Dr.Clean Myanmar

Dr.Clean Myanmar

Share

"Modern Water Purifier for Modern Families" #Dr.Clean Get and experience of high quality products and exceptional customer service with Dr. Clean.

DR.CLEAN water purification system remove all unwanted contaminants from your drinking water, maintains the essential ORP and pH levels of the water including essential minerals while giving out 100% pure water and boosts overall immune systems and health.

17/04/2026

🌼 မြန်မာနှစ်သစ်ကူး မင်္ဂလာအခါသမယမှ ကြိုဆိုပါသည် 🌼

မိတ်ဟောင်း မိတ်သစ် Customer များအားလုံးကို
နှစ်သစ်တွင် ကိုယ်စိတ်နှစ်ပါး ကျန်းမာချမ်းသာပြီး
စီးပွားလာဘ်လာဘများ တိုးတက်ကြပါစေကြောင်း
စိတ်ရင်းမှန်ဖြင့် ဆုမွန်ကောင်းတောင်းအပ်ပါသည်။

ကျွန်တော်တို့
💧 ရေသန့်စက်ဝန်ဆောင်မှုများကိုယုံကြည်စိတ်ချစွာ အားပေးခဲ့ကြသည့်အတွက်လည်းအထူးပင် ကျေးဇူးတင်ရှိပါသည်။

သင်္ကြန်အတွင်းတွင်တောင်
Page Messenger မှာ ဆက်သွယ်မေးမြန်းခြင်းများ၊
ဖုန်းဖြင့် ဆက်သွယ်အားပေးကြခြင်းများအတွက်လည်း
အထူးကျေးဇူးတင်ရှိပါသည်။

နှစ်သစ်မှာလည်း ပိုမိုကောင်းမွန်သော ဝန်ဆောင်မှုများဖြင့်မိတ်ဆွေများအား ဆက်လက် ဝန်ဆောင်မှုပေးသွားမည်ဖြစ်ပါသည်။

ကမ္ဘာသူ၊ကမ္ဘာသားများအားလုံးအတွက် မင်္ဂလာနှစ်သစ်ဖြစ်ပါစေလို့ ကျွန်တော်များ Dr.Clean မှဆုမွန်ကောင်းဝောာင်းအပ်ပါတယ်
#ရေသန့်စက်

04/04/2026

💧 ရေသန့်စက်ရှိရင် ဘာကောင်းလဲ သိပါသလား?

နေ့စဉ်သောက်ရေဟာ ကျန်းမာရေးအတွက် အရေးကြီးဆုံးပါ။ ဒါကြောင့် သန့်ရှင်းစိတ်ချရတဲ့ ရေကို သောက်နိုင်ဖို့ ရေသန့်စက်တစ်လုံးတော့ လိုအပ်ပါတယ်။

✨ ရေသန့်စက်အသုံးပြုခြင်း၏ အားသာချက်တွေကတော့
✔ ဘက်တီးရီးယားများ၊ အညစ်အကြေးများ ဖယ်ရှားပေးသည်
✔ သောက်ရေအရသာပိုကောင်းစေသည်
✔ မိသားစုကျန်းမာရေးကို ကာကွယ်ပေးသည်
✔ သောက်ရေဘူးဝယ်သုံးရတဲ့ စရိတ်လည်း လျှော့ချနိုင်သည်

💙 မိသားစုအတွက် အကောင်းဆုံးရွေးချယ်မှုကတော့ သန့်ရှင်းစိတ်ချရတဲ့ ရေပါပဲ။

📩 အသေးစိတ်သိရှိလိုပါက ရုံးဖုန်းနံပါတ် 09-957366440/09964512779 သို့ဆက်သွယ်မေးမြန်းနိုင်ပါတယ်ရှင့်

10/02/2026

💧 သန့်ရှင်းတဲ့ရေကို ယုံယုံကြည်ကြည် သောက်ချင်ရင် RO System ရေသန့်စက်ကိုရွေးပါ 💧
RO (Reverse Osmosis) နည်းပညာဖြင့်
🔹 ရေထဲက အညစ်အကြေး
🔹 ဘက်တီးရီးယား
🔹 အနံ့အရသာမကောင်းတာတွေကို
အပြည့်အဝ ဖယ်ရှားပေးပါတယ်
✔️ သောက်ရေအတွက် အန္တရာယ်ကင်း
✔️ မိသားစုတစ်စုလုံး စိတ်ချလက်ချ သုံးနိုင်
✔️ ရေချိုမြိန်ပြီး အရသာကောင်း
✔️ အိမ် / ရုံး / ဆိုင် အသုံးပြုနိုင်
🔧 တပ်ဆင်ပေးမှု + အသုံးပြုပုံရှင်းပြပေးမှု ပါရှိ
🛡️ အာမခံပါရှိပြီး After Service စိတ်ချရ
📲 စိတ်ဝင်စားပါက
Messenger (သို့) ဖုန်း(09-957366440-Viber)ဖြင့် ဆက်သွယ်မေးမြန်းနိုင်ပါတယ်နော်
ေသန့်စက်
#သန့်ရှင်းသောသောက်ရေ
#အိမ်သုံးရေသန့်စက်
water Purifier

24/01/2026

မင်္ဂလာပါ 🙏
ရေသန့်စက်နဲ့ပတ်သက်ပြီး ခဏရပ်ထားခဲ့တဲ့ Page ကိုယနေ့မှစပြီး ပြန်လည်အသက်သွင်းလိုက်ပါပြီ 💧
မိသားစုကျန်းမာရေးအတွက် အရေးကြီးတဲ့
သန့်ရှင်းလုံခြုံတဲ့ သောက်သုံးရေအကြောင်း
အသိပညာတွေ၊ အကြံပြုချက်တွေကို
မျှဝေပေးသွားမှာပါ 🙌
Page ကို Follow လုပ်ထားပြီး ဆက်လက်အားပေးကြပါနော် ❤️

21/01/2026

(Unicode)
မနက်ခင်းအစမှာသန့်စင်သောရေ💧
လိုအပ်သောသတ္တု♻️တွေပြည့်ဝသောရေကိုသောက်သုံးခြင်းအားဖြင့်လူကြီးမင်းတို့ကျန်းမာရေးအတွက်အလွန်ပင်အကျိုးရှိပါတယ်နော်💪
အဲ့လိုရေရဖို့အတွက်ကြို၊ချက်သောက်သုံးတာတွေ
နေပူထဲကဖြတ်လာတဲ့ပလတ်စတစ်ဗူးကြီးတွေနဲ့ရေရှည် သောက်သုံးနေမယ်ဆိုရင်တော့ ကျန်းမာရေးလည်းရေရှည်မကောင်းနိုင်ပါဘူးနော်⚠️
ဒါကြောင့်လူကြီးမင်းတို့ကျန်းမာရေးအတွက်စိတ်ချရအောင် ကျွန်တော်တို့ Dr.Clean မှ PH Level ညှိပေးပြီး
အမေရိကန်နိုင်ငံထုတ်RO membrane နှင့်သန့်စင်ပေးပြီးဗီယမ်နမ်နိုင်ငံမှထုတ်သော
ရေသန့်စက်ကိုလူကြီးမင်းတို့အိမ်တိုင်းမှာတပ်ဆင်ထားသင့်တယ်နော်💧
လူကြီးမင်းတို့ ဖုန်းလေးတစ်ချက်ဆက်လိုက်ရုံနဲ့ အိမ်တိုင်ရာရောက်လည်းလာရောက်တပ်ဆင်ပေးဦးမှာနော်🙌
အသေးစိတ်သိရှိလိုပါကဖုန်းနံပါတ်📱09-957366440,09-964512779
ကိုအချိန်မရွေးဆက်သွယ်မေးမြန်းနိုင်ပါတယ်😊
(Zawgyi)
မနက္ခင္းအစမွာသန႔္စင္ေသာေရ💧
လိုအပ္ေသာသတၱဳ♻️ေတြျပည့္ဝေသာေရကိုေသာက္သုံးျခင္းအားျဖင့္
လူႀကီးမင္းတို႔က်န္းမာေရးအတြက္အလြန္ပင္အက်ိဳးရွိပါတယ္ေနာ္💪
အဲ့လိုေရရဖို႔အတြက္ႀကိဳ၊ခ်က္ေသာက္သုံးတာေတြ
ေနပူထဲကျဖတ္လာတဲ့ပလတ္စတစ္ဗူးႀကီးေတြနဲ႔ေရရွည္ ေသာက္သုံးေနမယ္ဆိုရင္ေတာ့ က်န္းမာေရးလည္းေရရွည္မေကာင္းနိုင္ပါဘူးေနာ္⚠️
ဒါေၾကာင့္လူႀကီးမင္းတို႔က်န္းမာေရးအတြက္စိတ္ခ်ရေအာင္ ကၽြန္ေတာ္တို႔ Dr.Clean မွ PH Level ညႇိေပးၿပီး
အေမရိကန္နိုင္ငံထုတ္RO membrane ႏွင့္သန႔္စင္ေပးၿပီးဗီယမ္နမ္နိုင္ငံမွထုတ္ေသာေရသန႔္စက္ကိုလူႀကီးမင္းတို႔အိမ္တိုင္းမွာတပ္ဆင္ထားသင့္တယ္ေနာ္💧
လူႀကီးမင္းတို႔ ဖုန္းေလးတစ္ခ်က္ဆက္လိုက္႐ုံနဲ႔ အိမ္တိုင္ရာေရာက္လည္းလာေရာက္တပ္ဆင္ေပးဦးမွာေနာ္🙌
အေသးစိတ္သိရွိလိုပါကဖုန္းနံပါတ္📱09-957366440,09-964512779
ကိုအခ်ိန္မေရြးဆက္သြယ္ေမးျမန္းနိုင္ပါတယ္😊

20/01/2026

(Unicode)
(ရိုးရိုးရေသောက်တာထက် pH ပမာဏများတဲ့အယ်ကာလီရေသောက်တာ ကျန်းမာရေးအတွက်တကယ်အကျိုး ရှိမရှိကို ပြောပြချင်ပါတယ်)

ရေဆိုတာ သက်ရှိအားလုံးအတွက်မရှိမဖြစ်တဲ့ သက်စောင့်ဓာတ်တစ်မျိုးပါ။ဆဲလ်တိုင်း၊ကြွက်သားတိုင်းပုံမှန် အလုပ်လုပ်နိုင်ဖို့ရေဓာတ်ကိုရယူသုံးစွဲရပါတယ်။ဒါ့ကြောင့် ရေအသက် တစ်မနက်လို့တောင် ဆိုကြတာမဟုတ်လား။ ရေထဲမှာအက်စစ်ဓာတ်လွန်ကဲနေလား၊ အယ်ကာလီဓာတ်များနေသလားဆိုတာကို pH ပမာဏနဲ့ခွဲခြား ပါတယ်။

pH ပမာဏနည်းရင် အက်စစ်ဓာတ်မြင့်တဲ့ရေဖြစ်သွားပြီး pH ဓာတ်များနေရင်တော့အယ်ကာလီများတဲ့ ရေအဖြစ်သတ်မှတ်နို်င်ပါတယ်။ pH ပမာဏက ၁ ကနေ ၁၄ အထိ ရှိပါတယ်။ ကျွန်တော်တို့နေ့စဉ်သောက်သုံး နေတဲ့ရေသန့်တွေက pH ပမာဏ ၇ ရှိပြီး အက်စစ်ဓာတ်လည်းမဖြစ်၊ အယ်ကာလီလည်းမဟုတ်တဲ့ ရိုးရိုးရေပါ။

အရောင်အဆင်းအနံ့အရသာဘာမှမရှိတဲ့ ရေသန့်ဖြစ်တဲ့အတွက်စိတ်ချလက်ချသောက်နိုင်သလိုခန္ဓာကိုယ် အတွက်လိုအပ်တဲ့ဓာတ်သတ္ထုတွေလည်းပါဝင်ပြီးသားဖြစ်ပါတယ်။ အယ်ကာလီဓာတ်များတဲ့ရေမှာတော့ pH ဓာတ်က ၇ ကျော်ရှိပါတယ်။ သဘာဝအတိုင်းအယ်ကာလီဓာတ်မြင့်တဲ့ရေရှိသလို စက်ရုံကနေပြုပြင်ထုတ်လုပ် ထားတာတွေလည်းရှိပါတယ်။

အယ်ကာလီရေသောက်သုံးရတာကိုနှစ်ကြိုက်သူတွေက အယ်ကာလီဓာတ်များတဲ့ရေမှာ ရိုးရိုးရေထက် ဟိုက်ဒရိုဂျင်ဓာတ်ပိုပါဝင်တာကြောင့် ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ရေဓာတ်ကိုပိုကောင်းကောင်း ဖြည့်ဆည်းပေးနိုင်တယ်လို့ ပြောကြပါတယ်။

နောက်ပြီးရေထဲမှာပါတဲ့အယ်ကာလီဓာတ်က ကိုယ်တွင်းက အက်စစ်ဓာတ်ကိုလျှော့ချပေးနိုင်တဲ့အပြင် သွေးပေါင်ချိန်နဲ့ သွေးတွင်းအချိုဓာတ်ကိုထိန်းပေးတယ်၊ ဇီဝဖြစ်ပျက်မှုမြန်စေတယ်၊ အစာကြေစေတယ်၊ အရိုးပျက်စီးမှုကိုနှေးကွေးစေတယ် ဆိုပြီးယုံကြည်နေကြပါတယ်။ သိပ္ပံနည်းကျလေ့လာမှုတွေလုပ်ပြီးတဲ့အခါမှာတော့ အယ်ကာလီဓာတ်မြင့်တဲ့ရေက ဘာကျန်းမာရေးအစွမ်း မှပိုထူးခြားပြီးမပေးနိုင်တာကိုတွေ့ရှိခဲ့ရပါတယ်။

တကယ်တော့ အယ်လ်ကာလီဓာတ်မြင့်တဲ့ရေသောက်ရင်ရမယ့်အကျိုးကျေးဇူးတွေအကုန်လုံးကို ကျွန်တော်တို့ ခန္ဓာကိုယ်ကသဘာဝအလျောက်လုပ်ပေးနေလို့ အထူးတလည်သောက်သုံးဖို့မလိုအပ်ပါဘူး။ ကိုယ်တွင်းအညစ် အကြေးတွေသန့်စင်ဖို့ကိစ္စကို မွေးကတည်းကပါတဲ့ကျောက်ကပ် (၂) လုံးက ကောင်းကောင်းတာဝန်ယူနိုင်ပါ တယ်။

ကျောက်ကပ်တွေကကိုယ်တွင်းအက်စစ်ဓာတ်ကိုထိန်းချုပ်တာအပြင် ကိုယ်တွင်းအညစ်အကြေးတွေကို စစ်ထုတ်တဲ့အလုပ်ကိုပါလုပ်ဆောင်ပေးပါတယ်။ နောက်ပြီးဘယ်လောက် အယ်ကာလီဓာတ်များတဲ့ရေသောက် သောက် အစာအိမ်အက်စစ်ဓာတ်ကိုမယှဉ်နိုင်ပါဘူး။ စားသောက်လိုက် သမျှအရာတွေအားလုံးအစာအိမ်ထဲ ရောက်ရင်ဖြိုခွဲခံရတာပါပဲ။

ဒါ့ကြောင့်အယ်ကာလီရေသောက်သုံးတာက ကိုယ်တွင်းအက်စစ်ဓာတ်အပေါ်ဘာမှ မသက်ရောက်ပါဘူး။ အရိုးပျက်စီးမှုကိုနှေးကွေးစေခြင်း၊ သွေးပေါင်ချိန်နဲ့သွေးတွင်းအချိုဓာတ်ကိုထိန်းသိမ်းပေး နိုင်ခြင်းဆိုတဲ့အချက်တွေနဲ့ပတ်သက်လို့သုတေသနတွေကိုလေ့လာကြည့်တဲ့အခါမှာ ရလဒ်တွေကဝေဝေဝါးဝါး ပဲရှိနေပါတယ်။ ဒီသုတေသနတွေအတော်များများကို ရေသန့်ထုတ်လုပ်ရောင်းချတဲ့လုပ်ငန်းတွေကပဲ လုပ်ဆောင်ထားတာဖြစ်လို့ ရလဒ်တွေကအပြည့်အဝစိတ်ချရမှုရှိချင်မှရှိမှာပါ။

ဒါ့ကြောင့် အယ်ကာလီဓာတ်မြင့်တဲ့ရေသောက်လို့ကျန်းမာရေးအရဘာကောင်းကျိုးမှ အထူးတလည်ရလာမှာ မဟုတ်ဘူးလို့ပြောချင်ပါတယ်။ သောက်သုံးရင်ဘေးဖြစ်၊ မဖြစ်ကတော့ ဘယ်လောက်ကြာကြာအထိ သောက်လဲဆိုတာနဲ့ pH ဘယ်လောက်မြင့်လဲဆိုတာအပေါ်မူတည်ပါတယ်။ ဘယ်အရာမှအစွန်းရောက်တာ မကောင်းမှန်းသိကြမှာပါ။

pH 8 ဒါမှမဟုတ် 9 လောက်အထိက ပြဿနာမရှိပေမဲ့ 11 ဒါမှမဟုတ် 12 လောက် အထိရောက်နေတဲ့ရေကို တစ်နှစ်လောက်သောက်သုံးမယ်ဆိုရင်တော့ ကျန်းမာရေးပြဿနာတွေခံစားရနိုင်ပါ တယ်။ အထူးသဖြင့် ကျောက်ကပ်မကောင်းတဲ့သူတွေဆိုပိုပြဿနာဖြစ်နိုင်ပါတယ်။ အယ်ကာလီဓာတ်အများ ကြီးကိုယ်ထဲရောက်သွားတာကြောင့် အရေပြားခြောက်သွေ့တာ၊ ယားယံတာနဲ့ တချို့သူတွေမှာဗိုက်အောင့် ဗိုက်နာတွေလည်းဖြစ်နိုင်ပါတယ်။ ဒါပေမဲ့အသက်အန္တရာယ်ဖြစ်စေလောက်တဲ့အထိတော့မဆိုးဝါးနိုင်ပါဘူး။

သဘာဝအတိုင်းရရှိတဲ့စိမ့်စမ်းရေ၊ တောင်ကျရေတချို့မှာလည်း အယ်ကာလီဓာတ်မြင့်တဲ့ရေတွေရှိပါတယ်။ ဒီလို ရေတွေထဲမှာသဘာဝဓာတ်သတ္ထုတွေပါဝင်တာကြောင့်စက်ရုံထဲကနေ ionization လုပ်ပြီးထွက်လာတဲ့ အယ်ကာလီရေတွေထက် ကျန်းမာရေးအတွက်ပိုသင့်တော်ပါတယ်။ အယ်ကာလီဓာတ်မြင့်အောင်လုပ်ယူ တဲ့အခြေအနေမှာ ရေထဲကအရေးကြီးတဲ့ဓာတ်သတ္ထုတချို့ ဆုံးရှုံးသွားနိုင်တဲ့အတွက်ကြောင့် စီးပွားဖြစ်ထုတ် လုပ်တဲ့အယ်ကာလီရေတွေကိုသောက်သုံးရင် ခန္ဓာကိုယ်အတွက်တကယ်လိုအပ်တဲ့ဓာတ်တွေမရရှိဘဲဖြစ်သွား နိုင်ပါတယ်။

ဒါ့ကြောင့်အယ်ကာလီဓာတ်မြင့်ရေကို သောက်သုံးချင်တဲ့သူတွေကိုမှာချင်တာက ဒီလိုရေတွေ သောက်လို့ရပေမဲ့ ကျန်းမာရေးအရထူးခြားမှုရှိမှာမဟုတ်ပါဘူး။ မသောက်ခင်မှာ ကိုယ်တွင်းသုံး pH တိုင်းတာစက်နဲ့ pH ပမာဏကိုတိုင်းသင့်ပါတယ်။ pH ပမာဏအရမ်းများနေရင် မသောက်သင့်ပါဘူး။ အယ်ကာလီများတဲ့ရေကို ရေရှည်သောက်ရင် တချို့သူတွေမှာကျန်းမာရေးပြဿနာတချို့ ခံစားရနိုင်တာကိုလည်း သတိပြုသင့်ပါတယ်။

Dr. Htoo Tint
Crd Hello Doctor
#သန့်ရှင်းသောသောက်ရေသန့်ကိုသာနေ့စဉ်သောက်ပါ
.Clean water purifier

(Zawgyi)
(Unicode)
(ရိုးရိုးေရေသာက္တာထက္ pH ပမာဏမ်ားတဲ့အယ္ကာလီေရေသာက္တာ က်န္းမာေရးအတြက္တကယ္အက်ိဳး ရွိမရွိကို ေျပာျပခ်င္ပါတယ္)

ေရဆိုတာ သက္ရွိအားလုံးအတြက္မရွိမျဖစ္တဲ့ သက္ေစာင့္ဓာတ္တစ္မ်ိဳးပါ။ဆဲလ္တိုင္း၊ႂကြက္သားတိုင္းပုံမွန္ အလုပ္လုပ္နိုင္ဖို႔ေရဓာတ္ကိုရယူသုံးစြဲရပါတယ္။ဒါ့ေၾကာင့္ ေရအသက္ တစ္မနက္လို႔ေတာင္ ဆိုၾကတာမဟုတ္လား။ ေရထဲမွာအက္စစ္ဓာတ္လြန္ကဲေနလား၊ အယ္ကာလီဓာတ္မ်ားေနသလားဆိုတာကို pH ပမာဏနဲ႔ခြဲျခား ပါတယ္။

pH ပမာဏနည္းရင္ အက္စစ္ဓာတ္ျမင့္တဲ့ေရျဖစ္သြားၿပီး pH ဓာတ္မ်ားေနရင္ေတာ့အယ္ကာလီမ်ားတဲ့ ေရအျဖစ္သတ္မွတ္နို္င္ပါတယ္။ pH ပမာဏက ၁ ကေန ၁၄ အထိ ရွိပါတယ္။ ကၽြန္ေတာ္တို႔ေန႔စဥ္ေသာက္သုံး ေနတဲ့ေရသန႔္ေတြက pH ပမာဏ ၇ ရွိၿပီး အက္စစ္ဓာတ္လည္းမျဖစ္၊ အယ္ကာလီလည္းမဟုတ္တဲ့ ရိုးရိုးေရပါ။

အေရာင္အဆင္းအနံ့အရသာဘာမွမရွိတဲ့ ေရသန႔္ျဖစ္တဲ့အတြက္စိတ္ခ်လက္ခ်ေသာက္နိုင္သလိုခႏၶာကိုယ္ အတြက္လိုအပ္တဲ့ဓာတ္သတၳဳေတြလည္းပါဝင္ၿပီးသားျဖစ္ပါတယ္။ အယ္ကာလီဓာတ္မ်ားတဲ့ေရမွာေတာ့ pH ဓာတ္က ၇ ေက်ာ္ရွိပါတယ္။ သဘာဝအတိုင္းအယ္ကာလီဓာတ္ျမင့္တဲ့ေရရွိသလို စက္႐ုံကေနျပဳျပင္ထုတ္လုပ္ ထားတာေတြလည္းရွိပါတယ္။

အယ္ကာလီေရေသာက္သုံးရတာကိုႏွစ္ႀကိဳက္သူေတြက အယ္ကာလီဓာတ္မ်ားတဲ့ေရမွာ ရိုးရိုးေရထက္ ဟိုက္ဒရိုဂ်င္ဓာတ္ပိုပါဝင္တာေၾကာင့္ ခႏၶာကိုယ္အတြက္ လိုအပ္တဲ့ေရဓာတ္ကိုပိုေကာင္းေကာင္း ျဖည့္ဆည္းေပးနိုင္တယ္လို႔ ေျပာၾကပါတယ္။

ေနာက္ၿပီးေရထဲမွာပါတဲ့အယ္ကာလီဓာတ္က ကိုယ္တြင္းက အက္စစ္ဓာတ္ကိုေလၽွာ့ခ်ေပးနိုင္တဲ့အျပင္ ေသြးေပါင္ခ်ိန္နဲ႔ ေသြးတြင္းအခ်ိဳဓာတ္ကိုထိန္းေပးတယ္၊ ဇီဝျဖစ္ပ်က္မႈျမန္ေစတယ္၊ အစာေၾကေစတယ္၊ အရိုးပ်က္စီးမႈကိုေႏွးေကြးေစတယ္ ဆိုၿပီးယုံၾကည္ေနၾကပါတယ္။ သိပၸံနည္းက်ေလ့လာမႈေတြလုပ္ၿပီးတဲ့အခါမွာေတာ့ အယ္ကာလီဓာတ္ျမင့္တဲ့ေရက ဘာက်န္းမာေရးအစြမ္း မွပိုထူးျခားၿပီးမေပးနိုင္တာကိုေတြ႕ရွိခဲ့ရပါတယ္။

တကယ္ေတာ့ အယ္လ္ကာလီဓာတ္ျမင့္တဲ့ေရေသာက္ရင္ရမယ့္အက်ိဳးေက်းဇူးေတြအကုန္လုံးကို ကၽြန္ေတာ္တို႔ ခႏၶာကိုယ္ကသဘာဝအေလ်ာက္လုပ္ေပးေနလို႔ အထူးတလည္ေသာက္သုံးဖို႔မလိုအပ္ပါဘူး။ ကိုယ္တြင္းအညစ္ အေၾကးေတြသန႔္စင္ဖို႔ကိစၥကို ေမြးကတည္းကပါတဲ့ေက်ာက္ကပ္ (၂) လုံးက ေကာင္းေကာင္းတာဝန္ယူနိုင္ပါ တယ္။

ေက်ာက္ကပ္ေတြကကိုယ္တြင္းအက္စစ္ဓာတ္ကိုထိန္းခ်ဳပ္တာအျပင္ ကိုယ္တြင္းအညစ္အေၾကးေတြကို စစ္ထုတ္တဲ့အလုပ္ကိုပါလုပ္ေဆာင္ေပးပါတယ္။ ေနာက္ၿပီးဘယ္ေလာက္ အယ္ကာလီဓာတ္မ်ားတဲ့ေရေသာက္ ေသာက္ အစာအိမ္အက္စစ္ဓာတ္ကိုမယွဥ္နိုင္ပါဘူး။ စားေသာက္လိုက္ သမၽွအရာေတြအားလုံးအစာအိမ္ထဲ ေရာက္ရင္ၿဖိဳခြဲခံရတာပါပဲ။

ဒါ့ေၾကာင့္အယ္ကာလီေရေသာက္သုံးတာက ကိုယ္တြင္းအက္စစ္ဓာတ္အေပၚဘာမွ မသက္ေရာက္ပါဘူး။ အရိုးပ်က္စီးမႈကိုေႏွးေကြးေစျခင္း၊ ေသြးေပါင္ခ်ိန္နဲ႔ေသြးတြင္းအခ်ိဳဓာတ္ကိုထိန္းသိမ္းေပး နိုင္ျခင္းဆိုတဲ့အခ်က္ေတြနဲ႔ပတ္သက္လို႔သုေတသနေတြကိုေလ့လာၾကည့္တဲ့အခါမွာ ရလဒ္ေတြကေဝေဝဝါးဝါး ပဲရွိေနပါတယ္။ ဒီသုေတသနေတြအေတာ္မ်ားမ်ားကို ေရသန႔္ထုတ္လုပ္ေရာင္းခ်တဲ့လုပ္ငန္းေတြကပဲ လုပ္ေဆာင္ထားတာျဖစ္လို႔ ရလဒ္ေတြကအျပည့္အဝစိတ္ခ်ရမႈရွိခ်င္မွရွိမွာပါ။

ဒါ့ေၾကာင့္ အယ္ကာလီဓာတ္ျမင့္တဲ့ေရေသာက္လို႔က်န္းမာေရးအရဘာေကာင္းက်ိဳးမွ အထူးတလည္ရလာမွာ မဟုတ္ဘူးလို႔ေျပာခ်င္ပါတယ္။ ေသာက္သုံးရင္ေဘးျဖစ္၊ မျဖစ္ကေတာ့ ဘယ္ေလာက္ၾကာၾကာအထိ ေသာက္လဲဆိုတာနဲ႔ pH ဘယ္ေလာက္ျမင့္လဲဆိုတာအေပၚမူတည္ပါတယ္။ ဘယ္အရာမွအစြန္းေရာက္တာ မေကာင္းမွန္းသိၾကမွာပါ။

pH 8 ဒါမွမဟုတ္ 9 ေလာက္အထိက ျပႆနာမရွိေပမဲ့ 11 ဒါမွမဟုတ္ 12 ေလာက္ အထိေရာက္ေနတဲ့ေရကို တစ္ႏွစ္ေလာက္ေသာက္သုံးမယ္ဆိုရင္ေတာ့ က်န္းမာေရးျပႆနာေတြခံစားရနိုင္ပါ တယ္။ အထူးသျဖင့္ ေက်ာက္ကပ္မေကာင္းတဲ့သူေတြဆိုပိုျပႆနာျဖစ္နိုင္ပါတယ္။ အယ္ကာလီဓာတ္အမ်ား ႀကီးကိုယ္ထဲေရာက္သြားတာေၾကာင့္ အေရျပားေျခာက္ေသြ႕တာ၊ ယားယံတာနဲ႔ တခ်ိဳ႕သူေတြမွာဗိုက္ေအာင့္ ဗိုက္နာေတြလည္းျဖစ္နိုင္ပါတယ္။ ဒါေပမဲ့အသက္အႏၲရာယ္ျဖစ္ေစေလာက္တဲ့အထိေတာ့မဆိုးဝါးနိုင္ပါဘူး။

သဘာဝအတိုင္းရရွိတဲ့စိမ့္စမ္းေရ၊ ေတာင္က်ေရတခ်ိဳ႕မွာလည္း အယ္ကာလီဓာတ္ျမင့္တဲ့ေရေတြရွိပါတယ္။ ဒီလို ေရေတြထဲမွာသဘာဝဓာတ္သတၳဳေတြပါဝင္တာေၾကာင့္စက္႐ုံထဲကေန ionization လုပ္ၿပီးထြက္လာတဲ့ အယ္ကာလီေရေတြထက္ က်န္းမာေရးအတြက္ပိုသင့္ေတာ္ပါတယ္။ အယ္ကာလီဓာတ္ျမင့္ေအာင္လုပ္ယူ တဲ့အေျခအေနမွာ ေရထဲကအေရးႀကီးတဲ့ဓာတ္သတၳဳတခ်ိဳ႕ ဆုံးရႈံးသြားနိုင္တဲ့အတြက္ေၾကာင့္ စီးပြားျဖစ္ထုတ္ လုပ္တဲ့အယ္ကာလီေရေတြကိုေသာက္သုံးရင္ ခႏၶာကိုယ္အတြက္တကယ္လိုအပ္တဲ့ဓာတ္ေတြမရရွိဘဲျဖစ္သြား နိုင္ပါတယ္။

ဒါ့ေၾကာင့္အယ္ကာလီဓာတ္ျမင့္ေရကို ေသာက္သုံးခ်င္တဲ့သူေတြကိုမွာခ်င္တာက ဒီလိုေရေတြ ေသာက္လို႔ရေပမဲ့ က်န္းမာေရးအရထူးျခားမႈရွိမွာမဟုတ္ပါဘူး။ မေသာက္ခင္မွာ ကိုယ္တြင္းသုံး pH တိုင္းတာစက္နဲ႔ pH ပမာဏကိုတိုင္းသင့္ပါတယ္။ pH ပမာဏအရမ္းမ်ားေနရင္ မေသာက္သင့္ပါဘူး။ အယ္ကာလီမ်ားတဲ့ေရကို ေရရွည္ေသာက္ရင္ တခ်ိဳ႕သူေတြမွာက်န္းမာေရးျပႆနာတခ်ိဳ႕ ခံစားရနိုင္တာကိုလည္း သတိျပဳသင့္ပါတယ္။

Dr. Htoo Tint
Crd Hello Doctor
#သန႔္ရွင္းေသာေသာက္ေရသန႔္ကိုသာေန႔စဥ္ေသာက္ပါ
.Clean water purifier

14/01/2026

ယနေ့ခေတ် လျင်မြန်စွာတိုးတက်ပြောင်းလဲနေတဲ့ ကမ္ဘာကြီးမှာ ကျွန်တော်တို့သောက်သုံးနေတဲ့ရေရဲ့ သန့်စင်မှုရှိခြင်းဟာလည်း အရေးကြီးတဲ့အခန်းကဏ္ဍကနေပါဝင်နေပါတယ်။

💧 ဘက်တီးရီးယားနဲ့ ဗိုင်းရပ်စ်ပိုးတွေပါဝင်တဲ့ ရေကိုသောက်သုံးခြင်းဟာ လူကြီးမင်းရဲ့ကျန်းမာရေးကို ဆိုးရွားစွာ ထိခိုက်စေနိုင်တယ်ဆိုတာကို သိပါသလား? ဒီမမြင်နိုင်တဲ့အန္တရာယ်တွေကနေ သင်ကိုယ်တိုင်နဲ့ သင့်ချစ်ရသူတွေကိုပါ ကာကွယ်နိုင်ဖို့ Dr. Clean ရဲ့ Nano Silver ရေသန့်စက်ကို အသုံးပြုလိုက်ပါ။

💧 ကျွန်တော်တို့ရဲ့ Nano Silver Water Purifier ဟာဆိုရင် အန္တရာယ်ရှိတဲ့ ဘက်တီးရီးယားများနဲ့ ဗိုင်းရပ်စ်များကို ဖယ်ရှားဖို့ ဒီဇိုင်းထုတ်ထားတဲ့အတွက် လူကြီးမင်းသောက်လိုက်တဲ့ အခွက်ရေတိုင်းမှာ ကျန်းမာရေးအန္တရာယ်များကင်းစင်ကြောင်း သေချာစေပါတယ်။ ကျန်းမာရေးဆိုတာ non-negotiable ဖြစ်တဲ့အတွက် လူကြီးမင်းသောက်သုံးရေရဲ့ အရည်အသွေးကို မလျော့ပါစေနဲ့။ ကျွန်တော်တို့ရဲ့ Water Purifier ကို ရွေးချယ်ပြီး ကျန်းမာချမ်းသာမှုကို အပြည့်အဝခံစားလိုက်ပါ။

𝗗𝗿. 𝗖𝗹𝗲𝗮𝗻- 𝗣𝘂𝗿𝗶𝗳𝘆𝗶𝗻𝗴 𝗪𝗮𝘁𝗲𝗿, 𝗣𝗿𝗼𝘁𝗲𝗰𝘁𝗶𝗻𝗴 𝗟𝗶𝘃𝗲𝘀.

အသေးစိတ်သိရှိလိုပါက 📱 09-957366440 နဲ့ 09-954366440 ကိုအချိန်မရွေးဆက်သွယ်စုံစမ်း မေးမြန်းနိုင်ပါတယ်။ 🙏✨

12/01/2026

ဂျိုးဖြူပိုက်လိုင်းအသုံးပြုတဲ့ မြို့နယ်ရှိလူကြီးမင်းတို့အတွက် တိုက်ရိုက်ရရှိတဲ့ ရေကြမ်းကို သန့်စင်လန်းဆန်းတဲ့ရေသန့်အဖြစ် ပြောင်းလဲပေးနိုင်တဲ့ ကျွန်တော်တို့ Dr. Clean ရဲ့ Standard Type Water Purifier နဲ့မိတ်ဆက်ပေးလိုက်ပါတယ်။

အပြင်ကရေသန်ဘူးမှာသောက်ရတယ်ဆိုတာ ကိုယ်တိုင်မျက်မြင်ကိုယ်တွေ့မမြင်ရတဲ့အတွက် သယ်ဆောင်တဲ့နေရာ၊ ထုတ်ပိုးတဲ့နေရာစတာတို့မှာ Hygiene ဖြစ်မှုကို အာမခံနိုင်ဖို့အတော်ခက်ခဲပါလိမ့်မယ်။ Dr. Clean Standard Type Water Purifier ရဲ့အဆင့်မြင့်နည်းပညာကိုအသုံးပြုပြီး အညစ်အကြေးများကို စစ်ထုတ်ထားတဲ့အတွက် ခွက်တိုင်းကို ကြည်လင်ပြီး ညစ်ညမ်းခြင်းကင်းစင်တဲ့အပြင် WHO သတ်မှတ်ထားတဲ့ စံချိန် စံညွှန်းအတိုင်း ရေကြည်တစ်ပေါက်ကိုပေးစွမ်းပါလိမ့်မယ်။

ဒါကြောင့် Dr. Clean နဲ့အတူ ကိုယ်တိုင်သန့်စင်ထားတဲ့ ဘေးကင်းအရသာရှိသောရေကို သောက်သုံးပြီး ပိုမိုကျန်းမာစေဖို့ လိုအပ်တဲ့ ရေဓာတ်ကို ဖြည့်တင်းလိုက်ပါ။

အသေးစိတ်သိရှိလိုပါက 📱 09-957366440 နဲ့ 09-954366440 ကိုအချိန်မရွေးဆက်သွယ်စုံစမ်း မေးမြန်းနိုင်ပါတယ်။ 🙏✨

06/01/2026

အခုဆိုရင် ဆောင်းဦးရာသီကို ကူးပြောင်းလို့နေပါပြီ 🍂။ ဆောင်းရာသီမှာ အသားအရေကို ရေဓာတ်ထိန်းပေးနိုင်ဖို့နဲ့ ခြောက်သွေ့ခြင်းတွေကနေကာကွယ်နိုင်ဖို့ ရေများများသောက်ပေးဖို့လိုအပ်ပါတယ်နော်။

ဒီအတွက် ကျန်းမာရေးနဲ့ကိုက်ညီတဲ့ ရေကိုရှာနေပါသလား? Dr. Clean Purifier နဲ့ ကိုယ်တိုင်သန့်စင်ထားတဲ့ရေကို နေ့စဉ်သောက်သုံးရင်း ကျန်းကျန်းမာမာ ဆောင်းရာသီကိုဖြတ်သန်းလိုက်ပါ။ 💦

အသေးစိတ်သိရှိလိုပါက 📱 09-957366440 နဲ့ 09-954366440 ကိုအချိန်မရွေးဆက်သွယ်စုံစမ်း မေးမြန်းနိုင်ပါတယ်။ 🙏✨

05/01/2026

2026 အတွက် နှစ်သစ်ဆုမွန်ကောင်း 🎊

၂၀၂၆ နှစ်သစ်မှာ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာရွှင်လန်းပြီး စီးပွားလာဘ်လာဘများ ဒီရေအလားတိုးတက်ပါစေကြောင်း Dr.Clean Myanmar ရေသန့်စက္မိသားစုမှ နှစ်သစ်ဆုတောင်းမေတ္တာပို့သလိုက်ပါတယ်။

Want your business to be the top-listed Gym/sports Facility in Yangon?

Click here to claim your Sponsored Listing.

Location

Telephone

Address


အခန်း(အေ-၇၀၂) သာဓုအိမ်ရာ၊မြတ်မွန်ကွန်ဒို၊သင်္ဃန်းကျွန်း၊ရန်ကုန်။
Yangon
11222

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00