် စုံစမ်းမေးမြန်းနိုင်ပါတယ်ရှင်။

သင်တန်းလိပ်စာ
တိုက်-၃၂(၄လွှာ-အေ)၊ တောင်မြင်းပြိုင်ကွင်းလမ်း၊ YKKO အနီး၊ တာမွေမြို့နယ်၊ ရန်ကုန်မြို့။

​

Photos from Yoga O'clock's post 28/06/2026

လှပတဲ့ Pose တစ်ခုရဲ့ နောက်ကွယ်မှာ စနစ်တကျ ပြင်ဆင်မှုတွေရှိပါတယ်။

ဘေးကင်းတဲ့ ယောဂအလေ့အထ ဖြစ်စေဖို့အတွက်
Hip Openers တွေနဲ့ Shoulder Opening လေ့ကျင့်ခန်းတွေကို အခြေခံကစလို့ အဆင့်ဆင့် ပုံဖော်ပေးရပါတယ်။

▪︎ တင်ပါးဆုံဆစ်တွေကို အားကောင်းကောင်းနဲ့ ဖွင့်ပေးနိုင်မှု Hip Mobility

▪︎ ပုခုံးတဝိုက်နဲ့ ရင်ဘတ်ကြွက်သားတွေရဲ့ ပျော့ပျောင်းမှု Shoulder & Chest Opening

▪︎ ခန္ဓာကိုယ်ဗဟိုချက်ကို ထိန်းချုပ်နိုင်တဲ့ Core & Spinal Strength စတဲ့ ခန္ဓာကိုယ်ရဲ့ ဖွဲ့စည်းပုံ ညှိနှိုင်းမှုတွေ လိုအပ်ပါတယ်။

​အလျင်မလိုဘဲ မိမိခန္ဓာကိုယ်ကို နားထောင်ရင်း တစ်ဆင့်ချင်း တိုးတက်ချင်သူများအတွက်
ယောဂတန်းခွဲတွေ အမြဲရှိနေပါတယ်ရှင်။

သင်တန်းလိပ်စာ
တိုက်-၃၂(၄လွှာ-အေ)၊ တောင်မြင်းပြိုင်ကွင်းလမ်း၊ YKKO အနီး၊ တာမွေမြို့နယ်၊ ရန်ကုန်မြို့။

အသေးစိတ်သိရှိလိုပါက Page messenger မှဖြစ်စေ၊
ဖုန်း 09795276993 သို့ဖြစ်စေ ဆက်သွယ်စုံစမ်း မေးမြန်းနိုင်ပါတယ်ရှင်။



Photos from Yoga O'clock's post 27/06/2026

"Stronger together, balanced together. ✨

သင်တန်းလိပ်စာ
တိုက်-၃၂(၄လွှာ-အေ)၊ တောင်မြင်းပြိုင်ကွင်းလမ်း၊ YKKO အနီး၊ တာမွေမြို့နယ်၊ ရန်ကုန်မြို့။

အသေးစိတ်သိရှိလိုပါက Page messenger မှဖြစ်စေ၊
ဖုန်း 09795276993 သို့ဖြစ်စေ ဆက်သွယ်စုံစမ်း မေးမြန်းနိုင်ပါတယ်ရှင်။


25/06/2026

"Start your yoga journey with yoga o'clock"

နေ့စဉ်ဘဝရဲ့ မအားလပ်မှုတွေ၊ စိတ်ဖိစီးမှုတွေကြားမှာ ကိုယ့်ခန္ဓာကိုယ်နဲ့ စိတ်ဝိညာဉ်အတွက် အချိန်တစ်ခု ပေးဖို့ မေ့လျော့နေမိပြီလား?

အမျိုးသမီးတစ်ယောက်အနေနဲ့
​စီးပွားရေး၊ လူမှုရေး ရုန်းကန်မှုတွေအပြင်
​မိသားစုနဲ့ သားသမီးတွေရဲ့ ပညာရေး အထိပါ
ဘက်ပေါင်းစုံက တာဝန်တွေ၊ စိန်ခေါ်မှုတွေနဲ့ ရပ်တည်ရတာ တကယ်ကို မလွယ်ကူလှပါဘူး။

​ဒီလို စိတ်ဖိစီးမှုတွေနဲ့ မောပန်းနွမ်းနယ်မှုတွေကြားထဲကနေ စိတ်ရောလူပါ ပြန်လည်ကျန်းမာကြံ့ခိုင်လာဖို့ ယောဂ (Yoga) ဟာ အကောင်းဆုံး အထောက်အပံ့တစ်ခု ဖြစ်လာမှာ သေချာပါတယ်။

​🧘🏻‍♀️ ယောဂကျင့်စဉ်ဆိုတာ ခန္ဓာကိုယ် ပျော့ပျောင်းဖို့သက်သက်တင် မဟုတ်ပါဘူး။

​🧘🏻‍♀️ ပစ္စုပ္ပန်တည့်တည့်မှာ စိတ်ကို ငြိမ်သက်စေတယ်။

​🧘🏻‍♀️ ခန္ဓာကိုယ်ကို ကြံ့ခိုင်ပြီး သွက်လက်စေတယ်။

​🧘🏻‍♀️ တစ်နေ့တာလုံး ပင်ပန်းသမျှကို အားအင်အသစ်တွေအဖြစ် ပြောင်းလဲပေးတယ်။

​ “The hardest part of yoga is showing up on the mat.”

ယောဂရဲ့ အခက်ခဲဆုံး အပိုင်းက ဖျာပေါ် ရောက်လာဖို့ပါပဲ။ ရောက်လာပြီဆိုရင်တော့ ကျန်တာအားလုံးက သင့်အတွက် အကောင်းဆုံး ပြောင်းလဲမှုတွေ ဖြစ်လာမှာပါ။

​ခန္ဓာကိုယ် ညောင်းညာလို့ပဲဖြစ်ဖြစ်၊ စိတ်တွေ ရှုပ်ထွေးနေလို့ပဲဖြစ်ဖြစ် ဖျာလေးတစ်ချပ်ခင်းပြီး အသက်ရှူသွင်း၊ ရှူထုတ်လိုက်ရုံနဲ့တင် သင်ဟာ ယောဂခရီးစဉ်ကို စတင်နေပါပြီ။

​အချိန်ဆိုတာ ကိုယ်တိုင်ဖန်တီးယူရတာမို့...
It’s Yoga O'clock! အခုပဲ အတူတူ စတင်လိုက်ကြရအောင်။ 🧘‍♀️🌿

ကျယ်ဝန်းသန့်ပြန့်ပြီး လေဝင်လေထွက်ကောင်းတဲ့ Yoga Studio

စိတ်ရှည်ပြီး စနစ်တကျသင်ကြားပြသပေးတဲ့
တီချယ်အေးမြတ် (International Certified Yoga Instructor) RYT 500, RYT 300

ကောင်းမွန်တဲ့ ပတ်ဝန်းကျင်၊ လွယ်ကူတဲ့ ကားပါကင်၊
Locker၊ Shower Room အပြင် Sportswear တွေပါ အလွယ်တကူဝယ်ယူလို့ရနိုင်အောင် စီစဥ်ပေးထားပါတယ်။

သင်တန်းဘက်က လက်မချော်တဲ့ဖျာ၊ Block၊ Wheel နဲ့ Strip တွေလည်း စီစဥ်ထားရှိပေးပါတယ်။

⏱️Class Schedule
Saturday & Sunday
(Beginner to Intermediate Level)
8:00 - 9:00 AM

Saturday & Sunday
(Pure Beginner Level)
9:30 - 10:30 AM
4:30 - 5:30 PM

Monday, Tuesday & Wednesday
(Beginner to moderate Level)
6:30 - 7:30 AM

Monday to Thursday
(Beginner to Intermediate Level)
10:00 - 11:00 AM

Monday to Thursday
(Beginner to Intermediate Level)
5:45 - 6:45 PM

အတန်းအားလုံးကို လူဦးရေကန့်သတ်ထားတာမို့
အမြန်ဆုံးအပ်နှံထားမှ စိတ်ချရပါမယ်ရှင်...။

သင်တန်းလိပ်စာ
တိုက်-၃၂(၄လွှာ-အေ)၊ တောင်မြင်းပြိုင်ကွင်းလမ်း၊ YKKO အနီး၊ တာမွေမြို့နယ်၊ ရန်ကုန်မြို့။

အသေးစိတ်သိရှိလိုပါက Page messenger မှဖြစ်စေ၊
ဖုန်း 09795276993 သို့ဖြစ်စေ ဆက်သွယ်စုံစမ်း မေးမြန်းနိုင်ပါတယ်ရှင်။

​

Photos from Yoga O'clock's post 21/06/2026

June 21 International Yoga Day
အမှတ်တရအ​နေနဲ့ Yoga O'clock Studio မှာ
ပြုလုပ်ခဲ့တဲ့ ည​​နေပိုင်း ပုံရိပ်အချို့ပါရှင် 🥰။

📅 Event Schedule (21.6.2026 - Sunday)

Evening Session

​02:00 PM - 04:00 PM Inbody Test

​04:00 PM - 04:30 PM Yoga Session
Tr Aye Myat

​04:30 PM - 05:30 PM - Sound Healing
Tr Wine Sandar Linn

သင်တန်းလိပ်စာ
တိုက်-၃၂(၄လွှာ-အေ)၊ တောင်မြင်းပြိုင်ကွင်းလမ်း၊ YKKO အနီး၊ တာမွေမြို့နယ်၊ ရန်ကုန်မြို့။

အသေးစိတ်သိရှိလိုပါက
ဖုန်း 09795276993 သို့ ဆက်သွယ်စုံစမ်း မေးမြန်းနိုင်ပါတယ်ရှင်။

သင်တန်းသူများအားလုံး ကျန်းမာချမ်းသာကြပါ​စေရှင်။


Photos from Yoga O'clock's post 21/06/2026

June 21 International Yoga Day
အမှတ်တရအ​နေနဲ့ Yoga O'clock Studio မှာ ပြုလုပ်ခဲ့တဲ့မနက်ပိုင်း အမှတ်တရ ပုံရိပ်အချို့ပါရှင်

အခက်အခဲ​လေးအနည်းငယ်ရှိခဲ့​ပေမယ့် အပြုံးမပျက်ပဲအစစအရာရာ ကူညီ​ပေးကြရင်း ​ပျော်​ပျော်ရွှင်ရွှင်ရှိ​ပေးခဲ့တဲ့အတွက် သင်တန်းသူ တစ်​ယောက်ချင်းစီတိုင်းကိုလည်း ​ကျေးဇူးတင်​ကြောင်း ထပ်မံပြီးပြောပါရ​စေရှင်။

ဒါ့အပြင် ​စေတနာအပြည့်နဲ့ သင်တန်းသူ​တွေအားလုံးကို ဂရုစိုက်​ပေးခဲ့တဲ့ Sound Healing Therapy Tr Wine Sandar Linn ကိုလည်း Yoga O'clock Studio မှ ​ကျေးဇူးအများကြီးတင်ပါတယ်ရှင်...။

📅 Event Schedule (21.6.2026 - Sunday)

🎊 Morning Session

​08:00 AM - 10:00 AM - Inbody Test

​10:00 AM - 10:45 AM- Yoga Session
Tr Aye Myat

​11:00 AM - 12:00 PM - Sound Healing Therapy
Tr Wine Sandar Linn

သင်တန်းလိပ်စာ
တိုက်-၃၂(၄လွှာ-အေ)၊ တောင်မြင်းပြိုင်ကွင်းလမ်း၊ YKKO အနီး၊ တာမွေမြို့နယ်၊ ရန်ကုန်မြို့။

အသေးစိတ်သိရှိလိုပါက
ဖုန်း 09795276993 သို့ ဆက်သွယ်စုံစမ်း မေးမြန်းနိုင်ပါတယ်ရှင်။

သင်တန်းသူများအားလုံး ကျန်းမာချမ်းသာကြပါ​စေရှင်။


18/06/2026

Fully Booked! ✨
​"June 21 - International Yoga Day" အတွက်
မနက်ပိုင်းရော ညနေပိုင်းပါ သတ်မှတ်လူဦးရေ
ပြည့်သွားပါပြီရှင်... 😍🥰

ဒီပွဲ​လေးက Yoga O'clock ရဲ့ သင်တန်းသူ​တွေအတွက်
အမှတ်တရ​လေးဖန်တီး​ပေးဖြစ်တဲ့ပွဲ​လေးမို့
စိတ်အားထက်သန်စွာနဲ့ စာရင်းသွင်းပြီး အားတက်သ​​ရောပါဝင်​ပေးကြတဲ့အတွက်လည်း အတိုင်းမသိဝမ်းသာရပါတယ်ရှင်။
အခန်းအ​နေအထားအရ တစ်ချိန် ၃၅ဦးခန့်သာ လက်ခံလို့ရတာ​ကြောင့် ​မပါဝင်လိုက်ရတဲ့ တစ်ဦးတစ်​ယောက်ချင်းစီတိုင်းအတွက်လည်း များစွာအားနာရပါတယ်ရှင်။
၂၁ရက်​နေ့ ​ဆုံကြပါမယ်ရှင် ... 😍🥰

📅 Event Schedule (21.6.2026 - Sunday)
Morning Session

​08:00 AM - 10:00 AM - Inbody Test

​10:00 AM - 10:45 AM- Yoga Session
Tr Aye Myat

​11:00 AM - 12:00 PM - Sound Healing
Tr Wine Sandar Linn

📅 Evening Session

​02:00 PM - 04:00 PM Inbody Test

​04:00 PM - 04:30 PM Yoga Session
Tr Aye Myat

​04:30 PM - 05:30 PM - Sound Healing
Tr Wine Sandar Linn

Want your business to be the top-listed Gym/sports Facility in Yangon?

Click here to claim your Sponsored Listing.

Location

Telephone

Website

Address


South Horse Race Course Road
Yangon
11201