TTA Myanmar -korea Delivery Service

TTA Myanmar -korea Delivery Service

Share

မြန်မာမှ ကိုးရီးယားနိုင်ငံသို့ ပါဆယ်များကိုဈေးနူန်းချိုသာစွာပို့ဆောင်ပေးပါသည်.

02/06/2023

🙏နယုန်လပြည့် မဟာသမယ အခါတော် နေ့ 🙏

ဂေါတမမြတ်စွာဘုရားသည် သက္ကတိုင်း ကပိလဝတ်ပြည်အနီး မဟာဝုန်ကြီး၌ သီတင်းသုံးနေတော်မူစဉ် နယုန်လအခါ ညှိုးခြောက်နွမ်းလျော်ကြကုန်သော ကောက်ပင်များအတွက် လိုအပ်သော ရောဟိနီ မြစ်ရေကိုအကြောင်းပြု၍ မြစ်၏ ဝဲ- ယာဘက်တို့တွင် နေထိုင်ကြသော ကပိလဝတ်ပြည်သားများနှင့် ကောလိယပြည်သားများ အချင်းဖြစ်ပွားခဲ့ရာ ထိုနှစ်ပြည်ထောင် မင်းတို့သည် စစ်မက်အင်္ဂါတို့ကို စီရင်လျက် ထွက်ကြသည့် အခြေသို့ ဆိုက်ရောက်ခဲ့လေသည်။ ထိုအခါ နံနက် မိုးသောက်၌ မဟာကရုဏာသမာပတ်မှ ထ၍ လောကကို ကြည့်တော်မူသော မြတ်စွာဘုရားသည် မင်းများ၏ စစ်ဖြစ်အံ့ဆဲဆဲကို မြင်တော်မူ၍ တန်ခိုးတော်ဖြင့် ကြွတော်မူကာ၊ နှစ်ဘက်သော စစ်သည်တို့၏ အလယ် ကောင်းကင်ထက်၌ ခြောက်ပါးသော ရောင်ခြည်တော်တို့ကို လွှတ်လျက် ထက်ဝယ် ဖွဲ့ခွေနေတော်မူလေသည်။

မြတ်စွာဘုရားကို ဖူးမြင်ရလေလျှင် ကပိလဝတ်မင်းမျိုးတို့ သည် အခြား သူတို့ကား ငါတို့အား သတ်လိုမူ သတ်ပါစေဟု မိမိတို့၏ လက်နက်များကို စွန့်ပစ်ကာ မြတ်စွာဘုရားအား မြတ်နိုးစွာ ဖူးမြော်ကြကုန်၏။

ကောလိယမင်းတို့လည်း ထို့အတူပင် လက်နက်များကို စွန့်ပစ်၍ မြတ်စွာဘုရားကို ဖူးမြော်ကြ၏။ မြတ်စွာဘုရားရှင်သည် ထိုမင်းတို့အား ရန်ကိုငြိမ်းစေအောင် ကောင်းမြတ်လှသော ဖန္ဒနဇာတ်၊ ပထဝီဥန္ဒြိယဇာတ်၊ လုကိကဇာတ်များကို ဟော၍ တဖန် ညီညွတ်ခြင်း၏ အကျိုးကိုပြသော ရုက္ခဓမ္မဇာတ်၊ ဝဓကဇာတ္တို့ကို ဟောကြားတော်မူ၏။

နှစ်ပြည်ထောင်မှ မင်းများသည် မြတ်စွာဘုရား၏ ဂုဏ်ကျေးဇူးကြောင့်သာလျှင် ငါတို့အသက်ဘေးမှ ချမ်းသာရာရသည်ဟု တဖက်လျှင် ၂၅ဝ စီသော မင်းသားတို့ကို မြတ်စွာဘုရားထံ အပ်နှံကြရာ မြတ်စွာဘုရားသည် ထိုမင်းသား ၅ဝဝ တို့အား ရဟန်းပြု၍ မဟာဝုန်တောသို့ တဖန် ပြန်ကြွတော်မူလေသည်။

ထိုရဟန်းငါးရာတို့လည်း ရဟန်းအဖြစ်၌ မမွေ့လျော်နိုင်ကြသေးသဖြင့် ဟိမဝန္တာ၊ ကုဏာလအိုင်သို့ ခေါ်ဆောင်ကာ ကုဏာလဇာတ္ကို ဟော်တော်မူမှ အားလုံး သောတာပန် ဖြစ်ကြ၏။

ထို့နောက် မဟာဝုန်တောသို့ပြန်ကြွတော်မူပြီးလျှင် ကမ္မဋ္ဌာန်းတရားတို့ကို ပွားများစေရာ ငါးရာသော ရဟန်းတို့သည် ရဟန္တာချည်း ဖြစ်ကြကုန်လေ၏။

မြတ်စွာဘုရားသခင်သည် ဤသို့လျှင် ကိလေသာမှ စင်ကြယ်ကုန်ပြီးသော ရဟန္တာငါးရာ ခြံရံလျက် မဟာဝုန်တော၌ တင့်တယ်စွာစံပယ်တော်မူသည်ကို အလွန်အထူး ညွတ်နူး ကြည်ညိုကြကုန်သော နတ်ဗြဟ္မာအပေါင်းတို့သည် မဟာဝုန် တောသို့ စုဝေးလာရောက်ကြကုန်၏။ စကြဝဠာ တိုက်တစ်သောင်း၌ ရှိရှိသမျှသော နတ်ဗြဟ္မာတို့တွင် အသညသတ်၊ အရူပဗြဟ္မာကြီးများနှင့် သမာပတ်ဝင်စားလျက်ရှိသော ဗြဟ္မာများသာ ကြွင်းလေသတည်း။

ဤကဲ့သို့ထူးမြတ်လှသော မဟာသမယအခါတော်နေ့ကား နယုန်လပြည့်နေ့ဖြစ်ပါသည်။

မြတ်စွာဘုရားသခင်သည် စုဝေးရောက်လာကြကုန်သော နတ်ဗြဟ္မာတို့ကို ရဟန်းတို့အား သိစေလျက် စရိုက်ခြောက်ပါး အားလျော်စွာ အမြိုက်တရားကို ဟောကြားတော်မူလေရာ မရေမတွက်နိုင်သော နတ်ဗြဟ္မာတို့သည် အောက်မဂ် ဖိုလ်သုံးပါးကို ရရှိကြ၍ ကုဋေတသိန်းကုန်သော နတ်ဗြဟ္မာတို့သည် အရဟတ္တ ဖိုလ်၌ တည်ကြလေသည်။

ထိုအချိန်အခါမျိုးသည် ဘုရားတဆူပွင့်လျှင် တကြိမ်မျှသာ ဖြစ်ပေါ်၏။ ထိုအချိန် အခါက မြတ်စွာဘုရားသခင်သည် နတ်ဗြဟ္မာအပေါင်းတို့၏ အမျိုးအနွယ်အလိုက် ရည်ညွှန်း၍ ဟောကြားတော်မူသော ဒေသနာတော်များကို ကြားနာရကုန်သောအခါ ရန်သူချင်းဖြစ်ကြသော နဂါးနှင့် ဂဠုန်၊ သိကြားနှင့် အသူရာ စသည်တို့သည်လည်း တဦးနှင့်တဦး ပီယဝါစာ သာယာချိုအေး ဆွေးနွေးကြကုန်လျက်၊ ခင်မင်ကြင်နာစိတ်များ ဖြစ်ပေါ် လာကြလေသည်။

ထိုမျှသာမက နတ်ဗြဟ္မာတို့သည် သက်တော်ထင်ရှား မြတ်စွာဘုရားကိုယ်တော်တိုင် ယင်းတို့အားရည်ညွှန်း၍ ဟောကြားတော်မူသော ဒေသနာတော်ကို အစဉ်သတိရလျက်၊ ထိုဒေသနာတော်ကို ရွတ်ဖတ် သရဇ္ဈာယ်ကုန်သော ပုဂ္ဂိုလ်တို့အား ချစ်ခင်ကြကုန်၏။

ထိုကဲ့သို့ဘုရားတစ်ဆူပွင့်မှ တစ်ကြိမ်သာ ဖြစ်ပေါ်သော ကြီးကျယ်လှသော အခါတော်ကြီးကို ဗုဒ္ဓ သာသနာတော်၌ သက်ဝင်ယုံကြည်ကြကုန်သော ရှင်လူရဟန်းတို့သည် ထူးမြတ်သော အခါတော်နေ့အဖြစ် အစဉ်တစိုက် သတ်မှတ်ကြပြီး ထို အခါတော်နေ့ - နယုန်လပြည့်နေ့များတွင် မဟာသမယသုတ်တော်ကို ရွတ်ပွားပူဇော်ပွဲများ ကျင်းပလေ့ရှိကြပါသည်။

ထိုမဟာသမယအခါတော်နေ့များတွင် ဓမ္မစကြာ၊ ဓဇဂ္ဂသုတ်၊ ရတနသုတ်၊ မေတ္တသုတ်၊ အာဋာနာဋိယသုတ်၊ ပုဗ္ဗဏှသုတ်၊ ဓာရဏပရိတ် စသည့် ဘေးအန္တရာယ်ကင်း၍ ကောင်းကျိုးချမ်းသာအစစ်ကို ပေးစွမ်းနိုင်သည့် ပရိတ်တော် တရားတော်များကိုလည်း စုဝေးရွတ်ဆို ပူဇော်လေ့ရှိကြပါသည်။

"နယုန်လပြည့် မဟာသမယနေ့၏ ထူးခြားချက်များ"
---------------------------------------
ရေလုပွဲကြီးဆင်နွှဲကြသော တောင်သူလယ်သမားတို့ ငြင်းခုံခိုက်ရန်ဘေးမှ ကင်းဝေး၍ ထူးခြားခြင်း။

ကပိလဝတ်နှင့်ကောလိယ နှစ်ပြည်ထောင် စစ်ခင်းတော့မည့် ဘေးအန္တရာယ်မှ ကင်းဝေးပြီး ငြိမ်းချမ်းရေးရခဲ့သောနေ့ဖြစ်၍ ထူးခြားခြင်း။

နတ်ဗြဟ္မာ အသူရာနှင့် ဂဠုန်နဂါးများ၊ ဘုရားရှင်လက်ထက်တွင် ဤတစ်ကြိမ်သာ စုရုံးမိသောနေ့ဖြစ်၍ ထူးခြားခြင်း။

မင်းသားငါးရာ သာသနာ့ ဘောင်သို့ ဝင်ရောက်သောနေ့ဖြစ်၍ ထူးခြားခြင်း။

ထိုရဟန်းတော် ငါးရာလုံး ရဟန္တာချည်း ဖြစ်သော နေ့ဖြစ်ခဲ့၍ ထူးခြားခြင်း။

နိမ္မိတဘုရားက မေး၍ ပကတိဘုရားက ဖြေဆိုသည်ကို နာယူရသောကြောင့် ထူးခြားခြင်း။

မဟာသမယကိုအကြောင်းပြု၍ ဂဠုန်နှင့် နဂါးတို့ ခိုက်ရန်မဖက် မေတ္တာ သက်ဝင်သော နေ့ဖြစ်၍ ထူးခြားခြင်း။

မဟာသမယဆိုင်ရာ သုတ္တန် (၇)မျိုးကို ဟောကြားသောနေ့ဖြစ်၍ ထူးခြားခြင်း။

ဘိက္ခုနီသာသနာ လမ်းစပေါ်သောနေ့ဖြစ်၍ ထူးခြားခြင်း။

(ဝီကီပီဒီးယားမှ ရယူဖော်ပြပါသည်။)

Photos from TTA Myanmar -korea Delivery Service's post 27/01/2023

အခုတစ်လော ပုံတွေမတင်ဖြစ်ပေမဲ့ ယုံကြည်စာွ ပါဆယ်အပ်နံကျတဲ့ မိတ်ဆွေ ညီအကိုများကို ကျေးဇူးတင်ပါတယ်ခင်ဗျ…..

Photos from Zaw Moe Aung's post 23/01/2023
27/12/2022

Myanmar↔️Korea

#ကိုးရီးယားမှ ညီကိုများ မြန်မာပြည်မှမိသားစုများထံမှပါဆယ် မှာယူလိုပါက Hello လုပ်လိုက်ပါနော် Korea အဆောင်ထိအရောက်ပို့ပေးပါတယ်နော်

✅နယ်မှပို့လိုသော ပါဆယ်များကိုလဲ ကားဝင်းထိ ပို့ပေးရုံနဲ့အဆင်ပြေအောင် ဆောင်ရွက်ပေးပါတယ်ခင်ဗျာ😊

✅ညီကိုတို့လိုအပ်သော ပစ္စည်းများရှိပါက ဝယ်ပြီးထည့်ပေးပါတယ်ခင်ဗျာပစ္စည်းဝယ်ခထပ်မပေးရပါ😊

✅ပါဆယ်စျေးနူန်းများကတော့ ……
🔹1Kg-39000ကျပ်-20000(ဝမ်)
🔹5Kg အထက် 39000 ကျပ်
🔹10Kg အထက် 38000 ကျပ် (Kgများပါက စျေးတစ်မျိုးညှိပေးပါတယ် ခင်ဗျာ)

ဝမ်နဲ့တွက်ပြီးပေးလို့ရသလို မြန်မာငွေနဲ့လည်း ပေးချေလို့ရပါတယ် ခင်ဗျ

☎️09421085649

27/12/2022
Photos from TTA Myanmar -korea Delivery Service's post 29/11/2020

အားပေးကြတဲ့တစ်ယောက်ချင်းစီကိုကျေးဇူးအထူးပါရှင်😘

Photos from TTA Myanmar -korea Delivery Service's post 26/10/2020

Best way 5in1 SOFA BED
Price - 35000 ks

ခေတ်မီဆိုဖာ5in1လေးပါနော်။
1.တစ်ယောက်အိပ်ဇိမ်ခံလို့လည်းရ
2.၂ယောက်ပဲအိပ်မလား
3.ကလေးတွေကစားဖို့ပဲဖြစ်ဖြစ်
4.ထိုင်ဖို့ဆိုဖာပဲလုပ်မလား
5.TVကြည့်ဖို့အမှီဆိုဖာပဲလုပ်လုပ်
အားလုံးမယုံနိုင်လောက်အောင်တစ်ခုတည်းနှင့်အားလုံးအဆင်ပြေလို့သွားလေရာနေရာတိုင်းသယ်သွားရလွယ်ကူပြီကျစ်လစ်စွာသိမ်းလို့ရလို့အရမ်းအဆင်ပြေတယ်နော်။

ခိုင်ခံ့ပေါ့ပါးပြီးသားရေဖြင့်ပြုလုပ်ထားလို့သက်တောင့်သက်သာရှိပါတယ်ရှင့်!ကြာရှည်ခံနိုင်ရန်အတွက်အမြင့်ဆုံးအရည်အသွေးဖြင့်ထုတ်လုပ်ထားလို့ယုံကြည်စိတ်ချစွာဝယ်ယူအားပေးနိုင်ပါတယ်ရှင့်။

Want your business to be the top-listed Gym/sports Facility in Yangon?

Click here to claim your Sponsored Listing.

Location

Telephone

Website

Address


South Dagon
Yangon
11191