07/12/2021
Hollow box.(M.S) တချောင်းမှာရှိတဲ့ Kilogram ရှာမယ်
1TON = 1000 Kg မှာရှိတဲ့ အချောင်းရေဆက်ရှာမယ်
အသုံးများတဲ့ 2 "×2"× 2 mmtk (6M)တချောင်းမှာရှိတဲ့ Kg ရှာမယ်။
1 in = 25.4 mm
Hollow box ကိုဖြန့်ချ လိုက်လျင်
2 "+ 2 "+2"+2" = 8 "(B)
8 " ကို mm ပြောင်း
8 in x 25.4 mm = 203.2 mm
Mild steel ရဲ့ Density K = 7850 kg /M^3
Formula ;
Kg = L x B x H x K
= 6 M x 203.2mm x 2mm x 7850 kg /M^3
=6 M x 203.2 mm /1000 mm x 2 mm / 1000mmx7850
=19.1414 kg # #
တချောင်းမှာ 1 Nos = 19.1414 kg ရှိတယ်
1000 kg (1 Ton ) = ?? NOS
=1000 kg x 1Nos /19.1414 kg
=52.2427 Nos
ဒါကြောင့် မလို့. 1Ton မှာ 2 "×2"× 2mm = 52.2427 Nos ရှိပါသည်။
×............×...........×................×...................×
Example 2 ,
4 "×2 " Hollow box. 6 Meter အရှည် 3 mmtk
တချောင်းမှာရှိတဲ့ Kg ရှာမယ်။
1000kg (1Ton) မှာရှိတဲ့အချောင်းရေ ကိုဆက်ရှာကြည့်မယ် ။
4"×2 " box ကိုဖြန်ချလိုက်တော့
4 in + 2 in + 4 in + 2 in = 12 in
12in ကို mm ပြောင်း 25.4 mm နဲ့မြှောက်
304.8 mm မီတာ ကိုတခါတည်းပြောင်းချင်တော့ 1000 mm နဲ့စား 0.3048 M
3 mm ကိုလဲမီတာ တခါတည်းပြောင်း 1000 mm နဲ့စား 0.003 M
FORMULA ;
Kg = L xB xH xK
=6 M x O.3048x0.003x7850 kg /m^3
=43.06824 kg # #
1 nos = 43.06824 kg
1000kg = ???
=1000kg x 1nos /43.06824 kg
=23.21897 Nos # # #
ဆိုဒ်အပြည့်နဲ့တွက်ထားမလို့ အနည်းငယ်ကွဲပြားမူ့ရှိနိုင်ပါသည်။
Credit
16/10/2021
#ဘာလို့ 135° ကွေးလည်းဆိုတာ ခုမှ ရှင်းရှင်းလင်းလင်းသဘောပေါက်တော့တယ်။။
Detailing of Earthquake Resistance Tall Building
အပိုင်း ( ၅ )
why closely spaced ties ?
column ကိုပတ်တာက tie ဖြစ်သလို beam ကို ပတ်ထားတာက stirrup ပါ ။ ဒီအပိုင်းမှာ column ကိုအဓိကထားပြောပါမယ် ။
ငလျင်လုပ်ပြီးချိန်မှာ plastic hinge ပေါ်ချင်တာ ။ plastic hinge ဆိုတာ collapse mechanism ကိုပြောတာပါ ။ collapse mechanism ဆိုတာကတော့ failure ဖြစ်တဲ့အချိန် ပြတ်ထွက်သွားမယ့်နေရာကိုပြောတာ ။ တနည်းအားဖြင့်ပြောရင် ကျိုးမယ့်နေရာကိုပြောတာ ။ ကျတော်တို့မှာ ရွေးချယ်စရာနှစ်ခုရှိတယ် ။ plastic hinge ကို ဘယ်နေရာမှာပေါ်အောင်လုပ်မလည်းဆိုတာပါ ။ ဆိုလိုတာက beam မှာ အရင်ကျိုးမလား column မှာအရင်ကျိုးမလားပေါ့ ။ ဒီ ၂ မျိုးရွေးစရာရှိရင် beam မှာဘဲအရင်ကျိုးခိုင်းပါမယ် ။ ဘာလို့လည်းဆိုရင် column မှာ အရင်ကျိုးရင် အလွန်အန္တရယ်များလို့ပါ ။ beam မှာ အရင်ကျိုးခိုင်းဖို့ဆိုရင် column တိုင်အနေနဲ့ အရင်ဆုံး တောင့်ခံနေဖို့လိုတယ် ။ ဒီလို တောင့်ခံနိုင်ဖို့အတွက် အခြေနေ ၂ ခုနဲ့ ပြည့်စုံရပါမယ် ။
1. ပထမတစ်မျိုးက column မှာရှိတဲ့သံချောင်းဟာ အရင်ဆုံး yield ဖြစ်ရပါမယ် ။ ဘယ်ဟာထက်အရင်လည်းဆိုရင် ကွန်ကရစ် compression failure ဖြစ်ပြီး column တိုင်ထဲမှာရှိတဲ့ concrete တွေ အပြင်ဖက်ကို ပွင့် မထွက်ခင်ပါ ။ ကွန်ကရစ်သာ compression failure ဖြစ်ပြီး တိုင်ထဲမှာရှိတဲ့ concrete တွေ အပြင်ဖက်ကိုရောက်ကုန်ရင် တိုင်လည်း ပျက်စီးပြီသွားပြီ။
2. ဒုတိယတစ်မျိုးကတော့ရှင်းပါတယ် ။ tie တွေကို စိတ်စိတ်လေးတွေပတ်ပြီး သူ့ရဲ့ အတွင်းအူတိုင်ထဲမှာရှိတဲ့ ကွန်ကရစ်တွေ အပြင်ဖက်ကိုမရောက်အောင် ထိန်းထားဖို့ပါ ။ ပုံထဲမှာလည်းပြထားတယ် ။
tie တွေကို စိတ်စိတ်လေးထားတာက concrete column ကို ductility တိုးစေတယ် ။ ဘယ်လိုလည်းဆိုရင် သူတို့က concrete ရဲ့ longitutinal steel တွေကို ပတ်ထားတော့ သံချောင်းတွေက တိုင်ရဲ့ အပြင်ဖက်ကို လွယ်လွယ်နဲ့ မထိုးထွက်စေဘူး ။ ဆိုလိုတာက သံချောင်းကိုလည်းထိန်းထားတယ်။ သံချောင်းအထဲမှာရှိတဲ့ ကွန်ကရစ်ကိုလည်း အပြင်ဖက်ကို မရောက်သွားအောင် အတတ်နိုင်ဆုံးထိန်းထားတယ် ။ ဒီနေရာမှာတော့ နဲနဲစဉ်းစားစရာရှိပါတယ် ။ column ရဲ့ concrete cover ကတော့ ကွာကျကုန်မှာပါပဲ ။ ဘာလို့လည်းဆိုရင် ငလျင်လုပ်တဲ့အားက ပြင်းထန်းတာကိုး .. ၊ ဒါပေမယ့် cover တွေမကျန်တော့ပေမယ့် tie တွေတော့ကျန်သေးတယ် ။ tie တွေက longitudinal compression steel နဲ့ အတွင်းမှာရှိတာကိုပါ သူက ဆွဲညစ်ထားပေးတယ် ။ ဒါပေမယ့် သူ့ကိုချုပ်ထားတဲ့ column ပတ်ပတ်လည်က concrete cover တွေမရှိတော့ဘူး ။ ကွာကျသွားပြီမို့လို့ပါ ။ သူ့မှာ column ကြီးကို တွဲကပ်နိုင်တဲ့အားနည်းသွားပြီ ။ ဒီလိုအခြေနေမျိုးမဖြစ်ရအောင် stirrup tie ကို 90 ' ချိုးတာထက် 135 ' hook လုပ်ပေးရတာပါ ။ 135' ချိုးထားတယ်ဆိုရင် သူက cover မရှိချိန်မှာ ကွန်ကရစ်ကို ဆက်လက်ပြီး ကုတ်ထားလို့ရသေးတယ် ။ သူ့ရဲ့ တာဝန်ကို ဆက်ပြီးထမ်းဆောင်နိုင်တာပေါ့ ။
ဒါကတော့ ကျတော်ရေးမယ့် seismic design specification ထဲက ပထမဆုံးအနေနဲ့ 135 ' seismic hooks သုံးရခြင်းအကြောင်းပါ။
Credit
19/08/2020
🚩Estimate သင်တန်းအားလုံးအတွက် (10000 Ks ) Discount ရရှိမည့် အထူးအစီအစဉ်🚩
******************************************
👉R.C Estimate ( Basic )
👉R.C Estimate ( Advanced )
👉Steel Structure Estimate
🏠One by One စနစ်ဖြင့် သင်ကြားပေးခြင်းဖြစ်သည်🏠
QS Engineer အဖြစ်လုပ်ငန်းခွင်ဝင်မယ့်လူငယ်များအတွက်ရည်ရွယ်ပြီး ဖွင့်လှစ်သင်ကြားပေးခြင်းဖြစ်ပါတယ် 🔔🔔🔔
✔Course Outline For R.C Estimate (Basic)
(Using Excel B.Q Format)
Project - (1)3 Storeyed R.C Building
(2)2 Storeyed R.C Building
-Detail Measurement
-Foundation (Single Footing ,Strap Footing,Mat Footing)
-Rebar Calculation
-Roofing work with Hollow Frame
-Finishing Work
-BE ,BQ ,Abstract Cost of Building
-Summary
-Pile Foundation (Intro)Present တို့ကို မိမိကိုယ်တိုင် Excel,Auto Cad တို့ကိုအသုံးပြု၍ စနစ်တကျအခြေခံကျကျ တွက်ချက်နိုင်သည်အထိ သင်ကြားပေးမည်ဖြစ်ပါသည်။
Duration - 2 Months ( 6 or 8 hr per week)
Fees - 70000 ks (Normal-80000 Ks)
✔Course Outline For R.C Estimate (Advanced)
Project -(1)8 Storeyed R.C Building with Pile Foundation
(2)6 Storeyed R.C Building with Strip Foundation
-Detail Measurement
-Rebar Calculation
-Finishing Work
-BE , BQ ,Abstract Cost of Building
-Summary
-Septic Tank (Present)
အခြေခံရရှိပြီးသူများအနေဖြင့် အထပ်မြင့်အဆောက်အဦးများကို စနစ်တကျ တွင်ချက်တတ်စေရန်သင်ကြားပေးမည်ဖြစ်ပါသည်။
Duration - 2 Months (6 or 8 hr per week)
Fees - 80000 ks(Normal-90000 Ks)
✔ Course Outline For Steel Structure Estimate
(Using Excel BQ Format)
Project - (1)3 Storeyed Steel Structure Building
(2)Warehouse Building
- Detail Measurement
- Pile Foundation
- Steel Structural Member Caculation
- Structure Connection Calculation
(Welding,Bolt & Nut Type & Plate Connection )
- Roofing Work
- BE, BQ,Abstract Cost of Building,Summary
Duration - 1.5 Month
Fees - 70000 ks (Normal-80000Ks)
👉အခြေခံမှစ၍ သင်ကြားပေးမည်ဖြစ်ပြီး လုပ်ငန်းအတွေ့အကြုံရှိသော ဆရာမကိုယ်တိုင် Auto Cad နှင့် Excel ကိုအသုံးပြု ပြီး စနစ်တကျတွက်ချက်တတ်အောင် သင်ကြားပေးခြင်းဖြစ်ပါသည်။
👌Excel အခြေခံမရှိသူများလည်း တက်ရောက်နိုင်ပါသည်
👉Project 1 ကို ဆရာမနှင့်အတူတွက်ရမည်ဖြစ်ပြီး Project 2 အား မိမိဘာသာတွက်ချက်စေခြင်းဖြင့် လေ့ကျင့်သင်ကြားပေးမည်ဖြစ်ပါသည်။
💻Laptop ယူလာရန်လိုအပ်ပါသည်
သင်တန်းချိန် - အချိန်ညှိနှိုင်းတက်ရောက်နိုင်ပြီး One by One စနစ်ဖြင့် သင်ကြားပေးခြင်းဖြစ်ပါသည်။
🏠သင်တန်းနေရာ - တိုက် စ/9,ဗဟိုဘဏ်ရိပ်သာ,BOC မှတ်တိုင် ၊ သင်္ဃန်းကျွန်းမြို့နယ်။
➡️လမ်းညွှန် - YBS (3),(7),(62),(24),(84),(96),(18),(92) များစီး၍ BOC မှတ်တိုင်တွင်ဆင်းပါ။
☎ဆက်သွယ်ရန်ဖုန်း - 09 43041719, 09 795552970
💁Build your future with us!
17/08/2020
🏘️🏠Roofing Sheet🏠🏘️
🏡အမိုး area ရရင်တောင် အမိုးချပ်က တွက်ရခက်ပါတယ်။ ရေလိမ်များလေလေ အလေအလွင့် များလေလေပါပဲ။
🏡မေးထားတာက
🏡yellow book မှာ အမိုး တစ်ကျင်း ကို 7 ပေ သွတ် 9ချပ် ပေးထားပြီး 10ပေ နဲ့ 12ပေ အတွက် မပါဘူး။ အဲ့ဒါဆို ဘယ်လို ယူရမလဲ?
🏡🏡🏡🏡🏡🏡🏡🏡🏡🏡
Yellow Book 2014 က အသစ်ပြင်လိုက်တဲ့ စာအုပ်ရဲ့ page - 49, Item No.7 မှာ ပြထားတာက width မပါပါဘူး။ သူ့ရဲ့ standard width ကို lapping pitch ထပ်ပြီး 32" ကျန်တယ်လို့ မှတ်ပြီး နမူနာ တွက်ထားတာ တင်ပေးလိုက်ပါတယ်။
🏡 နှစ်ဖက်ချ ( Gable Roof )အမိုး
🏡လေးဖက်ချအမိုး ( Hip Roof ) အမိုး
နှစ်မျိုး တွက်ပြပေးလိုက်ပါတယ်။ရေလိမ်များတဲ့ အမိုးနဲ့ ခေါင်ရှုပ်တာတွေလဲရှိပါတယ်။ အမိုးက စိတ်ကူးယဉ်ပြီး ပုံလေးဆွဲ ပြီး သေချာစဉ်းစား ရတဲ့ ကိစ္စ ပါ။ စဉ်းစားနိုင်လေ အလေအလွင့်နည်းလေပါပဲ။ မဟုတ်ရင် yellow book က estimate တောင် ပေါက်နိုင်ပါတယ်။ စဉ်းစားနည်းလေး တင်ပေးလိုက်ပါတယ်။ ဘယ်လို အရှည်ရှည်လာလာ တွက်နိုင်အောင်ပါ။
🏡ပုံမှာ ကြည့် လိုက်ပါ။
Daw Aye Aye Win
18/07/2020
🌸 Weep Hole ရဲ့ အကျိုးကျေးဇူး🌸
မြေထိန်းနံရံတွေမှာ ဘာအတွက် ပိုက်ထည့်ထားတာလဲဆရာမ
🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸
🌸မြေထိမ်း နံရံတွေ၊ Retaining wall တွေလုပ်တဲ့ အခါ ရေမြောင်း အတွက်ပဲ ဖြစ်ဖြစ်၊ တောင် ဘေးမှာပဲလုပ်လုပ်၊ မြစ်ကမ်းမှာပဲ တည်တည်၊ လမ်း Shoulder မှာပဲ ထည့်ထည့် ၊ RC ၊ ကျောက်ကြီး၊ အုတ်ရိုး စတာတွေနဲ့ တည်ဆောက်ကြပါတယ်။
🌸အဲဒီလို တည်ဆောက်တဲ့ အခါ weep hole လို့ခေါ်တဲ့ ရေထွက်ပေါက်လေးတွေကို အနည်းဆုံး ၃ပေ ခြားပြီး wall အခြေအနေ အကြီး၊ အသေး ၊အထူပေါ် မူတည်ပြီး ထည့်ပေးရပါတယ်။ PVC pipe ဒါမှ မဟုတ် တစ်နည်း တစ်ခုခုနဲ့ မဖြစ်မနေ ထည့်ပေးရပါတယ်။
🌸ပုံမှာ ပါသည်ဖြစ်စေ၊ မပါသည်ဖြစ်စေ site engineer က ထည့်ကို ထည့်ပေးဖို့ လိုအပ်ပါတယ်။
🌸တစ်ချို့ Drawing တွေမှာတော့ ပါတက်ပါတယ်။
🌸သူကို ထည့်မယ်ဆိုရင်တော့ ရေဆင်းပိုက်ကို Retaining wall မှာ ရေထွက်ဖို့ အတွက် မြေစာ မရှိတဲ့ ဘက်ကို အများဆုံး 15 degree လောက် အောက်စိုက် စောင်းပြီး ထည့်လျှင် အဆင်ပြေပါပြီ။
🌸သူ့ရဲ့ ကောင်းကျိုးက မိုးကာလမှာ ဖြစ်စေ၊ အခြားအကြောင်း တစ်ခုခု ကြောင့် ဖြစ်စေ မြေထဲက ရေတိုးတဲ့ အခါ ရေထွက်ပေါက်ရပြီး wall ကို ကြာရှည် ခံစေပါတယ်။
🌸အဲလိုမှ ထည့် မထားရင်တော့ ရေ ဆိုတဲ့ အရာလေးက Retaining Wall ကို တုံးလုံး လှဲဖို့ ခွန်အားရှိတယ်ဆိုတာ သတိပြုပါ။
Aye Aye Win
11/07/2020
🌸 How to Study the Drawing 🌸
💗 Part - 2 💗
🌸How to Study the Drawing ကို အခုမှ လုပ်ငန်းခွင်ဝင်မည့် Engineer များ အတွက် ရည်ရွယ်ပြီး ရေးနေခဲ့တာ ခြောက်လ လောက် ရှိပါပြီ။ Designer တွေ ပြောတာကို နားလည်ဖို့ ရည်ရွယ်ပါတယ်။
🌸ရေးချင်တာတွေ များလွန်းလို့ အတော်ကြာနေခဲ့ပါတယ်။အရွက်ပေါင်း 200 ကျော်နေတာတောင် ထပ်ဖြည့်ချင်တာတွေဖြည့်နေတုန်း။
🌸Part - 1 ကို တင်ခဲ့တာ ကြာပါပြီ။
🌸အဲဒီတုန်းကတော့ General Note တွေ ဘယ်လို ဖတ်ရမလဲ တင်ပေးခဲ့ပါတယ်။ အားလုံးတော့ မဟုတ်ပါဘူး တော်တော်များများ ပါပါတယ်။ အဲဒီတုန်းက Sheet ပေါင်း 50 ကျော်ပါတယ်။
🌸ပထမ စဉ်းစားထားတာက Foundation ကနေစပြီး Drawing ဖတ်နည်း ရေးဖို့ပါပဲ။
🌸Slab Schedule ဖတ်ပြီး သံဆင်တာ မျက်စေ့ လည်နေတာကို အမေးများကြလို့ အခုတော့ slab ကို အရင် တင်ပေး လိုက်ပါတယ်။
🌸Slab တောင် အပိုင်း သုံးပိုင်းလောက် ခွဲ တင်ရမှာပါ။
🌸အမျိုးအစား မတူတဲ့ သံ schedule ပေးပုံ ကို အသေးစိတ် ရေးရတာဖြစ်လို့ Sheet တွေ များ ကုန်ပါတယ်။
🌸အခုက slab ရဲ့ Basic ကို အရင် တင်ပေး လိုက်ပါတယ်။
🌸ဒါပြီးရင်တော့ Schedule ဖတ်နည်း တင်ပေးမှာပါ။
🌸အပိုင်းအားလုံး ဆက်စပ်ကြည့်မှ နားလည်းနိုင်မှာဖြစ်လို့ သေချာ လေ့လာဖို့တော့လိုပါတယ်။
🌸ကိုယ်ပေးချင်တဲ့ Massage ကို ရောက်အောင် အရှင်းဆုံး ပြပေးထားပါတယ်။
-Daw Aye Aye Win
10/07/2020
Emgineer's Field Manual လေ့လာနိုင်ရန်အတွက် ပြန်လည်မျှဝေလိုက်ပါတယ် ။
Original Uploader
10/07/2020
💖 Hello ! မင်္ဂလာပါရှင် 💖
📣August လအတွက် Microsoft Project Online Class ( 2.8.2020 ) နေ့စမည်။📣
******************************************
👉ဘယ်သူတွေတက်ရောက်သင့်သလဲ ?
✔️Project တစ်ခုလုံးကို ကောင်းမွန်စွာ စနစ်တကျ Management လုပ်လိုသောနယ်ပယ်အသီးသီးမှ Engineer များ,Coordinatorများတက်ရောက်သင့်ပါသည်
✔️သင်ကြားမှုတွင် Microsoft Project Software အသုံးပြုနည်း Basic မှ Advanced Level ထိပါဝင်မည်ဖြစ်သည် ။
✔️Project Management ဖြင့် Thesis လုပ်နေသော ကျောင်းသား ကျောင်းသူများ မဖြစ်မနေတက်ရောက်သင့်သော သင်တန်းဖြစ်ပါသည်။
✔️တစ်ဦးချင်း One by One ပုံစံမျိုးဖြင့်ရှင်းလင်းသင်ကြားပေးသွားမည်ဖြစ်ပါသည်။
👉ဘာတွေသင်ကြားပေးမှာလဲ ?
✔Management တစ်ခုတွင်ပါဝင်သော Time,Cost,Scope ပိုင်းဆိုင်ရာ Schedule ဆွဲခြင်း
✔️S-Curve၊ Cash Flow ဆွဲခြင်း၊ Report တင်ခြင်း။
✔️Report ပိုင်းတွင် မိမိ Project အရှုံးအမြတ် ၊ Late or Forward များ ၊ Considered လုပ်နိုင်သော Advanced ပိုင်း Theory များ
✔️Schedule ဆွဲရာတွင် ဆောင်ရန် ရှောင်ရန် အချက်အလက်များကို စုံလင်စွာသင်ကြားပေးမည်။
📖Course Outline📖
- Scheduling with WBS & Predecessors, Successor
- Printing
- Creating S-Curve
- Earned Value Theory
- Critical Path Method Theory
- Planned Value,Earned Value,Actual Cost
- Creating Baseline
- Updating & Monitoring
- Tracking Gant
- Reporting By EVM Method
- Considering Loss or Profit
- Considering Forward or Late
Starting Date - 2.8.2020( Sunday Only)
Time - 1:00 pm to 4:00 pm
Duration - 2 Days Only
Fees - 35000 ks ( Lecture Notes Soft Copy Include)
သင်တန်းကြေးပေးသွင်းရန် -
Wave Money - 0943041719 ( Password- 111333)
AYA Bank Acc - 0115201010111609
KBZ Bank Acc - 160-301-16000417301
👉တက်ရောက်လိုသူများအနေဖြင့် (1.8.2020) နေ့နောက်ဆုံးထား၍ သင်တန်းကြေးပေးသွင်းအပ်နှံထားရပါမည်။
📚သင်တန်းပြီးဆုံးပါက Certificate ထုတ်ပေးပါသည်📚
👉သင်တန်းသားဦးရေ ကန့်သတ်ထားလို့ အမြန်ဆုံးစာရင်းပေးသွင်းကြပါရန်
👉သင်တန်းသားများအနေဖြင့် Microsoft Project 2013 Software ထည့်သွင်းထားရန်လိုအပ်ပါသည်
ဆက်သွယ်ရန်ဖုန်း - 09 43041719,09 795552970
💁Build your future with us!
04/07/2020
👷👷♀️Junior Engineer များအတွက် စတင်လေ့လာထားသင့်တဲ့
ပန္နက်ရိုက်ခြင်း ( သို့ ) ပါတ်တန်းရိုက်ခြင်းအနုပညာ
# # # # # # # # # # # # # # # # # # # # # # # # # # # # # # # #
*ပန္နတ် ပတ်တန်းရိုက်ခြင်း နည်းပညာ နှင့် ဆက်စပ်အုပ်စုအချို့၏ နည်းပညာ*
#အဆောက်အအုံတစ်ခု ပန္နတ်ရိုက်ခြင်းကိစ္စသည် အင်မတန်မှ အရေးကြီးသော အခန်းကဏ္ဍတစ်ရပ် ဖြစ်သောကြောင့် အလေးထားဆောင်ရွက်သင့်ပါတယ်။
#အဆောက်အအုံ ထောင့်မှတ်များစိုက်တဲ့အခါဝယ် " မှန်ပန္နက် " (ပတ်တန်း) ကို နေရာမှန်မှ ၅' နဲ့ ၁၀'ကြား အကွာအဝေး စိုက်ထူရပါမယ်။
ဆိုလိုချင်တာကတော့ footing မြေကြီးတူးရမည့် ကျွင်းနဲ့ လွတ်လွတ်ကင်းကင်း ဖြစ်နေစေဖို့ပါ။ အဲ့ဒါကိုလည်း မိမိတို့ဘာသာ တွက်ချက်ပြီး အဆင်သင့်သလို ပြုလုပ်နိုင်ပါတယ်။
#အုတ်နံရံ ဗဟိုမျဉ်း ၊ အဆောက်အအုံ အပြင်မျဉ်း ကြိုက်နှစ်သက်ရာ ရွေးပြီး ကျင်တွယ်ဖမ်းနိုင်ပါတယ်။ အများသုံး အပြင်နံရံမျဉ်းကို ဖမ်းမယ်ဆိုလို့ရှိရင် ပိုလို့တောင် လွယ်ကူပါသေးတယ်။
#အဆောက်အအုံ ပန္နတ်များစိုက်ပြီးလို့ရှိရင် ထောင့်ဖြတ်အကွာအဝေး ညီမညီ ပြန်စစ်ဆေးပါ။ အရပ်ခေါ် (ဝက်ခေါင်းထိုးတယ်ပေါ့။ ကျင်တွယ်ဖမ်းခိုင်းတဲ့ သဘောပါဘဲ။)
ပိုပြီးသေချာစေချင်လို့......
#ထောင့်ပန္နတ် ရိုက်ရာ၌ ငုတ်တစ်ငုတ်ထဲ စိုက်ထူတဲ့စနစ်ကို မသုံးပါနဲ့။ တန်းပန္နတ်စနစ်ကိုသာ ရွေးသုံးပါ။
#ပန္နတ်တန်းကို ရေချိန်ကိုက်ပြုလုပ်၍ LEVEL မြေညီထပ် ကြမ်းပြင် အမြင့်နဲ့ တူညီအောင် ဆောင်ရွက်ပါ။
#ပန္နတ်တန်း စိုက်ထူပြီးလို့ရှိရင် တာဝန်ခံ အင်ဂျင်နီယာကို ကြီးကြပ်စေ၍ စစ်ဆေးစေပါ။ ပြီးစီးပြီ ဆိုလို့ရှိရင်တော့ လုပ်ငန်းစတင်နိုင်ပါပြီ။
#ပန္နတ်တန်းများကို အချိန်အတော်ကြာကြာ အသုံးပြုအုံးမှာ ဖြစ်တဲ့အတွက်ကြောင့်မို့ .....
၁။မြေတူးခြင်း လုပ်ငန်းနဲ့ လွတ်လွတ်ကင်းကင်းရှိတဲ့ နေရာမှာ စိုက်ပါ။
၂။လုံခြုံမှု ရှိစေရန် အကာအရန်နဲ့ ပြုလုပ်ထားပါ။
၃။အများ သိရှိနိုင်အောင်လည်း မြင်သာထင်သာရှိစေရန် အမှတ်အသားများ ပြုလုပ်ထားပါ။
၎။ခိုင်ခိုင်ခန့်ခန့် ရှိဖို့လည်း လို့အပ်ပါတယ်။
မူရင်း ပို့စ်ကို ယူ၍ စာအသွားအလာကောင်းစေရန် စာပြင်ထားပါသည်။ ပုံအချို့ လည်းဖြည့်စွတ်ထားပါသည်။
OrginalUploader
02/07/2020
❤️ Hello ! မင်္ဂလာပါရှင် ❤️
July လအတွက် Estimate သင်တန်းသားများလက်ခံနေပါပြီ
*****************************************1*******
👉R.C Estimate ( Basic )
👉R.C Estimate ( Advanced )
👉Steel Structure Estimate
🏠One by One စနစ်ဖြင့် သင်ကြားပေးခြင်းဖြစ်သည်🏠
🔔QS Engineer အဖြစ်လုပ်ငန်းခွင်ဝင်မယ့်လူငယ်များအတွက်ရည်ရွယ်ပြီး ဖွင့်လှစ်သင်ကြားပေးခြင်းဖြစ်ပါတယ် 🔔
✔Course Outline For R.C Estimate (Basic)
(Using Excel B.Q Format)
Project - (1)3 Storeyed R.C Building
(2)2 Storeyed R.C Building
-Detail Measurement
-Foundation (Single Footing ,Strap Footing,Mat Footing)
-Rebar Calculation
-Roofing work with Hollow Frame
-Finishing Work
-BE ,BQ ,Abstract Cost of Building
-Summary
-Pile Foundation (Intro)Present တို့ကို မိမိကိုယ်တိုင် Excel,Auto Cad တို့ကိုအသုံးပြု၍ စနစ်တကျအခြေခံကျကျ တွက်ချက်နိုင်သည်အထိ သင်ကြားပေးမည်ဖြစ်ပါသည်။
Duration - 2 Months ( 6 or 8 hr per week)
Fees - 80000 ks
✔Course Outline For R.C Estimate (Advanced)
Project -(1)8 Storeyed R.C Building with Pile Foundation
(2)6 Storeyed R.C Building with Strip Foundation
-Detail Measurement
-Rebar Calculation
-Finishing Work
-BE , BQ ,Abstract Cost of Building
-Summary
-Septic Tank (Present)
အခြေခံရရှိပြီးသူများအနေဖြင့် အထပ်မြင့်အဆောက်အဦးများကို စနစ်တကျ တွင်ချက်တတ်စေရန်သင်ကြားပေးမည်ဖြစ်ပါသည်။
Duration - 2 Months (6 or 8 hr per week)
Fees - 90000 ks
✔ Course Outline For Steel Structure Estimate
(Using Excel BQ Format)
Project - (1)3 Storeyed Steel Structure Building
(2)Warehouse Building
- Detail Measurement
- Pile Foundation
- Steel Structural Member Caculation
- Structure Connection Calculation
(Welding,Bolt & Nut Type & Plate Connection )
- Roofing Work
- BE, BQ,Abstract Cost of Building,Summary
Duration - 1.5 Month
Fees - 80000 ks
👉အခြေခံမှစ၍ သင်ကြားပေးမည်ဖြစ်ပြီး လုပ်ငန်းအတွေ့အကြုံရှိသော ဆရာမကိုယ်တိုင် Auto Cad နှင့် Excel ကိုအသုံးပြု ပြီး စနစ်တကျတွက်ချက်တတ်အောင် သင်ကြားပေးခြင်းဖြစ်ပါသည်။
👌Excel အခြေခံမရှိသူများလည်း တက်ရောက်နိုင်ပါသည်
👉Project 1 ကို ဆရာမနှင့်အတူတွက်ရမည်ဖြစ်ပြီး Project 2 အား မိမိဘာသာတွက်ချက်စေခြင်းဖြင့် လေ့ကျင့်သင်ကြားပေးမည်ဖြစ်ပါသည်။
👉Laptop ယူလာရန်လိုအပ်ပါသည်
သင်တန်းချိန် - အချိန်ညှိနှိုင်းတက်ရောက်နိုင်ပြီး One by One စနစ်ဖြင့် သင်ကြားပေးခြင်းဖြစ်ပါသည်။
🏠သင်တန်းနေရာ -တိုက်စ/9 ၊ဗဟိုဘဏ်ရိပ်သာ၊ BOC မှတ်တိုင် ၊ သင်္ဃန်းကျွန်းမြို့နယ်။
➡️လမ်းညွှန် - YBS (7),(24),(3),(62),(96),(84),(92) စီး၍ BOC မှတ်တိုင်တွင်ဆင်းပါ
☎ဆက်သွယ်ရန်ဖုန်း - 09 43041719, 09 795552970
💁Build your future with us!
02/07/2020
Estimate တစ်စောင်တွက်ရမှာ လိုအပ်တဲ့ Material နှင့် Labour စံနှုန်းများကို Yellow Book ကို အခြေခံ၍ ထုတ်နှုတ်ပေးထားသော ထုတ်နှုတ်ချက်များဖြစ်ပါသည် ။
Engineer ကျောင်းဆင်းများနှင့် Estimate ကိုလေ့လာနေသူများ အလွယ်တကူ သိရှိစေရန်ရည်ရွယ်ပါသည်။
Engr Sir Zaw
28/06/2020
တွေမှာ အုတ်ဘယ်လိုစီကြမလဲ ?
STEEL STRUCTURE တွေမှာ အုတ်စီတဲ့အခါ ဘယ်လိုစီရင်ပိုကောင်းမလဲဆိုတာ မကြာခဏငြင်းခုန်ရလေ့ရှိပါတယ်. အဲ့တော့ foreign com တွေရဲ့ စနစ်လေးတွေကို လေ့လာပီး အနီးစပ်ဆုံး အသုံးချလို့ရမဲ့ detail တွေကို မျှဝေချင်ပါတယ်.
လေ့လာကြည့်မိတဲ့အခါ
brick wall ရဲ့အောက်ခြေမှာ deck slab ကနေ bent bar လေးတွေထုတ်ပီး တွဲထားတာကို မြင်ရပါမယ်.
brick wall ရဲ့အပေါ်ဆုံးအပိုင်းမှာ steel beam အကြား gap လေးချန်ထားတာတွေ့ရပါမယ်. ဘာလို့လဲဆိုတော့ steel beam တွေ deflection ဖြစ်တဲ့အခါ brick wall အပေါ်သက်ရောက်မှုမရှိစေလိုခြင်းကြောင့် ဖြစ်ပါတယ်.
brick wall တွေဟာ အဆောက်အဉီဆီလာတဲ့ wind ကို steel frame တွေဆီဖြန့်ပေးနိုင်ဖို့လိုပါတယ်. အဲ့တော့ brick wall ရဲ့အပေါ်ဆုံးအပိုင်းမှာ steel beam ကို steel plate လေးတွေနဲ့တွဲထားတာကို မြင်ရပါမယ်.
steel column နဲ့ brick wall ကြားမှာ ဘေးတိုက်တွဲဆက်နိုင်ဖို့ anchor လေးတွေပါတယ်. (ကျနော်တို့ dowel bar ထုတ်သလိုမျိုးပေါ့)
အဓိကကတော့ steel column နဲ့ brick wall ကြားမှာ sealant လေးတွေပါတာတွေ့ရပါမယ်. Expansion joint လိုသဘောမျိုး ဖြစ်မယ်.
အဓိကကတော့..
ပြောခဲ့တဲ့အတိုင်း steel structure တွေမှာ brick wall တွေဟာ အကာအယံတစ်ခုဆိုတဲ့ အဓိပ္ပာယ်ထက်ပိုပါတယ်. အဆောက်အဉီဆီလာတဲ့ wind ကို steel frame တွေဆီဖြန့်ပေးနိုင်ဖို့လိုပါတယ်. အဲ့အတွက် brick wall ရဲ့အထက်အောက်နဲ့ ဘေးဘက်ဟာ steel frame နဲ့ ကောင်းကောင်းတွယ်ဆက်ပေးနိုင်ဖို့လိုပါတယ်.( လက်ရှိ conventional practice တွေကတော့ brick wall တွေကို design လုပ်လေ့မရှိတာကြောင့် သူ့ရဲ့ performance ကိုအတိအကျပြောဖို့ခက်ပါတယ်.)
Steel နဲ့ brick wall တွေဟာ material type မတူတဲ့အတွက် thermal expansion တွေကို ထည့်စဉ်းစားသင့်ပါတယ်.
်းခန့်ကျော်