ကျွန်တော်တို့ အာဆင်နယ် ပရိတ်သတ်တွေရဲ့စိတ်ဓာတ်တွေက ဘယ်လိုတွေလဲ။ ကိုယ့်အသင်းကို နိုင်နိုင် ရှုံးရှုံး အမြဲယုံကြည်ပြီး အားပေးနေရမယ့်အစား တစ်ပွဲရှုံးရင် တစ်ခါ ကိုယ့်အသင်းကို ပြောကြ ဆိုကြတာ မြင်လို့ မကောင်းဘူး။ ကိုယ့်အသင်းက စပိန်ဘုရင်ကြီးကို ဖြုတ်လိုက်တော့ ငါအားပေးတဲ့အသင်းက ဘာဖြစ်တယ်၊ ညာဖြစ်တယ်နဲ့ ဂုဏ်ယူနေကြတယ်။ အခု အိမ်ကွင်းမှာရှုံးတယ်၊ ဘာဖြစ်လဲ။ အိမ်ကွင်းမှာ မရှုံးရဘူးလား။ အဝေးကွင်းမှာ ၂ ဂိုး အသာနဲ့ နိုင်ရင် ရပြီလေ။ ကိုယ့်အသင်းက ဒီလိုလုပ်ပြနိုင်လိမ့်မယ်လို့လည်း ယုံကြည်ထားတယ်။ ကိုယ့်အိမ်ကွင်းလောက် အခွင့်အရေးမသာဘူးဆိုတာ လက်ခံတယ်။ ဒါပေမယ့် ကျွန်တော်တို့ ယုံကြည်ပေးရမယ်။ အခြားပရိတ်သတ်တွေထက်စာရင် ကျွန်တော်တို့ ပရိတ်သတ်တွေက အတော် စိတ်ပျက်ဖို့ ကောင်းတယ်။🙂😒
The Gunner News
Arsenal is always in our hearts.
With Arsenal – I just got recognized as one of their top fans! 🎉
16/04/2025
Happy New Year....😛😛
WRITING THE NEXT CHAPTER - TOGETHER 👊
အာဆင်နယ် ညီကိုမောင်နှများ အားလုံးဘဲ ကပ်ဘေးအပေါင်းမှ အမြန်ဆုံး ကျော်လွှားနိုင်ကြပါစေ ဆုတောင်းလိုက်ပါတယ် ခင်ဗျာ။
မကြာခင်မှာ Premier League ပွဲစဥ်တွေပြန်လည်ရောက်ရှိလာတော့မှာ ဖြစ်ပါတယ်။ ကျွန်တော်ကတော့ အရင်လို ကျွန်တော်တို့ ညီကိုမောင်နှတွေနဲ့ ကျွန်တော်တို့အသင်းကြောင်းကို ငြင်းခုံချင်ကြပါသေးတယ် ခင်ဗျာ။ ကျွန်တော်တို့အသင်းဟာ အပြောင်းအရွေ့ကောင်းတွေကို လုပ်ဆောင်ထားပြီ ဖြစ်လို့ အရင်နှစ်တွေထက်ပိုကောင်းလာဖို့ဘဲ ရှိပါတယ်။ အခု ကျွန်တော့်အနေအထားကတော့ ဘောပွဲတောင် မကြည့်နိုင်တဲ့အနေအထား ဖြစ်လို့ အရင်လို သတင်းတွေ မတင်ပေးနိုင်တော့တဲ့အတွက် ဝမ်းနည်းမိတာ အမှန်ပါဘဲ။
ညီကိုမောင်နှအပေါင်း ကပ်ဘေးမှ အမြန်ဆုံး ကျော်လွှားနိုင်ကြပါစေ ခင်ဗျာ။
အားလုံးကို စိတ်မကောင်းစွာနဲ့ပြောပါရစေ ခင်ဗျာ။
ကျွန်တော့်ရဲ့ ဒီ Page လေးဟာအကြောင်းကြောင်းကြောင့်ရပ်နားထားရပါတယ် ခင်ဗျာ။ တစ်ချို့ဆိုသိလောက်ပါတယ် ခင်ဗျာ။ ကျွန်တော်တို့ ညီကိုတွေ မကြာခင်မှာ ပြန်ဆုံနိုင်ဖို့မျှော်လင့်ပါတယ် ခင်ဗျာ။
အားလုံးဘဲ ဘေးကင်းကြပါစေခင်ဗျာ။
#စိတ်မကောင်းစွာဖြင့်
16/05/2024
ယနေ့ မေလ (16) ရက်နေ့မှာတော့ လာမယ့်ရာသီသစ်မှာ ဝတ်ဆင်သွားမယ့် အိမ်ကွင်းဂျာစီကို တရားဝင်မိတ်ဆက်သွားပါတယ်။ ဒီဇိုင်းထွက်ခါစက သိပ်မလှဘူးလို့ ထင်ရပေမယ့် ကိုယ့်ကောင်တွေ ဝတ်ပြတဲ့အခါမှာတော့ တော်တော်မိုက်တာတွေ့ရမှာပါ။
ညီကိုတို့ကော နောက်ရာသီအိမ်ကွင်းဂျာစီကို ဘယ်လိုမြင်ကြလဲဗျ။
အာဆင်နယ်နဲ့ ပတ်သတ်တဲ့သတင်းတွေကို အမြဲတင်ဆက်ပေးနေမှာမလို့ Page လေးကို Like & Follow လေးလုပ်ပေးထားကြပါခင်ဗျာ။
14/05/2024
ယနေ့ မေလ (၁၄) ရက်နေ့ဟာ ရာသီကုန်အသင်းကထွက်ခွာရဖို့ ရာခိုင်နှုန်းများနေတဲ့ Aaron Ramsdale ရဲ့ (26) နှစ်ပြည့်မွေးနေ့လေးဘဲ ဖြစ်ပါတယ်။
Happy Birthday ပါ Ramsdale ရေ...🎉🎂🎉
ငါ့ကောင်ကြီးမွေးနေ့မှစပြီး ရောက်ရှိမယ့်အသင်းနှင့်အတူအောင်မြင်မှုများစွာ ရရှိပါစေကွာ။ ငါ့ကောင် မင်းအသင်းအတွက်အများကြီးပေးဆပ်ထားပြီးပါပြီကွာ။ ခွဲခွာခြင်းဟာ ရင်နာရတယ်ဆိုပေမယ့် ဖြစ်ချင်တာထက် ဖြစ်သင့်တာကို ရွေးချယ်ရတဲ့အခါ နာကျင်ရပါတယ်ကွာ။ Good Luck ပါငါ့ကောင်ကြီးရာ။
အာဆင်နယ်နဲ့ ပတ်သတ်တဲ့သတင်းတွေကို အမြဲတင်ဆက်ပေးနေမှာမလို့ Page လေးကို Like & Follow လေးလုပ်ပေးထားကြပါခင်ဗျာ။
12/05/2024
ဒီရာသီ ကျွန်တော်တို့အသင်းရဲ့ ကြီးငါးကြီးနဲ့တွေ့ဆုံမှု အပြီးမှာတော့ ကျွန်တော်တို့ Arsenal အသင်းဟာ (22) ထိရရှိအောင်စွမ်းဆောင်ထားနိုင်ခဲ့ပါတယ်။ Man City, Liverpool, Spurs, Chelsea တို့ကို အိမ်ကွင်း၊ အဝေးကွင်း မှာစုစုပေါင်းလေးမှတ်စီရယူထားနိုင်ခဲ့ပြီး Manchester United အသင်းကိုတော့ အိမ်ကွင်း၊ အဝေးကွင်း အမှတ်ပြည့်ယူနိုင်ခဲ့ပါတယ်။
Photo Credit to owner
အာဆင်နယ်နဲ့ ပတ်သတ်တဲ့သတင်းတွေကို အမြဲတင်ဆက်ပေးနေမှာမလို့ Page လေးကို Like & Follow လေးလုပ်ပေးထားကြပါခင်ဗျာ။
12/05/2024
ဒီညပွဲစဥ်ရဲ့ အကောင်းဆုံးကစားသမားဆုကို Saliba ကရရှိသွားပါတယ်။ Saliba ဟာ အသင်းကြီးတွေနဲ့ တွေ့ရတဲ့အဝေးကွင်းပွဲစဥ်တိုင်းမှာ Men Of The Match ဆုကိုရရှိထားတာလည်းဖြစ်ပါတယ်။ ဒါဟာ ဒီရာသီမှာ ကျွန်တော်တို့အသင်း ဘာကြောင့်ပေးဂိုးအနည်းဆုံးဖြစ်ရသလဲဆိုတာ ဒီလိုကျောက်ဆောင်ကြီးတွေရှိလို့ပါဘဲ။
Congratulations Saliba...🏆👏👏
Photo Credit to owner
အာဆင်နယ်နဲ့ ပတ်သတ်တဲ့သတင်းတွေကို အမြဲတင်ဆက်ပေးနေမှာမလို့ Page လေးကို Like & Follow လေးလုပ်ပေးထားကြပါခင်ဗျာ။
12/05/2024
ကျွန်တော်တို့ Arsenal အသင်းဟာ ဒီရာသီပွဲစဥ် (37) ပွဲအပြီးမှာ (27) ပွဲထိအနိုင်ရရှိထားပြီး (5) ပွဲသရေ၊ (5) ပွဲရှုံး ဆိုတာတဲ့ စံချိန်ကောင်းကို ပိုင်ဆိုင်ထားနိုင်ပါတယ်။
အာဆင်နယ်နဲ့ ပတ်သတ်တဲ့သတင်းတွေကို အမြဲတင်ဆက်ပေးနေမှာမလို့ Page လေးကို Like & Follow လေးလုပ်ပေးထားကြပါခင်ဗျာ။
12/05/2024
Full Time!
Man U 0-1 Arsenal
ပွဲပြီးဆုံးချိန်မှာတော့ ကျွန်တော်တို့ Arsenal အသင်းဟာ ပြိုင်ဘက်အသင်းကို တစ်ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့ပါတယ်။ တစ်ပွဲလုံးအနေအထားအရတော့ အားရစရာ မရှိပေမယ့် အမှားမခံဘဲ အနိုင်ရလဒ်ကိုတော့ ရအောင်ယူနိုင်ခဲ့ပါတယ်။
အာဆင်နယ်နဲ့ ပတ်သတ်တဲ့သတင်းတွေကို အမြဲတင်ဆက်ပေးနေမှာမလို့ Page လေးကို Like & Follow လေးလုပ်ပေးထားကြပါခင်ဗျာ။
12/05/2024
Half Time!
Man U 0-1 Arsenal
ပထမပိုင်းပြီးဆုံးချိန်မှာတော့ ကျွန်တော်တို့ Arsenal အသင်းဟာ Old Trafford ကွင်းကြီးထဲမှာ Manchester United အသင်းကို တစ်ဂိုး ဂိုးမရှိနဲ့ ဦးဆောင်ထားနိုင်ခဲ့ပါတယ်။ အမှားခံလို့ မရတဲ့အနေအထားမှာ ကိုယ့်ကောင်မမှားအောင် ထိန်းဆော့သွားတာ အဆင်ပြေတယ်ဆိုပေမယ့် အားတော့မရသေးပါဘူး။ ကိုယ့်ကောင်တွေ ပိုလုပ်ပြနိုင်သင့်တယ်လို့ ထင်ပါတယ်။ ဘာပဲပြောပြော ပထမပိုင်းကို အနိုင်နဲ့ ဦးဆောင်ထားနိုင်ပါတယ်။
Come on second half...🏆💪💪
အာဆင်နယ်နဲ့ ပတ်သတ်တဲ့သတင်းတွေကို အမြဲတင်ဆက်ပေးနေမှာမလို့ Page လေးကို Like & Follow လေးလုပ်ပေးထားကြပါခင်ဗျာ။
Click here to claim your Sponsored Listing.
Location
Category
Contact the business
Website
Address
Yangon