06/12/2025
အများသိစေရန် အသိပေးကြေညာခြင်း
ဤကြေညာချက်သည် အောက်ဖော်ပြပါ အချက်များကို တရားဝင် ရှင်းလင်းအသိပေးအပ်ပါသည်။
Strategic Alliance Marketing Company Limited အနေဖြင့်
* ၂၀၁၀ ခုနှစ်မှ စတင်ကာ SAM Field Marketing Services အနေဖြင့် နိုင်ငံတကာနှင့် ပြည်တွင်း ထုတ်ကုန်အမှတ်တံဆိပ်များအတွက် Field Marketing services: Sampling, Activation, Retail Marketing, Event Management services များ တာဝန်ယူလုပ်ဆောင် လုပ်ငန်းလည်ပတ်ခဲ့ပါသည်။
* ၂၀၁၈ ခုနှစ်တွင် SAM Distribution လုပ်ငန်းခွဲအနေဖြင့် Unilever EAC Myanmar Limited ၏ ထုတ်ကုန်များကို နိုင်ငံအဝှမ်း Modern Trade ဆိုင်ခွဲများအားလုံးနှင့် ရန်ကုန်တိုင်းဒေသကြီး General Trade retail အတွက် ကုန်ပစ္စည်းဖြန့်ချိရောင်းချခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။
အထက်ပါ Strategic Alliance Marketing Company Limited အောက်တွင် လုပ်ကိုင်ခဲ့သော SAM Field Marketing Services နှင့် SAM Distribution တို့သည် ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလတွင် မိတ်ဖက် Stakeholder များကို အသိပေးအကြောင်းကြား၍ တရားဝင် လုပ်ငန်းရပ်နားခဲ့ပြီး ဖြစ်ပါသည်။ ထိုအချိန်မှစ၍ အဆိုပါလုပ်ငန်းနှစ်ခုလုံးသည် လုပ်ငန်းဆောင်ရွက်မှုအားလုံးကို ရပ်ဆိုင်းလိုက်ပြီဖြစ်ပြီး၊ မည်သည့်ပုဂ္ဂိုလ် သို့မဟုတ် အဖွဲ့အစည်းကိုမျှ ၎င်းတို့၏အမည်များကို ကိုယ်စားပြုရန်၊ အသုံးပြုရန် သို့မဟုတ် ထိုအမည်များအောက်တွင် မည်သည့်လုပ်ဆောင်မှုကိုမျှ ပြုလုပ်ရန် ခွင့်ပြုထားခြင်း မရှိပါ။
Strategic Alliance Marketing Company Limited အနေဖြင့် လက်ရှိအချိန်တွင် “Mohinga - မွင်းငါး” အမှတ်တံဆိပ် တောချက်မုန့်ဟင်းခါးဟင်းရည် အခြောက်မှုန့်ထုပ် ထုတ်လုပ်ရေး၊ “Mohinga House - မွင်းငါးဆိုင်” F&B Retail လုပ်ငန်း၊ Yummy စားသောက်ကုန်ထုတ်လုပ်ရေး လုပ်ငန်းများ လုပ်ကိုင်လျက်ရှိပြီး၊ ယခုဖော်ပြခဲ့သော လုပ်ငန်းများမှအမ အခြားပြင်ပမည်သည့် လုပ်ငန်း/ပုဂ္ဂိုလ်များနှင့်မှ ဆက်နွယ်လုပ်ကိုင်နေခြင်း မရှိပါ။
လက်ရှိတွင် ရပ်ဆိုင်းထားပြီးသော ဤလုပ်ငန်းအမည်များကို ခွင့်ပြုချက်မရှိဘဲ အချို့သောပုဂ္ဂိုလ်/အဖွဲ့အစည်းများက အသုံးပြုရန် ကြိုးပမ်းနေကြောင်း ကျွန်ုပ်တို့ သိရှိရပါသည်။
ထို့ကြောင့် မိတ်ဖက်များ၊ ရောင်းချသူများ (Vendors) နှင့် သက်ဆိုင်သူမိတ်ဖက်များ (Stakeholders) အားလုံးကို အောက်ပါအချက်များကို သတိပေးလိုပါသည်-
• အထက်ပါလုပ်ငန်း (၂)ခုသည် သက်ဆိုင်ရာကဏ္ဍများတွင် ဆက်လက်လုပ်ကိုင်ခြင်း မရှိတော့ပါ။
• ဤအမည်များအောက်တွင် ဆောင်ရွက်သော မည်သည့်လုပ်ဆောင်မှုမဆို၊ ပက်သက်ဆက်နွယ်သည်ဟု မည့်သည့်ဖော်ပြချက်မဆို ခွင့်ပြုချက်မရှိသော လုပ်ဆောင်မှုဖြစ်ပါသည်။
• Strategic Alliance Marketing Company Limited နှင့် ၎င်း၏ ဒါရိုက်တာများသည် ထိုကဲ့သို့သော လုပ်ဆောင်မှုများအတွက် မည်သည့်တာဝန်ယူမှုမျှ ရှိမည်မဟုတ်ပါ။
• အမည်ကို အလွဲသုံးစားပြုလုပ်ခြင်း သို့မဟုတ် အယောင်ဆောင်ခြင်းတို့အပေါ် တရားဥပဒေအရ အရေးယူဆောင်ရွက်သွားမည် ဖြစ်ပါသည်။
မည်သည့်ဆက်သွယ်မှု သို့မဟုတ် ကိုယ်စားပြုမှုမျိုးကိုမဆို စစ်ဆေးအတည်ပြုလိုပါက ကျွန်ုပ်တို့ထံသို့ တိုက်ရိုက်ဆက်သွယ် မေးမြန်းနိုင်ပါသည်။
ဆက်လက်ပူးပေါင်းဆောင်ရွက်မှုအတွက် ကျေးဇူးတင်ရှိပါသည်။
Strategic Alliance Marketing Company Limited အမှုဆောင် ဒါရိုက်တာအဖွဲ့
ဆက်သွယ်ရန် : 09254203540, 09945000980
Strategic Alliance Marketing Company Limited, အမှတ် ၂၆၇၊ မဟာဂန္ဓာရုံလမ်း၊ ၄၈ရပ်ကွက်၊ ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်၊ ရန်ကုန်မြို့။
02/12/2023
Be the Operational Excellence!
Sam Field Marketing is on the lookout for a talented and motivated Operations Manager. If you have 3+ years in the FMCG field and a drive for success, send your resume and cover letter to [email protected].
Apply now and elevate your career with us!
More Detailed Information:
Sam Field Marketing, a prominent presence in the FMCG sector, is looking for a talented and motivated Operation Manager to enrich our team. If you are passionate about fostering operational excellence, managing teams, and creating seamless customer experiences, this is a big opportunity for you.
Position - Operation Manager (Full Time, Permanent)
Location - North Dagon Township
Working Hours - 9 am to 5 pm (Monday to Saturday)
Job Description:
As our Operations Manager, you will be instrumental in
Coordinating daily customer service operations.
-Tracking and ensuring progress towards weekly, monthly, quarterly, and annual objectives.
-Evaluating employee performance while providing supervision and motivation for daily tasks.
-Coaching and supporting new and existing associates and BAs.
-Engaging with clients to understand and evaluate their needs.
-Analyzing customer behaviors to create effective project plans and proposals.
-Ensuring all employees adhere to the company’s policies and guidelines.
Requirements:
-Any Graduate.
-Age above 30 years old.
-3 years and above experience in the FMCG field.
-Competence to build and effectively manage interpersonal relationships at all levels of the company.
-Ability to manage the operation team.
-Apply now and elevate your career with us!
How to apply - Interested candidates can apply by sending an updated resume and a cover letter to [email protected]
Contact us : 09781695301
26/10/2023
SAM Field Marketing ကနေစတင်ခဲ့တဲ့ BBH ရဲ့ (၁၃) နှစ်တာကာလအတွင်းမှာ BBM, SAM Distribution, Function 9, Frame 24, Spark Event အစရှိတဲ့ Business Unit တွေအဖြစ် အောင်အောင်မြင်မြင်ရပ်တည်နိုင်ခဲ့တာ အတူတူကြိုးစားခဲ့ကြတဲ့ဝန်ထမ်းတွေ၊ ယုံကြည်စိတ်ချလက်တွဲခဲ့တဲ့ Clients တွေ နဲ့ Partner တွေကြောင့်ပါ။ ဒီလို (၁၃) နှစ်တိုင်တိုင် အတူတူဖြတ်သန်းခဲ့တဲ့သူတွေက မိသားစုတွေလိုပဲမို့ BBH ရဲ့ (၁၃) နှစ်ပြည့်ကို Family Funtopia လေးအဖြစ် ပျော်ပျော်ရွှင်ရွှင်ကျင်းပခဲ့ပါတယ်။ ပွဲရဲ့ အမှတ်တရပုံရိပ်တွေကိုလည်း မှတ်တမ်းတင်ပေးထားလို့ အကြောင်းအမျိုးမျိုးကြောင့် မလာဖြစ်လိုက်တဲ့သူတွေရှိရင်လည်း ပွဲရဲ့ အငွေ့အသက်တွေကို ဝင်ရောက်ခံစားကြည့်နိုင်ပါတယ်။
The enduring success of BBM, SAM Distribution, Function 9, Frame 24, and Spark Event over the past 13 years, starting from SAM Field Marketing under BBH, can be attributed to the dedicated collaboration of our esteemed employees, as well as the unwavering trust and support extended by our valued clients and partners. The 13-year anniversary of BBH was joyfully marked as Family Funtopia, honoring those who have shared these 13 years together, like one big family. For those unable to attend, we invite you to relish the vibrant ambience of the occasion through the captivating imagery captured during the event.
21/07/2015
Off to Magway!!!
နောက်လာမယ့်အပတ် စနေနေ့ (၂၅)ရက်နေ့မှာ Coca-Cola ပျော်ရွှင်ခြင်းခရီးစဉ်က အိမ့်ချစ်၊ မိစန္ဒီ၊ ဂျက်ဆန်ထွန်းတို့နဲ့ မကွေးမြို့ကို အရောက်လာမှာပါ။ MPT ကလည်း အထူးအစီအစဉ်တွေနဲ့ တက်ကြွလန်းဆန်းစေမယ့် အားလပ်ချိန်အတွက် Coca-Cola နဲ့အတူ ရှိနေမှာမို့လို့ အသေးစိတ်ကို ဒီ ပိုစတာလေးမှာကြည့်လိုက်ပါဦး!
07/06/2015
Motivation Plan
white team(captain zkl) Vs red team(captain amz)
Winner: white team
15/05/2015
POND's Professional Beauty Advisor's Training