10/08/2026
စုံစုံလင်လင်🥰
ဆိုင်တွင်လာရောက်အားပေးကြသော မိတ်ဟောင်းမိတ်သစ် customer များအားလုံး အထူးကျေးဇူးတင်ပါတယ်ခင်ဗျ။
10/08/2026
စုံစုံလင်လင်🥰
07/08/2026
တစ်ရက်ကိုအချိန်အနည်းငယ်ပေးပြီး စက်ဘီးစီးခြင်းကနေ ဒီအကျိုးအမြတ်တွေကို ပြန်ယူပါ🚴♂️
စက်ဘီးတစ်စီးကြောင့် ကိုယ့်ရဲ့ ကျန်းမာရေးနဲ့ ငွေရေးကြေးရေးကို ဘယ်လို ကောင်းမွန်လာစေနိုင်သလဲ??
🚴♂️ကျန်းမာရေး✅️
- လူတစ်ယောက်အသက်ရှည်ဖို့ အဓိကလိုအပ်တဲ့ နှလုံးကျန်းမာရေးကို ပုံမှန်စက်ဘီးစီးခြင်းကနေ ရရှိနိုင်ပါတယ်။
ပုံမှန်စက်ဘီးစီးတာက နှလုံးကြွက်သားတွေကို သန်မာစေပြီး သွေးလည်ပတ်မှုကို ကောင်းမွန်စေတဲ့အပြင် သွေးတိုးရောဂါ၊ ဆီးချိုရောဂါနဲ့ နှလုံးရောဂါဖြစ်နိုင်ခြေကိုလည်း လျှော့ချပေးပါတယ်။
- သုတေသနလေ့လာချက်တွေအရ တစ်ရက်မှာ တစ်နာရီ စက်ဘီးစီးတာက ကယ်လိုရီ (၃၀၀) လောင်ကျွမ်းမှုကို အားပေးတာကြောင့် ကိုယ်အလေးချိန် လျှော့ချဖို့နဲ့ ထိန်းသိမ်းဖို့အတွက် အထိရောက်ဆုံး လေ့ကျင့်ခန်းတစ်ခုလို့လည်း ယူဆထားပါတယ်။
🚴♂️စိတ်ကျန်းမာရေး✅️
- လေ့ကျင့်ခန်းလုပ်နေစဥ်မှာ " Endorphin" လို့ခေါ်တဲ့ ပျော်ရွှင်မှုဟော်မုန်းတွေ ထွက်လာတတ်တာကြောင့် ကိုယ်လက်လှုပ်ရှားမှုပါဝင်တဲ့ စက်ဘီးစီးခြင်းဟာလည်း စိတ်ကိုချမ်းသာစေတဲ့အပြင် သဘာဝနဲ့ထိတွေ့ရတဲ့အားကစားနည်းတစ်ခုမို့ လန်းဆန်းတက်ကြွခြင်းတွေပါ ဖြစ်ပေါ်လာစေပါတယ်။ တစ်ယောက်တည်းဖြစ်စေ၊ အဖွဲ့လိုက်ဖြစ်စေ စက်ဘီးစီးခြင်းဖြင့် ရုပ်ပိုင်းဆိုင်ရာရော၊ စိတ်ပိုင်းဆိုင်ရာပါ ရရှိနိုင်တဲ့ အကျိုးကျေးဇူးများပါတယ်။
🚴♂️ကုန်ကျစရိတ်သက်သာမှု✅️
- စီးပွားရေးရှုထောင့်ကကြည့်မယ်ဆိုရင်လည်း စက်ဘီးတစ်စီးရှိထားတဲ့လူအတွက် သွားရလာရလွယ်ကူချောမွေ့တဲ့အပြင် တစ်ခြားသယ်ယူပို့ဆောင်ရေးတွေအတွက်ကုန်ကျမဲ့ လောင်စာဆီဖိုး၊ ထိန်းသိမ်းပြုပြင်စရိတ်၊ ယာဥ်မောင်းလိုင်စင်နဲ့ အထွေထွေကုန်ကျစရိတ်တွေကိုလည်း သိသိသာသာလျှော့ချပေးနိုင်ပါတယ်။
စက်ဘီးစီးခြင်းဟာ ကိုယ်တိုင်ရဲ့ အကျိုးအတွက်တင်မက သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းမှုအပေါ်လည်း အကျိုးကျေးဇူး ဖြစ်စေပါတယ်။
🚴♂️သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းမှု✅️
- စက်ဘီးဟာ ကာဗွန်ဒိုင်အောက်ဆိုဒ် ထုတ်လွှတ်မှုမရှိတဲ့အတွက် လေထုညစ်ညမ်းမှုကို ကာကွယ်ပေးတဲ့အပြင် စက်အင်ဂျင်သံတွေကြောင့် ပတ်ဝန်းကျင် ဆူညံမှုကိုလည်းနည်းပါးစေပါတယ်။
ဒါကြောင့် စက်ဘီးစီးရုံနဲ့ နေထိုင်မှုပုံစံပိုကောင်းမွန်လာခြင်းနဲ့ ကျန်းမာရေးပြဿနာအများစုကို ကင်းဝေးစေခြင်းတို့လို အကျိုးကျေးဇူးများစွာ ရရှိနေမယ်ဆိုရင် လူတိုင်းက စက်ဘီးကို နေ့စဥ်ဘဝသွားလာလှုပ်ရှားမှုအတွက်ဖြစ်စေ၊ အားကစားဝါသနာအရဖြစ်စေ အသုံးပြုသင့်ပါတယ်။
02/08/2026
ဝယ်ယုအားပေးမှုလေးတွေ အတွက် ကျေးဇူး အထူးတင်ရှိပါတယ်🥰
31/07/2026
🚲 New Arrival – Ride Smarter, Ride Easier ⚡
မြို့တွင်းသွားလာဖို့ပဲဖြစ်ဖြစ်၊ နေ့စဉ်အလုပ်သွားအလုပ်ပြန်အတွက်ပဲဖြစ်ဖြစ် အဆင်ပြေတဲ့ Overfly E-Bike လေး ရောက်ရှိထားပါပြီ။ ✨
လှပတဲ့ Design၊ စီးနင်းရအဆင်ပြေတဲ့ Seating နဲ့ ခိုင်ခံ့တဲ့တည်ဆောက်မှုကြောင့် လူငယ်တွေရော လူကြီးတွေအတွက်ပါ အသုံးဝင်တဲ့ Model လေးဖြစ်ပါတယ်။
📩 အသေးစိတ် Specifications၊ ဈေးနှုန်းနဲ့ Promotion အချက်အလက်များကို Page Chat Box မှာ လာရောက်မေးမြန်းနိုင်ပါတယ်။
29/07/2026
🌸 မင်္ဂလာရှိသော ဝါဆိုလပြည့်နေ့ (ဓမ္မစကြာအခါတော်နေ့) 🌸
ယနေ့ကျရောက်သော မြတ်ဗုဒ္ဓ၏ ဓမ္မစကြာတရားတော်မြတ်ကို ဟောကြားတော်မူသည့် ဝါဆိုလပြည့်နေ့လေးမှာ မြန်မာပြည်သူ၊ပြည်သားများအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ ဘေးရန်ကင်းကွာပြီး လိုအင်ဆန္ဒများ ပြည့်ဝကြပါစေလို့ ဆုမွန်ကောင်း တောင်းလိုက်ပါတယ် 🙏🏻🙏🏻🙏🏻
26/07/2026
ပျော်ရွှင်မှုလေးတွေ ❤️🩷
24/07/2026
💀 အမိုက်စား Style နဲ့ လမ်းပေါ်မှာ ထင်ရှားချင်သူတွေအတွက်! 🔥
ရိုးရိုးမီးမဟုတ်ဘူး… Skull LED Headlight လေးနဲ့ သင့်ဆိုင်ကယ်ကို တစ်ဆင့်မြှင့်လိုက်ပါ။
✨ Bright LED အလင်းရောင်
✨ Unique Skull Design
✨ Night Ride မှာ ပိုမိုထင်ရှားစေတယ်
✨ ဆိုင်ကယ်တိုင်းနဲ့ အလွယ်တကူ တပ်ဆင်နိုင်တယ်
Style လည်းမိ၊ လမ်းပေါ်မှာလည်း လူတိုင်းအကြည့်ခံရမယ့် Accessories လေးပါ။
📩 အသေးစိတ်အချက်အလက်၊ ဈေးနှုန်းနဲ့ တပ်ဆင်မှုအတွက် Chat Box မှာ လာရောက်မေးမြန်းနိုင်ပါတယ်။
🚲 Bicycle • 🛵 E-Bike • 🏍 Motorcycle Accessories Available
23/07/2026
ချစ်စရာကောင်းသော စျေးဝယ်သူလေးတွေ ❤️🩷
19/07/2026
✨ အသေးလေးပေမယ့် Style အပြည့်နဲ့ Keychain လေးတွေ ရောက်ပါပြီ! 🔑💖
နေ့စဉ်သုံးတဲ့ သော့တွေ၊ အိတ်တွေမှာ ချိတ်ထားရုံနဲ့ အမြင်လေးပိုလှသွားစေမယ့် Character Keychain လေးတွေပါ။ အရောင်စုံ၊ Design စုံနဲ့ ကိုယ်ကြိုက်တဲ့ Style အတိုင်း ရွေးချယ်နိုင်ပါတယ်။
လက်ဆောင်ပေးဖို့ပဲဖြစ်ဖြစ်၊ ကိုယ်တိုင်အသုံးပြုဖို့ပဲဖြစ်ဖြစ် ချစ်စရာကောင်းပြီး အရည်အသွေးကောင်းတဲ့ Keychain လေးတွေကို အခုပဲ လာရောက်ရွေးချယ်လိုက်ပါနော်။ 🛍️✨
📩 အသေးစိတ်သိချင်တာ၊ ဈေးနှုန်းမေးချင်တာရှိရင် Page Chat Box ကနေ အချိန်မရွေး ဆက်သွယ်နိုင်ပါတယ်။
17/07/2026
🦉 Owl LED Light – Small Size, Big Visibility!
ညဘက်စီးနင်းတဲ့အချိန်မှာ အလင်းရောင်ကောင်းကောင်းရှိဖို့က အရေးကြီးပါတယ်။ 🛵✨ ဒီ Owl LED Light လေးကတော့ မျက်လုံးနှစ်လုံးဒီဇိုင်းနဲ့ စတိုင်ကျရုံသာမက အလင်းအားလည်းတောက်ပပြီး လမ်းရှေ့ကို ပိုပြီးရှင်းလင်းစွာ မြင်နိုင်စေပါတယ်။
12V–80V အသုံးပြုနိုင်တဲ့အတွက် E-Bike၊ ဆိုင်ကယ်နဲ့ အခြားယာဉ်အမျိုးအစားများမှာလည်း အဆင်ပြေစွာတပ်ဆင်နိုင်ပါတယ်။ တပ်ဆင်ရလည်းလွယ်ကူပြီး ညဘက်စီးနင်းတဲ့အခါ လုံခြုံမှုနဲ့ စတိုင်ကို တစ်ပြိုင်နက်တည်း ပေးစွမ်းမယ့် LED မီးလေးပါ။
💡 Bright Light. Cool Look. Safe Ride.
📩 အသေးစိတ်အချက်အလက်နဲ့ ဈေးနှုန်းကို Chat Box မှာ လာရောက်မေးမြန်းနိုင်ပါတယ်။
| Monday | 08:00 - 17:00 |
| Tuesday | 08:00 - 17:00 |
| Wednesday | 08:00 - 17:00 |
| Thursday | 08:00 - 17:00 |
| Friday | 08:00 - 17:00 |
| Saturday | 08:00 - 17:00 |
| Sunday | 08:00 - 17:00 |