06/09/2026
🔥 အသက် ၁၅ နှစ်နဲ့ Rating 2900 ကို စိန်ခေါ်နေတဲ့ ချာတိတ်လေး!
“2900 က အရမ်းခက်တယ်… ဒါပေမယ့် ကျွန်တော် လုပ်နိုင်တယ်လို့ ယုံကြည်ပါတယ်။”
ဒီစကားကို ပြောလိုက်တဲ့သူက အသက် ၁၅ နှစ်ပဲ ရှိပါသေးတယ်။ 😳♟️
သူကတော့ တူရကီနိုင်ငံရဲ့ စစ်တုရင်ပါရမီရှင် GM Yağız Kaan Erdoğmuş (ယာအစ် ခန်း အယ်ရ်ဒိုမွရှ်) ပါ။
အသက် ၁၃ နှစ် ၂ လ ၁၅ ရက် မှာ Rating 2600 ကို ရောက်ရှိခဲ့ပြီး စံချိန်တင်ခဲ့သလို၊ အခုဆိုရင် 2700 Rating ကို ဖြတ်ကျော်နိုင်တဲ့ အသက်အငယ်ဆုံးကစားသမား အဖြစ် Wei Yi ရဲ့ စံချိန်ကိုပါ ချိုးဖျက်နိုင်ခဲ့ပါပြီ။ 🔥
ဒါတင်မကသေးပါဘူး…
🏆 အသက်အငယ်ဆုံး ကမ္ဘာ့အဆင့် Top 100 ဝင်သူ
🏆 အသက်အငယ်ဆုံး ကမ္ဘာ့အဆင့်Top 50 ဝင်သူ
🏆 အသက်အငယ်ဆုံး ကမ္ဘာ့အဆင့် Top 20 ဝင်သူ
ဆိုတဲ့ စံချိန်တွေကိုလည်း ဆက်တိုက်ချိုးဖျက်လာခဲ့ပါတယ်။
လက်ရှိမှာတော့ Rating 2716 နဲ့ ကမ္ဘာ့အဆင့် ၂၆ နေရာမှာ ရပ်တည်နေပါတယ်။
ဒါပေမယ့် သူ့ရဲ့ Coach ဖြစ်တဲ့ GM Shakhriyar Mamedyarov က ဒီလောက်နဲ့ မရပ်ပါဘူး။
🎯 Target — Rating 2900
2900 ဆိုတာ ဘာလဲ?
ကမ္ဘာပေါ်မှာ ဘယ်ကစားသမားမှ မရောက်ဖူးသေးတဲ့ Rating အဆင့်ပါ။
အဲ့ဒီလို မဖြစ်နိုင်သလောက် ခက်ခဲတဲ့ ရည်မှန်းချက်ကို အသက် ၁၅ နှစ်အရွယ် ကောင်လေးတစ်ယောက်က စိန်ခေါ်နေပါတယ်။ 😮💨🔥
သူကိုယ်တိုင်လည်း သိပါတယ်—
“2900 က အရမ်းခက်ပါတယ်။ ကျွန်တော် အကောင်းဆုံးကြိုးစားသွားမယ်။ အဲ့ဒီရည်မှန်းချက် အကောင်အထည်ဖော်နိုင်မယ်လို့ မျှော်လင့်ပါတယ်။”
ကမ္ဘာ့ Chess Legend Magnus Carlsen ကတောင် Yağız ကို
“ကမ္ဘာပေါ်မှာ အကောင်းဆုံး အသက် ၁၄ နှစ်အရွယ် ကစားသမား” လို့ ချီးကျူးထားပါတယ်။ 👑
သူ့ရဲ့အိပ်မက်ကတော့ စံချိန်အဟောင်းတွေကို ချိုးဖျက်ပြီး စံချိန်အသစ်တွေကို တင်နိုင်ရုံသာမက တူရကီနိုင်ငံမှာ စစ်တုရင်ကစားနည်းကို လူပိုသိလာအောင်၊ လူကြိုက်ပိုများလာအောင် ကြိုးစားပြီး တူရကီကို ကမ္ဘာ့အင်အားအကြီးဆုံး စစ်တုရင်နိုင်ငံတွေထဲက တစ်နိုင်ငံဖြစ်လာအောင် လုပ်ဆောင်ပေးချင်တာ ဖြစ်ပါတယ်။
အခုတော့ မေးခွန်းတစ်ခုပဲ ကျန်ပါတော့တယ်…
2700 ကို ဖြတ်ကျော်ပြီးပြီ။
ဒီကောင်လေးက 2900 အထိ တကယ်ရောက်နိုင်မလား? 👀🔥
သင်ကတော့ Yağız Kaan Erdoğmuş ဟာ 2900 ရောက်နိုင်မယ်လို့ ယုံကြည်လား?
👇 YES / NO လို့ Comment မှာ ရေးခဲ့ပါ။