ဘောလုံးပွဲများ Update News

ဘောလုံးပွဲများ Update News

Share

မဂၤလာပါ

Photos from ဘောလုံးပွဲများ Update News's post 30/11/2021

ရွှေဘောလုံးဆုမှာ စီရော်နယ်ဒို မက်ဆီကို ပြန်လိုက်ပြအုံးမှာလား..
....

ပြီးခဲ့တဲ့ ၂၀၁၂ ကိုကြည့်လိုက်ရင် မက်ဆီက ရွှေဘောလုံးဆု ၄ ဆု ရထားတဲ့ အချိန်မှာ ရော်နယ်ဒိုကတော့ ၁ ဆုသာ ရထားပါတယ်။

ဒါပေမယ့် ၂၀၁၇ အယောက်မှာတော့ မက်ဆီရော ရော်နယ်ဒိုပါ ဆု ၅ ကြိမ်စီ ရထားတဲ့အထိ စီရော်နယ်ဒို အလုပ်ကြိုးစား ပြခဲ့ပြီး ကမ္ဘာကို အံ့အားသင့်စေခဲ့ပါတယ်။

လက်ရှိအချိန်မှာလည်း မက်ဆီက ရွှေဘောလုံး ၇ ဆုနဲ့ ရော်နယ်ဒိုကို ၂ ဆုတိတိ ဖြတ်ထားပြန်ပါပြီ။
မက်ဆီနဲ့ အမြဲလိုလို သူတင်ကိုယ်တင် ဆုတွေ ယူလေ့ရှိတဲ့ စီရော်နယ်ဒို မက်ဆီကို ဘယ်လို ပြန်လိုက်ပြအုံးမလဲ စိတ်ဝင်စားစရာပါ။
.
ရော်နယ်ဒိုအနေနဲ့ ရွှေဘောလုံးဆုတွေ ထပ်မံ ရဖို့ဆိုရင် လက်ရှိကလပ်ဖြစ်တဲ့ မန်ယူနဲ့ ဆုဖလားတွေ ရယူဖို့ လိုအပ်နေပါတယ်။

ပြည်တွင်းလိဂ်မှာ မန်ယူအသင်း ရုန်းကန်နေရရင်တောင်မှ သူ့အနေနဲ့ သွင်းဂိုးတွေ အဆက်မပြတ် သွင်းပြနေဖို့ လိုအပ်နေပြီး ရှုံးထွက်ပွဲတွေ ဖြစ်တဲ့ ချန်ပီယံလိဂ်မှာလည်း အသင်းကို အနည်းဆုံး ဆီမီးအဆင့်ထိ ဆွဲတင်ပေးဖို့ လိုအပ်သလို ရွှေဖိနပ်ဆုမျိုးလည်း ရယူပြဖို့ လိုအပ်နေပါတယ်။

မန်ယူအသင်းဟာ အခြေအနေ ဆိုးနေပေမယ့် နည်းပြသစ် ရန်းနစ်ရဲ့ လက်ထပ်မှာ အပြောင်းအလဲ တစ်ရပ် ဖြစ်လာရင်တော့ အခြေအနေ တမျိုးတမည် ပြောင်းလဲသွားနိုင်ပါတယ်။ ရန်းနစ်အနေနဲ့ သူ့ကစားကွက်မှာ စီရော်နယ်ဒိုကို နေရာပေးမယ်လို့ မျှော်လင့်ရတာပါပဲ။

နိုင်ငံအသင်းဘက်မှာတော့ ပေါ်တူဂီအသင်းဟာ ကမ္ဘာ့ဖလား ဝင်ခွင့်ရဖို့ တူရကီနဲ့ အီတလီကို ကျော်ဖြတ်ရမှာပါ။

ပွဲကြပ်တွေ ဆိုပေမယ့်လည်း ဒီလို ပွဲကြပ်မျိုးမှာ ခြေစွမ်းပြနိုင်ရင် ပိုမို နာမည်ရလေ့ ရှိတာ ကြောင့် ဒါက စီရော်နယ်ဒိုအတွက် အခွင့်အရေး တစ်ရပ်လို့တောင် မြင်မိတယ်။
.

လက်ရှိအချိန်မှာ စီရော်နယ်ဒိုက အသက် ၃၇ ရှိပြီ ဖြစ်သလို ကစားရတဲ့ အသင်းကလည်း ရီးယဲလ်လို ဂိုးတွေ ထိုင်သွင်းပြီး ဆုဖလာတွေ အာမခံပေးနိုင်တဲ့ အသင်းမဟုတ်ပါဘူး။

လာမယ့်နှစ်တွေမှာဆာလား၊ ဘာပေး၊ ဘင်ဇီမာ၊လီဝန် တို့လို ကစားသမားတွေကလည်း ရွှေဘောလုံးဆု ရဖို့ စိတ်အား ထက်သန်နေကြသလို မက်ဆီကိုယ်တိုင်ကပါ ဒီပြေးလမ်းမှာ ရှိနေဆဲပါ။

ဒါကြောင့် စီရော်နယ်ဒို အနေနဲ့ ပထမ အကြိမ်ကလို မက်ဆီကို ပြန်လိုက်ပြဖို့ဆိုတာ သိပ်တော့ မလွယ်ကူလှပါဘူး။

ဒါပေမယ့် အလုပ်အလွန်ကြိုးစားပြီး အသက် ၄၀ ကျော်အထိ ဘောလုံး ကစားဖို့ ရည်ရွယ်ထားတဲ့ စီရော်နယ်ဒိုကို လျှော့မတွက်ရဲသေးတာတော့ အမှန်ပါပဲ။
.

စိုးနေ့သစ်

လက်စတာနဲ့ ပွဲစဥ်မတိုင်မီ သတင်းကောင်း နှစ်ခုနဲ့ သတင်းဆိုး သုံးခု ပြောပြလိုက်တဲ့ ဆိုးလ်ရှာ 16/10/2021

လက်စတာနဲ့ ပွဲစဥ်မတိုင်မီ သတင်းကောင်း နှစ်ခုနဲ့ သတင်းဆိုး သုံးခု ပြောပြလိုက်တဲ့ ဆိုးလ်ရှား

လက်စတာနဲ့ ပွဲစဥ်မတိုင်မီ သတင်းကောင်း နှစ်ခုနဲ့ သတင်းဆိုး သုံးခု ပြောပြလိုက်တဲ့ ဆိုးလ်ရှာ လက်စတာနဲ့ ပွဲစဥ်မတိုင်မီ သတင်းကောင်း နှစ်ခုနဲ့ သတင်းဆိုး သုံးခု ပြောပြလိုက်တဲ့ ဆိုးလ်ရှား နိုင်ငံ ပွဲစဥ်တွ...

15/10/2021

သူ (စီရော်နယ်ဒို)ဟာ ၂၀၂၁ ရွှေဘောလုံးဆုနဲ့ ထိုက်တန်ပါတယ်။

သူဟာ စံချိန်တွေ တစ်ခုပြီး တစ်ခု ချိုးပြီးရင်း ချိုးနေတဲ့ ကစားသမားလေ။
.
ဆာအဲလက်စ်ဖာဂူဆန်
Crd

Photos from ဘောလုံးပွဲများ Update News's post 14/10/2021



ရန်ပုံငွေပွဲမှာ ဘောလုံးဝင်ကစားခဲ့တဲ့ အာဆင်ဝင်းဂါး

ပြင်သစ် ဘောလုံး ဂန္တဝင်တွေ ၊ အားကစား ကြယ်ပွင့်တွေ နဲ့ ပြင်သစ် သမ္မတ တို့ ပါဝင်တဲ့ အသင်း နဲ့ Poiss Saint-Germain-en-Laye ဆေးရုံက ဆေးဘက်ဆိုင်ရာဝန်ထမ်းတွေ ယှဉ်ပြိုင် ကစားတဲ့ပွဲမှာ အာဆင်နယ် ဂန္တဝင် နည်းပြကြီး အာဆင်ဝင်းဂါး ဟာ နောက်တန်းမှာ ဝင်ရောက် ကစားခဲ့ပါတယ် ။

အဆိုပါ ရန်ပုံငွေပွဲက ရရှိလာတဲ့ ပိုက်ဆံတွေကို အသက်ငယ်ရွယ်တဲ့ လူနာတွေ ဆေးရုံ တက်ရာမှာ အဆင်ပြေအောင် ပြန်အသုံးချ သွားမှာ ဖြစ်တယ်လို့ သိရပါတယ် ။

SM

Photos from ဘောလုံးပွဲများ Update News's post 14/09/2021

ယူအီးအက်ဖ်အေ အဆင့် သတ်မှတ်ချက်မှာ အာဆင်နယ် အသင်းကို ကျော်တက် နိုင်တော့မယ့် တော့တင်ဟမ်

မြောက်လန်ဒန်က အနီလား အဖြူလား ဆိုတဲ့ ဆွေးနွေး ငြင်းခုံမှုတွေဟာ တော့တင်ဟမ် အသင်းဘက်ကို ပိုပြီး အလေးသာ သွားဖို့ ရှိနေပါတယ် ။ အကြောင်းကတော့ တော့တင်ဟမ် အသင်းဟာ ယူအီးအက်ဖ်အေ ကလပ် အသင်း အဆင့် သတ်မှတ်ချက်မှာ အာဆင်နယ် အသင်းကို ကျော်တက် နိုင်တော့မှာကြောင့်ပါ ။

အာဆင်နယ် အသင်းဟာ ပြီးခဲ့တဲ့ ရာသီက အဆင့် ၈ နေရာမှာ ရပ်တည် နိုင်ခဲ့ပြီး နှစ်ပေါင်း ၂၅ နှစ် အတွင်း ပထမဆုံး အကြိမ် ဥရောပ ပြိုင်ပွဲ ကစားခွင့်နဲ့ လွဲချော် ခဲ့ရပါတယ် ။ တော့တင်ဟမ် အသင်းကတော့ အာဆင်နယ် အထက်မှာ ရပ်တည် နိုင်ခဲ့ပြီး ပြိုင်ပွဲ အသစ် ဖြစ်တဲ့ ယူအီးအက်ဖ်အေ ကွန်ဖရန့်လိဂ် ကို ကစားခွင့် ရရှိ ခဲ့ပါတယ် ။

တော့တင်ဟမ် အသင်းဟာ ကွန်ဖရန့်လိဂ် အုပ်စု အဆင့်မှာ ရန်းနက်စ် ၊ ဗွီတက်ဆီ နဲ့ NS Mura တို့နဲ့ ကစားရမှာ ဖြစ်ပြီး ရမှတ်တွေသာ ရယူ နိုင်ပါက ယူအီးအက်ဖ်အေ အဆင့် သတ်မှတ်ချက်မှာ ခါးသီးပြိုင်ဘက် အာဆင်နယ် အသင်းကို ကျော်တက် နိုင်တော့မှာပါ ။

ယူအီးအက်ဖ်​အေ ရဲ့ ကလပ် အသင်း အဆင့်သတ်မှတ်ချက်ဟာ ပြီးခဲ့တဲ့ ၅ နှစ်အတွင်း အသင်းတွေရဲ့ ရလဒ်ပေါ် မူတည်ပြီး တွက်ချက်တာ ဖြစ်ပါတယ် ။ လက်ရှိ အချိန်မှာ အာဆင်နယ် က အဆင့် ၁၂ ၊ စပါး က အဆင့် ၁၃ မှာ ရပ်တည် နေပါတယ် ။

အာဆင်နယ် အသင်းဟာ လက်ရှိမှာ အမှတ် ၈၀ နဲ့ တော့တင်ဟမ် (၇၈ မှတ် ) ကို အသာရနေပေမယ့် အာဆင်နယ် က ဒီရာသီ ဥရောပ ပြိုင်ပွဲ ကစားခွင့် မရတာကြောင့် တော့တင်ဟမ် အသင်း ရဲ့ ကျော်တက်ခြင်းကို ခံရတော့မှာပါ ။

ယူအီးအက်ဖ်အေ ကလပ် အသင်း အဆင့်သတ်မှတ်ချက်မှာ နိုင်ပွဲ တစ်ပွဲ အတွက် အမှတ် ၂ မှတ် ၊ သရေပွဲအတွက် ၁ မှတ် သတ်မှတ်ထားပြီး အဆင့်တစ်ဆင့်ကို ကျော်ဖြတ်နိုင်ပါက bonus အမှတ် ထည့်ပေါင်း ပေးသွားဦးမှာပါ ။

ဒါကြောင့် တော့တင်ဟမ် အသင်းဟာ အာဆင်နယ် အသင်း အထက်မှာ ရပ်တည် နိုင်ဖို့ သေချာသလောက် ရှိနေပါတယ် ။ တော့တင်ဟမ် အသင်းဟာ ၁၉၉၁-၉၂ နောက်ပိုင်း ပထမဆုံးအကြိမ် ယူအီးအက်ဖ်အေ အဆင့် သတ်မှတ်ချက်တွင် အာဆင်နယ် အထက်မှာ ရပ်တည်နိုင်မှာလည်း ဖြစ်ပါတယ် ။

ယူအီးအက်ဖ်အေ ရဲ့ ကလပ် အသင်း အဆင့်သတ်မှတ်ချက်မှာ ထိပ်ဆုံး နေရာမှာ ရှိနေတဲ့ အသင်းကတော့ ဘိုင်ယန်မြူးနစ် အသင်း ဖြစ်ပြီး ၊ သူ့နောက်မှာ မန်စီးတီး ၊ လီဗာပူး ၊ ဘာစီလိုနာ နဲ့ ချဲလ်ဆီး တို့က အစဉ်လိုက် ရှိနေပါတယ် ။

SM

11/09/2021

အစကောင်းခဲ့တဲ့ ဂန္ထ၀င် တစ်ယောက်ရဲ့ အိမ်အပြန်ခရီး..
ယူနိုက်တက် ၄-၁ နယူးကာဆယ်
....

ရွှေဘောလုံးဆု ငါးဆုရှင် စီရော်နယ်ဒိုရဲ့ တစ်ကျော့ပြန် အိုးထရက်ဖို့ဒ်ခရီးကတော့ အလွန်ကောင်းမွန်ခဲ့ပြီ ဖြစ်ပါတယ်။ ၂၅ နှစ်သားတစ်ယောက်လိုကြွက်သား ဖွဲ့စည်းပုံကိုပိုင်ဆိုင်ထားတဲ့ ၃၆ နှစ်အရွယ် ဂန္ထဝင် ဂိုးသွင်းဘုရင်ကြီးဟာ ပွဲဦးထွက်မှာပဲ နယူးကာဆဲလ် အသင်းဘက်ကို သွင်းဂိုး ၂ ဂိုးနဲ့ အတူ ခြေစွမ်းပြ ခဲ့ပါပြီ။

သူ့သွင်းဂိုးတွေကပဲ ယူနိုက်တက်အတွက် ၃ မှတ်နဲ့အတူ အမှတ်ပေးဇယားထိပ်ဆုံးက ဦးဆောင်ခွင့်ကို အာမခံပေးသွားတာပါ။

မန်စီးတီးနဲ့ သတင်းထွက်ခဲ့သေးတဲ့ စီရော်နယ်ဒိုကို ၂၄ နာရီအတွင်း mission impossible ဇာတ်လမ်းဆန်ဆန် ကြားဖြတ် ခေါ်ယူနိုင်ခဲ့တဲ့ ယူနိုက်တက်အတွက်ကတော့ အလွန်ကို အကျိုးရှိတဲ့ မစ်ရှင်တစ်ခု ဖြစ်လာမှာ သေချာနေပါတယ်။

ဂျာစီရောင်းရ ငွေနဲ့တင် သူ့ရဲ့ ပြောင်း‌ရွှေ့စရိတ် ပြန်ရထားတဲ့အပြင် အသင်းရဲ့ ရှယ်ယာတန်ဖိုးတွေလည်း တက်လာခဲ့တာပါ။ ဒါ့အပြင် ကွင်းတွင်း ခြေစွမ်း၊ စိတ်ဓါတ်ပိုင်းနဲ့အတူ စီရော်နယ်ဒိုရဲ့ ပရော်ဖက်ရှင်နယ် ဆန်မှုတွေက အသင်းဖေါ်တွေဆီကိုပါ ကူးဆက်ပြီး အသင်းအောင်မြင်မှုတွေအတွက် ဦးဆောင်မှု ပေးသွားမှာ ဖြစ်ပါတယ်။

စီရော်နယ်ဒိုသာ ဒဏ်ရာ ပြသနာ မရှိရင် ပရိတ်သတ်တွေကတော့ သူ့ရဲ့ သွင်းဂိုးစာရင်းကို ရေတွက်ရင်း ဆုဖလား ရင်ခုန်သံ ဆူညံ အုံးမယ့် ဘောလုံး ရာသီတစ်ခုကို ဖြတ်သန်းဖို့ အသင့်ဖြစ်နေကြပါပြီ။
..

crd..စိုးနေ့သစ်

24/07/2021

နာကျင်မှုပမာဏကို Del ဆိုတဲ့ unit နဲ့ တိုင်းတာလေ့ရှိပါတယ်။

လူခန္ဓာကိုယ်ဟာ နာကျင်မှု 45 del လောက်အထိ ခံနိုင်ရည်ရှိပါတယ်။

ကလေးမွေးနေစဉ်အတွင်း မိခင်တစ်ယောက်ဟာ နာကျင်မှု 57 del လောက် ခံစားရပါတယ်။ ဒါဟာ အရိုးပေါင်း (20) တစ်ပြိုင်တည်း ကျိုးပဲ့တာနဲ့ ညီမျှပါတယ်။

ဘောကို အကန်ခံရရင်တော့ နာကျင်မှုဟာ 9000 del နဲ့အထက် ခံစားရပါတယ်။
ဒါဟာ ကလေး အယောက် 160 မွေးတာနဲ့ တူညီသလို အရိုးပေါင်း (3200) တစ်ချိန်တည်း ကျိုးပဲ့တာနဲ့လည်း ညီမျှပါတယ်။

ဘောလုံးကန်နေတုန်း ဘောကို ဘောလုံးမှန်ဖူးရင်တော့ အကောင်ပါပဲ။ ဘာကောင်လဲဆိုတော့ အက်မင်လို အကောင်ပါ :3

23/07/2021

သရဲနီဂိုးသမားဟောင်းကို အလွတ်နဲ့ ခေါ်ယူဖို့ ချိန်ရွယ်နေတဲ့ ချယ်လ်ဆီး
♦️♦️♦️♦️♦️♦️♦️♦️♦️♦️♦️♦️♦️♦️♦️♦️♦️♦️

ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ ချယ်လ်ဆီးအသင်းဟာ ယခုနှစ် နွေဈေးကွက် အတွင်းမှာ အရန် ဂိုးသမား တဦးကို ခေါ်ယူဖို့ ချိန်ရွယ်နေပြီး လက်ရှိမှာတော့ ပရီးမီးယားလိဂ် ပြိုင်ဘက် မန်ချက်စတာ ယူနိုက်တက်အသင်းနဲ့ လမ်းခွဲထားတဲ့ ဝါရင့် အာဂျင်တီးနား ဂိုးသမား ရိုမဲရိုးကို ခေါ်ယူဖို့ ချိန်ရွယ်နေကြောင်း သိရပါတယ်။

ချယ်လ်ဆီးအသင်းဟာ မန်ဒီ ၊ ကီပါတို့လို လက်စွမ်းကောင်းတဲ့ ဂိုးသမား နှစ်ဦးကို ပိုင်ဆိုင်ထားပေမယ့် အာဖရိကဖလားပြိုင်ပွဲကြောင့် မန်ဒီကို ၁လဝန်းကျင် လက်လွှတ်ရဖို့ ရှိတဲ့ အတွက် အသင်းအတွက် လက်စွမ်း အသင့်အတင့် ရှိတဲ့ အရန်ဂိုးသမား တဦးကို ခေါ်ယူချင်နေတာပါ။

လတ်တလောမှာ ချယ်လ်ဆီးအသင်းဟာ အလွတ် ပြောင်းရွှေ့ကြေးနဲ့ ရရှိမယ့် ဂိုးသမားတွေကို လိုက်လံ ရှာဖွေနေပြီး မကြာသေးမီကမှ မန်ချက်စတာ ယူနိုက်တက်အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးထားတဲ့ ရိုမဲရိုးဟာ သူတို့ရဲ့ ထိပ်သီး ပစ်မှတ်ပဲ ဖြစ်ပါတယ်။

အသက် ၃၄နှစ် အရွယ် အာဂျင်တီးနား ဂိုးသမား ဆာဂျီယို ရိုမဲရိုးဟာ နိုင်ငံတကာ အတွေ့အကြုံ ကြွယ်ဝသလို လက်စွမ်းကောင်းတဲ့ ဂိုးသမား တဦး ဖြစ်ပြီး မန်ချက်စတာ ယူနိုက်တက်အသင်းနဲ့ အက်ဖ်အေဖလား ၊ ယူရိုပါလိဂ်ဖလားတို့ကို အရယူထားနိုင်သူပါ။

ဒါကြောင့်ပဲ ချယ်လ်ဆီးအသင်းဟာ ပရီးမီးယားလိဂ် အတွေ့အကြုံရှိတဲ့ ရိုမဲရိုးကို ခေါ်ယူဖို့ မျက်စိကျနေတာ ဖြစ်ပြီး ရိုမဲရိုးကလည်း ချယ်လ်ဆီးအသင်းကို ပြောင်းရွှေ့ဖို့ စိတ်ဝင်စားနေကြောင်း လန်ဒန်မြို့ အခြေစိုက် သတင်းဌာနတွေက ဆိုပါတယ်။

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Telegraph သတင်းဌာနရဲ့ ဖော်ပြချက်အရ ချယ်လ်ဆီးအသင်းဟာ ရိုမဲရိုးကို မန်ချက်စတာ ယူနိုက်တက်အသင်းမှာ ရရှိခဲ့တဲ့ လစာအတိုင်း ပေးချေဖို့ စဉ်းစားထားကာ ၂နှစ် သက်တမ်း ရှိတဲ့ စာချုပ်တရပ်နဲ့ ကမ်းလှမ်းတော့မယ်လို့ သိရပါတယ်။


ေးစားစွာဖြင့်

31/10/2020

Breaking News:

LOCKDOWN : ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်က ဒုတိယအကြိမ်မြောက်အဖြစ် အင်္ဂလန်ကို ဒီဇင်ဘာ ၂ ရက်နေ့အထိ lockdown ချဖို့ကြေညာလိုက်ပါတယ် ။ lockdown 2 လို့အမည်တွင်ပါတယ် ။ ဘားတွေ ၊ စားသောက်ဆိုင်တွေ ၊ နေ့စဉ်သုံးအရေးပေါ်မဟုတ်တဲ့ အရောင်းဆိုင်တွေအကုန်ပိတ်ရမှာဖြစ်ပေမယ့် ပရီးမီးယားလိဂ်ကိုတော့ ယခုအတိုင်းတံခါးပိတ်ပြီး ဆက်လက်ကျင်းပခွင့်ရမှာဖြစ်ပါတယ် ။

Photos from ဘောလုံးပွဲများ Update News's post 05/10/2020



အာဆင်နယ် ဘက်က ပါတေး ရဲ့ အပြောင်းအရွှေ့ကို တရားဝင် ကြေညာ လိုက်ပါပြီ ။ ပါတေး ဟာ အာဆင်နယ် အသင်းမှာ ကျောနံပါတ် ၁၈ ဝတ်ဆင် ကစားသွားမှာပါ ။

Thomas Teye Partey is a Gunner !!!!!



အက်သလက်တီကို မက်ဒရစ် အသင်းဟာ အာဆင်နယ် ကွင်းလယ်လူ တော်ရီးယားကို ယူရို ၂၅ သန်း နဲ့ အပြီးသတ် ဝယ်ယူခွင့် ပါရှိတဲ့ တစ်ရာသီ အငှား စာချုပ်နဲ့ ခေါ်ယူ လိုက်ပါပြီ ။

05/10/2020

OFFICIAL!

ဥရုဂွေးဝါရင့်တိုက်စစ်မှုး Edinson Cavani အား အလွတ်ပြောင်းရွှေ့ကြေးဖြင့်ခေါ်ယူနိုင်ခဲ့ပြီဖြစ်သည်။ Cavani သည် ယူနိုက်တက်နှင့် [၁နှစ် + ၁နှစ်သက်တမ်းတိုးခွင့်] စာချုပ်တစ်ရပ်ကိုချုပ်ဆိုခဲ့သည်။

Want your business to be the top-listed Gym/sports Facility in Yangon?

Click here to claim your Sponsored Listing.

Location

Category

Website

Address


Yangon