Celestial Knights Fc

Celestial Knights Fc

Share

Football Club-EST 2023

02/06/2026

⚽ MATCH DAY 🔜
Celestial Knights Fc Vs Team Sonic Fc
Date📆 - 7.June.2026(Sunday)
Time🕒 - 08:00AM to 10:00AM
Stadium🏟 - Salin Stadium
Jersey👕- Knight Purple Color or new jersey
​ဒီတစ်ပတ် Super Sunday မှာ အသင်းကောင်းတစ်သင်းဖြစ်တဲ့ Team Sonic Fc နဲ့ ရင်ဆိုင်ရမှာဖြစ်လို့ ပရိသတ်ကြီးတို့ရဲ့ အားပေးသံတွေနဲ့အတူ ကွင်းထဲမှာ ဆုံကြရအောင် နွေးထွေးစွာ ဖိတ်ခေါ်အပ်ပါတယ်ခင်ဗျာ။
​📢 CK FC ညီအစ်ကိုများသို့:
ကစားသမားအားလုံး စုံစုံလင်လင်နဲ့ ဂျာစီအသစ်လေးနဲ့ team photo လေးရိုက်မှာမို့ Arrive Time 07:30 AM ကွင်းအရောက် လာခဲ့ကြပါညီကိုတို့‌ရေ ။🥅

💪


02/06/2026

May လရဲ့နောက်ဆုံးပွဲကို နိုင်ပွဲနှင့်အတူပိတ်သိမ်းနိုင်ခဲံ့တဲ့ CK FC
BLITZ FC လူငယ်တွေနဲ့ဖွဲ့စည်းထားတဲ့ အသင်းပြီပြီ quick transition passing များနဲ့ အဖွင့်ကို မြန်မြန်ဆန်ဆန် စတင်လာခဲ့ပါတယ်။
CK အသင်းမှလည်း DM Myat Noe Ko Ko နှင့်အတူ CB Ko latt တို့က တဖတ်အသင်းတိုက်စစ်ကို ကျစ်လစ်စွာနဲ့ကာကွယ်ဖြတ်ထုတ်နိုင်ခဲ့တယ်။
ကွင်းလယ်မြန်ဆန်လှတဲ့ Phyoe Minn Htet Shine Wana တို့ တွဲလုံးတွေနဲ့ပြန်လည်စတင်ခဲ့ပြီး ဝါရင့်တိုက်စစ်မှူးကိုညီမှ အဖွင့်ဂိုးစတင်သွင်းနိုင်ခဲ့သည်။
ထို့နောက်များမကြာမှီ တောင်ပံကစားသမား အောင်ကိုဝင်းမှ တစ်ဂိုးထပ်မံသွင်းယူနိုင်ခဲ့သည်
လူငယ်အသင်းအပြီပြီ တိုက်စစ်မြန်မြန်ပြန်စခဲ့ပြီး ခြေပဂိုးပြန်လည်သွင်းယူနိုင်ခဲ့တယ်
CK အတွက်သေချာစေမည့် အနိုင်ဂိုးကို လူကျွန်ထောင်ခြောက်ကနေ Htoo Khant မှဂိုးသွင်းယူပြီး 3-1 ဖြင့် ပွဲပြီးစေခဲ့ပါတယ်။
ပွဲအတွင်းထိခိုက်မိတာတွေရှိရင်လည်း အသင်းဘက်ကနေတောင်းပန်ပါတယ်ဗျ။
FC

28/05/2026

⚽ MATCH DAY 🔜
Celestial Knights Fc VS Blitz Fc
Date📆 - 31.May.2026(Sunday)
Time🕒 - 08:00AM to 10:00AM
Stadium🏟 - Salin Stadium
Jersey👕- Knight Purple Color

​ဒီတစ်ပတ် Super Sunday မှာ အသင်းကောင်းတစ်သင်းဖြစ်တဲ့ Blitz FC နဲ့ ရင်ဆိုင်ရမှာဖြစ်လို့ ပရိသတ်ကြီးတို့ရဲ့ အားပေးသံတွေနဲ့အတူ ကွင်းထဲမှာ ဆုံကြရအောင် နွေးထွေးစွာ ဖိတ်ခေါ်အပ်ပါတယ်ခင်ဗျာ။
​📢 CK FC ညီအစ်ကိုများသို့:
ကစားသမားအားလုံး စုံစုံလင်လင်နဲ့ Arrive Time 07:30 AM ကွင်းအရောက် လာခဲ့ကြပါညီကိုတို့‌ရေ ။🥅


💪


27/05/2026

ရှုံးကြွေးပြန်ဆပ်ခဲ့တဲ့ CK Fc!

ပြီးခဲ့တဲ့ လက ယှဥ်ပြိုင်ဖူးတဲ့အသင်းကောင်း Yoyar Fc နဲ့တစ်ကျော့ပြန်ခြေစမ်းပွဲဖြစ်ပါတယ်။

ပွဲစချင်းမှာတင် Ck Fc ခံစစ်အငိုက်မိနေတာကိုအခွင့်ကောင်းယူပြီး Yoyar ကလျင်မြန်တဲ့တိုက်စစ်အသွင်နဲ့ဦးဆောင်ဂိုးရရှိခဲ့ပါတယ်။
ချေပဂိုးပြန်ရဖို့အတွက် CK ကတရဆပ်တိုက်စစ်ပြန်ဆင်ခဲ့ရာမှာတော့ပင်နယ်တီအခွင့်အရေးရရှိခဲ့ပြီး တိုက်စစ်ကစားသမားအောင်ကိုဝင်းကန်သွင်းရာမှာတစ်ဖက်ဂိုးသမားပုတ်ထုတ်နိုင်ခဲ့ပါတယ်။
ထို့နောက် ဆက်လက်ဖိအားပေးရာမှတစ်ဆင့် ပထမပိုင်းတွင်းမှာတွင် ဂိုး‌ပေါက် ပျောက်နေတဲ့ အသင်းရဲ့တိုက်စစ်မှူး ကောင်းစစ် ဆီကနေ အဆုံးသတ်လှပစွာနဲ့ ချေပဂိုးရခဲ့ပြီး များမကြာမှီမှာလည်း ဦးဆောင်ဂိုးရောပြန်လည်ရရှိခဲ့ပြီး 2-1 ဂိုးဖြင့်ဦးဆောင်ထားခဲ့ပါတယ်။

ဒုတိယပိုင်းမှာတော့နှစ်သင်းလုံးကစားသမားအချို့အနားပေးခဲ့ကြပြီးအမှားထိန်းကစားရင်းပဲတည်ဆဲရလဒ်အတိုင်းဖြစ်နေပါတယ်။

တတိယပိုင်းမှာတော့နှစ်သင်းလုံးရေကုန်ရေခမ်းအားတင်ကစားခဲ့ကြပြီးပြိုင်ဘက်ကခေါင်းတိုက်သွင်းဂိုးနဲ့ချေပဂိုးပြန်လည်ရယူခဲ့ပါတယ်။
သိပ်မကြာခင်မှာပဲ တိုက်စစ်ကညီညီ နဲ့ အောင်ကိုဝင်းတို့ ၂ဂိုးဆက်သွင်းယူပြီး အသက်ရှုချောင်ခဲ့ပါတယ်။
ဝါရင့် တောင်ပံကစားသမား အောင်ကိုဝင်းဟာ ပင်နယ်တီလွဲချော်ခဲ့တယ်ဆိုပေမဲ့ သူကိုယ်တိုင်တစ်ဂိုးအရသွင်းယူခဲ့တဲ့အပြင် ကျန်တဲ့သွင်းဂိုး၃ဂိုးစလုံးအတွက်ပါ ဂိုးဖန်တီးရှင်ဖြစ်ခဲ့တာပါ။
ပွဲပြီးခါနီးချိန်အရောက်မှာတော့ ပြိုင်ဘက်က၃ဂိုးမြောက်ချေပဂိုးသွင်းယူခဲ့ပေမဲ့ အချိန်နှောင်းခဲ့ပြီးပွဲစဥ်ပြီးဆုံးခဲ့ပါတယ်ခင်ဗျာ။
CK Fc အတွက် POV ကစားသမားတွေအဖြစ် အောင်ကိုဝင်း၊ကိုလတ်တို့ကိုရည်ညွှန်းရမှာဖြစ်ပြီးထိုပွဲစဥ်မှာခြေစွမ်းပိုမိုပြသခဲ့သူတွေပဲဖြစ်ပါတယ်။
ပွဲအတွင်း ထိခိုက်မိတာတွေရှိခဲ့တာကိုလည်း နားလည်ပေးဖို့ request လုပ်ပါတယ်။

FC

19/05/2026

It's Match Day ⚽🔜
Celestial Knights Fc Vs Yoyar Fc
Date📆 - 24.May.2026(Sunday)
Time🕒 - 08:00AM to 10:00AM
Stadium🏟 - Salin Stadium
Jersey👕- Knight Purple Color
Super Sunday မှာတော့အသင်းကောင်းတစ်သင်းဖြစ်တဲ့ Yoyar Fc အသင်းနဲ့ခြေစမ်းကစားသွားမှာပဲဖြစ်ပါတယ်။

လာရောက်အားပေးကြည့်ရူချင်တဲ့ပရိသတ်များကိုလည်းနွေးထွေးစွာဖိတ်ခေါ်အပ်ပါတယ်ခင်ဗျာ။

ဒီပွဲမှာလည်း CK Fc ညီအစ်ကိုကစားသမားများအားလုံးစုံလင်စွာဖြင့် Arrive Time 7:30AM မှာပြန်လည်ဆုံတွေ့ကြမယ်ဗျာ။🥅


💪


29/03/2026

It's Match Day ⚽🔜
Celestial Knights Fc Vs Venom Fc
Date📆 - 29.03.2026(Sunday)
Time🕒 - 2:00PM to 4:00PM
Stadium🏟 - Kyeikkasan Field No.4
Jersey👤- Knight Purple Color
Super Sunday မှာတော့အသင်းကောင်းတစ်သင်းဖြစ်တဲ့ Venom Fc အသင်းနဲ့ခြေစမ်းကစားသွားမှာပဲဖြစ်ပါတယ်။

လာရောက်အားပေးကြည့်ရူချင်တဲ့ပရိသတ်များကိုလည်းနွေးထွေးစွာဖိတ်ခေါ်အပ်ပါတယ်ခင်ဗျာ။

Season 2026:Match 9 မှာလည်း CK Fc ညီအစ်ကိုကစားသမားများအားလုံးစုံလင်စွာဖြင့် Arrive Time 1:30PM မှာပြန်လည်ဆုံတွေ့ကြမယ်ဗျာ။🥅


💪


29/03/2026

Weekend Ending 15/03/2026:(Match 8) Celestial Knights Fc VS YGN Freedom Fc အသင်းတို့ယှဥ်ပြိုင်ခြေစမ်းရာမှာတော့
Full Time Result 2:4 (Lose) ထွက်ပေါ်ခဲ့ပါတယ်။

ပွဲအရှိန်ကြောင့်ထိခိုက်မိတာရှိခဲ့ပါကလည်း CK Fc အသင်းကိုယ်စား YGN Freedom Fc အသင်းကိုတောင်းပန်အပ်ပါတယ်ခင်ဗျာ။

နောက်ပွဲစဥ်တွေမှာလည်းအကောင်းဆုံးပြင်ဆင်ပြီးနိုင်ပွဲပြန်လည်ရရှိဖို့အတွက်ကြိုးပမ်းသွားပါမယ်ခင်ဗျာ။

14/03/2026

Plz Group Admin!

CK Fc မှာ လစ်လပ်နေတဲ့ အဖော်မဲ့ လက်အိတ်တစ်စုံ

ဟုတ်ပါတယ် ။ ကျွန်တော်တို့အပျော်တမ်းအသင်းတစ်သင်းဖြစ်တဲ့ CK Fc မှာတော့ဂိုးသမားကစားသမားစစ်စစ်တစ်ယောက်မှရှိမနေဘူးပဲဖြစ်ပါတယ်။ ဒါကြောင့်ဂိုးပေါက်တစ်နေရာမှာမားမားမတ်မတ်ရပ်တည်ဝါသနာပါပြီးလက်စွမ်းပြကာကွယ်ချင်သူများအတွက် CK Fc မှာတော့နံပါတ်တစ်ဦးစားပေးနေရာကနေဖိတ်ခေါ်ကြိုဆိုလျက်ရှိပါတယ်။

အနည်းဆုံး Goalkeeper နှစ်ယောက်လောက်ခေါ်ယူသွားမှာဖြစ်ပြီးအလျင်အမြန်လာ Join ပေးဖို့မေတ္တာရပ်ခံပါတယ်။ အပတ်စဥ် Sunday တိုင်းကျိုက္ကဆံကွင်းအမှတ် ၄ သို့ ညနေ ၂ နာရီကစပြီးကိုယ်တိုင်လာရောက်လို့ရသလိုအသေးစိတ်အတွက်လည်း 09 250 209 393 နှင့် Page Messenger တို့မှာစုံစမ်းမေးမြန်းနိုင်ပါတယ်ခင်ဗျာ။

Photos from Celestial Knights Fc's post 14/03/2026

Happy Birthday To You🎂🥂

12 March 2026 ကတော့ ကျွန်တော်တို့ Celsetial Knights Fc အသင်းရဲ့အားထားရတဲ့အမာခံ ခံစစ်တစ်ဦးဖြစ်တဲ့ Ko Latt ရဲ့ကျရောက်ခဲ့ပြီးမွေးနေ့အခါသမယဖြစ်ခဲ့ပါတယ်ခင်ဗျာ။

မွေးနေ့မှစ၍ ဖြစ်ချင်တာများစွာဖြစ်ရပြီး ခြေစွမ်းကောင်းတွေလည်းပိုင်ဆိုင်နိုင်ပါစေကြောင်း ကျွန်တော်တို့ CK Fc ကစားသမားအားလုံးကိုယ်စားဆုမွန်ကောင်းတောင်းပေးအပ်ပါသည်ခင်ဗျာ။

14/03/2026

It's Match Day ⚽🔜
Celestial Knights Fc Vs YGN Freedom Fc
Date📆 - 15.03.2026(Sunday)
Time🕒 - 2:00PM to 4:00PM
Stadium🏟 - Kyeikkasan Field No.4
Jersey👤- Knight Purple Color

Super Sunday မှာတော့အသင်းကောင်းတစ်သင်းဖြစ်တဲ့ YGN Freedom Fc အသင်းနဲ့ခြေစမ်းကစားသွားမှာပဲဖြစ်ပါတယ်။ ၃ပွဲဆက်နိုင်ပွဲရယူနိုင်မလားစောင့်ကြည့်ရပါမယ်။

လာရောက်အားပေးကြည့်ရူချင်တဲ့ပရိသတ်များကိုလည်းနွေးထွေးစွာဖိတ်ခေါ်အပ်ပါတယ်ခင်ဗျာ။

Season 2026:Match 8 မှာလည်း CK Fc ညီအစ်ကိုကစားသမားများအားလုံးစုံလင်စွာဖြင့် Arrive Time 1:30PM မှာပြန်လည်ဆုံတွေ့ကြမယ်ဗျာ။🥅


💪


Want your business to be the top-listed Gym/sports Facility in Yangon?

Click here to claim your Sponsored Listing.

Location

Category

Telephone

Website

Address


Yangon