Oxygen Crisis in MYANMAR. Daily oxygen available source. oxygen ရနိုင် ခြေရှိသောနေရာများ နေ့ စဥ် စုစည်းပေးသော post များ
အောက်ပါလင့် ကိုနှိပ်ပါ
Htoochar Total Solutions Service, Myanmar
ထူးခြား ပြည့်စုံ ရလဒ် (Non-profit) Our innovative service is the value to your satisfaction.
Project Management Institute certifies that HTS having given satisfactory evidence of qualifications and fitness, is hereby certified as a PMI-Scheduling Professional PMI-SP.
Postတွေမတင်ဖြစ်တာမထင်မှတ်ပဲ ၂နှစ်လောက်ရှိသွားပြီ။ 2019 နှစ်တစ်ခုလုံး မှာ သိသာတဲ့အပြောင်းလဲတစ်ခုအဖြစ် Public Transportation Agency တစ်ခုရဲ့ construction division မှာ manager role ကို လက်ခံလိုက်ပြီး တူညီတဲ့ responsiblity တွေကို လက်ခံယူလိုက်ပါတယ်။ USD 400 million Programme လောက်ကို တာဝန်ယူထားတဲ့ ဒီconstruction ဌာနမှာ managerတစ်ယာက်အဖြစ် စတင်အလုပ်ဝင်ချိန်ကစပြီး အရင်လို technical jobတွေ သက်သက်သာမက အခြား managerial တာဝန်တွေကိုပါပူးတွဲထမ်းဆောင်ရပါတယ်။ ဒီpost မှာ စာရေးသူပြုစုထားတဲ့ ပထမတစ်နှစ်တာ research ရဲ့ findings တွေကိုတင်ပြချင်တာပါ။
အရင် စာရေးသူမတိုင်မီက ဒီဌာနမှာ engineer များကပဲ construction CPM scheduling ကို ကြီးကြပ်ခဲ့ကြပါ။ ဒီအချက်ရဲ့ အဓိကအားနည်းချက်ကတော့ project တစ်ခုရဲ့ အဆုံးရောက်ရင် ပုံမှန်ပြုလုပ်ရတဲ့ CPM schedule delay analysis ပါပဲ။ မတူညီတဲ့ အတွေးနဲ့ အုပ်ချုပ်မှုပုံစံတွေက အဆုံးသတ် delay calulation မှာ division management အတွက် ဦးနှောက် စားတဲ့ ဆုံးဖြတ်ချက်တွေကိုပြုလုပ်စေပါတယ်။ တနည်းအားဖြင့် Standard format မရှိတဲ့ transparency အားနည်းမှုက ဌာနဆိုင်ရာအကြီးအကဲတွေအတွက် contract close out လုပ်ရာမှာ ကြန့်ကြာစေတာပါပဲ။ 2019-2020 ကာလ ပထမဆုံး USD 37 million project ကို role model အဖြစ်သတ်မှတ်ပြီး စာရေးသူ ဦးဆောင်လို့ စနစ်တကျ CPM Scheduling format ကို implement လုပ်ဆောင်ခဲ့ပါတယ်။ Construction CPM scheduling ကို ex*****on period မှာ processအားဖြင့် 5 ပိုင်းခွဲထားပါတယ်။ 1) Plan - Baseline 2) Track - progress 3) monitor - current status 4) Identify/Quantify - Potential Schedule Impact (PSI) Events 5) Contract Modification. စာဖတ်သူဟာ Construction Project တစ်ခုရဲ့ စီမံခန့်ခွဲသူတစ်ယောက်ဖြစ်ရင်တော့ ဒီ CPM Scheduling Practice ဟာ အင်မတန် အသုံးဝင်ပါလိမ့်မယ်။ အသေးစိတ်လေ့လာချင်ရင် PM box ကနေ ဆက်သွယ်နိုင်ပါတယ်။ ဒီ 5ပိုင်းကို စနစ်တကျ မပြုလုပ်ခဲ့တဲ့ construction ဟာ အဆုံးမှာ မမျှော်လင့်ထားတဲ့ ငွေကြေးဆိုင်ရာဆုံးရှုံးမှုများ အပြင် owner/contractor ပါ reputation ပါထိခိုက်ပြီး litigation မှာ အဆုံးသတ်သွားနိုင်ပါတယ်။ အပိုင်း 5 ပိုင်းကို တစ်ပိုင်းစီ ခွဲပြီး အသေးစိတ်တင်ပြပါဦးမယ်။
ရန်ကုန်မြို့ရဲ့ အခြားစိတ်ဝင်စားစရာ စီမံကိန်းတစ်ခုကတော့ အမြန်လမ်းပါပဲ။ အမြန်လမ်း ဆိုတာကတော့ တိုးပွားလာတဲ့ လူဦးရေနဲ့ အတူ ကားသုံးစွဲမှုများပြားလာမှု ကြောင့်ဖြစ်ပေါ်လာတဲ့ ယာဉ်ကြောပိတ်ဆို့မှု ကို ဖြေရှင်းနိုင်တဲ့ နည်းလမ်းတစ်ခု လို့ နိုင်ငံတကာမှာ အသိအမှတ်ပြုထားတဲ့ Express way network ပါ။ Express way အမြန်လမ်းကြောင့် မြို့နေပြည်သူတွေရဲ့ နေ့စဉ်ခရီးသွားအချိန်ကုန်မှု သက်သာစေမှာ သေချာပါတယ်။ မြန်မာနိုင်ငံပြင်ပထွက်လိုက်မယ် ဆိုရင်ဖြင့် ထိုင်းနိုင်ငံဘန်ကောက်ရောက်ပြီဆို တာနဲ့ အမြန်လမ်း အသုံးပြုမှု ကို ထင်ထင်ရှားရှား တွေ့နိုင်ပါတယ်။ အမြန်လမ်း အသုံးပြုမှု အတွက် အခငွေကို နိုင်ငံ အလိုက် ဒေသအလိုက် ကောက်ခံပုံ မတူညီကြပါဘူး။ အခြေခံကျတဲ့ အကြောင်းအရာ တစ်ခုကတော့ ဆောက်လုပ်မှု ကုန်ကျစရိတ်ပါပဲ။ နိုင်ငံအများစုမှာ အသုံးများတဲ့ စနစ်တစ်ခုကတော့ Public Private Partnership (P3) လို့ ပြောလို့ရပါတယ်။ P3 စနစ်မှာ ကုန်ကျစရိတ်ကို အစိုးရနဲ့ ပုဂ္ဂလိက အဖွဲ့အစည်းမှ ပူးပေါင်းကျခံပြီး သင့်တင့်တဲ့ အခငွေကို အသုံးပြုသူတွေဆီမှ ပြန်လည် ကောက်ခံပါတယ်။ အခု ဖော်ပြပါ proposal အရဆိုရင်တော့ Other Funding Sources (အစိုးရမဟုတ်တဲ့) ငွေကြေးသုံးစွဲမှာဖြစ်ပါတယ်။ ဒီနောက်ဆက်စွဲ သိသာတဲ့ အချက်ကတော့ သုံးစွဲခပိုမိုများနိုင်ပါတယ်။ ဘာလို့လည်းဆိုတော့ အစိုးရမှ အချိုးကျခံပေးမှု မပါလို့ပါပဲ။ ထိုနည်းတူစွာ ချည်းကပ်လမ်းနဲ့ ပတ်သက်တဲ့ အချက်တစ်ခု ကတော့ design perspective ပါပဲ။ နိုင်ငံတကာမှာတော့ လက်ရှိအချိန်ထိ ဘေးလျက် ချည်းကပ်လမ်း ပုံစံကို အသုံးပြု တာများပါတယ်။ ဗဟိုပြု ချည်းကပ်လမ်းကတော့ သိပ် အသုံးမများသလို video file အရ elevated design ဆိုရင် ကုန်ကျစရိတ်က လည်း အဆမတန် ပိုမိုနိုင်ပါတယ်။ အဲ့အတွက် သုံးစွဲသူမှ အခငွေမှာ ထပ်စောင်းပေးရမှာ ဖြစ်ပါတယ်။ နောက်ဆက်တွဲအနေဖြင့် project ဟာ financially high risk ဖြစ်သွားနိုင်ပါတယ်။ ဒီလိုဆိုရင်တော့ developer အနေနဲ့ ကပ်လျက်ချည်းကပ်လမ်း စနစ်ကို ရွေးချယ် အသုံးပြုနိုင်ပါတယ်။ ကနဦးလေ့လာ တွေ့ရှိချက်အရ ၆၉၈ အိမ်ထောင်စု ဟာ မြေယာ ရွေ့ပြောင်းမှု အတွက် ဖိအားပေးခံရနိုင်ပါတယ်။ အားလုံးကံကောင်းကြပါစေ။
22/07/2017
မိုးရာသီအကုန်တွင် ရန်ကုန်မြို့သစ် စီမံကိန်း စမည် ရန်ကုန်မြို့ ကြည့်မြင်တိုင် တစ်ဖက်ကမ်းတွင် အကောင်အထည်ဖော်မည့် ရန်ကုန်မြို့သစ် စီမံကိန်းကို ယခုနှစ် မိုးရာသီအကုန်တွင် မြေပြင် အကောင်အထည် ဖော်ခြင်းများ စတင် ဆောင်ရွက်မည်ဖြစ်ကြောင်း ရန်ကုန် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားသည်။
26/03/2017
ဆောက်လုပ်ခွင့်ပုံစံစစ်ဆေးခနှင့်ကြိုတင်ဆောက်ဒဏ်ကြေးငွေနှုန်း Written by Myanmar Builders Guide
22/03/2017
ရန်ကုန်-ဒလ တံတားစီမံကိန်း -Dala-Bridge ဟာ ရန်ကုန်မြို့ အတွက် အလွန်အရေးပါပြီး ဒေသအတွင်း လူမှုစီးပွားဖွံ့ဖြိုးတိုးတက်မှု အတွက် အခရာကျတဲ့ strategic asset လို့ပြောလို့ရပါတယ်။ ရန်ကုန်-ဒလ တံတားရှိရင်ပြည်သူတွေအတွက် အကျိုးများစွာရှိမှာ ဖြစ်ပါတယ်။ လူလတ် နဲ့ အခြေခံ လုပ်သားထု ရင်ဆိုင်နေရတဲ့ အဆမတန်မြင့်မားလှတဲ့ ရန်ကုန်မြို့ နေထိုင်စရိတ် ပြသနာကို တစ်စိတ်တစ်ပိုင်း ဖြေရှင်းပေးနိုင်မှာလည်း ဖြစ်ပါတယ်။
ဤတံတားနဲ့ ပတ်သက်လို့ ပထမဆုံး သတိထားမိတဲ့ အချိန်ကတော့ စာရေးသူ အလယ်တန်းကျောင်းတက်စဉ်ဖြစ်ပြီး စီမံကိန်းအကောင်အထည် စတင်ဖော်ဆောင်တယ်လို့ ကြားမိပါတယ်။ ဒါနဲ့ပဲ ဒလတစ်ဖက်ကမ်းက မြေဈေးများရုတ်ချည်း ၁၀ဆ မက မြင့်တက်သွားပါတယ်။ စီမံကိန်းကို လမ်းမတော် ဘုန်းကြီးလမ်း မှ နေ၍ အခြား တစ်ဖက်ကမ်း ဆိပ်ကြီးခနောင်သို သို့ concept design ရှိထားသည် ဟု သတင်းများထွက်ပေါ်ခဲ့ပါတယ်။ ဒီနောက် မှုန်ဝါးဝါးတံတားကြီးပျောက်ကွယ်သွားခဲ့ပါတယ်။ နောက်တစ်ကြိမ် ထပ်မံ ကြားရတဲ့ အချိန်က တော့ ၂၀၁၃ကာလ ပြည်သူဆောက်လုပ်ရေးမှ MD နဲ့ ပုဂ္ဂလိက ဆောက်လုပ်ရေးလုပ်ငန်းရှင်တစ်ဦး ပထမအကြိမ် မြန်မာ အင်ဂျင်နီယာ အသင်း နဲ့ ASEAN Engineer award အခမ်းအနားမှာပါ။ ပြောကြဆိုကြတာတော့ approved design ရပြီးလို့ S.Korea က fund နဲ့ ၂၀၁၃နှစ်ကုန် မှာ တည်ဆောက်ရေးကို စတင်နိုင်မယ်လိုကြားလိုက်ရပြန်တယ်။ အဲ့ နှစ် အပိုင်းအခြားမှာ ပဲ ဒလမြေဈေး အဆပေါင်းများစွာ မြင့်တက်သွားခဲ့ပြီး မျှော်လင့်ချက်များစွာဖြင့် လယ်မြေများကို ပင် ဝယ်မှုများ ပြုလုပ်လာတာတွေ့မိရပြန်တယ်။ ဒါနဲ့ပဲ အကြောင်းတရားများစွာဖြင့် စီမံကိန်း ကြီး နှောင့်နှေးလို့ အခုတစ်ဖန် ပြန်လည်ပေါ်ထွက်လာပြန်ပါပြီ။ ရန်ကုန်ဒလ တံတားရှိရင် ပြည်သူတွေအတွက် အကျိုးများစွာ ရှိမှာ ဖြစ်ပါတယ်။ လူလတ်နဲ့ အခြေခံလုပ်သားထုရဲ့အဓိကအခက်အခဲဖြစ်တဲ့ ရန်ကုန်မြို့ရဲ့ ငှါးရမ်းခ အဆမတန်မြင့်မှုကို တစ်ဆိတ်တစ်ပိုင်းဖြေရှင်းပေးနိုင်မှာလည်း ဖြစ်ပါတယ်။
အခုလိုအခွင့်အခါကောင်း အစပြုချိန်မှာ အုပ်ချုပ်သူအဏာပိုင် အစိုးရအနေဖြင့် စနစ်ကောင်းကောင်းတစ်ခုကို သိတတ်နားလည် တက်ကျွမ်းတဲ့ ပညာရှင်များနဲ့ ပူးပေါင်း အကောင်အထည်ဖော် ဆောက်ရွက်လို့ တံတား အပြင် ဒလမြို့ ကိုပါ အဆင်မြင့် မြို့တော်တစ်ခု ဖြစ်အောင် စနစ်တစ်ကျ စတင်တည်ဆောက်နိုင်ပါတယ်။ ဥပမာ၊ မြို့ Haungpu River တစ်ဖက်ကမ်းက မြို့ လိုပါ။ စာရေးသူအတွေအကြုံအရ အခု လို စီမံကိန်းကြီးများ ကို အကောင်အထည်ဖော် ဆောင်ရွက်တဲ့ အခါ Vision တစ်ခုရှိရုံနဲ့ မလုံလောက်ပါဘူး။ အုပ်ချုပ်သူ နဲ့ Juridiction ကို ကိုယ်စားပြုတဲ့ 3rd party Program level management လိုအပ်ပါတယ်။ Program Management team ဟာဆိုရင် ဆိုင်ရာ တည်ဆောက်ရေးစီမံကိန်းများစွာမှာ အတွေ့အကြုံ များစွာရှိပြီးသား Experts, Professionals တွေကို စုစည်းထားတဲ့ team ဖြစ်ပါတယ်။ ဥပမာ၊ လက်ရှိ California Train Modernization Program (Est. 5 billion) မှာ ပါဝင်တဲ့ program team playerတွေမှာဆိုရင်ဖြင့် specific areas အတွက် USA မှာရှိတဲ့ ပညာရှင်များသာမက highspeed train နဲ့ ပတ်သက်လို့ နိုင်ငံအတွေ့အကြုံ များစွာ ရှိတဲ့ ပြည်ပက ပညာရှင်များပါ ပါဝင်ပါတယ်။ ဆိုလိုတာက စီမံကိန်းတစ်ခုကို အောင်မြင်ရေးမှာ Program Management ကို ထည့်သွင်းစဉ်းစားထားဖို့ လိုပါတယ်။
တံတားကြီး ကြီး တကယ်စတင်လို့ ပြည်သူတွေ လမ်းပန်းဆက်သွယ်ရေး အဆင်ပြေပါစေလို့ မျှော်လင့်လျက်ပါ။
ဒလ တံတားတည်ဆောက်ရေးစီမံကိန်းအား ၂၀၁၇ ခုနှစ် ဧပြီလတွင် စတင်နိုင်ရန် စီစဉ် ရန်ကုန်၊ မတ် ၂၀ ရက် (ဆင်ဟွာ) ဒလတံတားတည်ဆောက်ရေးစီမံကိန်းအား ၂၀၁၇ ခုနှစ် ဧပြီလတွင် စတင်နိုင်ရန် စီစဉ်ဆောင် ရွက်ထားကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
17/02/2017
The Landmark to the Yoma Central.
Yoma Strategic breaks ground on Yangon development project The mixed-use development will include residences, offices, retail space and a luxury hotel.
09/02/2017
US engineering firm AECOM to design Singapore's high-speed rail... Engineering firm AECOM Singapore was awarded the contract at a tender price of S$24.6 million.
Click here to claim your Sponsored Listing.
Location
Contact the business
Address
Yangon