Ennoble Futsal Ground

Ennoble Futsal Ground

Share

ဘော်ဒါတွေနဲ့အတူ Ennoble ဖူဆယ်ကွင်းမှာ ဘောလုံးကစားရင်း ချစ်ကြည်ရင်းနှီးမှု ရယူလိုက်ကြရအောင်..!!⚽️👣
📞Phone : 09 969 131 994,09 974 20 2285 ,09 77 166 7367.

Sports Club

Photos from Ennoble Futsal Ground's post 30/05/2026

⚽️ဒီနေ့ကတော့ Ennoble ဖူဆယ် သင်တန်း နောက်ဆုံးနေ့လေးပါ⚽️🫀

အစမှာ မရင်းနှီးတဲ့ သူတွေက
အခုတော့ ဘောလုံးဆိုတဲ့ ခေါင်းစဉ်အောက်မှာ
အသင်းဖော် ညီကိုတွေ ဖြစ်ခဲ့ကြပြီ 🤘🏼

လေ့ကျင့်ချိန်တွေ ၊မောပန်းခဲ့တာတွေ ၊
ပျော်ခဲ့ကြတာတွေက အမှတ်တရကောင်းတွေ ဖြစ်နေမှာပါ😀❤️

Coach တွေ ၊ မိဘတွေ၊ ပါဝင်ပေးခဲ့သူအားလုံးကိုလည်း ကျေးဇူးတင်ပါတယ် 🙏🏻

ဒီထက် ပိုကောင်းတဲ့ ပုံစံတွေနဲ့ Ennoble Futsal မှာ နောက်တစ်ခေါက် ပြန်ဆုံကြမယ် သားကြီးတို့🤘🏼❤️

#ဘောလုံးသင်တန်း

15/05/2026

The Best Player Award🥇⚽
#ဘောလုံးသင်တန်း

09/05/2026

Training နဲ့ပတ်သတ်ပြီးမိဘတွေရဲ့အမြင်ကဘယ်လိုရှိမလဲဆိုတာ ညီမတို့နဲ့တူတူ နားထောင်ကြည့်လိုက်ရအောင်...


#ဘောလုံးသင်တန်း

02/03/2026

⚽️ နွေရာသီဘောလုံးသင်တန်း တက်ခြင်းရဲ့ ကောင်းကျိုးများ ☀️

နွေရာသီအားလပ်ချိန်ကို အကျိုးရှိရှိ အသုံးချချင်လား?
ဘောလုံးသင်တန်း တက်ရောက်ခြင်းဟာ ကလေးများနဲ့ လူငယ်များအတွက် အကောင်းဆုံး ရွေးချယ်မှုတစ်ခုပါ။

✔️ ကျန်းမာရေး ကောင်းမွန်လာခြင်း
ပုံမှန်လေ့ကျင့်ခန်းလုပ်ခြင်းကြောင့် ခန္ဓာကိုယ်ကြံ့ခိုင်လာပြီး သန်မာမှု၊ ခံနိုင်ရည် တိုးတက်လာစေပါတယ်။

✔️ စည်းကမ်းနှင့် တာဝန်ယူမှု တိုးတက်ခြင်း
Coach အောက်မှာ လေ့ကျင့်ရတာကြောင့် စည်းကမ်းရှိလာပြီး အချိန်တန်ဖိုးနားလည်တတ်လာပါတယ်။

✔️ Teamwork စိတ်ဓာတ် ဖွံ့ဖြိုးခြင်း
ဘောလုံးဟာ တစ်ယောက်တည်းမဟုတ်ပဲ အသင်းလိုက် ကစားရတဲ့အားကစားဖြစ်လို့ ပူးပေါင်းဆောင်ရွက်တတ်မှု တိုးတက်လာစေပါတယ်။

✔️ ယုံကြည်မှု တိုးလာခြင်း
ကစားပွဲတွေ၊ လေ့ကျင့်မှုတွေကြောင့် ကိုယ့်ကိုယ်ကို ယုံကြည်မှု ပိုမိုတိုးတက်လာပါတယ်။

✔️ မကောင်းတဲ့ အလေ့အကျင့်များမှ ဝေးကွာခြင်း
အားလပ်ချိန်ကို အားကစားနဲ့ ဖြည့်တင်းပေးနိုင်လို့ ဖုန်းအလွန်သုံးခြင်း၊ အပျင်းကြီးခြင်းတို့မှ ကာကွယ်ပေးပါတယ်။

📣 ဒီနွေရာသီမှာ ကလေးတို့ရဲ့ အနာဂတ်ကို အားကစားနဲ့ တောက်ပစေလိုက်ပါ!

ENNOBLE FUTSAL GROUND

Opening times : 7:00 AM TO 9:00 PM

Phone☎️ : +959 969 131 994 +959 974 202 285

Address. : မင်္ဂလာဒုံမြို့နယ် ခရေပင်လမ်းမ သုံးရာသီမှတ်တိုင်အနီး KBZ Bank အနောက်ဘက်(၂)လမ်းမြောက်

#မင်္ဂလာဒုံဖူဆယ်ကွင်း #ဘောလုံးသင်တန်း

02/03/2026
28/02/2026

‼️March လ (၉)ရက်နေ့ နွေရာသီဘောလုံးသင်တန်း(Batch-1) စတင်ဖွင့်လှစ်ပါတော့မယ်ခင်ဗျ။

⚽️စိတ်ဓာတ်၊စည်းကမ်း၊ပညာသာမက ကျန်းမာရေးနှင့် အားကစားစိတ်ဓာတ်ရှိစေဖို့ဆို အခုပဲလာရောက် စာရင်းသွင်းလိုက်ပါဗျို့….🙌🏻💯

#မင်္ဂလာဒုံဖူဆယ်ကွင်း #ဘောလုံးသင်တန်း #အားကစား

26/02/2026

“နွေရာသီ ဖူဆယ်ဘောလုံးသင်တန်း” (Batch -1)
*********************************************
☀️နွေရာသီ ကျောင်းပိတ်ရက်ရှည်မှာ အိမ်မှာ
ဖုန်းသုံးလိုက်….ဂိမ်းကစားလိုက်ပဲ…လုပ်နေမယ့်အစား ဒီနွေရာသီကို အကျိုးရှိရှိကုန်ဆုံးလိုက်ကြရအောင်…🙌🏻

ENNOBLE မှာ အသက်(၁၀)နှစ်မှ(၂၀)နှစ်အတွင်း ဖူဆယ်ဘောလုံးဝါသနာရှင် ကလေးများအတွက် နွေရာသီဘောလုံးသင်တန်း ကို အထူးစီစဉ်ဖွင့်လှစ်သင်ကြားပေးသွားမှာဖြစ်ပါတယ်ခင်ဗျ။

⚽️ဖူဆယ်ဘောလုံးသင်တန်းမှာ

☑️ဘောလုံးအခြေခံနည်းလမ်းများ

☑️Passing / Dribbling / Shooting

☑️Teamwork & Discipline

☑️Physical Fitness & Confidence စတာတွေကို
အတွေ့အကြုံရှိဘောလုံးနည်းပြများမှ စနစ်တကျ သင်ကြားပြသပေးသွားမှာဖြစ်ပါတယ်။

ဘောလုံးကစားတတ်ရုံသာမက
👉 စိတ်ဓာတ်ကြံ့ခိုင်မှု
👉 မိတ်ဆွေဖွဲ့နိုင်မှု စတဲ့ အကျိုးကျေးဇူး တွေကိုပါ ရရှိစေမှာဖြစ်လို့မိဘများအတွက်လည်း မိမိတို့ သားသားလေးတွေကို ဘက်စုံထူးချွန်ပြီး ကျန်းမာသန်စွမ်းတဲ့ သူလေးတွေဖြစ်စေဖို့ မြေတောင်မြှောက်ပေးပြီးသားဖြစ်ရပါတယ်။🙏

ဒါကြောင့်မို့ ဒီနွေရာသီကို ဘောလုံးလည်းကစားရင်း အသင်းအဖွဲ့စိတ်ဓာတ်နဲ့ ဘောလုံးအခြေခံနည်းစနစ်ပိုင်းတွေပါသင်ယူကြဖို့ “ENNOBLE FUTSAL GROUND” မှာ ဆုံကြပါစို့… ⚽🔥🏟️

📄သင်တန်းလျှောက်လွှာများကို 9 . 2 . 2026 မှာစတင်လျှောက်ထားနိုင်ပါပြီခင်ဗျ။👈

🗓️သင်တန်းစတင်မည့်နေ့ : 9 . 3 . 2026 (မတ်လမှ မေလထိ)

☑️သင်တန်းရက် အပတ်စဉ် : တနင်္လာ ၊ဗုဒ္ဓဟူး ၊သောကြာ

⏰သင်တန်းချိန် : မနက် 7:00 AM မှ 9:00 AM အထိ

🏟️ENNOBLE FUTSAL GROUND
📍ADDRESS : မင်္ဂလာဒုံမြို့နယ် ခရေပင်လမ်းမ သုံးရာသီမှတ်တိုင်အနီး KBZ Bank အနောက်ဘက် (၂)လမ်းမြောက်

☎️ Phone : +959 969 131 994 ,+959 421 069 104

#ဘောလုံးသင်တန်း #မင်္ဂလာဒုံဖူဆယ်ကွင်း
#ဘောလုံးသင်တန်း #အားကစား

20/02/2026

📢ဖူဆယ်ဘောလုံးသင်တန်း လျှောက်လွှာများ ထုတ်ယူနိုင်ပါပြီ! ⚽

ဘောလုံးကို စနစ်တကျ သင်ယူပြီး
ကိုယ်ရဲ့ skill ကို တစ်ဆင့်မြှင့်ချင်တဲ့ လူငယ်များအတွက်
ENNOBLE ရဲ့ Summer Football Trainingကို စတင်ဖွင့်လှစ်တော့မှာဖြစ်ပါတယ်။

–ဒီသင်တန်းမှာတော့
ကလေးများနှင့် လူငယ်များကို အခြေခံမှစ၍
စနစ်တကျ၊ အဆင့်လိုက် လေ့ကျင့်ပေးသွားမည်ဖြစ်ပြီး
ဘောလုံးအပေါ် ယုံကြည်မှု၊ team work နှင့် discipline တို့ကိုပါ
တစ်ပြိုင်နက် ဖွံ့ဖြိုးလာစေရန် ရည်ရွယ်ထားပါသည်။

🔹 လျှောက်လွှာများ – 9.2.2026 မှ 4.3.2026 အထိထုတ်ယူနိုင်ပါပြီ။
🔹 လက်ခံအသက် – (10) နှစ် မှ (20) နှစ် အထိ

✨ သင်တန်း၏ အားသာချက်များ
✅ Beginner မှစ၍ သင်ယူနိုင်
✅ ကျွမ်းကျင် နည်းပြများမှ လေ့ကျင့်ပေးမည်
✅ Systematic Training Program
✅ Friendly & Active Learning Environment

ဘောလုံးကို ဝါသနာပါပြီးအနာဂတ်မှာ ပိုမိုကောင်းမွန်တဲ့ player တစ်ယောက် ဖြစ်ချင်သူများအားလုံးကို အမြန်ဆုံး လာရောက် လျှောက်ထားရန် ဖိတ်ခေါ်အပ်ပါသည်။

ENNOBLE FUTSAL GROUND

Opening time - 7:00AM TO 9:00PM

📞 Contact – [+959 969 131 994 +959 421 069 104]

📍 Address – [မင်္ဂလာဒုံမြို့နယ် ခရေပင်လမ်းမ သုံးရာသီမှတ်တိုင်အနီး KBZ Bank အနောက်ဘက်(၂)လမ်းမြောက်]

#မင်္ဂလာဒုံဖူဆယ်ကွင်း #ဘောလုံးသင်တန်း

Want your business to be the top-listed Gym/sports Facility in Yangon?

Click here to claim your Sponsored Listing.

Location

Category

Telephone

Website

Address


အမှတ် (၂၃၄/၂၃၅) ဗိုလ်မင်းခေါင်လမ်း၊ ၂(ခ) ရပ်ကွက်၊ မင်္ဂလာဒုံမြို့နယ်။
Yangon
11

Opening Hours

Monday 06:00 - 21:00
Tuesday 06:00 - 21:00
Wednesday 06:00 - 21:00
Thursday 06:00 - 21:00
Friday 06:00 - 21:00
Saturday 06:00 - 21:00
Sunday 06:00 - 21:00