United Polymer Products Co.,Ltd

United Polymer Products Co.,Ltd

Share

United Polymer Products Co.,Ltd

22/02/2020


( Zawgi version )

အ ဆို တစ် ခု ရှိ တယ် ။




















၁၂ ၊ ၂ ၊ ၂၀၂၀

မိုး တင့် ဆွေ
၁၂ ၊ ၂ ၊ ၂၀၂၀
ဗု ဒ္ဓ ဟူး ။

Unicode

" စော သေး တယ် ထင် နေ တဲ့ ဘဏ် "

အ ဆို တစ် ခု ရှိ တယ် ။

နောင် တစ် ချိန် သေ ချာ ပေါက် လုပ် မယ် လို့ ရည် ရွယ် ထား တဲ့ ကိ စ္စ ကို အ ခု ချက် ချင်း လုပ် လိုက် ပါ တဲ့ ။

တစ် ခါ က ဘု ရင် ကြီး တစ် ပါး က အ လုပ် တစ် ခု ကို လုပ် ဖို့ ဘယ် အ ချိန် က အ ကောင်း ဆုံး လဲ ဆို တဲ့ အ ဖြေ ကို သိ ချင် လို့ လိုက် ရှာ တာ ဘယ် ပ ညာ ရှိ မှ အ ဖြေ မ ပေး နိုင် လို့ နောက် ဆုံး တော ထဲ ရောက် သွား ပြီး တော ထဲ မှာ တစ် ပါး တည်း သီ တင်း သုံး နေ တဲ့ ရ သေ့ ကြီး ထံ ရောက် မှ ရ သေ့ ကြီး က သက် သေ နဲ့ အ လုပ် တစ် ခု လုပ် ဖို့ အ တွက် အ ကောင်း ဆုံး အ ချိန် က အ ခု အ ချိန် ပဲ လို့ ပြန် အ ဖြေ ပေး တဲ့ ပုံ ပြင် ကို မှတ် မိ နေ သေး တယ် ။

အ တိုး နှုန်း လျော့ ချ ခြင်း များ နှင့် ပတ် သက် ပြီး စဉ်း စား လျှက် ရှိ ကာ သင့် လျော် သည့် အ ချိန် တွင် အ တိုး နှုန်း ပြု ပြင် ပြောင်း လဲ မှု ကို ဆောင် ရွက် သွား မည် ဖြစ် ကြောင်း ဗ ဟို ဘဏ် ဒု ဥ က္က ဌ ဦး စိုး မင်း က ၁၀ ရက် နေ့ ဖေ ဖော် ဝါ ရီ လ က နေ ပြည် တော် မှာ ပြု လုပ် တဲ့ ပြည် ထောင် စု လွှတ် တော် အ စည်း အ ဝေး မှာ ပြော သွား တယ် ။

အ စိုး ရ သက် တမ်း လည်း ကုန် ခါ နီး ပြီ ဆို တော့ နံ မည် ကောင်း ယူ ပြီး ပြင် မ နေ ပါ နဲ့ တော့ လို့ ခပ် ရွဲ ရွဲ ပြန် ပြော ရင် ကောင်း မ လား တွေး မိ တယ် ။

ဘဏ် တိုး တွေ မ တ ရား ဖြစ် နေ တယ် ၊ ဘဏ် လုပ် ထုံး လုပ် နည်း တွေ ချစ် တီး လို ဖြစ် နေ တယ် ဆို တဲ့ အ ကြောင်း ကိုယ် သာ မ က ဘူး တစ် နိုင် ငံ လုံး တ က မ္ဘာ လုံး က ပြော နေ ကြ ပေ မယ့် ကိုယ် နဲ့ မ ဆိုင် သ လို နေ နေ ခဲ့ ပြီး မှ အ ခု အ စိုး ရ သက် တမ်း ကုန် ခါ နီး ထ ပြော တာ ရီ စ ရာ တစ် ခု လို ဖြစ် နေ တယ် ။

က မ္ဘာ့ ဘဏ် တို့ IMF တို့ က တောင် မြန် မာ နိုင် ငံ ဘဏ် စ နစ် တွေ ပြု ပြင် ရ မယ် လို့ အ ကြိမ် ပေါင်း များ စွာ ထောက် ပြ ခဲ့ ကြ ပါ တယ် ။ အပ် ငွေ တွေ ပြန် ထုတ် သွား မှာ စိုး လို့ ဆို တဲ့ အ ကြောင်း ပြ ချက် နဲ့ ဘဏ် တိုး တွေ ကို ချ မ ပေး ခဲ့ တဲ့ အ ပြင် လုပ် ထုံး လုပ် နည်း တွေ လည်း ပြင် မ ပေး ခဲ့ ဘူး ။

စီး ပွား ရေး ကျပ် တည် နေ တဲ့ မြန် မာ နိုင် ငံ မှာ ငွေ ကြေး လည် ပတ် မှု ကောင်း အောင် လုပ် မ ပေး ပဲ ငွေ တိုး ထိုင် စား နေ စေ ခဲ့ တယ် ။ အဲ့ ဒီ လို လုပ် ခဲ့ လို့ လည်း မြန် မာ နိုင် ငံ က SME လုပ် ငန်း ရှင် တွေ သာ မ က တစ် နိုင် တ ပိုင် အ လုပ် ထ လုပ် တဲ့ သူ တွေ တောင် အ ကုန် ဦး ကျိုး သွား ပြီး ပြီ ။

ဒါ တောင် လက် ရှိ အ ချိန် အ ထိ စဉ်း စား အုံး မယ် ဆို တဲ့ ဗ ဟို ဘဏ် ကို နောက် အ စိုး ရ လက် ထက် ရောက် မှ လုပ် ပါ တော့ လို့ ပဲ ခပ် ရွဲ့ ရွဲ့ ပြော ရင် လွန် မယ် မ ထင် ဘူး ။

ဗ ဟို ဘဏ် က သီး ခြား ရပ် တည် တယ် လို့ ပြော ကြ ပေ မယ့် ၁၀၀% အ စိုး ရ နဲ့ ကင်း လွတ် တယ် လို့ တော့ မ ထင် ပါ ဘူး ။ အ စိုး ရ ရဲ့ ပေါ် လ စီ ကို အ ကောင် အ ထည် ဖော် ပေး နေ တဲ့ အ ဖွဲ့ တစ် ခု အ နေ နဲ့ ပဲ မြင် တယ် ။ မြန် မာ နိုင် ငံ မှာ အ စိုး ရ နဲ့ သီး ခြား ရပ် တည် လောက် အောင် ဗ ဟို ဘဏ် အ စွမ်း မ ရှိ သေး ဘူး လို့ ထင် ပါ တယ် ။

မြန် မာ နိုင် ငံ မှာ အ စိုး ရ အ ဆက် ဆက် လွဲ မှား တဲ့ မူ ဝါ ဒ တွေ ၊ မ ပြတ် သား တဲ့ ဆုံး ဖြတ် ချက် တွေ ၊ ကိုယ် ကျိုး ကို သာ ကြည့် တဲ့ တာ ဝန် ရှိ တွေ ကြောင့် မြန် မာ ပြည် သူ တ ရပ် လုံး ဆုံး ရှုံး မှု များ ခဲ့ ရ တယ် ။ အ စိုး ရ အ ဆက် ဆက် ပြည် သူ ကောင်း စေ ဖို့ အ မိန့် တွေ ထုတ် ဖို့ အ မြဲ တွေ ဝေ နှောင့် နှေး ခဲ့ ကြ တယ် ။ ခ ရို နီ လို့ အ စဉ် အ ဆက် ခေါ် ဝေါ် ခဲ့ ကြ တဲ့ သူ တွေ ကို အ လွန် အ ကျွံ အ ကာ အ ကွယ် ပေး ကြ ရင်း နဲ့ ပြည် သူ တွေ ဘ ဝ ဆုတ် ယုတ် ကုန် ကြ ရ တယ် ။

ဘဏ် တိုး တွေ ချ လိုက် ရင် အ ရည် အ ချင်း မ ရှိ တဲ့ ချေး ငွေ တွေ ဖောင်း ပွ လာ မှာ စိုး တယ် လို့ ဆို တယ် ။ အ ရည် အ ချင်း မ ရှိ တဲ့ ချေး ငွေ တွေ က အ ရင် အ စိုး ရ လက် ထက် တွေ က တည်း က လက် ကုန် နေ ပါ ပြီ ။ နောက် ချေး ငွေ ကို ဘဏ် တိုင်း က စိ စစ် လို့ ရ ပါ တယ် ။ ချေး ငွေ တိုင်း ကို ငွေ ထုတ် ပေး ရ မယ် လို မ ရှိ ပါ ဘူး ။

ငွေ ကြေး ဖောင်း ပွ မှု ကို စိတ် ပူ တယ် လို့ လည်း ဆို တယ် ။ အ ခု ကို ဒေါ် လာ ငွေ ဈေး တွေ ကျ လာ ပြီး ငွေ ကြေး တွေ ကျစ် လစ် လာ တာ ကို ဖြေ ရှင်း ဖို့ ဆောင် ရွက် နေ ကြ ရ တာ လို့ မြင် ပါ တယ် ။ ဒေါ် လာ ငွေ ဈေး ၁၅၀၀ အောက် ကို ရောက် က တည်း က ဗ ဟို ဘဏ် လိုက် မ ဝယ် နိုင် တော့ ဘူး ။ ဆက် ကျ လေ က မောက် က မ ဖြစ် လေ မ ဖြစ် ရ အောင် ဗ ဟို ဘဏ် လုပ် ဆောင် နေ တယ် လို့ မြင် ပါ တယ် ။

အ စိုး ရ စ ပြီး တာ ဝန် ယူ က တည်း က အ များ မျှော် လင့် ခဲ့ တဲ့ ဘဏ် တိုး တွေ ဘဏ် လုပ် ငန်း တွေ ကို ပြု ပြင် ပြောင်း လဲ မယ် ထင် ခဲ့ တာ အ စိုး ရ သက် တမ်း ကုန် ခါ နီး အ ထိ တောင် စဉ်း စား တုန်း ဆို တဲ့ ဗ ဟို ဘဏ် ရယ် ၊ သက် ဆိုင် ရာ တွေ ရယ် ကို ဘာ မှတ် ချက် ပေး သင့် လဲ လို့ မ စဉ်း စား တတ် တော့ ပါ ဘူး ။

တွေး မိ တာ ဒေါ် လာ အ ဝယ် လိုက် လာ အောင် စ ကား တစ် ခွန်း အ ဖြစ် ပြော တာ လား လို့ လည်း တွေး မိ တယ် ။

မြန် မာ နိုင် ငံ မှာ အ စဉ် အ လာ တ ခု ကို မ ပြောင်း လဲ ရဲ ကြ ဘူး ။ ဘာ ဖြစ် လို့ လဲ ဆို တော့ ပြောင်း လဲ လိုက် ရင် ဘာ ဖြစ် သွား မ လဲ လို့ မ တွေး နိုင် ကြ လို့ ၊ တွေး နိုင် တဲ့ ပ ညာ မ ရှိ ကြ လို့ ပါ ။ သူ့ ဖာ သာ သူ နေ ပါ စေ ကွာ လုပ် လိုက် မှ ပို ဆိုး ကုန် ပါ အုံး မယ် ဆို တာ ပြော နေ ကြ စ ကား တွေ ပါ ။

တ ကယ် လည်း တ ချို့ ပြောင်း လဲ မှု လုပ် လိုက် ရင် ပို ဆိုး သွား တတ် ကြ တာ လည်း ရှိ နေ ကြ ပါ တယ် ။ ဒါ လည်း ဘယ် လို ဖြစ် ရင် ဘယ် လို လုပ် ရ မယ် ဆို တဲ့ ပ ညာ မ ရှိ လို့ ပါ ပဲ ။

ပြော ရ ရင် တော့ အ ရင် က တည်း က ပ ညာ တတ် တွေ အုပ် ချုပ် ခဲ့ တဲ့ Meritocracy တိုင်း ပြည် မ ဟုတ် တဲ့ အ ပြင် အ ခု ထိ မ ပြောင်း လဲ နိုင် သေး တဲ့ အုပ် ချုပ် ရေး က ဏ္ဍ ရှိ တဲ့ တိုင်း ပြည် အ ဖြစ် ရပ် တည် နေ ပါ သေး တယ် ။

ဘဏ် တွေ အ တိုး ချ ဖို့ စော နေ သေး တယ် ထင် နေ တဲ့ သူ တွေ ကို နိုင် ငံ ခြား ကို အ လည် အ ပတ် လေ့ လာ ရေး လွှတ် ပေး လိုက် စေ ချင် တယ် ။

က မ္ဘာ ပေါ် မှာ သူ များ နိုင် ငံ တွေ ဘယ် လို အ လုပ် လုပ် နေ ကြ လဲ ဆို တာ သိ ကြ ရ အောင် ပါ ။

မိုး တင့် ( ရန် ကုန် တ က္က သိုလ် )
၁၂ ၊ ၂ ၊ ၂၀၂၀

မိုး တင့် ဆွေ
၁၂ ၊ ၂ ၊ ၂၀၂၀
ဗု ဒ္ဓ ဟူး ။

22/02/2020

သမ္မတဦးသိန်းစိန်လက်ထက် ကုမ္ပဏီ ၁၀ ခုကို နိုင်ငံတော်ဧည့်ဂေဟာ ဆောက်ရန် ငွေဘီလီယံ ၂၄၀ ထုတ်ချေးခဲ့သော်လည်း အတိုးငွေမရရှိမှုများရှိနေ၊ ဧဒင်၊ မက်စ်၊ ရွှေတောင်၊ IGE ၊ ထူး၊ အေးရှားဝေါလ်တို့လည်းပါဝင်

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၇

သမ္မတဦးသိန်းစိန်အစိုးရလက်ထက် ၂၀၁၂ ခုနှစ် နေပြည်တော်တွင် နိုင်ငံတော်ဧည့်ဂေဟာ တည်ဆောက်ရန် ငွေကျပ် ဘီလီယံ ၂၄၀ ကုမ္မဏီ ၁၀ ခုကို ထုတ်ချေးခဲ့သော်လည်း အတိုးငွေ မရရှိမှုများ ရှိနေကြောင်း ပြည်ထောင်စု စာရင်းစစ်ချုပ်၏ အစီရင်ခံစာအရ သိရှိရသည်။

နေပြည်တော်တွင် နိုင်ငံတော်ဧည့်ဂေဟာ တည်ဆောက်ရေးအတွက် Jade Vila ၂ လုံးစီ တည်ဆောက်ရန် ဧဒင်၊ အာရှအမြန်(ရန်ကုန်)ဟိုတယ်ကုမ္ပဏီ၊ IGE ၊ မက်စ်မြန်မာ၊ အေးရှားဝေါလ်၊ နီလာရိုးမ ကျောက်မျက်ရတနာကုမ္ပဏီ၊ ရွှေတောင်ကုမ္ပဏီ၊ ACE ကုမ္ပဏီ၊ ထူးကုမ္ပဏီ၊ Original Group ကုမ္ပဏီ စုစုပေါင်း ၁၀ ခုကို ငွေကျပ် သန်း ၂၄၀၀၀ စီဖြင့် စုစုပေါင်း ဘီလီယံ ၂၄၀ ကို အတိုးနှုန်း ၅ ရာခိုင်နှုန်းဖြင့် ထုတ်ချေးခဲ့ကြောင်း သိရှိရသည်။

သမ္မတဦးသိန်းစိန်အစိုးရ၂၀၁၄ ခုနှစ်၊ ဧပြီလတွင် နိုင်ငံတော်ဧည့်ဂေဟာ တည်ဆောက်ရေးလုပ်ငန်းများ အတွက် ကုမ္ပဏီ ၁၀ ခုအနက်မှ ကုမ္ပဏီ ၇ ခုသို့ ကျပ်သန်း ၃၇၅၀၀ အား အတိုးနှုန်း ၈ ဒသမ ၂၅ နှုန်းဖြင့် ထပ်မံ၍ ထုတ်ချေးခဲ့ကြောင်း စာရင်းစစ်ချုပ်အစီရင်ခံစာတွင် ဖော်ပြထားသည်။

၂၀၁၈ ခုနှစ်ဧပြီလမှ စက်တင်ဘာလအထိ ကုမ္ပဏီ ၁၀ ခုက ချေးငွေ များအတွက် မြန်မာ့စီးပွားရေးဘဏ်သို့ ပေးသွင်းရမည့် အတိုး ၄ ရာခိုင်နှုန်း ကျပ်သန်း ၄၈၁၃ ဒသမ ၁၅၀ အနက်မှ ကျပ်သန်း ၂၈၈၅ ဒသမ ၂၆၀ ပေးသွင်းကြောင်း၊ ကုမ္ပဏီ ၅ ခုက ပေးသွင်းရန် ကျန်ငွေ ကျပ်သန်း ၁၉၂၇ ဒသမ ၈၉၀ ကျန်ရှိကြောင်း ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီသို့ ပေးသွင်းရမည့် အတိုး ၀ ဒသမ ၅ ရာခိုင်နှုန်း ကျပ် သန်း ၆၀၁ ဒသမ ၆၄၀ အနက်မှ ကျပ်သန်း ၃၆၀ ဒသမ ၆၅၆ သာပေးသွင်းခဲ့ပြီး ကျပန်ငွေ သန်း ၂၄၀ ဒသမ ၉၈၄ ကျန်ရှိနေကြောင်း ဖော်ပြထားသည်။

၂၀၁၉ ခုနှစ် ဧပြီလ ၁၂ ရက်နေ့အထိ ကုမ္မဏီများက မြန်မာ့စီးပွားရေးဘဏ်သို့ ပေးသွင်းရမည့် အတိုး ၄ ရာခိုင်နှုန်း ကျန်ငွေ ကျပ်သန်း ၁၉၂၇ ဒသမ ၈၉၀ အနက်မှ ကျပ်သန်း ၁၄၄၆ ဒသမ ၅၇၅ သာ ပေးသွင်းခဲ့ပြီး ကျန်ငွေ ကျပ်သန်း ၄၈၁ ဒသမ ၃၁၅ ရှိကြောင်း၊ နေပြည်တော် စည်ပင်သာယာရေးကော်မတီသို့ ပေးသွင်းရန် အတိုးကျန်ငွေ ကျပ်သန်း ၂၄၀ ဒသမ ၉၈၄ အနက်မှ ကျပ်သန်း ၁၈၀ ဒသမ ၈၂၀ သာ အတိုးပေးသွင်းပြီး ကျပ်သန်း ၆၀ ဒသမ ၁၆၄ ကျန်ရှိနေကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

အဆိုပါချေးငွေများကို ၂၀၂၀ ပြည့်နှစ် ဇန်န၀ါရီလ ၁ ရက်နေ့မှစတင်၍ အရင်းဆပ်ကာလစတင်မည်ဖြစ်ရာ ယင်းချေးငွေများကို ရရှိရေး ဘဏ်လုပ်ထုံးလုပ်နည်းများ ကြီးကြပ်ဆောင်ရွက်ရန် အစီရင်ခံစာက တိုက်တွန်းထားသည်။

www.khitthitnews.com

Photos from United Polymer Products Co.,Ltd's post 21/09/2018
Photos 10/04/2017

Manufacturer by UPP
ရာဘာအခင်းမျိုးစုံး

01/04/2017

UPP co.,Ltd

Photos from United Polymer Products Co.,Ltd's post 24/02/2017

UPP မှဂုဏ်ယူစွာထုတ်လုပ်သည်

Photos from United Polymer Products Co.,Ltd's post 29/01/2017

Mandalay Nanmyo Golf Clup.

Photos from United Polymer Products Co.,Ltd's post 23/01/2017

UPP Co,ltd မှထုပ်လုပ်သော
rubber အခင်းပြားများ
မန္တလေး နန်းမြို့ golf club မှာ
ခင်းထားပါတယ်။
အရည်အသွေးအနေနဲ့ကတော့
အာမခံပါတယ်။golf shoe မှspike များ
နဲ့နင်း တာတောင် ပဲ့ခြင်းကွဲခြင်း လုံးဝမရှိပါဘူး
သေချာစမ်းသပ်ပြီးမှ ဈေးကွက်တင်ခြင်းဖြစ်ပါတယ်ရှင်။
မြန်မာနိုင်ငံမှာဘဲ ထုပ်လုပ်ပါတယ်။
နန်းမြို့ golf clup မှ တာဝန်ရှိသူများအားလုံးကို
ကျေးဇူးတင်ပါတယ်ရှင်

Want your business to be the top-listed Gym/sports Facility in Yangon?

Click here to claim your Sponsored Listing.

Location

Website

Address


No 257, Kanaung Street ShwePyiThar Industrial Zone
Yangon