Wadi Light Power Yoga School

Wadi Light Power Yoga School Power Yoga class from Yangon. Also If you are interested in power yoga join us and can use the foll
(1)

🎓Wadi Light Power Yoga School မှRYT 200 Yoga Teacher Training ကို 15 October 2026မှာ စတင်ဖွင့်လှစ်သွားမှာဖြစ်ပါတယ်။ 🌿🧘‍♀...
21/09/2026

🎓Wadi Light Power Yoga School မှ
RYT 200 Yoga Teacher Training ကို
15 October 2026မှာ စတင်ဖွင့်လှစ်သွားမှာဖြစ်ပါတယ်။ 🌿

🧘‍♀️🌿Yoga ကို ချစ်မြတ်နိုးရုံနဲ့ မရပ်ချင်တော့ဘူးလား?

ကိုယ်တိုင် Yoga လေ့ကျင့်ရင်းနဲ့ တစ်နေ့မှာ ကိုယ်သိထားသမျှကို အခြားသူတွေဆီ ပြန်လည်မျှဝေပေးနိုင်တဲ့ Confident Yoga Teacher တစ်ယောက်ဖြစ်ချင်သူတွေအတွက်

ဒီသင်တန်းမှာ Yoga ကို ကိုယ်တိုင်လေ့ကျင့်တတ်ရုံသာမက အခြားသူတွေကို စနစ်တကျ၊ လုံခြုံစွာနဲ့ ယုံကြည်မှုရှိရှိ သင်ကြားပေးနိုင်ဖို့လိုအပ်တဲ့ Knowledge နဲ့ Practical Skills တွေကို အခြေခံကနေ လက်တွေ့အထိ သင်ယူနိုင်မှာဖြစ်ပါတယ်။

📚 Course Content

✨ Yoga Theory
✨ Anatomy & Physiology
✨ Hatha Yoga
✨ Vinyasa Yoga
✨ Vinyasa Hatha Yoga
✨ Power Yoga
✨ Multi-Style Yoga
✨ Pranayama
✨ Yoga Asana
✨ Alignment & Adjustment
✨ Teaching Techniques

ကိုယ်တိုင်လုပ်တတ်တဲ့သူကနေ အခြားသူတွေကို ပြန်လည်သင်ကြားပေးနိုင်တဲ့ Yoga Teacher
တစ်ယောက်ဖြစ်လာဖို့အတွက် လက်တွေ့အသုံးချနိုင်တဲ့ Teaching Skills တွေကို အဓိကထား သင်ကြားပေးသွားမှာဖြစ်ပြီး🧘‍♀️

🎁 သင်တန်းပြီးဆုံးပြီးနောက် ၆ လအထိ
Free Practice ပြန်လည်လာရောက်လေ့ကျင့်နိုင်မယ့် အခွင့်အရေးလည်းရရှိမှာဖြစ်ပြီး။

သင်တန်းလူဦးရေးကတော့ ၄ယောက်ဘဲလက်ခံမှာပါခဗျာ။

Yoga Teacher တစ်ယောက်ဖြစ်လာဖို့ဆိုတာ
Certificate တစ်ခုရရှိရုံနဲ့ မပြီးဆုံးပါဘူး။

Learn. Practice. Experience. Share.🌱

လေ့လာပါ။
လက်တွေ့လေ့ကျင့်ပါ။
အတွေ့အကြုံစုဆောင်းပါ။
ပြီးတော့ ကိုယ်သိထားသမျှကို အခြားသူတွေဆီ ပြန်လည်မျှဝေပါ။🤍

📍မင်္ဂလာတောင်ညွန့်မြို့နယ် / အထက်ပန်းဆိုးတန်းလမ်း / မြန်မာဂုဏ်ရည်အိမ်ရာ




တစ်ခါတလေ ဘဝမှာ ကိုယ်ရောက်နေတဲ့နေရာကိုကြည့်ပြီး “ငါ ဒီလောက်ပဲလား…” လို့ကိုယ့်ကိုယ်ကို မေးမိတဲ့အချိန်တွေ ရှိတတ်တယ်။သူများတ...
19/09/2026

တစ်ခါတလေ ဘဝမှာ ကိုယ်ရောက်နေတဲ့နေရာကိုကြည့်ပြီး “ငါ ဒီလောက်ပဲလား…” လို့ကိုယ့်ကိုယ်ကို မေးမိတဲ့အချိန်တွေ ရှိတတ်တယ်။

သူများတွေ တစ်ဆင့်ပြီးတစ်ဆင့် တက်သွားတဲ့အချိန်မှာ ကိုယ်ကတော့ တစ်နေရာတည်းမှာ ရပ်နေသလို ခံစားရတတ်တယ်။

ဒါပေမယ့်…
ဘဝဆိုတာ အမြဲတမ်း အပြင်ကနေ မြင်ရတဲ့အရာတွေနဲ့ တိုင်းတာလို့ရတာ မဟုတ်ဘူး။

တချို့လူတွေက အောင်မြင်မှုတွေ ရနေတဲ့အချိန်
မှာ တချို့လူတွေကတော့ ကိုယ့်ကိုယ်ကို နားလည်အောင် ကြိုးစားနေကြတယ်။

တချို့လူတွေက ငွေတွေ စုဆောင်းနေကြတဲ့အချိန်
မှာ တချို့လူတွေက ဘဝအကြောင်း နားလည်မှုတွေ စုဆောင်းနေကြတယ်။

ပြီးတော့ အဲဒီအရာတွေဟာ တစ်နေ့နေ့မှာ ကိုယ်မမျှော်လင့်ထားတဲ့နေရာမှာ ကိုယ့်အတွက် တန်ဖိုးရှိလာတတ်တယ်။

ဒီနေ့မှာ ကြုံခဲ့ရတဲ့အခက်အခဲတစ်ခု၊ မနေ့က လုပ်မိ
ခဲ့တဲ့အမှားတစ်ခု၊ မကိုက်ညီခဲ့တဲ့လူတစ်ယောက်၊
ဆုံးရှုံးခဲ့ရတဲ့အရာတစ်ခု…

အဲဒီအချိန်မှာတော့ ကိုယ်က “ဘာကြောင့် ငါ့ဘဝမှာ ဒီလိုဖြစ်ရတာလဲ” လို့ပဲ တွေးမိနိုင်တယ်။

နှစ်တွေကြာလာတဲ့အခါမှ ပြန်လှည့်ကြည့်လိုက်ရင်တော့—
“အဲဒီအရာတွေကြောင့်ပဲ ငါ ဒီနေ့ဒီလိုလူတစ်ယောက် ဖြစ်လာတာပါလား” ဆိုတာ နားလည်လာတတ်တယ်။

ဘဝကကိုယ်လိုချင်တာကို အမြဲပေးမှာမဟုတ်ဘူး။
တစ်ခါတလေ ကိုယ်လိုအပ်တာကိုပဲ ပေးတတ်တယ်။
လူတစ်ယောက်ကို တွေ့ရမယ်။

တစ်ခုခုကို ဆုံးရှုံးရမယ် အမှားတစ်ခု လုပ်မိရမယ်။တစ်ယောက်တည်း ရပ်တည်ရမယ့်အချိန်တွေ ရှိရမယ်။

အဲဒီအရာတွေက ကိုယ့်ဘဝကို ဖျက်ဆီးဖို့ ရောက်လာတာမဟုတ်ဘူး။ ကိုယ့်အတွင်းမှာ မသိသေးတဲ့ ကိုယ့်ရဲ့အင်အားတစ်ခုကို ကိုယ်တိုင်တွေ့လာစေဖို့ ရောက်လာတာလည်း ဖြစ် နိုင်တယ်။

ဒါကြောင့် အခုဘဝမှာ ကိုယ်ရောက်နေတဲ့နေရာကို အရမ်းအလျင်လိုပြီး မဆုံးဖြတ်လိုက်ပါနဲ့။

ပန်းတစ်ပွင့်ဟာ ပွင့်မလာသေးတဲ့အချိန်မှာလည်းပန်းပဲ။

ကိုယ့်ဘဝမှာ အခုထိ မပွင့်သေးတဲ့အရာတွေ ရှိနေတာက ကိုယ်မတိုးတက်ဘူးလို့ မဆိုလိုဘူး။

ကိုယ်က ကိုယ့်အချိန်နဲ့ကိုယ် ကြီးထွားနေတယ်။
တိတ်တိတ်လေးပဲ ဖြစ်ပါစေ။
မမြင်ရသေးပေမယ့် ကိုယ်သင်ယူနေတယ်။ကိုယ်ပြောင်းလဲနေတယ်။ ကိုယ်ရင့်ကျက်လာနေတယ်။

တစ်နေ့မှာ အခုကြုံနေရတဲ့အရာတွေကို ပြန်
ကြည့်ပြီး “အဲဒီအချိန်တွေ မရှိခဲ့ရင် ဒီနေ့က ငါလည်း ရှိမှာမဟုတ်ဘူး”လို့ ပြောနိုင်လာလိမ့်မယ်။

အဲဒီအချိန်ကျမှ ဘဝဆိုတာ အမြဲတမ်း ရောက်ချင်တဲ့နေရာကိုပဲ ခေါ်သွားတာမဟုတ်ဘဲ…
ကိုယ်ဖြစ်လာသင့်တဲ့လူတစ်ယောက်ဆီကိုပါတဖြည်းဖြည်း ခေါ်သွားတတ်တယ်ဆိုတာနားလည်လာလိမ့်မယ်။ 🌿

17/09/2026

🧘‍♀️🌿 Yoga Teacher Training Journey

ဒီနေ့ကစပြီး…

Yoga ကို ကိုယ်တိုင်လေ့ကျင့်နေသူတစ်ယောက်အဖြစ်ကနေYoga ရဲ့ အဓိပ္ပါယ်၊ အခြေခံသဘောတရားတွေနဲ့ခန္ဓာကိုယ်၊ အသက်ရှူခြင်းနဲ့ စိတ်တို့ရဲ့ ဆက်နွယ်မှုတွေကိုပိုမိုနက်ရှိုင်းစွာ လေ့လာသွားမယ့် ခရီးလမ်းတစ်ခုကိုစတင်လိုက်ပါပြီ။ 🌱

Yoga Teacher တစ်ယောက်ဖြစ်လာဖို့ဆိုတာ
Asana တွေကို လုပ်တတ်ရုံနဲ့ မပြီးဆုံးပါဘူး။

ကိုယ်တိုင်နားလည်အောင် လေ့လာရမယ်၊
ကိုယ်တိုင်လေ့ကျင့်ပြီး ခံစားနားလည်ရမယ်၊
မသိသေးတာတွေကို မေးမြန်းပြီး ဆက်လက်သင်ယူရမယ်။

အမှားတွေကနေ သင်ခန်းစာယူပြီး
တစ်နေ့ထက်တစ်နေ့ ပိုမိုတိုးတက်လာအောင် ကြိုးစားရမယ်။ 🧘‍♀️✨

ဒီခရီးလမ်းရဲ့ ရည်ရွယ်ချက်က“Teacher” ဆိုတဲ့ နာမည်တစ်ခု ရရှိဖို့တင် မဟုတ်ပါဘူး။

ကိုယ်တိုင်လေ့လာသင်ယူခဲ့တဲ့ အသိပညာ၊အတွေ့အကြုံတွေနဲ့ Yoga ရဲ့ အကျိုးကျေးဇူးတွေကို
တစ်နေ့မှာ အခြားသူတွေဆီ ရိုးသားစွာပြန်လည်မျှဝေပေးနိုင်တဲ့ ဆရာတစ်ယောက် ဖြစ်လာဖို့ပါ။ 🤍

တစ်ဆင့်ချင်းစီ…
တစ်နေ့ချင်းစီ…
လေ့လာရင်း၊ လေ့ကျင့်ရင်း၊ ပြောင်းလဲရင်း
ကိုယ့်ရဲ့ Yoga Journey ကို ဆက်လျှောက်သွားမယ်။ 🌿

**The journey to becoming a teacher
begins with becoming a better student.** 🧘‍♀️✨




🧘‍♀️အလုပ်တွေများလို့ အချိန်သတ်မှတ်ထားတဲ့ Yoga အတန်းတွေ မတက်နိုင်ဖြစ်နေပါသလား?🧘‍♀️Wadi Light Power Yoga School မှာ အချိန်...
14/09/2026

🧘‍♀️အလုပ်တွေများလို့ အချိန်သတ်မှတ်ထားတဲ့ Yoga အတန်းတွေ မတက်နိုင်ဖြစ်နေပါသလား?🧘‍♀️

Wadi Light Power Yoga School မှာ အချိန်အဆင်ပြေသလို ရွေးချယ်လာရောက်လေ့ကျင့်နိုင်မယ့် အတန်းလေး ရှိပါတယ်ခင်ဗျာ။ 🌿

ပုံမှန်အတန်းတွေနဲ့ မတူဘဲ မိမိအဆင်ပြေတဲ့အချိန် လာရောက်လေ့ကျင့်နိုင်အောင် အထူးစီစဉ်ပေးထားပါတယ်။

⏰ မနက်ပိုင်း
မနက် ၆:၀၀ နာရီ မှ နေ့လယ် ၁၂:၀၀ နာရီအတွင်း

⏰ ညနေပိုင်း
နေ့လယ် ၃:၀၀ နာရီ မှ ည ၇:၀၀ နာရီအတွင်း

မိမိအဆင်ပြေတဲ့အချိန်ကို ရွေးချယ်ပြီး Yoga ကို စိတ်အေးလက်အေး လာရောက်လေ့ကျင့်နိုင်ပါတယ်။ 🧘‍♀️✨

အတန်းလာရောက်မယ့်သူများအတွက် နေရာနဲ့ အချိန်ကို သေချာစီစဉ်ပေးနိုင်ရန် တစ်ရက်ကြိုတင်ပြီး ဖုန်းဆက်၍ Booking ယူပေးပါရန် မေတ္တာရပ်ခံအပ်ပါတယ်ခင်ဗျာ။

📩 Page Messenger မှလည်း အသေးစိတ် မေးမြန်းနိုင်ပါတယ်ခင်ဗျာ။

12/09/2026

🧘‍♀️🌿 Yoga Teacher Training Journey

ဒီနေ့ကစပြီး ကိုယ်တိုင်လေ့ကျင့်သူတစ်ယောက်
အဖြစ်ကနေYoga ရဲ့အကြောင်းတွေကို ပိုမိုနက်ရှိုင်းစွာ လေ့လာပြီး။

တစ်နေ့မှာ ကိုယ်သိထားသမျှကို အခြားသူတွေဆီ ပြန်လည်မျှဝေနိုင်ဖို့ Yoga Teacher Training ခရီးလမ်းကို စတင်နေပါပြီ။

အမှားတွေရှိရင် သင်ယူမယ်၊
မသိသေးတာတွေရှိရင် ဆက်လေ့လာမယ်။
တစ်ဆင့်ချင်းစီနဲ့ ကိုယ့်ရဲ့ Yoga Journey ကို ဆက်လျှောက်သွားမယ်။ 🌿

🧘‍♀️ **RYT 200 Yoga Teacher Training — Today We Begin 🌿**ဒီနေ့…Yoga ကို ကိုယ်တိုင်လေ့ကျင့်သူတစ်ယောက်အဖြစ်ကနေ ယုံကြည်မှုအ...
10/09/2026

🧘‍♀️ **RYT 200 Yoga Teacher Training — Today We Begin 🌿**

ဒီနေ့…
Yoga ကို ကိုယ်တိုင်လေ့ကျင့်သူတစ်ယောက်အဖြစ်ကနေ ယုံကြည်မှုအပြည့်နဲ့ အခြားသူတွေကို ပြန်လည်မျှဝေပေးနိုင်တဲ့ Yoga Teacher တစ်ယောက်အဖြစ် လျှောက်လှမ်းမယ့် ခရီးစဉ်လေးကို စတင်လိုက်ပါပြီ။

Wadi Light Power Yoga School မှ
🎓 RYT 200 Yoga Teacher Training
📅 September လတန်းခွဲသစ်ကို 10 Sep 2026 မှာ စတင်ပြီဖြစ်ပါတယ်။

ဒီခရီးစဉ်ကို ယုံကြည်စွာ ရွေးချယ်ပြီး
Wadi Light နဲ့အတူ လာရောက်သင်ယူကြမယ့် သင်တန်းသား/သူများအားလုံးကို အထူးပင် ကျေးဇူးတင်ရှိပါတယ်ရှင့်။** 🙏🤍

✨ Your Yoga Journey Begins Today.
✨ Your Passion. Your Practice. Your Purpose.

Wadi Light Power Yoga School မှ
RYT 200 သင်တန်းသား/သူများအားလုံးကိုလည်း Welcome to your new journey.🧘‍♀️🤍

“အလောင်းကောင်က ပေးတဲ့ အသက်ရှူသံ…”အပြင်ကကြည့်ရင်သူက အသက်ရှင်နေတယ်။မျက်လုံးဖွင့်တယ်…လမ်းလျှောက်တယ်…လူတွေနဲ့ စကားပြောတယ်…ရယ...
07/09/2026

“အလောင်းကောင်က ပေးတဲ့ အသက်ရှူသံ…”
အပြင်ကကြည့်ရင်
သူက အသက်ရှင်နေတယ်။

မျက်လုံးဖွင့်တယ်…
လမ်းလျှောက်တယ်…
လူတွေနဲ့ စကားပြောတယ်…
ရယ်လည်း ရယ်တယ်…
ဒါပေမယ့် တစ်ခါတစ်လေ
သူ့ရင်ဘတ်ထဲမှာတော့
အသက်ရှူသံပဲ ရှိတယ်…
အသက်ရှင်ခြင်း မရှိတော့ဘူး။

လူတွေကြားထဲမှာ နေရင်း
အထီးကျန်နေဖူးလား…?
စကားတွေ အများကြီး ပြောနေပေမယ့်
ကိုယ့်ကို တကယ်နားလည်ပေးမယ့်သူ မရှိတဲ့အချိန်…
အနားမှာ လူတွေ အများကြီးရှိပေမယ့်

ကိုယ့်စိတ်ကတော့
အဝေးဆုံးတစ်နေရာမှာ တစ်ယောက်တည်း ရပ်နေတဲ့အချိန်…
အဲဒီအချိန်မှာ
ကိုယ်ဟာ အသက်ရှင်နေတဲ့လူတစ်ယောက် လား…
ဒါမှမဟုတ်
အသက်ရှူနေဆဲ အလောင်းကောင်တစ်ခု လား…
တစ်ခါတစ်လေ
Yoga Mat ပေါ်မှာ လှဲပြီး
အသက်ကို ဖြည်းဖြည်းချင်း ရှူသွင်းလိုက်တဲ့အခါ
ကိုယ့်ကိုယ်ကို ပြန်မေးမိတယ်—

“ငါ… တကယ် အသက်ရှင်နေတာလား?”
Yoga က
ခန္ဓာကိုယ်ကို ကွေးညွှတ်ဖို့ပဲ သင်ပေးတာ မဟုတ်ဘူး။
ကိုယ့်ရဲ့
တိတ်ဆိတ်နေတဲ့နာကျင်မှုတွေကို နားထောင်ဖို့…
ပျောက်ဆုံးသွားတဲ့ စိတ်ကို
ပြန်ရှာဖို့…
အသက်ရှူသံတိုင်းနဲ့
ကိုယ့်ကိုယ်ကို
တစ်ဖြည်းဖြည်း ပြန်အသက်သွင်းဖို့…
သင်ပေးတာပါ။

ဒါကြောင့်—
တစ်နေ့နေ့မှာ
ကမ္ဘာကြီးက မင်းကို မလိုအပ်သလို ခံစားရတဲ့အခါ…
မင်းရဲ့အသက်ရှူသံကို နားထောင်ကြည့်ပါ။

အဲဒီအသက်ရှူသံက
မင်းကို ပြောနေတာပါ—
“မင်း မသေသေးဘူး…”
ဒါကြောင့်…
အသက်ရှင်ရုံမဟုတ်ဘဲ
တကယ် အသက်ရှင်ဖို့
ကိုယ့်ကိုယ်ကို ပြန်စတင်လိုက်ပါ…” 🧘‍♀️🖤
Yoga ဆိုတာ
ခန္ဓာကိုယ်လေ့ကျင့်ခန်းတစ်ခုထက်ပိုတယ်…
တစ်ခါတစ်လေ
အသက်ရှူနေဆဲ လူတစ်ယောက်ကို
ဘဝထဲ ပြန်ခေါ်လာပေးနိုင်တဲ့
တိတ်ဆိတ်တဲ့ ကယ်တင်ခြင်းတစ်ခုပါ။

🔥 **September မှာ Yoga စမယ်ဆိုရင် “အချိန်မရဘူး” ဆိုတဲ့ Excuse မရှိတော့ဘူးနော်!** 🧘🏻‍♀️✨Yoga သင်တန်းတက်ချင်ပေမယ့်…⏰ အတန်း...
01/09/2026

🔥 **September မှာ Yoga စမယ်ဆိုရင် “အချိန်မရဘူး” ဆိုတဲ့ Excuse မရှိတော့ဘူးနော်!** 🧘🏻‍♀️✨

Yoga သင်တန်းတက်ချင်ပေမယ့်…

⏰ အတန်းချိန်မကိုက်လို့
💼 အလုပ်ချိန်နဲ့ တိုက်နေလို့
🏠 ကိုယ့်ရဲ့ Schedule နဲ့ အဆင်မပြေလို့

အမြဲတမ်း “နောက်မှပဲ စမယ်” ဆိုပြီး နောက်ဆုတ်နေမိတယ်ဆိုရင်… 🤍

**ဒီ September မှာတော့ အဲ့ဒီအကြောင်းပြချက်တွေကို ရပ်တန့်လိုက်လို့ရပါပြီ။** 🌿

ဘာလို့လဲဆိုတော့…

🌱 **ကျွန်မတို့ Yoga School ရဲ့ အားသာချက်က ကိုယ့်အဆင်ပြေတဲ့အချိန်ကို ရွေးချယ်ပြီး တက်ရောက်နိုင်တာပါ။**

⏰ **မနက် 6:00 AM ကနေ ည 7:00 PM အထိ**

ကိုယ့်ရဲ့ အားလပ်ချိန်နဲ့ Schedule အပေါ်မူတည်ပြီး **ကျောင်းနဲ့ ကြိုတင်ညှိနှိုင်းကာ အဆင်ပြေတဲ့အချိန်ကို ရွေးချယ်တက်ရောက်နိုင်ပါတယ်။** ✨

ကိုယ့်ခန္ဓာကိုယ်အတွက်လည်း ကောင်းမွန်တဲ့ အလေ့အကျင့်တစ်ခု စတင်ပါ။
ကိုယ့်စိတ်အတွက်လည်း အေးချမ်းတဲ့အချိန်လေးတစ်ခု ဖန်တီးပါ။ 🧘🏻‍♀️🤍

📩 **September Class အတွက် အခုပဲ DM / Messenger မှာ “SEPTEMBER” လို့ ပို့ပြီး စာရင်းသွင်းလိုက်ပါ။** 🥰

မနက်ခင်း မိုးလေးရွာနေပေမယ့်… 🌧️အိပ်ရာထဲမှာပဲ နေမယ့်အစား 🛏️Yoga ကိုချစ်တဲ့စိတ်နဲ့ လာရောက်လေ့ကျင့်ကြတဲ့ တပည့်များအားလုံးကိ...
31/08/2026

မနက်ခင်း မိုးလေးရွာနေပေမယ့်… 🌧️
အိပ်ရာထဲမှာပဲ နေမယ့်အစား 🛏️
Yoga ကိုချစ်တဲ့စိတ်နဲ့ လာရောက်လေ့ကျင့်ကြတဲ့ တပည့်များအားလုံးကို အထူးကျေးဇူးတင်ပါတယ်နော် 💛🙏🧘‍♀️

✨ **Yoga သင်တန်းအချိန်များ** ✨

🌅 **မနက်ပိုင်း** — နံနက် ၆:၀၀ မှ နေ့လယ် ၁၂:၀၀ အထိ
🌇 **နေ့လယ်/ညနေပိုင်း** — နေ့လယ် ၂:၃၀ မှ ည ၇:၀၀ အထိ

မိမိအဆင်ပြေသောအချိန်တွင် လာရောက်လေ့ကျင့်နိုင်ပါတယ် 🧘‍♀️💪

📞 **သင်တန်းသို့ မလာရောက်မီ ဖုန်းဖြင့် ကြိုတင်ဆက်သွယ်ပြီး အချိန်စာရင်းပေးသွင်းထားပေးပါရန် မေတ္တာရပ်ခံအပ်ပါတယ်ဗျာ။** 🙏

မိုးရွာလည်း လေ့ကျင့်မယ်…
ပင်ပန်းလည်း မရပ်ဘူး…
နေ့တိုင်း ပိုကောင်းတဲ့ ကိုယ့်ကိုယ်ကို တည်ဆောက်မယ် 💛✨






ယောဂဘီး (Yoga Wheel) ရဲ့ နောက်ကွယ်က သင်မသိသေးတဲ့ ဇာတ်လမ်းယောဂကမ္ဘာမှာ ထူးခြားတဲ့ အပြောင်းအလဲတစ်ခုကို ယူဆောင်လာခဲ့တဲ့ ယော...
10/03/2026

ယောဂဘီး (Yoga Wheel) ရဲ့ နောက်ကွယ်က သင်မသိသေးတဲ့ ဇာတ်လမ်း

ယောဂကမ္ဘာမှာ ထူးခြားတဲ့ အပြောင်းအလဲတစ်ခုကို ယူဆောင်လာခဲ့တဲ့ ယောဂဘီး (Yoga Wheel) ဟာ ဘယ်လိုစတင်ဖြစ်ပေါ်လာခဲ့သလဲဆိုတာကို ဒီဆောင်းပါးမှာ စာဖတ်သူတွေအတွက် ဇာတ်လမ်းတစ်ပုဒ်လို တင်ဆက်ပေးချင်ပါတယ်။

ခေတ်သစ်ယောဂရဲ့ အသုံးအဆောင်ပစ္စည်းတွေထဲမှာ ယောဂဘီးဟာ အချိန်တိုအတွင်း လူကြိုက်များလာတဲ့ ပစ္စည်းတစ်ခုပါ။ သူ့ရဲ့ဆန်းသစ်တဲ့ ဒီဇိုင်းနဲ့ အကျိုးကျေးဇူးတွေကြောင့် ယောဂလေ့ကျင့်သူတွေကြားမှာ ရေပန်းစားလာခဲ့ပါတယ်။ ဒီယောဂဘီးကို ဘယ်သူက စတင်တီထွင်ခဲ့ပြီး ဘယ်လိုအတွေးအခေါ်ကနေ ဒီပုံစံဖြစ်လာခဲ့သလဲဆိုတာကို အတူတူလေ့လာကြည့်ကြရအောင်ပါ။

တီထွင်သူနှင့် ဖြစ်ပေါ်လာပုံ

ယောဂဘီးကို ၂၀၁၄ ခုနှစ်မှာ Dharma Mittra နဲ့ သူရဲ့တပည့်ရင်းတစ်ဦးဖြစ်တဲ့ Dov Vargas (Sri Dharma Mittra ၏သား) တို့က စတင်တီထွင်ခဲ့တယ်လို့ အများစုက အသိအမှတ်ပြုထားကြပါတယ်။ Dharma Mittra ဟာ နှစ်ပေါင်းများစွာ ယောဂသင်ကြားပို့ချလာတဲ့ ကျော်ကြားတဲ့ ယောဂဆရာကြီးတစ်ဦးဖြစ်ပြီး သူ့ရဲ့ တီထွင်ဆန်းသစ်မှုတွေကြောင့် လူသိများပါတယ်။

Dov Vargas ဟာ တစ်နေ့မှာ ကျောရိုးကို အနောက်သို့ကွေးညွှတ်တဲ့ (backbends) လေ့ကျင့်ခန်းတွေ ပြုလုပ်ရာမှာ အထောက်အကူဖြစ်စေမယ့် ပစ္စည်းတစ်ခုကို စဉ်းစားမိခဲ့ပါတယ်။ အစပိုင်းမှာတော့ သူဟာ PVC ပိုက်တွေကို အသုံးပြုပြီး စမ်းသပ်မှုတွေ ပြုလုပ်ခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီပိုက်တွေဟာ သိပ်ပြီး မခိုင်ခံ့သလို လေ့ကျင့်ခန်းလုပ်ရာမှာလည်း သက်သောင့်သက်သာ မဖြစ်ခဲ့ပါဘူး။

ဒီအခက်အခဲကို ဖြေရှင်းဖို့အတွက် သူဟာ သူ့ရဲ့ဖခင် Dharma Mittra နဲ့ တိုင်ပင်ဆွေးနွေးခဲ့ပါတယ်။ Dharma Mittra ဟာလည်း သူ့ရဲ့နှစ်ပေါင်းများစွာ ယောဂအတွေ့အကြုံအရ ကျောရိုးကို ဘေးကင်းလုံခြုံပြီး ထိရောက်စွာ ဆန့်ထုတ်နိုင်ဖို့ အထောက်အကူပြုပစ္စည်းရဲ့ လိုအပ်ချက်ကို နားလည်ခဲ့ပါတယ်။

ဒီလိုနဲ့ သားအဖနှစ်ယောက်ဟာ ပိုမိုခိုင်ခံ့ပြီး သက်သောင့်သက်သာရှိတဲ့ ပုံစံတစ်ခုကို ရရှိဖို့အတွက် သစ်သားကို အသုံးပြုပြီး စက်ဝိုင်းပုံ ဘီးတစ်ခုကို စတင်ပုံဖော်ခဲ့ကြပါတယ်။ အစောပိုင်းဒီဇိုင်းတွေဟာ လက်လုပ်တွေဖြစ်ပြီး သူတို့ရဲ့ ယောဂစတူဒီယိုမှာပဲ စတင်အသုံးပြုခဲ့ကြတာပါ။

"Dharma Yoga Wheel" မှသည် ကမ္ဘာသို့

သူတို့တီထွင်ခဲ့တဲ့ ဒီယောဂဘီးကို "Dharma Yoga Wheel" လို့ အမည်ပေးခဲ့ပါတယ်။ ဒီဘီးဟာ ယောဂလေ့ကျင့်သူတွေကို အောက်ပါအချက်တွေမှာ အဓိကကူညီပေးနိုင်ခဲ့ပါတယ်

Backbends (ကျောကော့လေ့ကျင့်ခန်းများ)

ကျောရိုးကို ဘေးကင်းစွာနဲ့ ပိုမိုနက်ရှိုင်းတဲ့ ကွေးညွှတ်မှုတွေ ပြုလုပ်နိုင်အောင် လမ်းပြပေးပါတယ်။

Balance (ဟန်ချက်ထိန်းခြင်း)

ဟန်ချက်ထိန်းရတဲ့ ယောဂပုံစံတွေမှာ ပိုမိုတည်ငြိမ်အောင် ကူညီပေးပါတယ်။

Flexibility (ပြောင်းလွယ်ပြင်လွယ်ရှိမှု)
ရင်ဘတ်၊ ပခုံး၊ ဝမ်းဗိုက်နဲ့ တင်ပါးဆုံရိုးကြွက်သားတွေကို ဆန့်ထုတ်ရာမှာ အထောက်အကူပြုပါတယ်။

Strength (ကြံ့ခိုင်မှု)
ခန္ဓာကိုယ်အူတိုင် (core) ကြွက်သားတွေကို သန်မာစေတဲ့ လေ့ကျင့်ခန်းတွေမှာ အသုံးပြုနိုင်ပါတယ်။

Dharma Yoga Wheel ဟာ နယူးယောက်မြို့က သူတို့ရဲ့ ယောဂစတူဒီယိုမှာ စတင်လူသိများလာပြီး လေ့ကျင့်သူတွေရဲ့ အားပေးတုံ့ပြန်မှုကောင်းတွေ ရရှိခဲ့ပါတယ်။ အဲဒီနောက်မှာတော့ လူမှုကွန်ရက်တွေဖြစ်တဲ့ Instagram တို့လို နေရာတွေမှာ ဓာတ်ပုံတွေ၊ ဗီဒီယိုတွေကနေတစ်ဆင့် တစ်ကမ္ဘာလုံးကို လျင်မြန်စွာ ပျံ့နှံ့သွားခဲ့ပါတယ်။

ယောဂလေ့ကျင့်သူတွေဟာ ဒီဘီးရဲ့ အသုံးဝင်ပုံနဲ့ လှပတဲ့ ယောဂပုံစံတွေ ဖန်တီးနိုင်စွမ်းကို သဘောကျခဲ့ကြပါတယ်။ ဒီလိုနဲ့ အခြားကုမ္ပဏီတွေကလည်း အလားတူ ယောဂဘီးတွေကို စတင်ထုတ်လုပ်လာကြပြီး ယနေ့ခေတ်မှာတော့ ယောဂဘီးဟာ ယောဂစတူဒီယိုတိုင်းနီးပါးမှာ မရှိမဖြစ် အသုံးအဆောင်ပစ္စည်းတစ်ခု ဖြစ်လာခဲ့ပါတော့တယ်။

မှန်ကန်ကြောင်း သက်သေ

ယောဂဘီးရဲ့ ဖြစ်ပေါ်လာပုံကို အတည်ပြုနိုင်တဲ့ အရင်းအမြစ်များစွာရှိပါတယ်။ အဓိကအားဖြင့် Dharma Yoga Wheel ရဲ့ တရားဝင်ဝက်ဘ်ဆိုဒ်နဲ့ Dharma Mittra အကြောင်း ရေးသားထားတဲ့ ဆောင်းပါးတွေမှာ ဖော်ပြထားတာကို တွေ့နိုင်ပါတယ်။

1. Dharma Yoga Wheel တရားဝင်ဝက်ဘ်ဆိုဒ်

ဒီဝက်ဘ်ဆိုဒ်မှာတော့ ယောဂဘီးကို Sri Dharma Mittra နဲ့ Dov Vargas (Raquel Welch ၏သား) တို့က တီထွင်ခဲ့ကြောင်း တရားဝင်ဖော်ပြထားပါတယ်။ သူတို့ရဲ့ ရည်ရွယ်ချက်ကတော့ ကျောရိုးရဲ့ ပြောင်းလွယ်ပြင်လွယ်ဖြစ်မှုကို တိုးမြှင့်လိုသူတွေအတွက် အထောက်အကူပြုဖို့ ဖြစ်ပါတယ်။
Reference: Dharma Yoga Wheel Official Website

2. Yoga Journal ဆောင်းပါး

ယောဂနဲ့ပတ်သက်ပြီး ကမ္ဘာကျော်မဂ္ဂဇင်းဖြစ်တဲ့ Yoga Journal မှာလည်း Dharma Yoga Wheel အကြောင်းကို ဖော်ပြခဲ့ဖူးပါတယ်။ အဲဒီမှာ Dharma Mittra ရဲ့ တီထွင်ဆန်းသစ်မှုတွေထဲက တစ်ခုအဖြစ် ယောဂဘီးကို မိတ်ဆက်ပေးထားပါတယ်။

3. Dov Vargas (Yogi Varuna) ၏ အင်တာဗျူးများ: တီထွင်သူတစ်ဦးဖြစ်တဲ့ Dov Vargas ရဲ့ လူမှုကွန်ရက်နဲ့ အင်တာဗျူးတွေမှာလည်း ယောဂဘီးကို ဖန်တီးခဲ့ပုံအဆင့်ဆင့်နဲ့ သူ့ရဲ့ အတွေ့အကြုံတွေကို မျှဝေထားတာတွေ ရှိပါတယ်။

အချုပ်အားဖြင့်၊ Wheel Yoga ရဲ့ မူလအမြစ် ဟာ ၁၉၇၈ ခုနှစ် ဝန်းကျင်က စတင်ခဲ့ပြီး၊ ခေတ်ပေါ် ကိရိယာ အဖြစ် ၂၀၁၄ ခုနှစ် မှ စတင်ကာ ကမ္ဘာတစ်ဝန်း ကျယ်ကျယ်ပြန့်ပြန့် လူသိများလာခဲ့တာ ဖြစ်ပါတယ်။

ဒီလိုနဲ့ ယောဂဘီးဟာ ကျောရိုးကျန်းမာရေးအတွက် စိုးရိမ်တဲ့ သားအဖနှစ်ဦးရဲ့ စေတနာကနေ မွေးဖွားလာတဲ့ အဖိုးတန် အသုံးအဆောင်ပစ္စည်းတစ်ခုအဖြစ် ယောဂကမ္ဘာမှာ နေရာယူလာခဲ့ပါတယ်။ ရိုးရှင်းတဲ့ စက်ဝိုင်းပုံစံလေးကနေ လူပေါင်းများစွာရဲ့ ယောဂခရီးလမ်းကို ပိုမိုလွယ်ကူပြီး အကျိုးရှိအောင် ကူညီပေးနေတာဟာ တကယ်ကို အံ့ဩစရာပါပဲ။ ဒါကြောင့် နောက်တစ်ခါ သင်ယောဂဘီးကို အသုံးပြုတဲ့အခါ ဒီဘီးလေးဖြစ်ပေါ်လာပုံရဲ့ နောက်ကွယ်က ဇာတ်လမ်းလေးကို သတိရရင်း ပိုမိုတန်ဖိုးထားစွာ လေ့ကျင့်နိုင်မယ်လို့ မျှော်လင့်ပါတယ်။

Address

Blk A-3-2 Upper Pansodan Road, Room No. 103 Myanmar Gone Yi Housing, Mingalar Taung Nyunt Township
Yangon
11222

Opening Hours

Monday 06:00 - 20:00
Tuesday 06:00 - 20:00
Wednesday 06:00 - 20:00
Thursday 06:00 - 20:00
Friday 06:00 - 20:00
Saturday 06:00 - 20:00
Sunday 06:00 - 20:00

Telephone

+959882880840

Alerts

Be the first to know and let us send you an email when Wadi Light Power Yoga School posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Wadi Light Power Yoga School:

Shortcuts

Share