J.D.Pools Myanmar

J.D.Pools Myanmar

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from J.D.Pools Myanmar, Public swimming pool, No. 266, Waizayandar Road, South Okkalapa Township Yangon, Yangon.

10/08/2026

Asia Tycoon Group Co., Ltd. (J.D. Pool Myanmar) ၏ ချစ်ခင်လေးစားအပ်ပါသော လူကြီးမင်းများနှင့် သုံးစွဲသူ Customer များအားလေးစားစွာဖြင့်အသိပေးအကြောင်းကြားခြင်း

21/07/2026

ရေကူးကန်တစ်ခု တည်ဆောက်တော့မယ်ဆိုရင် လူသိနည်းပေမယ့် အရေးကြီးဆုံးဖြစ်တဲ့ Water Filtration System အကြောင်းကို မဖြစ်မနေ သိထားဖို့ လိုပါတယ်နော်။ 🏊‍♂️✨

လူသိနည်းပေမယ့် အရေးကြီးဆုံးဖြစ်တဲ့ Water Filtration System နှစ်ခု အကြောင်းဖြစ်တဲ့ Skimmer Type နဲ့ Overflow Type တွေအကြောင်း ကို ပြောပြပေးပါမယ်ရှင့်။

Skimmer Type System (ရေစစ်ဇကာစနစ်)
ဆိုတာကတော့ ရေကူးကန် ရေ level က ကန်ဘောင်ကနေ ၄ လက်မခန့် နိမ့်လေ့ရှိပြီး ရေသန့်စင်ရာတွင် အမှုန်အမွှားများတွေကို ကန်နံရံ မှာရှိတဲ့ Skimmer mount ကနေ တိုက်ရိုက်စုပ်ယူပြီးတော့ Filter bag ကနေမှ ကန်ထဲကို ရေသန့်ရေကိုတိုက်ရိုက်အနယ်စစ်ထုတ်ပေးတဲ့ filtration system ဖြစ်ပါတယ်ရှင့်။

သူ့ရဲ့အားသာချက်ကတော့ စက်ခန်း အတွက် နေရာမယူတဲ့အပြင် ကုန်ကျစရိတ်သက်သာပြီး maintenance လုပ်ရတာလဲလွယ်ကူရိုးရှင်းတဲ့အတွက် Private & Residential Pool များသင့်လျော်ပါတယ်။

Overflow Type System (ရေလျှံစနစ်)
ကန်ဘောင်ပတ်ပတ်လည်ရှိ ဘေးရေမြောင်းကနေ ရေလျှံကျစေပြီး Balancing Tank (ရေလှောင်ကန်) တွင် တစ်ဆင့်အနည်စုကာ ရေသန့်စင်ပေးတဲ့ Filtration System တစ်ခု ဖြစ်ပါတယ်။ကန်ဘောင်နဲ့ ရေမျက်နှာပြင်တညီတည်းဖြစ်နေတာကြောင့် mirror effect, Infinity Pool ခံစားမှုကိုပေးနိုင်ပါတယ်။

ဒီSystem လေးကတော့ စက်ခန်းနေရာသက်သက်ပေးရခြင်း၊ ကုန်ကျစရိတ်ပိုများခြင်း၊ maintenance team ဖြင့် service လုပ်ပေးရခြင်းတွေကြောင့် Hotel Pool & Public Pool များ အတွက် ပိုမိုသင့်လျော်ပါတယ်ရှင့်။

ဒါကြောင့် လူကြီးမင်းတို့အိမ် အတွက်ရေကူးကန်တည်ဆောက်ဖို့ ရွေးချယ်မယ်ဆိုရင်
💰 Budget သက်သာပြီး လွယ်ကူရိုးရှင်းတဲ့ maintenance နဲ့ နေရာအများကြီးမပေးချင်ရင် Skimmer Type စနစ်ကိုရွေးပါ။
✨ Luxury ဆန်ဆန် လှချင်ပြီး ရေကူးကန်အတွက်နေရာကျယ်ကျယ်ဝန်းဝန်းပေးနိုင်ရင် Overflow Type ကို ရွေးပါ။

System ၂ ခုလုံးက infinity pool လုပ်လို့ရတဲ့အပြင် 9 နှစ်တိတိ ရေထုတ်စရာမလိုပဲ chemical treatment ဖြင့်ရေကြည်လင်တောက်ပအောင်ပြုလုပ်နိုင်ပါတယ်နော်။

ဒီလိုရေကူးကန်တစ်ခုတည်ဆောက်မယ်ဆိုရင် Filtration Service ပြည့်ပြည့်စုံစုံရရှိတဲ့ J.D Pool Myanmarကိုဆက်သွယ်ဖို့မမေ့ပါနဲ့နော် 🤗

J.D. Pools
THE LEADER OF LUXURY POOL INNOVATION & HEALTHY POOL.
📞 အသေးစိတ်စုံစမ်းရန်:
☎️ 09 - 793 491 119, 09 - 778 800 778 (Yangon)
☎️ 09 - 794 414 418 (Mandalay)

15/06/2026

🌊 ရေကူးကန်မှာ ကလိုရင်းနံ့ အရမ်းပြင်းနေလို့ စိတ်အနှောင့်အယှက် ဖြစ်နေပါသလား?

ရေကူးကန်ကနေ ကလိုရင်းနံ့ ပြင်းပြင်းထွက်နေတာဟာ ဆေးများများခတ်ထားလို့ မဟုတ်ဘဲ အသုံးပြုတဲ့ Chlorine Quality မပြည့်မီတာနဲ့ အသုံးပြုပုံ မှားယွင်းတာကြောင့် ဖြစ်တတ်ပါတယ်။

စိတ်ချရပြီး ကြည်လင်သန့်ရှင်းတဲ့ ရေကူးကန်တစ်ခုဖြစ်ဖို့ဆိုရင် အရည်အသွေးမြင့် Chemical အသုံးပြုဖို့က အဓိကကျပါတယ်။ J.D Pools က ရွေးချယ်ပေးထားတဲ့ ရေကူးကန်သုံး မရှိမဖြစ် Chemical (၄) မျိုးကတော့...

🦠 ၁။ Long Lasting Chlorine (ပိုးသတ်ဆေး)
Chlorine ပါဝင်မှု 90% အထိပါဝင်ပြီး Tablet အခဲကြီးဖြစ်လို့ ရေထဲမှာ တဖြည်းဖြည်းချင်း ပျော်ဝင်ပါတယ်။ ဘက်တီးရီးယား၊ ဗိုင်းရပ်စ်နဲ့ ရေညှိတွေကို အမြဲမပြတ် သတ်ပေးနိုင်တဲ့အပြင် ကြာရှည်အသုံးခံလို့ Budget Save ဖြစ်စေပါတယ်။

⚖️ ၂။ Shock Chlorine (အရေးပေါ် ပိုးသတ်ဆေး)
ရေကူးကန်ရေ အသစ်လဲတဲ့အချိန် ဒါမှမဟုတ် ရေညှိတွေကြောင့် ရေနောက်ပြီး စိမ်းမှိုင်းနေတဲ့အခါ အသုံးပြုရပါတယ်။ Chlorine 90% ပါဝင်တာကြောင့် ရေကို အမြန်ဆုံး ကြည်လင်သွားစေပါတယ်။

🌿 ၃။ pH Plus / pH Minus (pH Level ထိန်းညှိဆေး)
ရေရဲ့ အကောင်းဆုံး Ideal pH Level (6.8 - 7.2) ကြားမှာရှိနေဖို့ လိုအပ်ပါတယ်။
pH Level တက်နေလျှင်: pH Minus ကို သုံးပါ။
pH Level ကျနေလျှင်: pH Plus ကို သုံးပါ။ pH မျှတမှသာ Chlorine ရဲ့ စွမ်းဆောင်ရည်က အထိရောက်ဆုံးဖြစ်မှာဖြစ်ပြီး ရေညှိကြီးထွားမှုကြောင့် ရေကန်ရေ စိမ်းမှိုင်းမလာအောင်လဲ ကာကွယ်ပေးပါတယ်။ ပုံမှန် Chlorination အပြင် ကာကွယ်မှုအနေနဲ့ ပေါင်းထည့်ပေးသင့်ပါတယ်။

Filter ကမစစ်ထုတ်နိုင်လောက်အောင် သေးငယ်လွန်းတဲ့ အမှုန်အမွှားလေးတွေကြောင့် ရေနောက်နေရင် အသုံးပြုပါတယ်။ အဲဒီအမှုန်လေးတွေကို စုစည်းပေးပြီး ရေစစ် Filter ကနေ စစ်ထုတ်နိုင်အောင် ကူညီပေးပါတယ်။

Pool Maintenance အတွက် ဒီ Chemical (၄) မျိုးကတော့ မရှိမဖြစ်မို့ ရေကူးကန် ထိန်းသိမ်းဖို့အတွက် အဓိကလိုအပ်တဲ့
✅ PH Plus / PH Minus
✅ Shock Chlorine / Long Lasting Chlorine တွေကို တစ်နေရာတည်းမှာ စုံစုံလင်လင် ဝယ်ယူနိုင်တဲ့အပြင်...
J.D Pools Myanmar မှာ ရေကူးကန်နဲ့ ပတ်သက်တဲ့ Design, Construction နဲ့ ပြုပြင်ထိန်းသိမ်းမှု (One-stop Service) တွေကိုလည်း ဆွေးနွေးတိုင်ပင်နိုင်ပါတယ်ရှင့်။ 💕

J.D.Pools
THE LEADER OF LUXURY POOL INNOVATION & HEALTHY POOL.
Contact to reserve a pool system, consult, built, design and estimate for free!

🏢ရန်ကုန် Showroom လိပ်စာ - အမှတ်(၂၆၆)၊ ဝေဇယန္တာ လမ်းမကြီး၊( ၃)ရပ်ကွက်၊ (၁၃)လမ်းထိပ်၊တောင်ဥက္ကလာပမြို့နယ်၊ ရန်ကုန်မြို့။
☎️ 09 - 793 491 119, 09 - 778 800 778
🏢 မန္တလေး Showroom လိပ်စာ - အမှတ် ၇၉/၃-၄၃၊ နန်းဦးလွင် ဗီလာ၊ ၃၀ x ၃၃ လမ်းကြား၊ မန္တလေး- ပြင်ဦးလွင်လမ်း၊ ပုသိမ်ကြီးမြို့နယ်၊ မန္တလေးမြို့။
☎️ 09 - 794 414 418

.D.PoolsMyanmar


04/06/2026

J.D Pools Myanmar မှာတာဝန်ထမ်းဆောင်ဖို့အတွက် ဝန်ထမ်းသစ်များကိုဖိတ်ခေါ်နေပါတယ်။

1.Quantity Surveyor / Drafter (Civil)(EP/EC) – Female (2 Post)
2.Project Assistant (EP)/(EC) – Male (2 Post)
3.Data Entry – Female (2 Post)
4.Pool Boy – Male (5 Post)
Employment Type: Full-Time
ရာထူးတစ်ခုချင်းစီအတွက် သက်ဆိုင်ရာ တာဝန်နှင့် အရည်အချင်း လိုအပ်ချက်များကို အောက်တွင် ဖော်ပြပေးထားပါသည်။

1.Quantity Surveyor / Drafter (Civil)(EP/EC)
Qualifications and Requirements:
Education: Degree or Diploma in Civil, EP, or EC Engineering.
Experience: 2-3 years as a Quantity Surveyor or Sales Engineer in construction.
Software: Proficient in AutoCAD, SketchUp, Excel, and PowerPoint.
Technical Knowledge: Strong understanding of construction materials and processes.
Soft Skills: Excellent negotiation, organization, and problem-solving abilities.
Plus: Interest in learning swimming pool technology.

2.Project Assistant (EP)/(EC) – Male (2 Post)
Qualifications and Requirements
Education: Degree or Diploma in EP/EC Engineering (AGTI, B.Tech, or B.E).
Experience: 2-3 years in a related construction field.
Software: Proficient in AutoCAD, Excel, and PowerPoint.
Technical Skills: Strong quality control, project management, and supervision.
Soft Skills: Excellent communication, decision-making, and problem-solving.
Plus: Passion for learning swimming pool technology.

3.Data Entry – Female (2 Post)
Qualifications and Requirements:
Education: Bachelor’s Degree (Computer Science or Business preferred).
Experience: Minimum 2 years in a related field.
Technical Skills: Advanced Excel, inventory software, and knowledge of construction materials/processes.
Analytical Skills: Strong numerical/analytical abilities with high attention to detail.
Communication: Good reporting skills with the ability to present directly to the owner.
Soft Skills: Team player, organized, and capable of working under pressure.

4.Pool Boy – Male (5 Post)
Qualifications and Requirements:
Education: High School Graduate.
Learning Mindset: Passionate about learning swimming pool MEP work (training provided).
Communication: Good reporting skills with the ability to present clearly to the owner.
Soft Skills: Team player, organized, and able to work under pressure.

What We Offer
Competitive salary and benefits.
Opportunities for professional growth and development.
A collaborative and innovative working environment.

How to Apply
Interested candidates are invited to send resume to:
U Aung Win (+959-778110076)
Admin Manager (J.D Pools Myanmar).

📍 Location :
No.266, Waizayantar Road, South Okkalapa Township Yangon, Myanmar, Yangon, Myanmar.
✅ Only shortlisted candidates will be contacted for an interview.

19/03/2026

ရေကူးကန် အလှပျက်နေတာဟာ လူကြီးမင်းတို့အိမ်ရဲ့ အလှကိုပါ ထိခိုက်စေပါတယ်😥

လူအများစုဟာ ရေကူးကန် ထိန်းသိမ်းရာမှာ မသိလိုက်ဘဲ အမှားလေးတွေ လုပ်မိတတ်ကြတဲ့အတွက် J.D.Pools Myanmar ကနေပြီးတော့ ရေကူးကန် ကြည်လင်သန့်ရှင်းပြီး ဘေးကင်းစေဖို့အတွက် လူအများစုလုပ်မိတတ်တဲ့ အမှားတွေနဲ့အတူ "ဆောင်ရန်/ရှောင်ရန်" အချက်တွေကို အသေးစိတ် မျှဝေပေးလိုက်ပါတယ်ရှင်! 💡

✅ဆောင်ရန်အချက်များ
• PH Level ထိန်းညှိပါ: PH Level ကို 6.8-7.2 အတွင်းရှိနေပါစေ။ ဒါမှသာ ရေကြည်လင်ပြီး အရေပြားနဲ့ မျက်စိယားယံမှုကို ကာကွယ်ပေးနိုင်မှာပါ။

• Filter ပုံမှန်မောင်းပါ: ရေထဲက အညစ်အကြေးတွေကို စစ်ထုတ်ဖို့ Filter စက်ကို တစ်နေ့ကို အနည်းဆုံး ၈ နာရီမှ ၁၂ နာရီ ထိ မောင်းပေးပါ။

• တိုက်ချွတ်သန့်ရှင်းပါ: ရေမှော်တွေ မတက်အောင် တစ်ပတ်နှစ်ကြိမ် ရေကူးကန်နံရံနဲ့ ကြမ်းပြင်ကို သေချာတိုက်ချွတ်ပေးပါ။

❌ ရှောင်ရန်အချက်များ
• ဆေးပမာဏ မမှားပါစေနဲ့: ဆေးခတ်ရာမှာ ခန့်မှန်းခြေ မသုံးပါနဲ့။ ဆေးများလွန်းရင် လူကို ထိခိုက်စေသလို၊ နည်းလွန်းရင်လည်း ရေကိုချက်ချင်း နောက်စေပါတယ်။

•သာမန်အဝတ်အစားနဲ့ ရေမကူးပါနဲ့: အဝတ်အစားမှ ဆပ်ပြာဆီနဲ့ အမျှင်လေးတွေက Filter ကို ပိတ်ဆို့စေပြီး ရေကြည်လင်မှုကို ပျက်စီးစေပါတယ်။

• အမှိုက်များ ပစ်မထားပါနဲ့: သစ်ရွက်ခြောက်နဲ့ အညစ်အကြေးတွေကို ချက်ချင်းဆယ်ယူပါ။ မဟုတ်ရင် ရေထဲမှာ ပုပ်သိုးပြီး ရေအရောင် ညစ်သွားတတ်ပါတယ်။

ရေကူးကန်ကို ကြည့်လိုက်တိုင်း ကြည်လင်တောက်ပနေစေဖို့J.D.Poolsရဲ့ ကျွမ်းကျင်တဲ့ ရေသန့်စင်ခြင်းဝန်ဆောင်တွေမှုနဲ့အတူ လူကြီးမင်းတို့ရဲ့ ရေကူးကန်ကို ထိန်းသိမ်းလိုက်ပါ! 🏊‍♂️💎

J.D.Pools Myanmar မှ ရေကူးကန်သန့်စင်ခြင်းဝန်ဆောင်မှုပေးခဲ့တဲ့ Before and After ပုံရိပ်တွေကိုပြန်လည်မျှဝေပေးလိုက်ရပါတယ်ရှင်❣

J.D.Pools
THE LEADER OF LUXURY POOL INNOVATION & HEALTHY POOL.
Contact to reserve a pool system, consult, built, design and estimate for free!
🏢ရန်ကုန် Showroom လိပ်စာ - အမှတ်(၂၆၆)၊ ဝေဇယန္တာ လမ်းမကြီး၊( ၃)ရပ်ကွက်၊ (၁၃)လမ်းထိပ်၊တောင်ဥက္ကလာပမြို့နယ်၊ ရန်ကုန်မြို့။
☎️ 09 - 793 491 119, 09 - 778 800 778
🏢 မန္တလေး Showroom လိပ်စာ - အမှတ် ၇၉/၃-၄၃၊ နန်းဦးလွင် ဗီလာ၊ ၃၀ x ၃၃ လမ်းကြား၊ မန္တလေး- ပြင်ဦးလွင်လမ်း၊ ပုသိမ်ကြီးမြို့နယ်၊ မန္တလေးမြို့။
☎️ 09 - 794 414 418
.D.Pools Myanmar


11/02/2026

J.D.Pools Myanmar မှ ပြည်ထောင်စုနေ့နှင့် တရုတ်နှစ်သစ်ကူး ရုံးပိတ်ရက်များဖြစ်သည့် (၁၂.၂.၂၀၂၆) ရက်နေ့မှ (၁၇.၂.၂၀၂၆) ရက်နေ့အထိ (၆) ရက်တိုင်တိုင် ရုံးပိတ်ထားမှာဖြစ်လို့ အမြဲအားပေးနေတဲ့ Customer များအားလုံး ပိတ်ရက်ရှည်ကြီးမှာ စိတ်ချမ်းသာကိုယ်ကျန်းမာစွာနဲ့ ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းနိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်ရှင် ❣

.D.PoolsMyanmar


02/02/2026

မိမိအိမ်မှာ ရေကူးကန်တည်ဆောက်ဖို့စိတ်ကူးလေးတစ်ခုရှိနေတာလား?

လက်ရာမသေသပ်မှာ quality မပြည့်မှီတာ စတာတွေကိုစိုးရိမ်နေတာလား?

J.D Pools Myanmar ရဲ့ One-Stop Service မှာဘာတွေပါမှာလဲ ?

One-Stop Service မှာတော့

▪️ရေကူးကန်ဒီဇိုင်း ပြုလုပ်ပေးခြင်း
▪️ရေကူးကန်နဲ့ပတ်သက်ပြီး ဆောင်ရန်ရှောင်ရန်များ ▪️consultant ပြုလုပ်ပေးခြင်း
▪️Filtration စနစ်ဒီဇိုင်းနှင့်တပ်ဆင်မှု
▪️ရေသန့်စင်ခြင်း ဝန်ဆောင်မှု
▪️ရေကူးကန်အဟောင်းများ Renovation ပြုလုပ်ပေးခြင်း
▪️ရေကူးကန်ကြွေပြားများ၊ ဓာတုဗေဒနှင့် သန့်ရှင်းရေးဆက်စပ်ပစ္စည်းများတပ်ဆင်ဆောင်ရွက်ပေးခြင်း တို့ပါဝင်ပါတယ်ရှင့်။

After Sale Service မှာဆိုရင်တော့

▪️ရေသန့်စင်မှုဆိုင်ရာသင်တန်း
▪️One-timeရေသန့်စင်ဝန်ဆောင်မှု
▪️လစဉ်ရေသန့်စဉ်ခြင်းဝန်ဆောင်မှု
▪️နှစ်စဉ်စာချုပ်ဖြင့်ရေသန့်စင်ခြင်းဝန်ဆောင်မှု
▪️ဓာတုပစ္စည်းထောက်ပံ့ခြင်းဝန်ဆောင်မှု စတာတွေကြောင့် ရေကူးကန်တစ်ကန်ဖြစ်လာဖို့ဆို စိတ်ပူစရာမလိုပဲ အစအဆုံးတာဝန်ယူဆောင်ရွက်ပေးမယ့် J.D Pools Myanmar ကိုဆက်သွယ်လိုက်ပါနော်🥰

J.D.Pools
THE LEADER OF LUXURY POOL INNOVATION & HEALTHY POOL.
Contact to reserve a pool system, consult, built, design and estimate for free!

🏢ရန်ကုန် Showroom လိပ်စာ - အမှတ်(၂၆၆)၊ ဝေဇယန္တာ လမ်းမကြီး၊( ၃)ရပ်ကွက်၊ (၁၃)လမ်းထိပ်၊တောင်ဥက္ကလာပမြို့နယ်၊ ရန်ကုန်မြို့။
☎️ 09 - 793 491 119, 09 - 778 800 778
🏢 မန္တလေး Showroom လိပ်စာ - အမှတ် ၇၉/၃-၄၃၊ နန်းဦးလွင် ဗီလာ၊ ၃၀ x ၃၃ လမ်းကြား၊ မန္တလေး- ပြင်ဦးလွင်လမ်း၊ ပုသိမ်ကြီးမြို့နယ်၊ မန္တလေးမြို့။
☎️ 09 - 794 414 418
.D.PoolsMyanmar


06/01/2026

ဆောင်းရာသီရဲ့ လေအေးအေးတိုက်ခတ်တဲ့ကြားမှာ ဇိမ်ကျကျ အနားယူဖို့ နေရာလေးတစ်ခု ရှာနေပြီလား? ❄️
ဒါဆိုရင် ဒီလိုခံစားမှုကို ပိုင်ဆိုင်နိုင်ဖို့ J.D.Pool မှာ whirlpool bath လေး ရှိနေပါပြီ။ ✨
🏨 ဟိုတယ်လုပ်ငန်းရှင်များအတွက် မိမိတို့ရဲ့ Hotel/Resort မှာ လာရောက်တည်းခိုသူတွေကို အဆင့်မြင့်ဆုံး ၀န်ဆောင်မှုပေးချင်ပါသလား? 5ယောက်၊6ယောက်ဆန့် whirlpool bath တွေ Instock ရှိပါတယ်ရှင့်။ဧည့်သည်တွေအနေနဲ့ ဒီလိုအေးတဲ့ရာသီဥတုမှာ whirlpool bath လေးထဲစိမ်ပြီး ဇိမ်ကျကျ အနားယူချင်ကြမှာ အသေအချာပါပဲ။ဒါကြောင့် whirlpool bath တစ်ခုရှိခြင်းက မိမိရဲ့ ဟိုတယ်အတွက် Star ၁ ခုတိုးလာစေမှာပါ။
🛁 Private ဆန်ဆန် သီးသန့်ကမ္ဘာလေး လူနှစ်ယောက်စာ (2-Seater) whirlpool bath လေးကလည်း အသစ်ထွက်ရှိထားတဲ့အတွက် Luxury ဆန်တဲ့ Romantic Vibe ကို အပြည့်အဝပေးနိုင်လို့ Honeymoon trip ပဲသွားသွား၊ အိမ်မှာပဲ Chill မလား အဆင်ပြေဆုံးပါပဲ။
အိမ်မှာပဲ တပ်ဆင်မလား၊ ဟိုတယ်လုပ်ငန်းအတွက်ပဲ သုံးမလား J.D.Pool ရဲ့ whirlpool bath က အကောင်းဆုံး ရွေးချယ်မှုပါ။ ✅
J.D.Pools
THE LEADER OF LUXURY POOL INNOVATION & HEALTHY POOL.
Contact to reserve a pool system, consult, built, design and estimate for free.

🏢ရန်ကုန် Showroom လိပ်စာ - အမှတ်(၂၆၆)၊ ဝေဇယန္တာ လမ်းမကြီး၊( ၃)ရပ်ကွက်၊ (၁၃)လမ်းထိပ်၊တောင်ဥက္ကလာပမြို့နယ်၊ ရန်ကုန်မြို့။
☎️ 09 - 793 491 119, 09 - 778 800 778
🏢 မန္တလေး Showroom လိပ်စာ - အမှတ် ၇၉/၃-၄၃၊ နန်းဦးလွင် ဗီလာ၊ ၃၀ x ၃၃ လမ်းကြား၊ မန္တလေး- ပြင်ဦးလွင်လမ်း၊ ပုသိမ်ကြီးမြို့နယ်၊ မန္တလေးမြို့။
☎️ 09 - 794 414 418
bath
.D.PoolsMyanmar


31/12/2025

J.D.Pools Myanmarမှ နှစ်သစ်ကူးပိတ်ရက်အနေဖြင့် ဇန်နဝါရီလ (၁ ရက်နေ့ ကနေ ၄ ရက်နေ့ထိ) ပိတ်ထားမှာဖြစ်လို့ အမြဲအားပေးနေတဲ့ မိတ်ဟောင်းမိတ်သစ် Customer စိတ်ချမ်းသာကိုယ်ကျန်းမာစွာနဲ့ ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းနိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်ရှင်! 😊✨

.D.PoolsMyanmar


29/12/2025

"ရေကူးကန်ကို ထိန်းသိမ်းရတာ ပင်ပန်းနေပြီလား?" 😩

J.D.Poolsကနေ အသစ်မိတ်ဆက်လိုက်တဲ့ Salt-AI Chlorinator က လူကြီးမင်းတို့ရဲ့ပြဿနာတွေကို ဖြေရှင်းပေးနိုင်ပါပြီ✨
ဒါရိုးရိုးsystemမဟုတ်ဘူးနော်... Intelligent AI Pool Salt Therapy System နဲ့ လူကြီးမင်းတို့ရဲ့ရေကန်ကို ကိုယ်တိုင် ဂရုစိုက်ပေးမယ့် AI စနစ်ဖြစ်ပါတယ်ရှင်💯

ဘာကြောင့် Salt-AI ကို ရွေးချယ်သင့်တာလဲ? 🤷‍♀️

✅ စိတ်ပူစရာမလိုတော့တဲ့ ရေအရည်အသွေး
Salt-AI ရဲ့ AI စနစ်က ရေကို အချိန်နဲ့တပြေးညီစစ်ဆေးပြီး လိုအပ်တဲ့ ကလိုရင်းနဲ့ဆားပမာဏ ကို အလိုအလျောက်တွက်ချက်ထုတ်လုပ်ပေးတဲ့အတွက် လူကြီးမင်းတို့ရဲ့ရေကူးကန်ရေဟာ ဓာတုပစ္စည်းတွေ အများကြီးမသုံးဘဲ အမြဲတမ်း ကြည်လင်သန့်စင်နေပါမယ်။

✅ လျှပ်စစ်/ဓာတုပစ္စည်း စရိတ်များစွာချွေတာနိုင်ခြင်း
AI Energy-Saving စနစ်က စက်ကို လိုအပ်တဲ့အချိန်မှသာ လည်ပတ်စေလို့ မလိုအပ်ဘဲ စက်လည်တာတွေကနေကာကွယ်ပြီး လျှပ်စစ်ဓာတ်အားအများကြီး သက်သာစေပါတယ်။ ဓာတုပစ္စည်း အလွန်အကျွံသုံးတာကိုလည်း လျှော့ချပေးတဲ့အတွက် ကုန်ကျစရိတ်တွေကို ထပ်ချွေတာနိုင်ပါမယ်။

✅ဖုန်းထဲကနေ အားလုံး ထိန်းချုပ်နိုင်ခြင်း
PoolLink App ကိုသုံးပြီး ကမ္ဘာပေါ် ဘယ်နေရာကနေမဆို သင့်ရေကူးကန်ကို ထိန်းချုပ် စောင့်ကြည့်နိုင်ပါတယ်။ ရေပန့်ဖွင့်တာ/ပိတ်တာ၊ မီးဖွင့်တာ/ပိတ်တာ၊ ရေအရည်အသွေးစစ်တာ စတဲ့ အလုပ်အားလုံးကို ဖုန်းထဲကနေ တစ်ချက်နှိပ်ရုံနဲ့ အလွယ်တကူ လုပ်ဆောင်နိုင်ပါမယ်။

Salt-AI ဆိုတာ ရေကူးကန်ကို "ကိုယ်တိုင်ဂရုစိုက်နိုင်တဲ့ Smart Pool" အဖြစ် ပြောင်းလဲပေးမှာဖြစ်လို့ လူကြီးမင်းတို့ရဲ့ အနာဂတ်မှာ စိတ်အေးချမ်းစွာ အနားယူနိုင်ပြီး၊ ရေကန်ထိန်းသိမ်းမှုစရိတ်ကိုပါလျှော့ချချင်တယ်ဆိုရင် J.D.Pool မှာသာရှိနိုင်မယ့် Salt-AI Chlorinatorကို ရွေးချယ်လိုက်ပါနော်🤗

အသေးစိတ်လေ့လာသိရှိလိုပါက 👉 https://www.jdpools.com/salt-ai/

J.D.Pools
THE LEADER OF LUXURY POOL INNOVATION & HEALTHY POOL.
Contact to reserve a pool system, consult, built, design and estimate for free!
🏢ရန်ကုန် Showroom လိပ်စာ - အမှတ်(၂၆၆)၊ ဝေဇယန္တာ လမ်းမကြီး၊( ၃)ရပ်ကွက်၊ (၁၃)လမ်းထိပ်၊တောင်ဥက္ကလာပမြို့နယ်၊ ရန်ကုန်မြို့။
☎️ 09 - 793 491 119, 09 - 778 800 778
🏢 မန္တလေး Showroom လိပ်စာ - အမှတ် ၇၉/၃-၄၃၊ နန်းဦးလွင် ဗီလာ၊ ၃၀ x ၃၃ လမ်းကြား၊ မန္တလေး- ပြင်ဦးလွင်လမ်း၊ ပုသိမ်ကြီးမြို့နယ်၊ မန္တလေးမြို့။
☎️ 09 - 794 414 418
.D.PoolsMyanmar


Want your business to be the top-listed Gym/sports Facility in Yangon?

Click here to claim your Sponsored Listing.

Location

Telephone

Address


No. 266, Waizayandar Road, South Okkalapa Township Yangon
Yangon
11091

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00