Calories တွေ ဘယ်လိုတွက်လို့ရမလဲ။
ဝိတ်တင်ဖို့ပဲဖြစ်ဖြစ်၊ ဝိတ်ချဖို့ပဲအဖြစ် ကိုနေ့တိုင်းစားသုံးတဲ့ ပမာဏ၊ caloriesတွေကို သိဖို့လိုပါတယ်။
ဒါပေမယ့် ပြသနာရှိတာက calorieတော့တွက်ချင်တယ်။ ဘယ်ကစလုပ်ရမလဲမသိဘူးဖြစ်တက်ပါတယ်။
ဒီပြသနာကို ဖြေရှင်းလို့ရမယ့် နည်းတချို့ကို ပြောပြပေးပါမယ်။
ပထမနည်းလမ်း
ဒီနည်းလမ်းကတော့ အတိကျဆုံးနည်းလမ်းဖြစ်ပါလိမ့်မယ်။
ဘာတွေလိုအပ်လဲဆိုရင် Food scaleနဲ့ calories tracking appတခုလိုပါမယ်။ ကောင်းတဲ့ appsတချို့ကတော့ myfitnesspal, chronometer, macrofactorတို့ဖြစ်ပါတယ်။
Mealတခုစားတော့မယ်ဆို ပါတဲ့ပါဝင်ပစ္စည်းတခုစီကို food scaleနဲ့ချိန်ပါ။ ပြီးရင် appမှာ မှတ်ထားပါ။ ဒါဆိုရင် ကိုစားတဲ့ Calories, Macronutrients, Micronutrientsအကုန်လုံးကို မှတ်ပြီးဖြစ်ပါလိမ့်မယ်။
ဒုတိယနည်းလမ်း
ဒီနည်းလမ်းကတော့ သိပ်တိကျမှာမဟုတ်ပါဘူး။ ယေဘုယျအကြမ်းဖြင်းတော့ သိစေနိုင်ပါတယ်။
လိုအပ်တာတော့ ထမင်းစားဇွန်း၊ Googleနဲ့ calorie tracking appတခုပဲဖြစ်ပါတယ်။
Mealတခုစားတော့မယ်ဆို ပါတဲ့ပစ္စည်းတခုစီကို ထမင်းစားဇွန်းနဲ့ ဘယ်နဇွန်းလောက်ရှိမလဲတိုင်းကြည့်ပါ။
ပြီးရင် googleမှာ ယေဘုယျရှာကြည့်ပါ။ ပြီးရင်တော့ appထဲမှာ မှတ်ထားလို့ရပါတယ်။
သိပ်တိကျမှာမဟုတ်ပေမယ့် ကို့ရဲ nutritionကို စောင့်ကြည့်ဖို့အတွက် အသုံးဝင်တဲ့နည်းလမ်းတခုပါ။
ဒီနည်းလမ်းနှစ်ခုက အသုံးဝင်မယ်လို့ထင်ပါတယ်။
Like and follow for more tips on training and nutritions.
Advocate out!
A HIT Advocate
Simplifying hypertrophy training
DM me for training plans and coaching
19/08/2025
Squatထိုင်ရင် ဘယ်လောက်အထိထိုင်ချသင့်သလဲ။
လေ့ကျင့်ခန်းလုပ်တဲ့သူတွေ၊ အခုမှစလုပ်ကျတဲ့သူတွေမေးလေ့မေးထရှိတဲ့ မေးခွန်းတစ်ခုဖြစ်ပါတယ်။
အဖြေကတော့ ဘာကိုလေ့ကျင့်ချင်တာလဲဆိုတာ မူတည်ပါတယ်။
Squatလို့ပြောပြီဆိုရင် barbell or smith machine squatလို့ပဲမမြင်ပါနဲ့။ Squat patter ထိုင်ထလုပ်တဲ့ လေ့ကျင့်ခန်းတိုင်းကို ဆိုလိုပါတယ်။
Squatထိုင်ကျပြီဆိုရင် အဓိကကြွက်သားအုပ်စု သုံးခုကအလုပ်လုပ်ပါတယ်။ Quad, Adductor နဲ့ Glutesတို့ပဲဖြစ်ပါတယ်။
ဘယ်ဟာကပိုအလုပ်လုပ်မလဲဆိုတာက ဒူးအရှေ့ဘယ်လောက်ကွေးလဲ(knee flexion) တင်ပါးဘယ်လေယက်နောက်ပစ်သလဲ (hip flexion)တို့ကလည်း ပါဝင်ဆုံးဖြတ်ပါတယ်။
ဒါတွေကို သိထားပြီး အောက်ကလိုမျိုး အကြမ်းဖြင်းမှတ်ထားလို့ရပါတယ်။
Quadအတွက်ဆိုရင် ဒူးရှေ့ကိုဆက်မသွားတော့တဲ့အထိထိုင်သင့်ပါတယ်။ လူအများစုအတွက်ကတော့ 90-110 Deg ဝန်းကျင်ရှိပါတယ်။
Glutesနဲ့ Adductors များအတွက်ဆိုရင်တော့ ရနိုင်သလောက်အောက်ထိထိုင်ချလို့ရပါတယ်။ ဒါပေမယ့် ခါးကွေးသွားတာကိုတော့ သတိပြုသင့်ပါတယ်။
သင့်အတွက်အသုံးဝင်တယ်ဆိုရင် like and shareလုပ်ပေးခဲ့ပါ။ Pageကိုလည်း followလုပ်ပေးခဲ့ပါအုံး။
Image: Internet
19/04/2025
Dieting Terms for Lifters!
အစားအစာစားသောက်ကြတဲ့အခါ အခေါ်အဝေါ်အမျိုးမျိုးရှိပါတယ်။ ဒါတွေက အထူးသဖြင့် beginnerများအတွက် ရူပ်ထွေးစရာဖြစ်နိုင်တယ်။ ဒါကြောင့် တူတူလေ့လာကြည့်ရအောင်။
Calories
Caloriesဆိုတာ အစားအစာ၊ သောက်စရာတွေမှာပါတဲ့ စွမ်းအင်ပမာဏကိုပြောတာ ဖြစ်တယ်။ kcalနဲ့ဖော်ပြပါတယ်။
အစားအသောက်တွေရဲ့ စွမ်းအင်ပမာဏကို internetမှာအလွယ်တကူရှာဖွေလို့ရပါတယ်။
ဥပမာ ကြက်ရင်ပုံ 100 gramမှာ အကြမ်းဖြင်း 130kcal ရှိပါတယ်။
Macronutrients
ခန္ဓာကိုယ်မှာ လိုအပ်တဲ့စွမ်းအင်(calories)တွေကိုပေးတဲ့ အာဟာရအကြီးများကိုပြောတာဖြစ်တယ်။ carbohydrate, fatနဲ့ proteinဆိုပြီး သုံးမျိုးရှိတယ်။
သူတို့ရဲ့ ပမာဏကိုတော့ gramနဲ့ဖော်ပြပါတယ်။
Carbohydrateက ကစီဓါတ်ဖြစ်တယ်။
Fatဆိုတာ အဆီကိုပြောတာဖြစ်တယ်။
Proteinဆိုတာကတော့ အသားဓါတ်ကိုပြောတာပါ။
သူတို့ကို မျှမျှတတစားသုံးတာက ခန္ဓာကိုယ်ရဲ့ စွမ်းအင်နဲ့ ဇီဝလုပ်ေဆာင်ချက်တွေအတွက် အရေးပါပါတယ်။
Micronutrients
Vitaminsတွေနဲ့ mineralsတွေကို ပြောတာဖြစ်ပါတယ်။
တစ်နေ့တာလိုအပ်တဲ့ vitaminနဲ့ mineral ပမာဏကို RDI(Recommended daily intake)နဲ့ဖော်ပြပါတယ်။
နေ့စဉ်လိုအပ်ချက်နဲ့အညီရအောင် စားသောက်တာက ကျန်းမာရေးအတွက် အရေးပါပါတယ်။
Diet
Dietလို့ပြောရင် အမျာစုကဝိတိချဖို့စားသောက်တဲ့ပုံစံကိုပြောတာထင်ကြပါတယိ။ အမှန်ကတော့ dietဆိုတာ မိမိပုံမှန်စားသောက်တဲ့ အစားအသောက်တွေကိုပဲရည်ညွှန်းတာဖြစ်ပါတယ်။
သင့်အတွက် အသုံးတင်တယ်ဆိုရင် like and followလုပ်ခဲ့ပေးလို့ရပါတယ်။
14/04/2025
How to determine resistance profile of an exercise? လေ့ကျင့်ခန်းတစ်ခုရဲ့ ဘယ်နားမှာအခက်ဆုံး၊ အလွယ်ဆုံးဆိုတာကို ဘယ်လိုဆုံးဖြတ်မလဲ။
လေ့ကျင့်ခန်းတစ်ခုရဲ့ resistance profileကို သိထားတာက ကိုလေ့ကျင်ချင်တဲ့ ကြွက်သားတွေကို လေါကျင့်တဲ့အခါအသုံးဝင်မှာပါ။
ဥပမာ pulloverခြင်းတူပေမဲ့ dumbbell pulloverက sternocoastal pecs, triceps long headတို့ကို ပိုအသုံးပြုပြီး cable pulloverကတော့ latsကိုပိုထိရောက်စေပါတယ်။
ဒီတော့ resistance profileတွေကို ဘယ်လိုဆုံးဖြတ်ရမလဲ၊ လေ့လာကြည့်ရအောင်။
ဆုံးဖြတ်တော့မယ်ဆိုရင် ဒီအချက်တွေကို သိထားဖို့လိုပါတယ်။
Line of force
အလေးကို ဘယ်ကိုသွားနေတာလဲ။ free weightဆိုရင် တော့ အောက်ဖြစ်ပါလိမ့်မယ်။ ဘာလို့လဲဆိုရင် gravity က အောက်ကိုဆွဲနေလို့ဖြစ်ပါတယ်။
Dumbbell curlမှာဆိုရင် line of forceက အောက်ကိုသွားတာဖြစ်တယ်။
Axis of rotation
အလေးကိုရွေ့နေတဲ့ jointရဲ့ နေရာဖြစ်တယ်။
dumbbell curlမှာဆိုရင် elbowက axis of rotationဖြစ်တယ်။
Moment arm
Moment armဆိုတာကတော့ line of forceနဲ့ axis of rotationကြားအကွာအဝေးဖြစ်ပါတယ်။
Moment armက အဝေးဆုံးဖြစ်တဲ့နေရာကတော့ လေ့ကျင့်ခန်းရဲ့ အခက်ဆုံးနေရာဖြစ်ပါတယ်။
Dumbbell curlမှာဆိုရင် dumbbell နဲ့ elbowကြားက moment armဖြစ်တယ်။ elbowတစ်ဖြောင့်တည်းဖြစ်တဲ့ အချိန်မှာ moment armက အရှည်ဆုံးဖြစ်ပါတယ်။
ဒါကေြာင့် dumbbell curlက 90deg elbow flexionမှာ အခက်ဆုံးဖြစ်ပြီး၊ ascending resistanceလို့သတ်မှတ်လို့ရပါတယ်။
ဒီအချက်သုံးချက်ကို သုံးပြီးတော့ လေ့ကျင့်ခန်းတွေရဲ့ resistance profileကို ရှာဖွေလို့ရမယ်ထင်ပါတယ်။
အသုံးဝင်တယ်ဆိုရင် like and followလုပ်ခဲ့ပေးလို့ရပါတယ်။
12/04/2025
Resistance profileတွေဆိုတာ ဘာလဲ။
Resistance profileဆိုတာ လေ့ကျင့်ခန်းတစ်ခုရဲ့ အလေးဝန်လှုပ်ရှားပုံကို ပြောတာဖြစ်တယ်။ တစ်နည်းပြောရရင် လေ့ကျင့်ခန်းက ဘယ်နေရာမှာ အလေးဆုံးဖြစ်လဲ၊ ဘယ်နေရာမှာ အပေါ့ဆုံးလဲဆိုတာကို ပြောတာပါ။
Resistance profileကို သုံးမျိုးခွဲထားလို့ရပါတယ်။
Ascending resistance၊descending resistanceနဲ့ flat resistanceတို့ဖြစ်တယ်။
Ascending resistanceဆိုတာက အလေးကိုကြုံ့လိုက်တာနဲ့ ပိုလေးလာတာကို ပြောတာပါ။
ဥပမာ၊ cable triceps pushdownက ascending resistanceဖြစ်တယ်။ လက်ကိုဆန့်ခါနီးနားမှာ အလေးဆုံးဖြစ်တယ်။
Descending resistanceကတော့ အလေးကကြုံလေ ပေါ့လာလေလေဖြစ်တာကို အလွယ်ပြောလို့ရပါတယ်။
ဥပမာ၊ dumbbell preacher curlက descending resistanceဖြစ်တယ်။ အောက်ဆုံးမှာ အလေးဆုံးဖြစ်ပြီး အပေါ်ရောက်လာတာနဲ့ ပေါ့လာတယ်။
Flat resistanceက လေ့ကျင့်ခန်းလှုပ်ရှားမူတစ်ခုလုံးကို အလေးက အညီအမျှလေးနေတာကို ပြောတာဖြစ်တယ်။
ဥပမာ၊ reverse banded hack squatက ညီမျှတဲ့လှုပ်ရှားမူ လေ့ကျင့်ခနိးတစ်လျောက်လုံးရှိမှာပါ။
Resistance profileတွေကို သိထားတာက ကိုလေ့ကျင့်ခန်းလုပ်တဲ့အခါ ဘယ်ကြွက်သားတွေကိုပိုထိရောက်မလဲဆုံးဖြတ်ရင် အသုံးဝင်မှာပါ။
Resistance profileတွေကို ဘယ်လိုဆုံးဖြတ်ရမလဲသိပါသလား။ သိရင် commentမှာ ရေးပေးခဲ့ပါ။
အသုံးဝင်တယ်ဆိုရင် like and followလုပ်ခဲ့လို့ရပါတယ်။
ထိရောက်တဲ့ training programsများအတွက် messengerက ဆက်သွယ်လို့လည်းရပါတယ်။
11/04/2025
ကြွက်သားတည်ဆောက်ဖို့အတွက် ဒီအချက်တွေကိုလိုက်နာပါ။
သင်က ကြွက်သားတည်ဆောက်ဖို့ လေ့ကျင့်နေတဲ့သူတစ်ယောက်ဆိုရင် အောက်ပါအချက်တွေကို လိုက်နာနိုင်ရင် ကိုပေးလိုက်တဲ့အချိန်နဲ့ ရတဲ့ရလဒ်ကအကောင်းဆုံးဖြစ်နိုင်ပါတယ်။
✅ပြင်းပြင်းထန်ထန်လေ့ကျင့်ပါ။
ကြွက်သားကြီးထွားဖို့ လှုံလောက်တဲ့လှုံဆော်မူရရှိဖို့ ပြင်းပြင်းထန်ထန် လေ့ကျင့်ဖို့လိုပါတယ်။ ကို့ရဲ့ working setတိုင်းကို 0-3 RIR(နောက်တစ်ကြိမ်မလုပ်နိုင်တာကနေ သုံးကြိမ်အလိုအတွင်း)မှာ လေ့ကျင့်ပါ။
✅သင့်တော်တဲ့ လေ့ကျင့်ခန်းတွေကို ရွေးချယ်ပါ။
ကိုလေ့ကျင့်ချင်တဲ့ ကြွက်သားအုပ်စုကို ထိရောက်မူရှိမယ့်လေ့ကျင့်ခန်းတွေကို ရွေးချယ်ပြီးလေ့ကျင့်ပါ။
ဥပမာ၊ ကိုက latsကို လေ့ကျင့်ချင်တယ်ဆိုရင် deadliftလုပ်တာထက် pull upကိုရွေးချယ်တာက ပိုသင့်တော်ပါတယ်။
✅မကြာခနလေ့ကျင့်ပါ။
Training frequencyက natural liftersတွေအတွက် အလွန်အရေးပါပါတယ်။ ကြွက်သားအုပ်စုတစ်ခုကို တစ်ပတ်ကို အနည်းဆုံး နှစ်ကြိမ်နဲ့အထက်လေ့ကျင့်သင့်ပါတယ်။
✅Training Techinqueကောင်းကောင်းသုံးပါ။
လေ့ကျင့်ခန်းတွေကို ကိုထိရောက်ချင်တဲ့ ကြွက်သားတွေကိုထိရောက်စေဖို့ နည်းစနစ်မှန်ဖို့လိုပါတယ်။
ဥပမာ chestတွန်းတဲ့အခါ တွန်းတဲ့အခါမှာ ပါးစပ်ကတစ်ဆင့်အသက်ရူထုတ်ပြီး၊ ပြန်ချတဲ့အခါအသက်ရူသွင်းရင် sternocoastal Pec fibersတွေကို ပိုထိရောက်စေမှာပါ။
✅ မိမိရဲ့ အသန်မာဆုံးဖြစ်လာအောင်ကြိုးစားပါ။
သန်မာတဲ့ကြွက်သားက ကြီးတဲ့ကြွက်သားဖြစ်တယ်။ ဒါကြောင့် အမြဲတမ်း progressive overload၊ အကြိမ်ရေသို့မဟုတ်ဝန်တိုးလာနိုင်အောင် ကြိုးစားပါ။
ဒီအချက်တွေကို လိုက်နာနိုင်ရင် သင့်ရဲ့ လေ့ကျင့်မူကပိုပြီးတော့ တိုးတက်လာမှာဖြစ်ပါတယ်။
အသုံးဝင်တယ်ဆိုရင် like and followလုပ်ခဲ့ပေးလို့ရပါတယ်။
ထိရောက်မဲ့လေ့ကျင့်ခန်း programsတွေစိတ်တင်စားရင် messengerက ဆက်သွယ်လို့ရပါတယ်။
11/04/2025
Bulkingနဲ့ cuttingဆိုတာ ဘာလဲ။
Gymအခုမှစဆော့တဲ့သူများအနေနဲ့ ရူပ်ထွေးလေ့ရှိတဲ့ အခေါ်အဝေါ်များဖြစ်ကြပါတယ်။ ဒီတော့ သူတို့နှစ်ခုက ဘယ်လိုကွာခြားလဲ ကြည့်ရအောင်။
Bulkingဆိုတာ ခန္ဓာကိုယ်မှာရှိတဲ့ ကြွက်သားပမာဏများလာအောင်လုပ်တာဖြစ်ပါတယ်။
ဒီအတွက် energy surplusအတွင်းမှာ စားကြပါတယ်။ တစ်နည်းပြောရရင် ခန္ဓာကိုယ်မှာ လိုအပ်တဲ့စွမ်းအင်ထက်ပိုများအောင် စားတာကိုပြောတာဖြစ်ပါတယ်။
Cuttingဆိုတာကတော့ ခန္ဓာကိုယ်မှာရှိတဲ့ကြွက်သားပမာဏကို ထိန်းထားပြီး၊ အဆီရာခိုင်နှုန်းနည်းအောင်လုပ်တာဖြစ်တယ်။
ဒါဖြစ်ဖို့အတွက် energy deficitအတွင်းမှာစားကြပါတယ်။ တစ်နည်းအားဖြင့်ပြောရရင်တော့ ခန္ဓာကိုယ်လိုတဲ့စွမ်းအင်ထက် လျော့နည်းအောင်စားပြီး၊ အဆီတွေကိုစွမ်းအင်အဖြစ်ပြောင်းလဲနိုင်အောင် လုပ်တာဖြစ်ပါတယ်။
ဒါဆိုရင်တော့ bulkingနဲ့ cuttingဆိုတာကို ရှင်းရှင်းလင်းလင်းသိသွားမယ်ထင်ပါတယ်။
သင့်အတွက်အသုံးဝင်တယ်ဆိုရင် like and follow လုပ်ခဲ့လို့ရပါတယ်။ သိချင်တာရှိရင် commentမှာရေးခဲ့ပေးလို့လည်းရပါတယ်။
08/04/2025
Skeletal Muscles၊ ကိုနေ့စည်လေ့ကျင့်နေတဲ့ ကြွက်သားတွေကို ဘယ်လိုတည်ဆောက်ထားလဲဆိုတာကို သိထားတာက အသုံးဝင်နိုင်ပါတယ်။
07/04/2025
Exercise sequence(လေ့ကျင့်ခန်းအစီအစဉ်)
လေ့ကျင့်ခန်းပြုလုပ်တဲ့သူတွေ၊ အထူးသဖြင့် beginnerများအနေနဲ့ ဘယ်လေ့ကျင့်ခန်းပြီးရင် ဘာလုပ်ရမလဲစဉ်းစားခက်နေရင် ဒီpostက အသုံးဝင်မယ်ထင်ပါတယ်။
1) ဦးစားပေးလေ့ကျင့်ခန်းတွေကို အရင်လေ့ကျင့်ပါ။
လေ့ကျင့်ခန်းစစချင်းမှာ ကိုဦးစားပေးခြင်တဲ့ ကြွက်သားအုပ်စုကို အရင်လေ့ကျင့်ပါ။ fatigueနည်းနေတုန်းဖြစ်တဲ့အတွက် motor unit recruitmentများပြီး၊ လှုံဆော်မူပိုရစေနိုင်ပါတယ်။
ဥပမာ၊ leg dayမှာ ပေါင်နောက်ကိုဦးစားပေးခြင်ရင် lying leg curlလိုမျိုး၊ ပေါင်နောက်လေ့ကျင့်ခန်းနဲ့ စသင့်ပါတယ်။
2) Short muscle lengthလေ့ကျင့်ခန်းတွေကို စလုပ်ပါ။
Short muscle lengthလေ့ကျင့်ခန်းတွေ(ဥပမာ-lying leg curl)က long muscle lengthလေ့ကျင့်ခန်းတွေ(ဥပမာ-stiff legged deadlift)ထက် muscle damageပိုနည်းစေပါတယ်။ ဒါကြောင့်နောက်လုပ်မယ့်လေ့ကျင့်ခန်းရဲ့ လှုံဆော်မူကို သိပ်လျော့သေမှာမဟုတ်ပါဘူး။
ဒီနှစ်ချက်ကို စဉ်းစားပြီး၊ leg dayတစ်ခုကို ဖန်တီးကြည့်ရအောင်။
ခြေသလုံးနဲ့ ပေါင်ရှေ့ကို ဦးစားပေးချင်တယ်လို့ စဉ်းစားရအောင်။ ဒီလိုလေ့ကျင့်ခန်း ပုံစံဖြစ်ပါလိမ့်မယ်။
1) Straigh leg calf raise
2) Leg extension
3) Squat
4) Lying Leg curl
5) Adductors
6) Hip thrust
သင့်အတွက်အသုံးဝင်တယ်ဆိုရင် simpleလို့ရေးခဲ့ပေးပါ။ like and followလုပ်ခဲ့လို့လည်းရပါတယ်။
Training programsတွေ စိတ်ဝင်စားရင် messengerကနေ ဆက်သွယ်လို့လည်း ရပါတယ်။
04/04/2025
ကြွက်သားကြီးထွားဖို့ လေ့ကျင့်ခန်းလုပ်တဲ့သူတိုင်း faliure၊ နားထိ လေ့ကျင့်ရမယ်ဆိုတာ သိပါတယ်။
ဒီfaliureဆိုတာ ဘာလဲကော သေချာသိရဲ့လား။ မသိသေးရင် ဒီ postက သင့်အတွက်အသုံးဝင်မှာပါ။
❓ Faliureဆိုတာ ဘာလဲ။
✅ Faliureဆိုတာ အကြော့ရေတစ်ခုမှာ နောက်ထပ်တစ်ကြိမ်မလုပ်နိုင်တော့တဲ့ အချိန်ကိုပြောတာဖြစ်ပါတယ်။
📌ကြွက်သားတွေကအားမထုတ်နိုင်ေတာ့လို့မဟုတ်ဘဲ၊ ဦးနှောက်ကစေခိုင်းမူကုန်သွားလို့ ဖြစ်တာပါ။
နောက်တစ်ကြိမ်ထပ်မလုပ်နိုင်တော့လို့ ကြွက်သားတွေကအားကုန်သွားလို့ faliureဖြစ်တယ်လို့ ထင်နိုင်ပေမယ့်၊ ဒီလိုမဟုတ်ပါဘူး။ ကြွက်သားတွေမှာ voluntary activation deficitတွေရှိနေတာက လိုအပ်တဲ့အားကိုထုတ်နိုင်သေးတာကိုပြပါတယ်။ central motor commandက လုံလောက်တဲ့မြင့်မားမူမရှိလို့၊ motor unitsတွေထပ်မသုံးနိုင်တော့လို့ နောက်ထပ်တစ်ကြိမ်မလုပ်နိုင်တာဖြစ်တယ်။ ဒီvoluntary activation deficitက ကြီးမားတဲ့ကြွက်သားတွေမှာ၊ သေးတဲ့ကြွက်သားတွေထက်ပိုများတာကိုတွေ့ရတယ်။
တစ်နည်းဆိုရင်တော့ ကြွက်သားတွေကပိုအားထုတ်နိုင်ခြေရှိပေမယ့်၊ ဦးနှောက်က ထပ်မခိုင်းနိုင်တော့တာကြောင့်ဖြစ်တယ်။
✅Central commandမရှိခြင်းက ရူမြင်တဲ့၊ သိတဲ့အားစိုက်ထုတ်မူကြောင့် ဖြစ်တယ်။
Central motor commandကို အများဆုံးသည်းခံနိုင်တဲ့ကို့ရဲ့အားစိုက်ထုတ်နိုင်မူရူမြင်ချက်(maximum perception of effort)က ကန့်သတ်ထားပါတယ်။
Central motor commandက သူ့ရဲ့ပုံတူ(collary discharge)ကိုဖန်တီးပြီး ဦးနှောက်ရဲ့ခံစားမူနဲ့ဆက်စပ်တဲ့အပိုင်းကို signalတွေပို့လွှတ်ပါတယ်။ အဲ့နေရာမှာ perception of effortကိုဖြစ်စေပါတယ်။
Perception of effortက ကိုအမြင့်ဆုံးသည်းခံနိုင်တာထက်ကျော်လွန်ရင်တော့ central motor commandက collary dischargeတွေပိုမထုတ်အောင် ရပ်တန့်လိုက်တယ်။
လေ့ကျင့်ခန်းကိုအားစိုက်မူနဲ့ဖြစ်လာတဲ့ ခံစားမူတွေကို ဦးနှောက်ကသည်းမခံနိုင်တော့လို့ central commandမရှိတော့တာဖြစ်တယ်။
တစ်နည်းပြောရင် faliureက အမြဲကိုသိလို့ဖြစ်ခြင်းဖြစ်တယ်။ မသိပဲနဲ့ဖြစ်တာမဟုတ်ပါဘူး။
အကျဉ်းချုပ် ပြန်ပြောရမယ်ဆိုရင်တော့
Faliureဆိုတာ လေ့ကျင့်ခန်းတစ်ခုကို နောက်တစ်ကြိမ်ထပ်မလုပ်နိုင်တာကိုပြောတာဖြစ်တယ်။ ကြွက်သားတွေက အားမထုတ်နိုင်တော့လို့မဟုတ်ပဲ၊ကိုအမြင့်ဆုံးသည်းခံနိုင်တဲ့ အားထုတ်မူကိုရောက်လို့၊ သိခြင်းနဲ့ဖြစ်တာဖြစ်ပါတယ်။
သင့်အတွက် အသုံးဝင်ရင် like and followလုပ်ခဲ့ပေးလို့ရပါတယ်။
31/03/2025
သင်က gymအခုမှစဆော့နေတဲ့ beginnerတစ်ယောက်လား၊ ဒါမှမဟုတ် သေချာစီစဉ်ထားတဲ့ training planတစ်ခုကို ရှာနေတဲ့သူတစ်ယောက်လား။
ဒါဆိုရင်တော့ တခြားရှာနေစရာမလိုတော့ပါဘူး။ သင့်ရဲ့တိုးတက်မူကို စဉ်းစားပြီးရေးဆွဲထားတဲ့ training planတွေကို ရနိုင်ပါပြီ။
ဘာplanတွေရှိလဲ။
- Full body(3 days a week)
- Upper Lower(4 days a week)
- မိမိအတွက်သီးသန့် customized planတို့ရှိပါတယ်။
ဘာတွေပါမှာလဲ။
- 12ပတ်ကြာ လေ့ကျင့်ရမယ့် training plan
- သေချာရှင်းပြထားတဲ့ လေ့ကျင့်ခန်းများ
- ဘယ်လိုတိုးတက်မူရှိအောင် လေ့ကျင်ရမလဲလမ်းညွှန်
- အစားအသောက်နဲ့ နေထိုင်မူလမ်းညွှန်
- သုံးသင့်တဲ့ ဖြည့်စွက်စာများ တို့ပါဝင်မှာဖြစ်ပါတယ်။ pdfဖိုင်နဲ့ programကိုပေးမှာဖြစ်ပါတယ်။
ဘယ်သူတွေအတွက် ပိုအသုံးဝင်သလဲ။
- ရလဒ်တွေကို အထိရောက်ဆုံးရချင်တဲ့သူတွေ
- personal trainerမတက်နိုင်တဲ့သူတွေ
- အကောင်းဆုံးတန်ဖိုးလိုချင်တဲ့သူများအတွက်သင့်တော်ပါတယ်။
ဒါကြောင့် စိတ်ဝင်စားရင် messengerမှာ programလို့ပိုလိုက်ပြီး သင်နဲ့သင်တော်မယ့် programကို ရယူလိုက်ပါ။
Click here to claim your Sponsored Listing.
Location
Category
Website
Address
Yangon