အကယ္ဒမီ Health & Relax Center

အကယ္ဒမီ  Health &  Relax  Center

Share

We Believe In Better Care For Better Health

08/01/2025

Home Service

20/07/2024

ခြေပစ်လက်ပစ် အနားယူ ခြင်သူတွေအတွက်
ဟိုးတုန်းက အကယ်ဒမီ

(1) ခေါင်းလျှော်ရင်း

- ခြေဖဝါး လက်ဖဝါး
အကြောမှတ်တွေ ကနေ တဆင့်
မာရေးဒီးယမ်း မာဆက် နဲ့ တစ်ကိုယ်လုံး အနှိပ်ခံမယ် ။

- ထိုင်းမာဆက် စစ်စစ် နဲ့ တစ်ကိုယ်လုံးအကြောလျှော့အနှိပ် ခံမယ် ။

- ဖရီကွင်စီ လမ်းကြောင်း အတိုင်း
Bio therapy နဲ့အနှိပ်ခံမယ်

- ခြေထောက်အနှိပ်ခံရင်း
အဆိပ်ထုတ်မယ်

- မျက်နှာချေးချွတ်မယ်

- ဗိုက်အဆီ ၊ လက်မောင်းအဆီ ၊ မေးနှစ်ထပ်အဆီ ချမယ်

ဘာပဲလုပ်မယ် စိတ်ကူးကူး
အကယ်ဒမီ ပြန်လည်ဖွင့်လှစ်ပါပြီ

20/07/2024

အကယ်ဒမီ Health & Relax Center ကို
ဟိုမှာဖွင့်မယ် ဒီမှာဖွင့်မယ် နဲ့ လက်ရှိနေရာမှာပဲ ဖွင့်လိုက်ပါပြီ ။

ဝါဆို Promotion အနေဖြင့်

(1) ခြေထောက်အဆိပ်ထုတ်
1:00 Hour = 10000 Ks
(2) Bio massage
00:30 minute = 10000 ks
(3) Slim therapy
00:30 minute = 10000 Ks
(4) Facial therapy
00:30 minute = 10000 ks

3ဦး ဝယ် 1ဦး free ဖြစ်ပါတယ်

အမှတ် ၆၀ ၊ဆိပ်ကမ်းသာလမ်း ၊
ဒုတိယထပ် ၊ ရတနာအိမ်ယာ အပိုင်း C
သာကေတနှင့် ဒဂုံဆိပ်ကမ်းကြား တိုင်းရင်းသားကျေးရွာ အနီး ၊ ဗေလုဝမှတ်တိုင်

10/05/2024

အရှေ့တိုင်း အယူအဆ မှာဆိုရင်

မျက်နှာနှင့်ခြေလက် အမြဲ အေးစက်နေတာ
ဖြစ်ရတဲ့အကြောင်းရင်း က

အာရုံကြော အားနည်းတာနဲ့ ဟော်မုန်းလုပ်ဆောင်ချက်ပုံမှန်မဟုတ်တာကြောင့်ဖြစ်တယ် လို့ညွှန်းဆိုပါတယ် ။

အနောက်တိုင်း အယူအဆမှာ ဆိုရင်

လိုအပ်ရင် Medical Check up လုပ်ခိုင်းပြီး တိကျတဲ့အဖြေရှာမယ်။

တစ်ခါတစ်လေ အဖြေတွေကကောင်းနေပြီး
လူကတော့ ခံစားနေရတာ တွေလည်း ရှိတတ်ပါတယ် ။

ခြေဖျားလက်ဖျားအေးခြင်းကို ဖြစ်စေတဲ့ တခြားအခြေအနေတွေကတော့

နှင်းကိုက်တာ ၊ သွေးအားနည်းတာ ၊ ဆီးချို
ရောဂါ၊ Lupus ၊ Raynaud’s Disease
Scleroderma ၊ Buerger’s Disease
သိုင်းရွိုက်ရောဂါ နဲ့ သွေးလည်ပတ်မှု မကောင်းတာ ၊ အာရုံကြောရောဂါတွေပဲဖြစ်ပါတယ်။

အနာသိဆေးရှိ ဆိုသလို
တိကျတဲ့စစ်ဆေးမူ့ဟာ ၊ မှန်ကန်တဲ့ ကုသမူ့ တစ်ခုကို ဖြစ်စေပါတယ် ။

လွဲမှားတဲ့ကုသမူ့ကြောင့် ကုန်ကျစရိတ် ၊ အချိန်နဲ့ နာကျင့်မူ့တွေ မခံစားရအောင်

ရောဂါမဖြစ်ခင် ကြိုတင် ကာကွယ်ရန် အချိန်ပေး ဘို့ အရေးကြီးပါတယ်

အကယ်ဒမီ (H& R) Center မှာတော့

သွေးလည်ပါတ်မူ့ကောင်းမူ့ကို အခြေခံတဲ့
Bio massage လုပ်တာ ၊ Foot detox လုပ်တာ ၊ Hydrogen detox လုပ်တာ ၊ Meridian massage လုပ်တာ စသဖြင့်

ဒီနေ့ခောတ် ရဲ့
လူပ်ရှားမူ့ နည်းတဲ့ လူတွေ
Gym မသွားန်ုင်တဲ့ လူတွေ
လမ်းမလျှောက်ကြတဲ့ လူတွေ
အထိုင်များတဲ့ လူတွေ ကို

Relax လုပ်ရင်း သွေးလှည့်ပါတ်မူ့ကောင်းမွန်စေရန် ပြုလုပ်ပေးတဲ့ Relax Therapy များပဲ ဖြစ်ပါတယ် ။

အကယ်ဒမီ ရဲ့မိတ်ဆွေများ
ကျန်မာချမ်းသာ လန်းဖြာကြပါစေ

10/05/2024

အကယ်ဒမီ ရဲ့ မိတ်ဆွေဖေါက်သည်တွေ နဲ့မတွေ့ရမဆုံ ရတာ တာမွေ ၁၅၄လမ်း နေရာ မှ ပြောင်းပြီး ခုချိန်ထိ ပါပဲ ။

- ခြေထောက် အဆိပ်ထုတ်မယ်အမရေ ၊
ရသေးလား ? ၊

- အကြောဖွင့်မယ် အမရေ ဖွင့်ပြီလား ?

- ဟိုက်ဒရိုဂျင် နဲ့အဆိပ်ထုတ်မယ် အမ

ဖုန်းတွေဝင်လာတိုင်း ဖွင့်ဘို့အားယူရင်းကနေ ဖွင့်မယ်ကြံလိုက် တစ်ခုခုထဖြစ်လိုက် နဲ့ ခုလို ကြာသွားတာပါ

ခုတော့ မရတော့ဘူး ၊
ဖွင့်ဘို့နေရာလည်း စီစဥ်နေပြီ မို့
ဖွင့်ဖြစ်အောင်ဖွင့်ပြောလိုက်ပါပြီ

တာမွေ အပြင်
အကယ်ဒမီ ဝန်ဆောင်မူ့တွေ အတိုင်း ရတဲ့

စမ်းချောင်းမှာ- မနောအလှ

သာကေတ မှာ - မြခွါညို

သုဝဏ္ဏမှာ - မိတ်ဆွေကောင်း

တောင်ဥဣလာမှာ - မမအေးမြညွန့် ဆိုင်

တို့ကလည်း ဖွင့်နေပါပြီ နော်

အဆိပ်ထုတ်ခြင်ရင် အထက်ပါဆိုင်လိပ်စာတွေ Comment မှာ တင်ထားပေးပါမယ်

အားလုံး ရေနွေးကြမ်းသောက်ရင်း
ပြန်ဆုံကြမဲ့ နေ့လေး ကိုစောင့်နေပါမယ်

30/03/2024

အသက် (၄၀) အရွယ်မှာ ဘာလို့ Yoga လုပ်သင့်တာလဲ?

အသက် (၄၀) အရွယ်ကို ရောက်လာတာနဲ့ ရုပ်ပိုင်း၊စိတ်ပိုင်းနဲ့ ခံစားချက်ပိုင်းဆိုင်ရာတွေမှာ ပြောင်းလဲမှုတွေအများကြီး ကြုံလာရပါတယ်။

ဒါကြောင့်မလို့ နေ့စဉ်လှုပ်ရှားနေရတဲ့ ဘဝမှာ ကိုယ့်ရဲ့ ကျန်းမာရေးကို စောင့်ရှောက်ဖို့က အရေးကြီးလို့ လာပါတယ်။

ဘာဖြစ်လို့လဲဆိုတော့ အသက် (၄၀) အရွယ်မှာ ကျွန်မတို့ရဲ့ ရွေ့လျားနိုင်စွမ်းနဲ့ ပျော့ပြောင်းမှုတွေဟာ တဖြည်းဖြည်းလျော့ကျလာပါတယ်။

Yoga လုပ်တာဟာ ကျွန်မတို့ရဲ့ ကြွက်သားနဲ့ အဆစ်တွေရဲ့ ပျော့ပြောင်းမှုကို အားကောင်းစေပါတယ်။

ဒါ့အပြင် ခန္ဓာကိုယ်ကို သက်တောင့်သက်သာဖြစ်စေပြီး လှုပ်ရှားရ လွယ်ကူအောင်လည်း အထောက်အကူပြုပါတယ်။

နောက်ထပ် ကောင်းကျိုးတစ်ခုကတော့ စိတ်ဖိစီးမှုနဲ့ တည်ငြိမ်မှု ရအောင်လည်း အထောက်အပံ့ပေးပါသေးတယ်။

ဒါကြောင့်မလို့ Yoga လုပ်တာဟာအသက် (၄၀) အရွယ်မှာ လိုအပ်နေတဲ့ ကျန်းမာရေးအတွက် အထောက်အကူပြုနိုင်မှာ ဖြစ်ပါတယ်။

28/03/2024

Yoga လုပ်ခြင်းရဲ့ အကျိုးကျေးဇူးများ

ဒီ‌နေ့ခေတ်မှာ တွင်တွင်ကျယ်ကျယ် ပြုလုပ်နေကြတဲ့ လေ့ကျင့်ခန်းတစ်မျိုးလို့ခေါ်လို့ရမဲ့ Yoga ဟာ ရှေးခေတ် နှစ်ပေါင်း ၁၀၀၀ လောက်က စပြီး အိန္ဒိယနိုင်ငံကနေ စတင် ပေါ်ပေါက်ခဲ့တာ ဖြစ်ပါတယ်။

Yoga လုပ်ခြင်းဟာ ကျွန်မတို့ရဲ့ ရုပ်ပိုင်းဆိုင်ရာ၊စိတ်ပိုင်းဆိုင်ရာနဲ့ စိတ်ဝိညာဉ်ပိုင်းဆိုင်ရာကို တစ်သားတည်းဖြစ်စေအောင် ကူညီပေးပါတယ်။

Yoga လုပ်တယ်ဆိုတဲ့ နေရာမှာ အပိုင်း ၃ ပိုင်းအနေနဲ့ ခွဲခြားလို့ ရပါတယ်။

(၁) ကိုယ်ဟန်အနေအထား
(၂) အသက်ရှုနည်းစနစ်
(၃) တရားထိုင်ခြင်း စတာတွေ ဖြစ်ပါတယ်။

Yoga လုပ်ခြင်းဟာ ရုပ်ပိုင်းဆိုင်ရာ အကျိုးကျေးဇူးတွေသာမက စိတ်ပိုင်းဆိုင်ရာမှာလည်း အထောက်အကူပြုပါတယ်။

ဘယ်လို အကျိုးကျေးဇူးတွေလဲဆိုတော့

✔ စိတ်ဖိစီးမှုကို သက်သာစေတယ်။
✔ စိုးရိမ်ပူပန်မှုကို လျှော့ချပေးတယ်။
✔ စိတ်ဓာတ်ကျခြင်းကို ကာကွယ်ပေးပါတယ်။
✔ စိတ်တည်ငြိမ်အေးချမ်းမှုကိုလည်း ရစေမှာဖြစ်ပါတယ်။

ဒါကြောင့်မလို့ Yogaလုပ်တာဟာ လေ့ကျင့်ခန်းတစ်ခုအနေနဲ့ပဲလို့ ထင်‌နေရင်တော့ မှားပါလိမ့်မယ်။

Yoga ဟာ ကျွန်မတို့ရဲ့ ခန္ဓာကိုယ်ပိုင်းကိုသာမက စိတ်ပိုင်းဆိုင်ရာကိုပါ အထောက်အကူအများကြီးပြုနေတယ်ဆိုတာကို ပြန်လည်မျှဝေပေးသွားတာဖြစ်ပါတယ်ရှင်။

27/03/2024
24/03/2024

ဒီနေ့မှာတော့ "Foot Massage လုပ်ခြင်းဟာ ခေါင်းကိုက် ဝေဒနာကို သက်သာပျောက်ကင်းတယ်ဆိုတာ" မှန်၊မမှန်ကို comment မှာ ဝင်မန့်ပေးသွားပါဦးရှင့်။

အဖြေမှန်ကိုတော့ မနက်ဖြန်ည ၈ နာရီမှာ ပြောပြပေးသွားမှာဖြစ်ပါတယ်ရှင်။😍

22/03/2024

အသက် (၄၀) အရွယ်မှာ ပြုလုပ်သင့်တဲ့ လေ့ကျင့်ခန်းအမျိုးအစားများ

အသက် (၄၀) အရွယ် ရောက်လာတာနဲ့အမျှ ကျွန်မတို့ရဲ့ ကျန်းမာရေးကို ဦးစားပေးဖို့ အရေးကြီးလာပါပြီ။

ဘာလို့လဲဆိုတော့ ကျန်းကျန်းမာမာ ရှိနေမှသာ ကိုယ့်ရဲ့ စိတ်ပိုင်းဆိုင်ရာ ကောင်းမွန်မှာဖြစ်ပြီး ဘဝကိုလည်း ပျော်ရွှင်စွာနဲ့ ဖြတ်သန်းနိုင်မှာပဲ ဖြစ်ပါတယ်။

အခုလို ဖြတ်သန်းနိုင်ဖို့အတွက်ဆို လေ့ကျင့်ခန်း လုပ်ဖို့လိုပါတယ်။

လေ့ကျင့်ခန်းလုပ်တယ် ဆိုတဲ့နေရာမှာ ရွေးချယ်စရာတွေ အများကြီး ရှိကြပါတယ်။

အဲ့ဒီထဲကမှ ကျွန်မတို့ရဲ့ အသက်အရွယ်ကိုလိုက်ပြီး လိုအပ်တဲ့ လေ့ကျင့်ခန်းကိုလည်း ရွေးချယ်တတ်ဖို့ လိုပါသေးတယ်။

အသက် (၄၀) အရွယ်မှာဆိုရင် ကျွန်မတို့ရဲ့ ကြွက်သားတွေနဲ့ အရိုးရဲ့ သိပ်သည်းဆတွေဟာ လျော့ကျသွားတတ်ပါတယ်။

အဲ့လို လျော့ကျသွားခြင်းဟာ အရိုးပွရောဂါဖြစ်နိုင်ချေကို ပိုများလာစေပါတယ်။

ဒါကြောင့်မလို့ ကြွက်သားကို ကြံ့ခိုင်အောင် လုပ်ဖို့ အရေးကြီးပါတယ်။

ဘယ်လိုမျိုး လေ့ကျင့်ခန်းတွေလဲဆိုတော့ အလေးမတာ၊ Squat ထိုင်တာမျိုးတွေ ပြုလုပ်ပေးနိုင်ပါတယ်။

ဒါ့အပြင် ဟော်မုန်းအပြောင်းအလဲကြောင့် နှလုံးကျန်းမာရေးကိုလည်း ပိုပြီး ဂရုစိုက်လာသင့်တဲ့အချိန်ဖြစ်ပါတယ်။

အဲ့ဒါကြောင့် နှလုံးကျန်းမာရေးကို အထောက်အကူပြုတဲ့ ရေကူးတာ၊စက်ဘီးစီးတာ စသဖြင့် လေ့ကျင့်ခန်းတွေကိုလည်း ပြုလုပ်ပေးလို့ရပါတယ်။

ကြွက်သားပျော့ပျောင်းမှုကို အထောက်အကူပြုပေးတဲ့ ယောဂလေ့ကျင့်ခန်းတွေကိုလည်း ပြုလုပ်ပေးလို့ရပါသေးတယ်။

အခုပြောပြပေးသွားတာကတော့ အသက် (၄၀) အရွယ်တွေအတွက် သင့်လျော်တဲ့ လေ့ကျင့်ခန်းအမျိုးအစားတွေဖြစ်ပြီးတော့ နောက်ထပ် လာမဲ့ post တွေမှာလည်း လေ့ကျင့်ခန်း တစ်ခုချင်းစီကို အသေးစိတ်ဖော်ပြပေးသွားပါဦးမယ်ရှင်။

20/03/2024

ကျန်းမာခြင်းသည် လာဘ်ကြီးတစ်ပါးဖြစ်ပြီး ကျန်းမာပါက အရာရာကို စိတ်က ဦးဆောင်စွမ်းနိုင်သလောက် လုပ်ကိုင်နိုင်မည်ဖြစ်သည်။

Want your business to be the top-listed Gym/sports Facility in Yangon?

Click here to claim your Sponsored Listing.

Location

Telephone

Address


အမှတ် ၆၀ ၊ ဆိပ်ကမ်းသာလမ်း ၊ တိုင်းရင်းသားကျေးရွာအနီး 19 ကွန်ဒိုဘေး ၊ ဗေလုဝ မှတ်တိုင်။
Yangon
11231