21/12/2022
အမြဲတမ်း ပွဲရှာတတ်တဲ့ အာဂျင် ဂိုးသမား မာတီးနက်ဇ် ကတော့ ယနေ့ အောင်ပွဲခံရင်း မြင်တွေ့ရတဲ့ သူ့ရဲ့ အမာခံပရိတ်သတ်နဲ့လည်း အမိအရ selfie လှမ်းဆွဲနေခဲ့ပါတယ် ။
အောင်ပွဲခံတာ ရိုးရိုး မဟုတ်ဘဲ ကလေးငယ်ကို ပြင်သစ်တိုက်စစ်မှူး အမ်ဘာပေရဲ့ မျက်နှာပုံ တပ် ကာ "မငိုပါနဲ့ ကွာ..." လို့ အဓိပ္ပါယ်မျိုးနဲ့ ခနဲ့ နေခဲ့သလို ခုလည်း ဂိုးပေါက် ၊ သူ့ဂျာစီနဲ့ ဖန်တစ်ယောက် တွေ့ရာမှာလည်း အလွတ်မခံခဲ့ပြန်ပါဘူး ။
21/12/2022
𝗗𝗼 𝗬𝗼𝘂 𝗞𝗻𝗼𝘄 ?
အာဂျင်တီးနား တို့ဟာ နည်းပြ ဖြစ်သူ လီယွန်နယ်စကာလိုနီကို ယာယီနည်းပြအဖြစ်သာ စတင်ခန့်ထားခဲ့ပြီး ၂ ပွဲသာ ကိုင်တွယ်ဖို့ ခန့်အပ်ခဲ့တာ ဖြစ်ပါတယ်။
ဒါပေမယ့် သူ့ရဲ့ တွေးဆပုံ နဲ့ လုပ်ရည်ကိုင်ရည် ကြောင့် အာဂျင်တီးနား ဘောလုံးအဖွဲ့ချုပ် က နှစ်သက်သဘောကျ ခဲ့ပြီးနောက် အတည်အဖြစ် ဆက်လက်ခန့်ထားခဲ့ရာ ခုဆို အာဂျင်တီးနားသမိုင်းမှာ ကိုပါအမေရိကရော ကမ္ဘာ့ဖလားပါ ရယူပေးနိုင်တဲ့ ပထမဆုံးနည်းပြအဖြစ်တောင် မှတ်တမ်းဝင်ခဲ့ပြီ ဖြစ်ပါတယ် ။
New Myanmar
21/12/2022
ရာဖေးလ်လီယာအို အပေါ် အေစီမီလန် အသင်း မန်နေဂျာ ပီအိုလီ ရဲ့ မှတ်ချက်
" သူ့(လီယာအို)ကို အေစီမှာပဲ ဆက်နေပြီး အသင်းနဲ့ စာချုပ်သစ် ချုပ်ဖို့ အကြံပြုထားပါတယ် ။ ကျွန်တော့်အမြင် သူ အေစီမှာ တော်တော် ပျော်ရွှင်နေပါတယ် ...
ပြီးတော့ သူဟာ ဒီမှာပဲ ဆက်ရှိပြီး ပိုတိုးတက်အောင် ကြိုးစားအုံးမယ် ထင်ပါတယ် ။ လက်ရှိ အေစီရဲ့ အစုအဖွဲ့ကို သူလည်း သဘောကျတာကြောင့် တခြား ဘယ်အသင်းကိုမှ ပြောင်းရွှေ့မှာ မဟုတ်ပါဘူး... " လို့ ချဲလ်ဆီး နဲ့ ထွက်ပေါ်နေတဲ့ အပြောင်းအရွှေ့သတင်းများကို Sky Sport ကနေ တဆင့် ငြင်းဆို လိုက်ပြီ ဖြစ်ပါတယ် ။
21/12/2022
ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် ဖီဖာက ယခုနောက်ဆုံး Update အဖြစ် ကမ္ဘာ့အဆင့်သတ်မှတ်ချက်များ ထုတ်ပြန်ခဲ့ရာ လောလောလတ်လတ် ကမ္ဘာ့ချန်ပီယံ အာဂျင်တီးနား ကို ကျော်ဖြတ်ကာ ဘရာဇီးလ် ကပဲ အဆင့် ၁ နေရာကို ရပ်တည်ထားပါတယ်။
(၁) ဘရာဇီး 🇧🇷
(၂) အာဂျင့်တီးနား 🇦🇷
(၃) ပြင်သစ် 🇫🇷
(၄) ဘယ်လ်ဂျီယမ် 🇧🇪
(၅) အင်္ဂလန် 🏴
(၆) နယ်သာလန် 🇳🇱
(၇) ခရိုအေးရှား 🇭🇷
(၈) အီတလီ 🇮🇹
(၉) ပေါ်တူဂီ 🇵🇹
(၁၀) စပိန် 🇪🇸
21/12/2022
ဗြူနိုအေးရိစ်မြို့မှာ ကမ္ဘာ့ချန်ပီယံ အာဂျင်တီးနား အသင်းကိုတော့ လူပေါင်း ၄ သန်းလောက်အထိ ကြိုဆိုနေကြပါတယ် ။ ကြောက်စရာ လူပင်လယ်ကြီးထဲမှာ အသင်းသားတွေ အနေနဲ့လည်း အချိန် ဘယ်လောက်ကြာ မှ ပြန်ထွက်နိုင်မလဲ ခက်ခဲလာတာကြောင့် တာဝန်ရှိသူတွေကတော့ ကစားသမားတွေကို ဟက်ရီကော်ပတာ နဲ့ ဝေဟင်ကနေ ခေါ်ထုတ်သွားခဲ့ကြောင်းသိရပါတယ် ။
21/12/2022
" ကမ္ဘာ့ဖလား ပြိုင်ပွဲတွေထဲမှာ ကျွန်မ မကြည့်ချင်ဆုံး လို့ ထင်ခဲ့ပေမယ့် ပွဲကောင်းတစ်ပွဲ ဆိုတာတော့ လက်ခံရပါမယ် ။ တကယ်လည်း အကြိတ်အနယ် ရှိခဲ့ပြီး အာဂျင်တီးနား တို့ ထိုက်တန်ပါတယ် ။ သူတို့ အတွက်လည်း ဂုဏ်ယူမိပါတယ် "
ရော်နယ်ဒို ရဲ့ အမဖြစ်သူ ကတ်တီရာအဗီရို ဖြစ်ပြီး အမြဲ ရော်နယ်ဒို ကိုပဲ အကောင်းပြောတတ်တဲ့ သူမ ဟာ ခုတော့ အာဂျင်တီးနား ကို အမှန်တကယ်ပဲ ဂုဏ်ပြု ချီးကျူး စကား ဆိုသွားခဲ့ပါတယ်။
21/12/2022
ကမ္ဘာ့ချန်ပီယံ အာဂျင်တီးနား အသင်းရဲ့ ဖလားပြ အောင်ပွဲခံ ပုံရိပ်များ
Buenos Aires မြို့လယ်ခေါင်ကို ပရိသတ် ၄ သန်းလောက် လာရောက် အားပေးခဲ့ကြတယ်လို့ ဆိုပါတယ် ။
13/12/2021
OFFICIAL
UCL (16)သင်းအဆင့်မဲခွဲရလဒ်
13/12/2021
Official UEFA Draw
-----
Manchester Unitedဟာ Champion League16သင်း အဆင့်ရှံးထွက်ပွဲစဉ်အဖြစ် Ligue 1ထိပ်သီးကလပ်ဖြစ်သော Paris Saint-Germain(PSG) အသင်းနှင့်ယှဉ်ပြိုင်ရမည်ဖြစ်ကြောင်းသိရသည်။
10/12/2021
EPL NEWS
လာမယ့် ဇန်နဝါရီမှာ အာဆင်နယ် လူငယ် ကြယ်ပွင့်ဟာ အသင်းကနေ ထွက်ခွာမှာ ဖြစ်ကြောင်း အတည်ပြု ပေးလိုက်တဲ့ မာတီဆက်ကာ
December 10, 2021 - by Editor
အာဆင်နယ် အသင်းရဲ့ အကယ်ဒမီ နည်းပြ မာတီဆက်ကာ က လာမယ့် ဇန်နဝါရီ အပြောင်းအရွှေ့ကာလမှာ လူငယ် တိုက်စစ်မှူး ဘာလိုဂန် ဟာ အငှားထွက်ခွာဖို့ ရှိနေကြောင်း အတည်ပြု ပြောကြား သွားခဲ့ပါတယ် ။
အာဆင်နယ် အသင်းဟာ လာမယ့် ဇန်နဝါရီ အပြောင်းအရွှေ့ကာလမှာ လူငယ် တိုက်စစ်မှူး ဘာလိုဂန် ကို ရာသီကုန်အထိ အငှားချထားဖို့ ဆုံးဖြတ်ချက် ချလိုက်ပြီ လို့ The Athletic က ဖော်ပြ ခဲ့ပြီးနောက် မာတီဆက်ကာ ကပါ အတည်ပြု ပေးလိုက်တာပါ ။
မာတီဆက်ကာ က ပရိသတ်တွေနဲ့ တွေ့ဆုံပွဲ တစ်ခုမှာ ” လက်ရှိမှာ အသင်းကနေ အငှားထွက်ကစားဖို့ အနီးစပ်ဆုံး အနေအထားမှာ ရှိနေသူကတော့ ဘာလိုဂန် ပါ ။ သူက အသင်းကြီး ရဲ့အဝတ်လဲခန်း အတွင်းမှာ ရှိနေခွင့် ရပေမယ့် ယူ၂၃ အသင်းအတွက်ပဲ ကစားနေရသလို ဖြစ်နေပါတယ် ၊ ဒါကြောင့် ဇန်နဝါရီမှာ အငှားထွက် ကစားဖို့က ဖြစ်နိုင်ချေ များပါတယ် ။ ”
” သူ့အတွက် ကစားသမား ဘဝ နောက်တစ်ဆင့် တက်လှမ်းဖို့ရာ ကိုယ့်ရဲ့ အစွမ်းအစကို ဖော်ထုတ်ပြသခွင့်ရမယ့် နေရာမျိုး လိုအပ်ပါတယ် ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။
အသက် ၂၀ အရွယ် လူငယ် တိုက်စစ်မှူးကို ခေါ်ချင်နေကြတဲ့ အသင်းတွေ အများအပြား ရှိနေပြီး ဘာလိုဂန် ကတော့ ဘယ်အသင်းကို ပြောင်းရမလဲ ဆိုတာ ဆုံးဖြတ်ချက် မချရသေးပါဘူး ။ အာဆင်နယ် အသင်းကတော့ ကစားသမားရဲ့ တိုးတက်မှု အတွက် အကောင်းဆုံး ဖြစ်မယ့် အသင်းကို ဆွေးနွေး ရွေးချယ် သွားမှာဖြစ်တယ်လို့ သိရပါတယ် ။
ဒါပေမယ့် လာကာဇက် နဲ့ အန်ခီးတီးယား တို့ရဲ့ အခြေအနေကြောင့် ဘာလိုဂန် ကို အငှားချမယ့် အစီအစဉ်ဟာ ရာနှုန်းပြည့် ရှင်းလင်း သေချာမှုတော့ မရှိသေးပါဘူး ။ လာကာဇက် နဲ့ အန်ခီးတီးယား တို့ဟာ ရာသီကုန်မှာ အာဆင်နယ် အသင်း နဲ့ စာချုပ် သက်တမ်း ကုန်ဆုံးတော့မယ့်သူတွေ ဖြစ်ပါတယ် ။
အာဆင်နယ် အသင်း အနေနဲ့ လာကာဇက် နဲ့ အန်ခီးတီးယား တို့ကိုသာ ဇန်နဝါရီ မှာ ရောင်းချ ဖြစ်ပါက ဘာလိုဂန် ကို အသင်းမှာ ဆက်ထားသွားဖို့ ရှိနေပါတယ် ။ ဒါ့အပြင် ဇန်နဝါရီမှာ အူဘာမီယန်း ဟာ ဂါဘွန်နဲ့အတူ အာဖရိက နိုင်ငံများ ဖလား သွားကစားသွားရဖို့ ရှိနေတာကြောင့်ပါ ။
အခြေအနေတွေ အပေါ် မူတည်ပြီး ပြောင်းလဲသွားဖို့ ရှိနေပေမယ့် အာဆင်နယ် အသင်းကတော့ ဘာလိုဂန် ကို အငှား ချဖို့ ရည်မှန်းချက် ထားရှိ ထားပါတယ် ။ အာဆင်နယ် အသင်းဟာ ပြီးခဲ့တဲ့ နွေရာသီမှာ အသင်းရဲ့ အနာဂတ်အတွက် ရည်ရွယ်တဲ့ အနေနဲ့ဘာလိုဂန် ကို ၂၀၂၅ ခုနှစ် အထိ စာချုပ် သက်တမ်း တိုးထားခဲ့ပါတယ် ။
အင်္ဂလန် ယူ၂၁ လက်ရွေးစင် ဘာလိုဂန် ဟာ ဒီရာသီဘရန့်ဖိုဒ့် နဲ့ ပရီးမီးယားလိဂ် ပွဲမှာ အာဆင်နယ် အတွက် ပွဲထွက် ကစားခဲ့ပြီး နောက်ပိုင်း ပထမ အသင်းကြီး အတွက် နှစ်ကြိမ်သာ ကစားခွင့် ရထား ပါတယ် ။
ဘာလိုဂန် ဟာ ဒီရာသီမှာ အာဆင်နယ် ယူ၂၃ အသင်းကို အသင်း ခေါင်းဆောင် အဖြစ် ဦးဆောင် ကစားနေသူ ဖြစ်ပြီး ပြိုင်ပွဲစုံ ၁၂ ပွဲ ကစားကာ သွင်းဂိုး ၁၆ ဂိုး အထိ သွင်းယူ ထားကာ အထင်ကြီးစရာ ဂိုးသွင်းစွမ်းရည်ကို ပြသ ထားပါတယ် ။