06/10/2024
ချစ်သားမောင်သို့ သိစေဘို့….
စစ်သားတွေထဲမှာလည်း လူကောင်းတွေရှိတယ် ဆိုတာ လေး ကို သာဓက ပြချင်ပါတယ်...
ဆရာတို့ အဖေဟာ ဆရာတို့ကို ရိုးရိုးသားသားကြိုးစားဘို့ မတော်လောဘ မရှိဘို့ သူများ ကို အနိုင်မကျင့်ဘို့ ပြော ဆိုဆုံးမတတ်သလို ကိုယ်တိုင် လည်း အမြဲတန်းနှိမ့်ချနေ တတ်ပါတယ်...
ဆရာ့ရဲ့အဖေအကြောင်းကို ကိုမြတ်ဟိန်းက သူ့သမီး ထံ ပေးစာထဲမှာ ရေးထားတာလေး အများသိရအောင် သူ့မူရင်းအတိုင်း ပြန်တင်ပေး လိုက်ပါရစေ...
ဒါကိုကြည့်ရင် ဆရာဘာ့ကြောင့် humble ဖြစ် နှိမ့်ချစွာ နေတတ်တာလည်းဆိုတာ သဘောပေါက်မှာပါ...
(လက်ရှိရော တပ်မတော် ထဲမှာ ရိုးရိုးသားသားကြိုးစားလို့ လောဘအတ္တနည်းပြီး ပြည်သူတွေကို ကိုယ်ချင်းစာတရား နဲ့ အညီ စောင့်ရှောက်မဲ့ ဗိုလ်ချူပ်တွေရှိနိုင်ပါသေးတယ်လို့ မျှော်လင့် မိပါတယ်)
သမီးတို့သိဖို့... (၁၇) (credit ကိုမြတ်ဟိန်း၏ ပေးစာ)
သမီးရေ...
အခုတစ်လော FB ပေါ်မှာ တွေ့နေရတဲ့ ဦးးနေစိုးမောင် အကြောင်းလေးတွေ နဲ့ သူပုံလေး တွေတွေ့ရတော့ ငယ်ငယ် က ကြားခဲ့ဖူးတဲ့ သူ့ဖေဖေအန်ကယ်တင်စိန် အကြောင်း လေး သမီးကိုပြန်ပြောချင်နေမိတယ်။
သမီးရေ...
အန်ကယ်တင်စိန်က ၁၉၂၇ နှစ်မှာ မွေးတာဆိုတော့ သမီးဘိုးဘိုး ထက် ၁နှစ်ပဲကြီးတာပေါ့။ ဒါပေမဲ့ သူက အခုအချိန် အထိ ကျန်းကျန်းမာမာ ရှိနေတုံးပဲ။
သူက ၁၉၇၉ ခုနှစ်ထဲကဗိုလ်ချုပ်ရာထူးဖြစ်နေပြီ။
အဲဒီခေတ်ကဗိုလ်ချုပ် ရာထူး ဆိုတာလက်ချိုးရေလို့ ရတယ် သမီး။
သူက ပြည်သူ့ရဲဘော် ဘဝကနေ တိုင်းမှူးအထိ တာဝန်ထမ်း ဆောင်ခဲ့သလို တပ်မတော် ကာကွယ်ရေးဝန်ကြီး ဋ္ဌာန မှာလည်းဒုဝန်ကြီး အထိတာဝန်ထမ်းဆောင် ခဲ့ဘူးတယ်သမီး။
နောက်တစ်ခါ အရပ်ဖက်မှာလည်း ပထမဆုံးဖွဲ့စည်းတဲ့ မွေးမြူရေးနဲ့ ရေလုပ်ငန်းဝန်ကြီးဌာန မှာ ပထမဆုံး ဝန်ကြီးအဖြစ် တာဝန်ယူခဲ့သေး တယ်သမီး။ ၁၉၈၃ ခုနှစ် ကျမှ သမီးရဲ့ ဘိုးဘိုးရဲ့ ကိစ္စတွေနဲ့ပတ်သက်လို့ အငြိမ်းစားယူခဲ့ရပြီး သံအမတ်ကြီး အဖြစ်တာဝန်ထမ်းဆောင်ခဲ့သေးတယ် ။
သမီးရေ...
သမီးကိုပြောပြချင်တာ သူ ဗိုလ်ချုပ်ဘဝ ကဖေဖေကြား ခဲ့ဘူးတဲ့ အဖြစ်အပျက်လေးပေါ့။
ဒီလိုသမီးရဲ့... တစ်ရက် စစ်ဆေးရုံမှာ သူ့ကျန်းမာရေးအတွက် ပြသဖို့လို့တော့ ရိုးရိုး စစ်သားတစ်ယောက် လိုတန်းစီ ပြီးသွားပြသတဲ့...
သူ့အလှည့်ရောက်တော့ တာဝန်ကျသူနာပြု အမျိုးသမီး က ဆေးစာအုပ်မှတ်တမ်းအတွက် သူ့ကို မေးပါတယ်...
နာမည် ဘယ်လိုခေါ်လဲပေါ့၊
. အန်ကယ်ကလည်း "ကျွန်တော်တင်စိန်ပါ" လို့ပြန်ဖြေပါ တယ်တဲ့။
ဆက်ပြီးတော့ ရာထူးမေးပြန်ရော...
.အန်ကယ် က "ကျွန်တော်ဗိုလ်ချုပ် ပါ" လို့ပြန်ဖြေတော့ သူနာပြုအမျိုးသမီးလည်း မျက်လုံးပြူးပြီး လန့်သွားရှာ တယ်လို့ ဖေဖေကြားဖူးလိုက်တယ်။
.တကယ်တော့တပ်မတော်မှာ အန်ကယ်တို့လိုမျိုးရိုးသား တဲ့ စစ်သားကောင်းတွေ အများကြီးရှိပါတယ်သမီး။
.အဖွဲ့အစည်းတိုင်းမှာတော့ ကောင်းတဲ့သူရော၊ ဆိုးတဲ့သူ ပါရှိပါတယ်သမီး။
သမီးရေ....
သူတို့ရဲ့ ဘဝတစ်လျှောက်လုံးမှာလည်းဘိုးဘိုးတို့လို အန်ကယ်တင်စိန် တို့လို တိုင်းပြည် အတွက်ပဲ ပေးဆပ်ခဲ့ ကြတဲ့ စစ်သားကောင်း စစ်သည်ကောင်း တွေကိုတော့
ဖေဖေက လေးစားလို့မဆုံးပါဘူးသမီးရေ...
(Credit: Myat Hein)
01/10/2024
စိတ်ရောကိုယ်ပါ ကျန်းမာကြံ့ခိုင်ဘို့ training ဆင်းကြစို့...
COVID ကာလအလွန် 1st October 2022 တွင် training ပြန်လည်စတင်ခဲ့ရာ ယခု Two year Anniversary အဖြစ် ပြန်လည် မျှဝေလိုက်ပါသည်။ နှစ်နှစ်အတွင်းခြေလျင်တောင်တင်ခရီးစဉ် ၁၃ခုကိုစီစဉ် တက်ရောက် အောင်မြင်ခဲ့ ကြပါသည်။
မြန်မာနိုင်ငံ ခြေလျင်နှင့် တောင်တက်အဖွဲ့ချုပ်မှ ယခုလို အကျဥ်းအကြပ်ကာလတွင် လူအများစိတ်ဓာတ်ကြံ့ခိုင်ပြီး ကိုယ် ကာယကျန်းမာ သန်စွမ်းစေရန့် ရည်ရွယ်၍ ပွင့်လင်းရာသီအစ training များကို ယနေ့စတင်ရာ အဖွဲ့ဝင်သစ်များစွာ လိုက်ပါကြသဖြင့် စိတ်ဝင်စားသူများလှပါသည်
အပတ်စဉ် စနေ တနင်္ဂနွေ နေ့များတွင် training များပြုလုပ်မည်ဖြစ်ရာ စိတ်ဝင်စား လိုက်ပါလိုသူများ နောက်ရက် များ training လိုက်ပါဆင်းနိုင်ကြပါသည်….
အသက်အရွယ် ကန့်သတ်ချက်မရှိပါ။ ကျန်းမာရေးကောင်း မွန်သူမည်သူမဆိုပါဝင်နိုင်ပါသည်။ ယနေ့ Training တွင် အသက်ငါးထိပ်စီး ခြောက်ထိပ်စီးများလည်းပါဝင်ကြရာ အလွန်အားရဘို့ကောင်း လှပါသည်…
မြန်မာနိုင်ငံ ခြေလျင်နှင့်တောင်တက် အဖွဲ့ချုပ်
31/08/2024
မိတ်ဆွေများအားလုံး မင်္ဂလာပါ
MHMF training day 31.8.2024
၂၀၂၄ ဩဂုတ်လ နောက်ဆုံးပတ် Myanmar Hiking and Mountaineering Federation ရဲ့ training ကတော့ ကန်တော်ကြီးမှာ လူစုပြီး ရွှေတိဂုံဘုရားကို အရှေ့ဘက် စောင်းတန်းမှ တက်ရောက်ဖူးမျေီာ်ခဲ့ကြပါတယ်။
အနောက်ဘက်စောင်းတန်းမှ ဆင်းပြီး ပြည်သူ့ဥယာဉ် အတွင်းက Morning Starမှာ မနက်စာစားပြီး သွေးဆေးကန် ဘက်ကနေ ကန်တော်ကြီးကို ချီတက်ခဲ့ကြပါတယ်။
05/06/2024
Still going strong
Happy Healthy Active Aging
ငယ်ငယ်တုံးကတော့ အသက်၆၀ ကျော်ရင် တောင်တက်ခရီး တွေလိုက်ပြီး တောင်မတက်နိုင်တော့ဘူးထင်ခဲ့မိတယ်
ဒါပေမဲ့ အခုအသက်၆၈နှစ်ထဲဝင်လာပေမဲ့ တောင်တက်ခရီး တွေကို ပါဝင်ပြီး ဦးဆောင်တက်ရောက်နိုင်တုံးမို့ ကျေနပ် ဝမ်းသာ ပီတိဖြစ်မိပါတယ်။
(ပုံတွေကတော့ ၂၀၂၄မေလမှာ တက်ရောက်ခဲ့တဲ့ မဲနယ် တောင် ခရီးစဉ်မှပုံများဖြစ်ပါတယ်)
စိတ်ဝင်စားလျင် ဖုံး ၀၉၇၅၈၀၃၅၉၉၇ ကိုဆက်သွယ်ပါ
15/02/2024
တောင်တက်အဖွဲ့၏ ကာလဒါန အလှူ…..
၂၀၂၄ ဖေဖော်ဝါရီ ၁၀ရက်နေ့တွင် ရှမ်းပြည်နယ် ဟိုပုန်းမြို့နယ်ရှိ ပေ၈၂၀၀ အမြင့်ရှိ လွယ်မှိုင်းတောင်ထိပ်သို့ မြန်မာနိုင်ငံခြေလျင် နှင့်တောင်တက်အဖွဲ့ချုပ်အဖွဲ့ဝင်၅၀ဦး တက်ရောက်နိုင် ခဲ့ပြီး တောင်ထိပ်တွင် စခန်းချညအိပ်ခဲ့ပါသည်။ တောင်ထိပ်တွင် ဆရာတော်မှ တောင်တက်အဖွဲ့သားများကို စခန်းချတည်းခိုခွင့်ပြုပြီး ထင်းများနှင့် မီးဖိုချောင်ကို ပေးသုံးရုံမက မီးစက်ပါနှိုးပေးခဲ့သဖြင့် ကျေးဇူး ကြီးလှပါသည်။
ပေ၈၂၀၀ အမြင့်တောင်ထိပ်တွင်တစ်းပါးတည်းသီတင်းသုံး နေသော ပအိုဝ့်ဘုန်းကြီးကို ကြည်ညိုလှသဖြင့် တောင်တက်အဖွဲ့သားများမှ စုပေါင်း ဝတ္ထုကပ်ခဲ့ပါသည်။
ဆရာတော်မှ ပအိုဝ့်လို ဆုတောင်းပေးခဲ့ရာ မြန်မာလိုတစ်ဦး မှ ဘာသာပြန်ပေးခဲ့ပါသည်။
မြန်မာပြည်ကြီး အေးချမ်းသာယာပြီး တောင်တက်အဖွဲ့သားများနှင့် ပြည်သူအပေါင်း ဘေးအန္တရာယ်ကင်းစေကြောင်း ဆုပေးခဲ့ပါသည်။
15/02/2024
A 68 year old hiker at the summit of Mt. Loi Mai 8200ft, Ho Pong, Southern Shan State on 11.2.2024
ရှမ်းပြည်တောင်ပိုင်း ဟိုပုံးမြို့နယ်ရှိ လွယ်မှိုင်းတောင် (ပေ၈၂၀၀)အမြင့်သို့ အသက်၆၈နှစ်သား လူငယ် တောင်တက် သမား ရောက်ရှိစဉ်…..
15/02/2024
ချစ်သော ပင်လောင်း……
မြန်မာနိုင်ငံ ခြေလျင်နှင့် တောင်တက်အဖွဲ့ချုပ်၏ ၂၀၂၄ ဖေဖော်ဝါရီလ ခရီးစဉ်ဖြစ်သော လွယ်မိုင်းတောင်တက်ပြီး ခရီးအပြန်တွင် ပင်လောင်းမြို့ကိုလည်း ၁၁/၁၂.၂.၂၄ ရက်များတွင် ဝင်ရောက် လည်ပတ်ခဲ့ပါသည်။
၁၂.၂.၂၄ ပြည်ထောင်စုနေ့တွင် ပင်လောင်းမြို့ကို အပေါ် စီးမြင်ရ သော တောင်ထိပ်ကို တက်ရောက်ခဲ့ကြပါသည်။ တောင်ထိပ်သို့ လိုက်ပို့ သော ကိုချမ်းမြေ့ဇော်အား ကျေးဇူး တင်ပါသည်။
05/12/2023
A 68year old hiker at the summit of Mt.Poppa(4981ft)
အသက်၆၈နှစ်ထဲဝင်ရောက်လာတဲ့ ကျွန်တော်ကမြန်မာနိုင်ငံ အလယ်ပိုင်းမှာ အမြင့်ဆုံးဖြစ်တဲ့ ပုပ္ပားတောင် မကြီး (ပေ၄၉၈၁) ကို မြန်မာ သက္ကရာဇ်၁၃၈၅ခု တန်ဆောင် မုန်း လဆန်း၁၄ရက်နဲ့ ၁၅ရက် (2023 November 25,26) မှာအောင်မြင်စွာ တက်ရောက်ခဲ့ပါတယ်…
နောက်ခံကောင်းကင်မှာ ထွန်းလင်းတော့မဲ့ လပြည့်ဝန်း ကြီးကို တွေမြင်နိုင်ပါတယ်….
ကျန်းမာရေးကောင်းပြီး စိတ်ဝင်စားသူများအနေနဲ့ ဆရာတို့ အဖွဲ့ MHMF ကိုဆက်သွယ်ပြီး ပါဝင်ကာ တောင်များကို တက်ရောက်နိုင်ပါတယ်….
ဆက်သွယ်ရန် ဖုံး (၀၉၇၅၈၀၃၅၉၉၇)
Prof Dr Nay Soe Maung
Myanmar Hiking and Mountaineering Federation
03/12/2023
ဆေးပေါင်းခတဲ့ည
ထိန်ထိန်သာတဲ့ တန်ဆောင်မုန်း လပြည့်ည….
ပေပေါင်း ၄၉၈၁ ပေမြင့်သည့် ပုပ္ပားတောင်မကြီးပေါ်တွင် ၁၃၈၅ခု တန်ဆောင်မုန်းလဆန်း ၁၄၊ ၁၅ ရက် ၂၀၂၃ခု နိုဝင်္ဘာ ၂၆. ၂၇ ရက်များက မြန်မာနိုင်ငံ ခြေလျင်တောင်တက် အဖွဲ့ဝင်များ တောင်တက် စခန်းချပြုလုပ်ခဲ့စဉ်….
မြို့ပေါ်မှာမမြင်ရနိုင်တဲ့ ထိန်ထိန်သာတဲ့ လရောင်ကို မြင် တွေ့ရလို့ တောင်ပေါ်စခန်းချတဲ့ အရသာကို အပြည့်အဝ ခံစား ရပါတယ်….
ရသီဥတုက အရမ်းအေးပေမဲ့ ဒါကလည်း တော င်ပေါ်စခန်းချ ညကလေးရဲ့ အရသာပါ…
Dr Nay Soe Maung
Myanmar Hiking and Mountaineering Federation
29/11/2023
Happy, Healthy and Active Aging
ပျော်ရွှင် ကျန်းမာ တက်ကြွ လူကြီးဘဝ…..
သီတင်းကျွတ်လပြည့်နေ့က မြန်မာနိုင်ငံ ခြေလျင်တောင်တက် အဖွဲ့ချုပ် အဖွဲ့ဝင်များက ရှမ်းပြည်နယ် ဟိုပုံးမြို့နယ်ရှိ ပေပေါင်း၈၂၅၀ အမြင့်ရှိ လွိုင်မိုင်းတောင်ထိပ်ကို တက်ရောက်ခဲ့ရာ အဖွဲ့ဝင် ၄၄ဦးတွင် အသက်၆၀ အထက် အဖွဲ့ဝင် ၅ဦးလည်း အောင်မြင်စွာတက်ရောက်ခဲ့ပါတယ်…..
အသက်ကြီးပေမဲ့ မပျက်စီးသေးသူများ….
၁။ ဒေါက်တာနေစိုးမောင် ၆၇ နှစ်
၂။ ဒေါ်ပြုံးပြုံးငယ်။ ၆၆နှစ်
၃။ ဦးသိန်းဝင်း။ ၆၅နှစ်
၄။ ဒေါ်ဖြူဖြူရွှေထွန်း။ ၆၂နှစ်
၅။ ဒေါ်သီတာလွင်။ ၆၂နှစ်
အသက်ကြီးသော်လည်း ကျန်းမာရေးကောင်းမွန်ပြီး ခြေလျင် တောင်တက်ကို ဝါသနာပါတဲ့ မြန်မာပြည်သူများကိုလည်း ပူးပေါင်းပါဝင်ဘို့ ဖိတ်ခေါ်အပ်ပါတယ်…..
Prof. Dr. Nay Soe Maung
Exercise is Medicine Task Force
Myanmar Hiking and Mountaineering Federation
29/11/2023
A 68year old hiker at the summit of Mt.Poppa(4981ft)
အသက်၆၈နှစ်ထဲဝင်ရောက်လာတဲ့ ကျွန်တော်ကအသက် တွေကို ပြက္ခဒိန်ထဲထားခဲ့ပြီး ဇရာကိုအံတုလို့ မြန်မာနိုင်ငံ အလယ်ပိုင်းမှာ အမြင့်ဆုံးဖြစ်တဲ့ ပုပ္ပားတောင် မကြီး (ပေ၄၉၈၁) ကို အဖွဲ့ဝင်၄၈ ဦးကိုဦးဆောင်ကာ မြန်မာ သက္ကရာဇ်၁၃၈၅ခု တန်ဆောင်မုန်း လဆန်း၁၄ရက်နဲ့ ၁၅ရက် (2023 November 25,26 2023)မှာအောင်မြင်စွာ တက်ရောက်ခဲ့ပါတယ်…
နောက်ခံကောင်းကင်မှာ ထွန်းလင်းတော့မဲ့ လပြည့်ဝန်း ကြီးကို တွေမြင်နိုင်ပါတယ်….
အသက်ကြီးပေမဲ့ မပျက်စီးသေးပါ ခင်ဗျား….