21/12/2025
မနက်ဖြန်မှ ဖြစ်လာမယ့် အကြောင်းအရာတွေကို တွေးပြီး ဒီနေ့ ပျော်ရွှင် မှု့ကို မဖျက်စီးမိပါစေနဲ့
Be Happy
Raise up your future with your dream
21/12/2025
မနက်ဖြန်မှ ဖြစ်လာမယ့် အကြောင်းအရာတွေကို တွေးပြီး ဒီနေ့ ပျော်ရွှင် မှု့ကို မဖျက်စီးမိပါစေနဲ့
Be Happy
12/10/2024
https://www.facebook.com/share/p/ymbEbicmVEhj9XCy/
အလုပ်လုပ်နေတဲ့ သူမှာ အမှားနဲ့မကင်းဘူး
အမြဲတမ်းမှန်ကန် နေတဲ့ သူဆိုတာလည်း မရှိဘူး
အမြဲတမ်း သန်မာနေတဲ့သူဆိုတာလည်း မရှိဘူး
တခါတရံ ပြီးပြည့်စုံတယ်ဆိုတဲ့ သူတွေဆီမှာလည်း
လိုအပ်ချက်ဆိုတာရှိပါတယ်
🌇တခါတရံ နေ့စဉ် လုပ်ငန်းခွင်မှာ ပဲဖြစ်ဖြစ် 💁🏼♀️Personal Life မှာပဲဖြစ်ဖြစ်
👩👩👧မိသားစုထဲမှာပဲဖြစ်ဖြစ်
🌀မတူညီတာတွေကြောင့် ပင်ပန်းနိုင်တယ်
🌀အငြင်းပွါးမှု့တွေမှာ ကိုယ့်အလိုမကျ တဲ့အခါ စိတ်တိုနိုင်တယ်
🌀စိတ်ဓာတ်ဆိုတာလည်း ကျနိုင်ပါတယ်
အဲ့ဒိချိန်ခဏမှာ ကိုယ့်ရဲ့stress ကို release လုပ်တာမျိုး
🧘♀️ Relaxingလုပ်တာမျိုး
🧘 Healing လုပ်တာ မျိုး နဲ့ ခဏအနားပေးလို့ရပါတယ်
ပြီးရင်တော့ ပြန်ထပါ
ဘဝမှာ perfect ( ပြီးပြည့်စုံနေဖို့ ) မလိုဘူး
တချိန်တည်းမှာပဲ ဇွဲရှိဖို့တော့လိုပါတယ်
အတိုက်အခိုက်တွေ ၊လဲကျတာတွေ
ပြသနာတွေ ကြုံလာတိုင်းမှာ
ဇွဲရှိရှိနဲ့ တာဝန်ယူလုပ်ဆောင်ပါ
အခက်အခဲ တစ်ခု ကို step တစ်ခု အနေ နဲ့ ကျော်လွှားနိုင်ခဲ့တဲ့ အခါတိုင်းမှာ ကိုယ်ဟာ ပိုမိုသန်မာလာတယ်ဆိုတာ ကို ကိုယ့်ကိုကိုယ့် အသိအမှတ်ပြုပါ
ဒါက ကိုယ့်ကိုကိုယ် ယုံကြည်မှု့ နဲ့
လေးစားမှု့တွေ တိုးလာစေပါတယ်
တခါတရံမှာ ကျွန်မတို့ တွေ ပင်ပန်းတယ်
ပင်ပန်းတာ ကို ခဏ အနားယူပြီး
နှစ်ဆ အားယူပြီး ရှေ့ဆက်ပါ
ကိုယ် လိုချင်တာဘာလဲ ကိုယ်သိပါ
ကိုယ်လိုချင်တဲ့ အရာကို Focus ထားပါ
Smart Goalတွေ ချမှတ်ပါ
ပြီးရင် ရေကုန်ရေခမ်း မရမချင်းလုပ်ပါ
ကိုယ်နဲ့ မတူညီတဲ့ သူတွေရဲ့ စကား ဝေဖန်မှု့တွေအတွက် အချိန် Energy အကုန်မခံပါနဲ့
ကိုယ့်အတွက် အပြုသဘောဖြစ်စေမယ့်
နည်းလမ်းတွေပေးနိုင်မယ့် သူတွေရဲ့ အလေ့အကျင့် အထောက်အပံ့ ကိုယူပါ
💫လိုအပ်ရင် Training တွေ ယူပါ
💫ရှင်းရှင်းလင်းလင်း နဲ့ ပန်းတိုင်ကိုအမြန်ဆုံးနဲ့ အထိရောက်ရောက်ချင်ရင် Coaching တွေ ရဲ့ အကူအညီကိုယူပါ
အောင်မြင်မှု့ ဆိုတာ လူပျင်းတွေ အတွက်မဟုတ်သလို
နည်းမှန် လမ်းမှန် ကြိုးစားနေတဲ့သူတွေအတွက် လည်း လက်တကမ်းမှာပါ
Htet Htet Htun
# Road to Success
your Dream
12/06/2024
အောင်မြင်တဲ့သူတွေဟာ...
ဘယ်တော့မှ "ဆင်ခြေ"မပေးပါဘူး။
မိတ်ဆွေရော ဆင်ခြေပေးမိနေပြီလား⁉️
အားလုံးကိုချစ်တဲ့❤️
(ABNLP)
22/05/2024
ကဆုန်လပြည့် ဗုဒ္ဓအခါတော်နေ့လေးမှာ မြန်မာပြည်သူပြည်သားအားလုံး
ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့ကြပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ရှင်🙏🏼
အားလုံးကိုချစ်တဲ့❤️
(ABNLP)
20/05/2024
ကျွန်မတို့တွေဟာ လူသားတွေဖြစ်တာနဲ့အမျှ မိသားစုရေး၊ စီးပွားရေး၊ ကျန်းမာရေးစတဲ့ အကြောင်းအရာအမျိုးမျိုးကြောင့် ပူပန်သောကရောက်တတ်ကြပါတယ်။
အခုလိုကာလကြီးမှာ အခက်အခဲမျိုးစုံကို နေ့စဉ်ကြုံတွေ့ရတိုင်း ဘယ်လိုမျိုး ကျော်ဖြတ်ရမလဲ⁉️ ဆိုပြီး မေးခွန်းထုတ်နေတဲ့ မိတ်ဆွေတို့အတွက် မျှဝေမှုလေး တစ်ခုလုပ်ပေးချင်ပါတယ်။
အဲ့ဒါလေးကတော့__
❝မနက်ဖြန်မှ ဖြစ်လာမယ့်အကြောင်းအရာတွေကို တွေးပြီး
ဒီနေ့ရဲ့ ပျော်ရွှင်မှုတွေကို မဖျက်ဆီးမိပါစေနဲ့❞
သောကတွေများနေတဲ့အချိန်မှာ ရောက်မလာသေးတဲ့ အရေးအရာတွေကြောင့် ဒီနေ့ရဲ့ပျော်ရွှင်မှုကို မဖျက်စီးမိပါစေနဲ့...
အားလုံးကိုချစ်တဲ့❤️
(ABNLP)
18/05/2024
Anyone who has never made a mistake has never tried anything new.
Albert Einstein
အမှားမလုပ်ဖူးတဲ့ သူဟာ အသစ်အသစ်သော အရာတွေကို ဘယ်တော့မှ ကြိုးစားပြီး လုပ်ဆောင်မှာမဟုတ်ဘူး။
အားလုံးကိုချစ်တဲ့❤️
(ABNLP)
02/05/2024
Success is not the key to Happiness.
Happiness is the key to Success.
If you love what you are doing, you will be successful‼️
~Albert Schweitzer~
အောင်မြင်မှုက ပျော်ရွှင်ခြင်းရဲ့ သော့ချက်မဟုတ်ဘူး။
ပျော်ရွှင်မှုကသာ အောင်မြင်ခြင်းရဲ့ အဓိကသော့ချက်ပဲဖြစ်တယ်။
ဒါ့ကြောင့်_
မင်းလုပ်နေတဲ့အလုပ်ကသာ မင်းကို တကယ်ပျော်စေတယ်ဆိုရင် မင်းသေချာပေါက် အောင်မြင်မှုရလိမ့်မယ်💯💯
အားလုံးကိုချစ်တဲ့❤️
(ABNLP)
01/05/2024
အချိန်ဆွဲတတ်တဲ့ အကျင့်ကို ဖျောက်ပါ။
မိတ်ဆွေရဲ့ စိတ်ကူးထဲမှာ လုပ်မယ်လို့ ကြံစည်ထားတဲ့ အရာတွေရှိရင်_
🔰တွေဝေစဥ်းစားမနေဘဲ
🔰လုပ်သင့်တယ်ထင်ရင်
🔰ရဲရဲကြီးသာလုပ်လိုက်ပါ‼️
🔺️ဘာမှမလုပ်ဘဲ တွေဝေစဥ်းစားနေတာကလည်း သွယ်ဝိုက်တဲ့နည်းနဲ့ အချိန်ဆွဲနေခြင်းပဲဖြစ်ပါတယ်။
🔺️တချို့လူတွေက လုပ်ရမယ့်အရာတွေရှိမှန်းသိရက်နဲ့ ဘာဖြစ်လို့၊ ဘယ်လိုကြောင့်ဆိုတဲ့ အကြောင်းပြချက်တွေပေးပြီး နေ့ရွှေ့ညရွှေ့နဲ့ အချိန်တွေဆွဲနေတတ်ပါသေးတယ်။
ဒီလို အချိန်ဆွဲနေတတ်တာက မိတ်ဆွေအတွက် ဘာကောင်းကျိုးမှ ရရှိစေမှာမဟုတ်ဘဲ မိတ်ဆွေရမယ့် အခွင့်အလမ်းတွေကိုတောင် ပိတ်ပစ်နိုင်ပါတယ်‼️
ဒါ့ကြောင့် မိတ်ဆွေမှာ အချိန်ဆွဲတတ်တဲ့အကျင့်ရှိထားတယ်ဆိုရင် ချက်ချင်းဖျောက်ပြီး လုပ်စရာရှိတာကို တက်တက်ကြွကြွနဲ့ တန်းလုပ်တတ်တဲ့ အကျင့်ကိုမွေးပါ။ မကြာခင်မှာ မိတ်ဆွေဟာ ပြောင်းလဲတိုးတက်လာတဲ့ သူတစ်ယောက် ဖြစ်လာပါလိမ့်မယ်💯💯💯
အားလုံးကိုချစ်တဲ့❤️
(ABNLP)
01/05/2024
🎉အလုပ်သမားနေ့အား ဂုဏ်ပြုကြိုဆိုအပ်ပါသည်🎉
May (1) ရက်နေ့မှာကျရောက်တဲ့ “အလုပ်သမားနေ့” မှစ နယ်ပယ်အသီးသီးမှာ တာဝန်ထမ်းဆောင်နေကြတဲ့အလုပ်သမားများအားလုံးကို လေးစားစွာဂုဏ်ပြုလိုက်ပါတယ်ရှင် 🤗
အားလုံးကိုချစ်တဲ့❤️
(ABNLP)
26/04/2024
‼️ဝင်ငွေ = အတွေးအခေါ်‼️
ဘဝမှာ အတွေးတွေက အရမ်းအရေးပါပါတယ်။
ကျွန်မတို့တွေ တစ်စုံတစ်ရာ လုပ်တော့မယ်ဆိုရင် အရင်ဆုံး တွေးကြတယ်။ ဘယ်လိုမျိုးလေး လုပ်ရင်ကောင်းမယ်။ ဘယ်လိုဆိုရင်တော့ ရှောင်ရမယ်ဆိုတာမျိုးလေးတွေ ကြိုပြီး တွေးလေ့ရှိကြတယ်✅️
ပြီးရင် စိတ်က အဲ့လိုတွေးထားတဲ့အရာအတိုင်းပဲ လက်တွေ့လည်း လုပ်ဆောင်ကြတယ်။
🔰ကိုယ်တွေးထားတဲ့ အရာတွေက လက်တွေ့မှာ တကယ်ဖြစ်လာလို့ အတွေးတွေက အရမ်းအရေးကြီးတာကို ဂရုစိုက်ရပါမယ်။
🔰ဒီလိုပါပဲ မိတ်ဆွေ ကြီးပွားချင်တယ်။ တိုးတက်ချင်တယ်ဆိုရင်လည်း မိတ်ဆွေစိတ်ထဲမှာ_
▪️ဝင်ငွေရစေမယ့် လုပ်ငန်းတွေ
▪️ဝင်ငွေရအောင် ကူညီပေးနိုင်မယ့်အရာတွေကို အရင်တွေးပါ။ လိုအပ်မယ့်အရာတွေကို ပြင်ဆင်ပြီး သင်ယူရမယ့်အရာတွေကို သင်ယူလေ့လာပါ။
📌မိတ်ဆွေရဲ့ အတွေးအခေါ်တွေက မိတ်ဆွေကြုံတွေ့မယ့် လက်တွေ့ဘဝနဲ့ တိုက်ရိုက်အချိုးကျတာမလို့
📌ဒီအတွေးတွေကပဲ မိတ်ဆွေတို့လိုချင်တဲ့ ငွေကြေးကို မိတ်ဆွေတို့ဆီ ယူဆောင်လာပေးမှာပဲ ဖြစ်ပါတယ်💯💯💯
✅️အတွေးတွေကို ဂရုစိုက်ပါ။
အားလုံးကိုချစ်တဲ့❤️
(ABNLP)