Shwe Ingin Yoga

Shwe Ingin Yoga

Share

Renewing both body and mind for a better you

31/05/2026

🏵️ Shwe Ingin Yoga 🏵️
(9)နှစ်ပြည့် အမှတ်တရ

04/05/2026

May 5 သင်တန်းလေးတွေပြန်စပါပြီရှင် 🧘🏻‍♀️

17/04/2026

မင်္ဂလာနှစ်သစ်ဖြစ်ပါစေ 🙏🏻🙏🏻🙏🏻

16/04/2026

🍀🍀🍀 "မြန်မာနှစ်သစ်ကူးအချိန်ခါသမယမှာလူသားအားလုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းတို့နဲ့ ပြည့်စုံပါစေ။ နှစ်ဟောင်းက အညစ်အကြေးတွေ သင်္ကြန်ရေနဲ့အတူ ဆေးကြောသန့်စင်သွားပြီး နှစ်သစ်မှာ လိုအင်ဆန္ဒတွေ အားလုံး တစ်လုံးတစ်ဝတည်း ပြည့်ဝ၍ငြိမ်းချမ်းကြပါစေကြောင်းဆုမွန်ကောင်းတောင်းပါတယ်ရှင်။" 🙏🏻🙏🏻🙏🏻
#နှစ်သစ်ဆုတောင်း

28/03/2026

✨✨ Life And Soul Alignment One Day Retreat လေးမှာ ဆရာမ Khin Minn Thit (Blooming Hearts By Khin Minn Thit)ရဲ့ဖိတ်ခေါ်မှုနဲ့ Aqua Yoga ကို Happy Program လေးအဖြစ် Shwe Ingin Yoga မှ ပါဝင်ကူညီအားဖြည့်ပေးခဲ့ပါတယ်ရှင်။ ပျော်ရွှင်စရာ Aqua Yoga Time လေးဖြစ်ကြပါစေရှင်။ ✨✨

Photos from Shwe Ingin Yoga's post 14/02/2026

💕 Trust, Balance, and Love 💕
" Happy Valentine's Day Everyone "

13/02/2026

Yoga is better together.


Photos from Shwe Ingin Yoga's post 15/01/2026

Yoga မှာ ခန္ဓာကိုယ်ကိုလိမ်ပြီးလေ့ကျင့်ရတဲ့ Twisted Yoga Poses တွေဟာ ခန္ဓာကိုယ်အတွက်ရော စိတ်ပိုင်းဆိုင်ရာအတွက်ပါ အလွန်ထူးခြားတဲ့ အကျိုးကျေးဇူးတွေရရှိနိုင်ပါတယ်။ လေ့ကျင့်ခြင်းဖြင့်ရရှိနိုင်တဲ့ အကျိုးကျေးဇူးများ၊ မလေ့ကျင့်သင့်သောအခြေအနေများနဲ့ မှန်ကန်စွာကျင့်ရမယ့်အနေအထားများကို ရှင်းပြပေးပါ့မယ်ရှင်။ လေ့ကျင့်ခြင်းဖြင့် အဓိကအားဖြင့် ကျောရိုးနဲ့ ဝမ်းဗိုက်ပိုင်းအတွက်အထူးကောင်းမွန်စေပြီး ရရှိနိုင်တဲ့အကျိုးကျေးဇူးများကတော့
- အစာခြေစနစ်ကို ကောင်းမွန်စေခြင်း (Digestion)
ခန္ဓာကိုယ်ကို လှည့်လိုက်တဲ့အခါ ဝမ်းဗိုက်အတွင်းက အင်္ဂါအစိတ်အပိုင်းတွေကို နှိပ်နယ်ပေးသလို ဖြစ်ပြီး အစာအိမ်နဲ့ အူလမ်းကြောင်း လှုပ်ရှားမှုကို လှုံ့ဆော်ပေးလို့ အစာကြေလွယ်စေပြီး ဝမ်းချုပ်ခြင်းကို သက်သာစေပါတယ်။
- ခန္ဓာကိုယ်အတွင်းမှ အဆိပ်အတောက်များ ဖယ်ရှားပေးခြင်း (Detox)
သွေးလည်ပတ်မှု ကောင်းမွန်စေပြီး ကိုယ်တွင်းအင်္ဂါဆီကို သွေးတွေ စီးဆင်းရောက်ရှိစေတာကြောင့် အဆိပ်အတောက်တွေ ဖယ်ရှားရာမှာ ကူညီပေးပါတယ်။ အသည်းနဲ့ ကျောက်ကပ်မှာရှိတဲ့ အဆိပ် အတောက်တွေကို ဖယ်ရှားပေးဖို့ ကူညီပေးပါတယ်။
- သွေးလည်ပတ်မှု ကောင်းမွန်စေခြင်း (Blood Circulation)
ခန္ဓာကိုယ်ကို ပြန်လည်ဖြေလျှော့လိုက်တဲ့အခါ (Release လုပ်တဲ့အခါ) ဆဲလ်တွေထဲကို သွေးအသစ်တွေ အားကောင်းကောင်းနဲ့ စီးဝင်သွားပါတယ်။ ဒါဟာကိုယ်တွင်းအင်္ဂါတွေကို အားသစ်လောင်းပေးသလို ဖြစ်စေပါတယ်။
- ကျောရိုး ပျော့ပျောင်းစေခြင်း ခါးရိုးနဲ့ ကျောရိုး ကျန်းမာရေး (Spinal Mobility)
ကျောရိုးကို လိမ်ပြီး လေ့ကျင့်တာက ကျောရိုးဆစ်တွေ ကြားထဲမှာရှိတဲ့ အရွတ်တွေကို ပျော့ပျောင်းစေပါတယ်။
Flexibility: တစ်နေ့လုံး ထိုင်နေရလို့ တောင့်တင်းနေတဲ့ ကျောပြင်နဲ့ ခါးကို ပြေလျော့စေပါတယ်။
Posture: ခါးရိုးကို ဖြောင့်တန်းစေပြီး ခါးနာဝေဒနာကို သက်သာစေပါတယ်။
- စိတ်ဖိစီးမှု လျော့ကျစေခြင်း (De-stress)
စိတ်ဖိစီးတဲ့အခါ ပခုံးနဲ့ တင်ပါးဆုံ ကြွက်သားတွေမှာ တောင့်တင်းနေတတ်ပါတယ်။လေ့ကျင့်ခြင်းဖြင့်ရင်ဘတ်၊ ပခုံးနဲ့ ကျောပြင်က တင်းကျပ်မှုတွေကို လျော့ချပေးတဲ့အတွက် အသက်ရှူရ ပိုမိုကောင်းမွန်စေပြီး စိတ်ဖိစီးမှုကို လျော့ကျစေပါတယ်။
- အသက်ရှူခြင်း (Breathing )
လေ့ကျင့်နေစဉ်မှာ အသက်ရှူမှုကို အာရုံစိုက်ရတဲ့အတွက် စိတ်ကို တည်ငြိမ်အေးချမ်းစေပါတယ်။ Energy Flow- Twist လုပ်ခြင်းက ပိတ်ဆို့နေတဲ့ စွမ်းအင်တွေကို ပြန်လည်စီးဆင်းစေပြီး စိတ်ကြည်လင်မှုကို ပေးပါတယ်။
🚫 လေ့ကျင့်ရန်မသင့်သူများ
🚫 ခါးရိုး ပြဿနာရှိသူများ (Slip Disc/Herniated Disc) - ခါးရိုးဆစ်ကြားက အရိုးနုကျွံနေသူတွေအနေနဲ့ ခါးလိမ်လိုက်တဲ့အခါ အာရုံကြောကို ပိုဖိမိပြီး နာကျင်မှု ပိုဆိုးသွားနိုင်ပါတယ်။
🚫 ကျောရိုးခွဲစိတ်မှု လုပ်ထားသူများ - ကျောရိုးမှာ ခွဲစိတ်ကုသမှု ခံယူထားဖူးရင် ဆရာဝန်ခွင့်ပြုချက်မရှိဘဲ မလုပ်သင့်ပါ။
🚫 ကိုယ်ဝန်ဆောင်မိခင်များ - အထူးသဖြင့် ဗိုက်ကို ပြင်းပြင်းထန်ထန် ဖိမိစေမယ့် အလိမ်မျိုး (Deep Twists) ဟာ သားအိမ်ကို ဖိအားပေးနိုင်လို့ ရှောင်ရပါမယ်။
🚫 သားအိမ်အတွင်းအလုံး (Fibroids) ကြီးနေလျှင် - အလုံးအရွယ်အစား ကြီးမားနေပါက ဝမ်းဗိုက်ကို ပြင်းထန်စွာ ဖိညှစ်မိတဲ့ Twist တွေက နာကျင်မှုကို ဖြစ်စေနိုင်ပါတယ်။
🚫 သားဥအိမ်မှာ အလုံး/အိတ် ခပ်ကြီးကြီး ရှိနေရင်တော့ အထူးသတိထားရပါမယ် - ကိုယ်ထည်ကို ပြင်းပြင်းထန်ထန် လှည့်လိုက်တဲ့အခါ (Twisting) ကြောင့် သားဥအိမ် လိမ်သွားတာမျိုး (Ovarian Torsion) ဖြစ်နိုင်ခြေ ရှိပါတယ်။ ဒါဟာ အရေးပေါ် အခြေအနေဖြစ်ပြီး အရမ်းနာကျင်တတ်ပါတယ်။
🚫 သွေးဆင်းများနေချိန် - ရာသီသွေး အလွန်အကျွံဆင်းနေချိန် ဒါမှမဟုတ် သားအိမ်မှ ပုံမှန်မဟုတ်ဘဲ သွေးဆင်းနေချိန်မှာ ကိုယ်ထည်လှည့်တာ (Twisting) ကို လုံးဝရှောင်ရပါမယ်။ ဒါက သွေးထွက်ပိုများစေနိုင်ပါတယ်။
🚫 အစာအိမ်၊ အူလမ်းကြောင်းနှင့် ဝမ်းဗိုက်ပိုင်း ခွဲစိတ်ထားသူများ - ခွဲစိတ်မှု လုပ်ထားတာ မကြာသေးရင် အနာမကျက်ခင် လိမ်တာ၊ ကွေးတာမျိုး မလုပ်ရပါ။ သက်ဆိုင်ရာကျွမ်းကျင်ဆရာဝန်နဲ့ အရင်တိုင်ပင်ပြီးခွင့်ပြုချက်ရမှသာ လေ့ကျင့်မှုပြုလုပ်သင့်ပါသည်။
🚫 သွေးတိုးရောဂါ အပြင်းအထန်ရှိသူများ - အချို့သော ပြင်းထန်တဲ့ Twist ကျင့်စဉ်တွေဟာ သွေးပေါင်ချိန်ကို ခေတ္တတက်စေနိုင်ပါတယ်။
✅ Twist poseကိုမှန်ကန်စွာပြုလုပ်နိုင်ဖို့အတွက်
- အသက်ရှူသွင်းပါ။ ကိုယ်ထည်ကို မလှည့်ခင် အသက်ကို ဝဝရှူသွင်းပြီး ကျောရိုးကို အရင် ဆန့်ထုတ်ပါ။
- အသက်ရှူထုတ်ပါ။ လှည့်တဲ့အခါ အသက်ကို ဖြည်းဖြည်းချင်း ရှူထုတ်ရင်း လှည့်ပါ။
- အားမစိုက်ပါနဲ့။ လက်နဲ့ ဆွဲလှည့်တာမျိုးထက် ခန္ဓာကိုယ် ကြွက်သားအင်အားကိုပဲ သုံးပြီး လှည့်ပါ။
- အစာစားပြီးခါစ မလုပ်ပါနဲ့။ အနည်းဆုံး အစာစားပြီး ၂ နာရီခန့် ကြာမှ ပြုလုပ်သင့်ပါတယ်။

Photos from Shwe Ingin Yoga's post 05/01/2026

🌸 မေတ္တာကရုဏာဖြင့် လက်ကမ်းလှမ်းခြင်း 🌸(၅.၁.၂၀၂၆) မွန်မြတ်လှသောနှစ်ဦးအလှူဒါနပြုသည့်နေ့တစ်နေ့အဖြစ် Shwe Ingin Yogaမှ ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ ကင်ဆာဌာနတွင် တက်ရောက်ကုသမှုခံယူနေကြသောလူနာများနှင့် ဆေးသွင်းမည့်လူနာများအတွက် တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုစေရန် ရည်ရွယ်၍
- လူနာတစ်ဦးလျှင် : ၃၀,၀၀၀ ကျပ်နှုန်းဖြင့်
- လူနာ (၇၆)ဦးအတွက်
- စုစုပေါင်းအလှူဒါနငွေ : ၂,၂၉၀,၀၀၀ (နှစ်ဆယ့်နှစ်သိန်းကိုးသောင်း) ကျပ်တိတိကို
စေတနာအပြည့်ဖြင့် သွားရောက်လှူဒါန်းခဲ့ကြပါသည်။
ဤကောင်းမှုကုသိုလ်စုကြောင့် လူနာများအားလုံး ရောဂါဝေဒနာများ သက်သာပျောက်ကင်းကြပါစေကြောင်းနှင့် အလှူရှင် "ရွှေအင်ကြင်းယောဂအဖွဲ့" မိသားစုဝင်များအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေကြောင်း ဆုမွန်ကောင်းတောင်းရင်းသာဓုခေါ်ဆိုနိုင်ဖို့ မျှဝေပေးလိုက်ပါတယ်ရှင်။
🚫လူနာရှင်များ၏ Privacyအရ လှူဒါန်းနေသောဓာတ်ပုံများ မရိုက်ကူးခဲ့ပါဘူးရှင်။🚫

29/08/2025

မနက်ခင်းသင်တန်းချိန် 🧘🏼‍♀️🧘🏼‍♀️
စတင်ချိန်နှင့်အဆုံးသတ်ချိန်

Want your business to be the top-listed Gym/sports Facility in Yangon?

Click here to claim your Sponsored Listing.

Location

Category

Telephone

Website

Address


(23) Ward, Thuwanna , Thingangyun
Yangon