13/03/2021
မြန်မာနိုင်ငံရေကြောင်းပညာတက္ကသိုလ်ကျောင်းသား မောင်ထက်မြတ်အောင် (Marine Mechanical) သည် ယနေ့ (မတ်လ-၁၃၊ ၂၀၂၁) ပြည်မြို့တွင် လက်နက်ကိုင်အကြမ်းဖက်အုပ်စု၏ ပစ်သတ်မှုကြောင့် ကျည်မှန်ကျဆုံးခဲ့ပါသည်။
မြန်မာနိုင်ငံရေကြောင်းပညာတက္ကသိုလ်မိသားစုများမှ ကျဆုံးသွားသည့် မောင်ထက်မြတ်အောင်အား ကောင်းရာသုဂတိလားပါစေဟု ဆုတောင်းပါသည်။
စစ်လက်နက်ကိုင်အကြမ်းဖက်အုပ်စုနှင့် ၎င်းတို့၏နောက်လိုက် ကျောင်းရှိသစ္စာဖောက်များအား အမြစ်ဖြတ်ခြေမှုန်းသွားကြပါရန် တိုက်တွန်းနှိုးဆော်လိုက်ပါသည်။
26/02/2019
Hey Guys...
မနက်ဖြန် Activity Timeမှစ၍ အပတ်စဉ် Wednesday တိုင်း၏
Activity Timeအချိန်တိုင်းတွင်အခြားသောclubများလိုပဲ အတူတူလာရောက်
ဆော့ကစားကြရန် ဖိတ်ခေါ်ပါတယ် ခင်ဗျ။
ကျန်သောနေ့များမှာတော့ မိမိတို့အဆင်ပြေသောအချိန်များတွင် လာရောက်ဆော့ကစားနိုင်ပါတယ်
ထို့ကြောင့် မနက်ဖြန် နေ့လည် ၁:၃၀ခန့်အရောက် လာရောက်၍ဆော့ကစားကြပါရန်
ဖိတ်ခေါ်ပါတယ်ခင်ဗျ။
31/01/2019
Gym ဆော့သူ၊ လေ့ကျင့်ခန်းလုပ်သူတွေ ဘယ်အချိန် ဘာစားသင့်သလဲ???
" Gym ဆော့ပြီး ထမင်းစားလို့ရလား၊ မစားပဲနေလိုက်ရင်ကော ? "
" မနက်စာ မစားပဲရော လေ့ကျင့်ခန်းလုပ်လို့ရလား ?"
" ကိုယ်ရေထပ်ပြီး စစ်သွားချင်ရင် အစာကို လျှော့လိုက်ရမလား ? "
ဒီလိုဆင်တူမေးခွန်းတွေ မေးလာတိုင်း ဖြေရတာကြပ်ပါတယ်။ မေးခွန်းတစ်ခုစီရဲ့ အဖြေဟာ မေးသူရဲ့လက်ရှိအနေအထားနဲ့ ဆိုင်သလို၊ လက်ရှိလုပ်နေတဲ့ လေ့ကျင့်ခန်း၊ ရည်ရွယ်ချက်နဲ့လဲ ဆိုင်သေးပါတယ်။ အဆီများနေလို့ အဆီချချင်တယ်၊ ဘယ်လောက်ပမာဏဖြစ်ဖြစ် အခုအရမ်းဝနေလို့ ကျရင်ပြီးရောဆိုတဲ့ အနေအထားမျိုးနဲ့လူရှိသလို၊ အခုအနေအထားမှာ တော်တော်ကျစ်လျစ်နေပြီ၊ ဒါပေမယ့် ထပ်ပြီးတော့ ကျန်သေးတဲ့ အဆီကိုချမယ်၊ 6 packs abs မြင်ရတဲ့ အထိ Body fat percentage ကို ချချင်တယ်ဆိုတဲ့ လူမျိုးလဲရှိတယ်မလား။
ဒီလိုမှ မဟုတ်သေးပဲ အရမ်းပိန်နေပြီး Weight တက်ချင်တယ်၊ ကြွက်သားတက်ချင်တယ်ဆိုတဲ့ လူမျိုးလဲရှိသေးတာမို့ ဘယ်အချိန်မှာ ဘာစားသင့်လဲဆိုတဲ့ မေးခွန်းရဲ့ အဖြေဟာ လွယ်လွယ်ကူကူနဲ့ ဖြေလို့မရပါဘူး။ အကြမ်းဖျင်းအနေနဲ့
၁။ အဆီများပြီး ဝနေတဲ့လူက ပိန်အောင် ဘယ်လိုစားသင့်သလဲ
၂။ အဆီသိပ်မရှိတော့ဘူး၊ ကြွက်သားနဲ့ အဆီနည်းနည်းလူက ကြွက်သားမကျပဲ ပိန်သွားအောင်၊ Abs ပေါ်အောင် ဘယ်လိုစားသင့်သလဲ
၃။ ပိန်တဲ့လူက လေ့ကျင့်ခန်းလုပ်တဲ့အခါ ကြွက်သားတက်အောင် ဘယ်လိုစားသင့်သလဲ
သုံးမျိုးခွဲပေးလိုက်ပါတယ်။ ဒီလိုဘာလို့ခွဲရသလဲဆိုတာရဲ့ အကြောင်းပြချက်ကတော့ ရိုးရှင်းပါတယ်။ ခန္ဓာကိုယ်မတူ၊ ရည်ရွယ်ချက်လဲ မတူတဲ့ လူသုံးမျိုးအတွက် လုပ်သင့်တဲ့၊ လိုက်နာသင့်တဲ့ နည်းလမ်းကလဲ မတူသင့်ပါဘူး။
ဒီလိုမှမဟုတ်ပဲ"Protein စား၊ အဆီရှောင်၊ ရော့ ဒီလိုစား၊ ဒါပဲစား၊ Protein စား၊ အဆီရှောင် " စသဖြင့် ဒိုင်ခံ အကြံပေးနေရင် ဒါဟာ Trainer ကောင်းတစ်ယောက်ဆီက ရသင့်တဲ့ အကြံကောင်း မဟုတ်ပါဘူး။ ကိုယ့်ခန္ဓာကိုယ်တုန်းက ဒီလိုပဲ လုပ်ခဲ့စားခဲ့ပေမယ့် ကိုယ်နဲ့ မတူတဲ့ ခန္ဓာကိုယ်နဲ့လူကို ဒီလိုစား ဒီလိုလုပ်ဖို့ အကြံပေးရင် မသင့်တော်နိုင်ဘူးဟုတ်။
ဒါ့ကြောင့်လက်တွေ့ကျကျ သင်လိုချင်တဲ့ ခန္ဓာကိုယ် ရည်မှန်းချက်ကို ရဖို့ ဘယ်အချိန်မှာဘာတွေ စားသင့်သလဲဆိုတာ ဆက်ဖတ်ကြည့်လိုက်ရအောင်။
၁။ အဆီများပြီး ဝနေတဲ့လူက ပိန်အောင် ဘယ်လိုစားသင့်သလဲ
" သိပ်ဝတဲ့ လူတွေများ အဆီကျဖို့ သိပ်လွယ်တာ"
ဒီလိုများဆိုလိုက်ရင် ရွဲ့တယ်ထင်ပြီး ဝိုင်းရိုက်ကြမလား မသိဘူး။ ရိုက်လဲ မတတ်နိုင်ပေါင်။ မှန်တာပြောနေတာပဲ။
ဝနေတဲ့ လူတွေ ပိန်သင့်သလောက် ပိန်သွားဖို့ လုပ်နည်းက မခက်ပါဘူး။ဘာမှ မလုပ်ပဲ သူတို့ စားနေကျ အစားအစာတွေထဲက အဆီများတဲ့ အစာ၊ အချိုစာ၊ ဒီ နှစ်မျိုးကို စပယ်လိုက်ပြီ ဆိုတာနဲ့ အနည်းနဲ့ အများ ကိုယ်အလေးချိန်ကျလာမှာပါပဲ။
ကိုယ်အလေးချိန် တက်လာဖို့ဆိုရင် အဝင်စွမ်းအင်က အထွက်စွမ်းအင်ထပ် များဖို့ လိုတယ်ဆိုတာ အခြေခံပါပဲ။ ဝနေတဲ့လူတွေရဲ့ တစ်နေ့တာ စားတဲ့ စွမ်းအင်ဟာ တစ်နေ့တာ လှုပ်ရှားလို့ ပြန်သုံးထပ် စွမ်းအင်ထပ် များနေတာက အဓိကပြသနာပါပဲ။ တစ်နေ့တာလို့ ဆိုတာထပ် တစ်ပတ်တာလို့ ပြောရင် ပိုမှန်မယ်ထင်တယ်။ ကိုယ်အလေးချိန် အတက်အကျဆိုတာလဲ တစ်နေ့စားလို့ နည်းလိုက်တာနဲ့ ကျသွားတာမဟုတ်။ တစ်ပတ်၊ ၂ပတ် စသဖြင့်မှာ စားတာထပ် လှုပ်ရှားတာက ပိုများမှ ကျလာတာမျိုး မဟုတ်လား။
ဟုတ်ပြီ။ ဝင်တာထပ် အထွက်က များရမယ်။ အစားထပ် လှုပ်ရှားမှုက များရမယ်။ ဒီလိုဖြစ်အောင် ဝတဲ့လူတွေ ဘယ်လိုစလုပ်သင့်သလဲ။
ဝင်တာနည်းအောင်လုပ် (အစားလျှော့)၊ ထွက်တာများအောင်လုပ် (လေ့ကျင့်ခန်းလုပ်)၊ ဒါမှမဟုတ် နှစ်ခုစလုံး ပြိုင်တူလုပ် (အစားလဲ လျှော့၊ လေ့ကျင့်ခန်းလဲ လုပ်) ဆိုပြီး သုံးမျိုးဖြစ်နိုင်ပါတယ်။ တစ်ခုချင်းစီ သုံးသပ်ကြည့်ကြရအောင်။
-အစားလျှော့-
ဝတဲ့လူတွေအတွက် ဒီနည်းဟာ အကောင်းဆုံးပါပဲ။ ဘာ့ကြောင့်လဲဆိုတော့ ပထမ စဝလာတယ်ဆိုတာကလဲ အဝင်အစားအသောက်က သူများထက်များခဲ့လို့ မဟုတ်လား။ နေ့စဉ်၊ အပတ်စဉ် လိုတာထပ်ပိုစားခဲ့လို့ ငယ်တုန်းကလဲ ဝနိုင်သလို၊ တစ်ချို့ အစာခြေနှုန်းနှေးသွားတဲ့ အခါ အသက်ရလာတယ်နဲ့ ဝလာတာပါပဲကော။
ဒါတွေအားလုံးရဲ့ ပထမတရားခံဖြစ်တဲ့ အစားများတာကို ဖြေရှင်းချင်ရင်တော့ အစားလျှော့ရမယ်ဆိုတာ ငြင်းမရပါဘူး။ ဒီမှာတော့ အကြမ်ဖျင်းအနေနဲ့ ဆီကြော်ရှောင်၊ အချိုရည် သကြားရှောင် လို့ အကြံပေးလိုက်ပါတယ်။ ဒီနှစ်ခုကို ရှောင်လိုက်တာနဲ့တင် ဝတဲ့လူတွေ ကိုယ်ချိန်ကျလာတာ ဒုနဲ့ဒေးပါ။ ဒီတော့ ဆီကြော်နဲ့ သကြား၊ အချိုရည် ရှောင်ပါ။
(တစ်ဆင့်ချင်းဆီ ဘယ်လိုထပ်ပြီးတော့ အစားလျှော့ရမလဲဆိုတာကို 6packs abs ရအောင် ဘယ်လိုစားမလဲ ဆောင်းပါးမှာ ဝင်ဖတ်ပါ၊ Page ထဲမှာ တင်ထားတာ မကြာသေးပါဘူး)
-လေ့ကျင့်ခန်းလုပ်-
အရမ်းဝတဲ့ လူတွေအနေနဲ့ လေ့ကျင့်ခန်း အပြင်းစား မလုပ်နိုင်သေးပါဘူး။ ရသလောက် လမ်းလျှောက်တာ၊ ပြေးတာ၊ Gym စက်ဘီးစီးတာ၊ ဒါမှမဟုတ် Page ထဲက အိမ်မှာပဲ လုပ်နိုင်တဲ့ အဆီချလေ့ကျင့်ခန်းVideo တွေထဲက အတိုင်းလုပ်တာ စသဖြင့် လုပ်နိုင်ပါတယ်။
-အစားလဲလျှော့၊ လေ့ကျင့်ခန်းလဲ လုပ်-
ဒီဆောင်းပါးမှာ အဓိကပြောချင်တာက ဒီတစ်ခု အကြောင်းပါ။ ဘယ်အချိန်မှာ ဘာစားသင့်သလဲ ခေါင်းစဉ် တပ်ထားတာကိုး။
အစားလျှော့ဆိုလို့ အစားလျှော့ပြီ၊ တစ်ချို့ဆို စားတောင် မစားပဲ လေ့ကျင့်ခန်းပဲ လုပ်ကြတာတောင် ရှိသေးတယ်မလား။ စိတ်အားထက်သန်တယ်၊ စိတ်မာတယ် ဆိုပေမယ့်လဲ မမှန်ကန်ရင် အချည်းနှီး ဖြစ်သွားတတ်တာမလို့ အစာမစားပဲ လေ့ကျင့်ခန်း မလုပ်သင့်ပါဘူးလို့ ပြောပါရစေ။ ဒီတစ်ချက်လောက် ခေါင်းထဲ အသိတိုးသွားရင်ပဲ ရေးရကျိုးနပ်ပါပြီ။
"အစာမစားပဲ လေ့ကျင့်ခန်း မလုပ်ပါနဲ့ "
(ဒီနေရာမှာ အစာမစားပဲ လေ့ကျင့်ခန်းလုပ်တာ ကောင်းကြောင်း ဆောင်းပါးတွေလဲ ရှိပါတယ်။မကောင်း မဟုတ်ပါ။သူ့နေရာနဲ့ သူကောင်းတာရှိပါတယ်။ အစာမစားပဲ လေ့ကျင့်ခန်း လုပ်တာကို Fasted exercise လို့ခေါ်ပြီး သူ့အကြောင်းက ဒီနေရာမှာ သိဖို့ မလိုသေးပါဘူး)
ဘာလို့ အစာမစားပဲ လေ့ကျင့်ခန်းမလုပ်သင့်သလဲ???
ဟုတ်ကဲ့။ အထွက်စွမ်းအင်က အဝင်စွမ်းအင်ထပ် ပိုများအောင် အစာမစားပဲ လုပ်တယ်ကွာလို့ သာမန်တွေးရင် မှန်သလိုရှိပါတယ်။ ဒါပေမယ့် အစာတိုင်းဟာ ဆိုးရွားပြီး ဝစေတာ မဟုတ်ပါဘူး။ အာဟာရ ရှိစေတဲ့ အစာတွေကို စားခြင်းက လေ့ကျင့်ခန်းလုပ်ရာမှာ အားရှိပြီး ပိုလုပ်နိုင်စေတယ်။ အစာမစားပဲ လုပ်ရင် အားမရှိပဲ မလုပ်နိုင်တာထပ် အစာစားပြီး ပိုလုပ်နိုင်တာက အကျိုးပိုသက်ရောက်စေပြီး အဆီပိုကျစေပါတယ်။ နောက်တစ်ချက်က လေ့ကျင့်ခန်းမလုပ်မီ စားထားတဲ့ အစားအစာဟာ လေ့ကျင့်ခန်းလုပ်နေစဉ်မှာရော၊ လုပ်အပြီးမှာပါ အသုံးပြုလို့ အဆီဖြစ်မသွားပါဘူး။ ။ ဒါ့ကြောင့် လေ့ကျင့်ခန်း မလုပ်မီ ၂နာရီ အကွာလောက်မှာ ဆီကြော်တွေ အချိုမဟုတ်တဲ့ အစာတွေ မပါတဲ့၊ ကျန်းမာရေးနဲ့ ညီစွာချက်ထားတဲ့ အသားငါးတွေ စားရင် သင့်တော်ပါတယ်။
မလုပ်ခင် စားနိုင်ပါတယ်ဆိုတော့ လုပ်ပြီးရင်ကော။ မနက်ပိုင်းလေ့ကျင့်ခန်းလုပ်ရင် နေ့လည်စာကို ထမင်း ဟင်း(ဆီကြော်၊ဆီများမဟုတ်) စားတာ ပြသနာမရှိပါဘူး။ ဒါပေမယ့် ညနေပိုင်းလေ့ကျင့်ခန်းလုပ်ဖြစ်လို့ ညစာစားမယ်ဆိုရင်တော့ Carbohydrate ဖြစ်တဲ့ ထမင်းကို လျှေားစားရင်စား၊ မဟုတ်ရင် အရှင်းမစားလဲ ဖြစ်ပါတယ်။ အရွက်ကြော်လေးနဲ့ အသားပဲ စားရင်စား၊မဟုတ်လဲ ထမင်းကို အရင်စားတာထပ် လျှော့စားလုပ်ပါ။ အဓိကအချက်က ဒီအချိန်မှာ အစားဟာ စားတယ်ဆိုရုံလောက်နဲ့ လုံလောက်ပါတယ်။ လိုအပ်တဲ့ စွမ်းအင်ကို ခန္ဓာကိုယ်က အဆီကနေယူပါလိမ့်မယ်။
ဒီလောက်ဆို ဝတဲ့လူတွေ အနေနဲ့ မနက်နဲ့ နေ့ခင်းမှာ ကျန်းမာရေးနဲ့ညီစွာ ချက်ထားတဲ့ (ဆီကြော်မပါ၊ အချိုရည်မပါ၊ ဆီများဟင်းမပါ) အစားအစာကို ပုံမှန်စားနေတာထပ် လျှော့စား၊ လေ့ကျင့်ခန်းကို ညနေပိုင်းလုပ်ရင် ညစာကို ထမင်းလျှော့၊ ဒါမှမဟုတ် အရွက်ကြော်၊ အသားပဲစား စသဖြင့် နားလည်လောက်ပါပြီ။ ရိုးရှင်းတယ်ဆိုပေမယ့် ဒီနည်းဟာ ကိုယ်အလေးချိန်ကျစေပါတယ်။ အဓိကအချက်က အဝင်အစားအစာထပ် အထွက် တစ်နေ့တာ လှုပ်ရှားမှုက များရမယ်ဆိုတာကို မမေ့ပါနဲ့လို့။
၂။ အဆီသိပ်မရှိတော့ဘူး၊ ကြွက်သားနဲ့ အဆီနည်းနည်းလူက ကြွက်သားမကျပဲ ပိန်သွားအောင်၊ Abs ပေါ်အောင် ဘယ်လိုစားသင့်သလဲ
အကြမ်းပြန်ပြောရရင် ဒီလူတွေအတွက် အလေးမတဲ့နေ့မှာ များများစားမယ် (များများဆိုတာ Protein နဲ့ Carbohydrate)၊ အလေးမမတဲ့နေ့ Cardio လုပ်တဲ့နေ့မှာ နည်းနည်းစားမယ် (Carbohydrate မပါသလောက်နဲ့ Protein များများ) ဆိုတဲ့ နည်းပါပဲ။ တစ်ခုသတိပြုစေချင်တာက အလေးမဆော့တဲ့နေ့ကို နားရက်လို့ သတ်မှတ်ပေမယ့် နားရက်ဆိုတာ ဘာမှလေ့ကျင့်ခန်း မလုပ်တာကို မဆိုလိုပါဘူး။ နားရက်ဆိုတာ Cardio အဆီချလေ့ကျင့်ခန်းလုပ်တဲ့နေ့ပါ။
အလေးမတဲ့ နေ့မှာ များများစားမယ်။ ဘာတွေ ဘယ်အချိန်စားရမလဲ ???
မနက်အိပ်ရာထ၊ မနက်စာစားပြီ ဆိုပါစို့။ Protein များများနဲ့ Carbohydrate များများ (Carb က တအား များများ မစားလဲရပါတယ်၊ ပါသင့်သလောက်စားပေါ့) မနက်စာ စားလို့ရပါတယ်။ Carbohydrate ကို အများကြီး မစားခိုင်းတာကို အကြမ်းပြောပါရစေ။
Carbohydrate ဆိုတာ မန်လည်ဆရာတော် ဘုရားကြီး ရေးခဲ့ဘူးသလို (မန်လည်ဆရာတော် ဟုတ်မဟုတ်တော့ ဝိုးတဝါးဖြစ်နေပြီ၊ တွတ်ပီထဲမှာ ပါတာ မှတ်မိလို့ 😄😄😄) " ခေးဆိုတာ မရှိမကောင်း၊ ရှိမကောင်း" ဆိုတာလိုမျိုး။ Carbohydrate ဆိုတာ ခန္ဓာကိုယ်အတွက် စွမ်းအင်ပေးလို့ လိုအပ်တယ်၊ ဒါပေမယ့် လိုအပ်တဲ့ ပမာဏနဲ့ ကွက်တိကျစားရင် အဆီမကျ၊ များသွားရင် အဆီဖြစ် စသဖြစ် အကြမ်းပြောလို့ရပါတယ်။ ဒါ့ကြောင့် တအားမများစေပါနဲ့။ အနည်းငယ်လိုသွားရင်တောင် စွမ်းအင် ဒုတိယ အခြေအမြစ်ဖြစ်တဲ့ Protein ကနေ ယူနိုင်သေးတာမလို့ Carbohydrate ကို များများစား၊ များများလုပ်တဲ့နေ့မှာ စားပါဆိုပေမယ့် တအားကြီး မစားစေချင်တာပါပဲ။
ပြန်ဆက်လိုက်ရအောင်။ မနက်စာကို Protein နဲ့ Carbohydrate စားပါ။ Proteinကို ကြက်ဥ၊နို့၊ အသား၊ Protein powder စတာတွေက ရနိုင်ပြီး Carbohydrate ကို ထမင်း၊ ပေါင်မုန့်၊ Oat စတာတွေက ရနိုင်ပါတယ်။ တစ်နေ့ရဲ့ အစမလို့ စွမ်းအင်ပိုပြီး အဆီဖြစ်သွားစရာမရှိပါဘူး။ မနက်စာ အပြီး နောက်တစ်နပ်က နေ့ခင်းစာ (အလေးမဆော့ခင်အစာ)ပေါ့။ မနက်စာစားပြီး အလေ့းဆော့မယ်ဆိုရင်တော့ မနက်စာက အလေးမဆော့ခင် အစားအစာပါပဲ။
အလေးမဆော့ခင် ဘာစားမလဲ ??
အလေးမဆော့ခင် ၂နာရီ ၃နာရီ အလိုလောက်မှာ နေ့လည်စာ အဖြစ်စားလေ့ရှိသူတွေလဲ ရှိပါတယ်။ ဒီလိုမှ မဟုတ်ပဲ နေ့လည်စာ စားပြီး ၄နာရီအကြာလောက်မှ ရုံးဆင်း အလေးဆော့သူတွေလဲ ရှိတယ်ဟုတ်။
နေ့လည်စာ Protein များများနဲ့ Carbohydrate များများ (လေ့ကျင့်ခန်း မလုပ်မီ အစာမှာ Carbohydrate များများစားလို့ရပါတယ်) စားထားပြီး ၂၊၃နာရီ အကြာမှာ အလေးဆော့မယ်ဆို အားအပြည့်နဲ့ ဆော့နိုင်မှာပါ။ ဒီလိုမှမဟုတ်ပဲ နေ့လည်စာအပြီး ၅၊ ၆နာရီမှ အလေးဆော့မယ်ဆိုရင်တော့ အားအနည်းငယ် လျော့သွားတာမျိုးရှိတတ်ပါတယ်။ ဒါ့ကြောင့်မလို့ အလေးမဆော့ခင် အဆာပြေအဖြစ် တစ်ချို့လူတွေ ထပ်စားလေ့ရှိတာပါပဲ။
အဆာပြေဟာလဲ Protein နဲ့ Carbohydrate ပါပဲ။ ဥပမာအနေနဲ့ ပေါင်မုန့်ညို ၂ချပ်လောက်ဖြစ်ဖြစ်၊ ကြက်ဥဖြစ်ဖြစ်၊ ဒိန်ချဉ်ဖြစ်ဖြစ် အနည်းငယ်လောက်ကို အလေးမဆော့ခင် မိနစ် ၃၀အလိုလောက်မှာ စားထားရင် ပိုပြီး ဆော့နိုင်မှာဟုတ်။ မေ့လို့။ Protein shake ကိုလဲ မလုပ်ခင် မိနစ် ၃၀မှာ အဆာပြေအဖြစ် သောက်လို့ရပါတယ်။
လေ့ကျင့်ခန်း မလုပ်မီ ဘာစားရမလဲသိပြီးရင် လေ့ကျင့်ခန်း လုပ်စဉ်မှာရော ??
များများစားစားမရှိပါဘူး။ ရေသောက်ရင်သောက်၊ မသောက်ရင် Protein shake ကို ရေအစား တစ်ဆစ် တစ်ဆစ် သောက်နိုင်ပါတယ်။
- လေ့ကျင့်ခန်းအပြီး -
လေ့ကျင့်ခန်း လုပ်အပြီး အချိန်ဟာ ကြွက်သားတွေ ပြတ်တောက်ချိန်၊ ပြန်လည်ပြုပြင်ချိန်၊ လိုအပ်တဲ့ အာဟာရတွေကို သယ်ယူပို့ဆောင်ချိန်ပါပဲ။ ဒီအချိန်မှာ Protein၊ Carb များများစားနိုင်ပါတယ်။ တစ်ချို့ 6packs ရချင်လို့ အလေးမပြီး အချိန်မှာ အစားရှောင်သူတွေ ရှိရင် မရှောင်ပါနဲ့လို့။ ဒီအချိန်မှာ အာဟာရကောင်းမွန်တဲ့ အရွက်၊ အသားငါး၊ ထမင်း ဘာမဆို စားလို့ သင့်တော်ပါတယ်။ ဆီကြော်တွေ၊ အချိုရည်တွေက လွဲလို့ပေါ့။
ဒီလောက်ဆို လေ့ကျင့်ခန်းလုပ် များများစားတဲ့ နေ့မှာ ဘယ်လိုစားရမလဲ ဆိုတာသိပြီဟုတ်။ ဒါဆို နားရက်၊ Cardio ရက်မှာ ဘာစားရမလဲ ???
ဒီနားရက်၊ Cardio ရက်မှာ မနေ့က လုပ်ခဲ့တဲ့ အလေးဆော့လို့ ပြတ်သွားတဲ့ ကြွက်သားတွေဟာ ပြန်တည်ဆောက်နေတုန်းပါပဲ။ မနေ့က စားခဲ့တဲ့ Carbohydrate အရှိန်နဲ့ ဒီနေ့မှာစားမယ့် Protein အသစ်တွေဟာ ကြွက်သားအသစ်တွေ ပြန်လည်တည်ဆောက်ပေးမှာပါ။
"ဒီနေ့မှာ စားမယ့် Protein" လို့ရေးထားတာ သတိပြုမိတယ်ဟုတ်။ ဒီနေ့မှာ Carbohydrate မလိုပါဘူး။ ဒီတော့ Carbohydrate ဖြစ်တဲ့ ထမင်း၊ ဂျုံ၊ ခေါက်ဆွဲ၊ အာလူး စတာတွေကို နည်းနိုင်သလောက်၊ ဒါမှမဟုတ် လုံးဝမစားပဲနေလို့ရပါတယ်။ အခုလိုနည်းက အနည်းငယ် အဆီရှိပြီး 6packs abs ပေါ်ချင်သူတွေအတွက် နည်းမလို့ နည်းနည်းတော့ အငတ်ခံရမှာကို မေ့ထားလို့မရပါဘူး။ နားရက်၊ Cardio ရက်မှာ Carbohydrate ကို 50 grams (တော်တော်နည်းတဲ့ ပမာဏ) သို့မဟုတ် မစားပဲ နေတာက Abs ပေါ်မှာ ရှိတဲ့ အဆီတွေကို နားရက် Cardio ရက်မှာ ကျစေတာပါပဲ။ ဒီတော့ နားရက်မှာ Carb ကို လျှော့ချပြီး Protein များများစားပါ။
ဒီလောက်ဆို အဆီအနည်းငယ်ရှိပြီး Abs ပေါ်ဖို့ ကြိုးစားနေသူတွေ ဘယ်အချိန် ဘယ်လိုစားသင့်လဲ ဆိုတာရဲ့ အရေးကြီးတဲ့ အချက်တွေ သိလောက်ပြီဟုတ်။
၃။ ပိန်တဲ့လူက လေ့ကျင့်ခန်းလုပ်တဲ့အခါ ကြွက်သားတက်အောင် ဘယ်လိုစားသင့်သလဲ
ပိန်တဲ့လူအတွက်က နံပတ်၁ရဲ့ ပြောင်းပြန်ပါ။ အထွက် (လှုပ်ရှားတာ၊ လေ့ကျင့်ခန်းလုပ်တာ) ထပ် အဝင် အစားအသောက်က ပိုများရပါမယ်။ ဒီလိုများဖို့ဆို လုပ်နိုင်တာက ပိုစားဖို့က လွဲပြီး မရှိပါဘူး။ (လေ့ကျင့်ခန်း လျှော့ပါလို့တော့ မပြောပါဘူး)
ပိန်သူတွေ အလေးဆော့မယ်ဆိုရင် Protein နဲ့ Carbohydrate ကို အပေါ်က နံပတ်၂အတိုင်း၊ များများစား များများလုပ် နည်းနဲ့ စားပါ။ ဒါပေမယ့် Carbohydrate ကို လျှော့စရာမလိုပါဘူး။
နားရက်မှာလဲ Carbohydrate နဲ့ Protein များများစားပါ။ အပေါ်ကလူတွေလို အဆီမကျချင်တာမလို့ Carbohydrate ကို ရှောင်စရာမလိုပါဘူး။ ဘယ်အချိန် ဘာစားရမလဲဆိုတာကလဲ အပေါ်က နံပတ် ၂အတိုင်း လိုက်စားနိုင်ပါတယ်။
မတူတာက Carbohydrate ကို လျှော့စရာမလိုပဲ Carbohydrate နဲ့ Protein ကိုများအောင်စား။ ဘယ်လောက်စားရမလဲဆိုရင် အဝင်အစားအသောက်က အထွက်လှုပ်ရှားမှုထပ် များအောင် စားရမှာပါပဲ။ သိပ်ခက်ခက်ခဲခဲ မရှိပါဘူး။ တစ်ခုပဲ သတိပြုစရာဆိုလို့ ဆီကြော်စာတွေ ရှောင်ရုံပါ။
ဒီလောက်ဆိုရင် လေ့ကျင့်ခန်း လုပ်တဲ့လူတွေ ဘယ်အချိန်မှာ ဘာစားသင့်သလဲ၊ လေ့ကျင့်ခန်း လုပ်အပြီးမှာ ဘာမှ မစားပဲနေတာထပ် ဘယ်လိုစားရမလဲ စသဖြင့် အကြမ်း နားလည်လောက်ပါပြီ။
29/01/2019
Gym Club member တွေ အဆင်မပြေတာ
လိုအပ်တာများရှိရင် commentမှာဖြစ်ဖြစ် Chat boxမှာဖြစ်ဖြစ်
ပြောပေးကြပါဦးလို့ 😁💪💪
15/01/2019
Fitness Club memberဝင်မယ့်သူတွေ မနက်ဖြန်
Activity Timeမှာgymကိုလာပြီးစာရင်းပေးလို့ရပါတယ်နော်
တာဝန်ခံတွေgymမှာရှိနေပါ့မယ် ခင်ဗျ။
💪🏋🏋️♀️
11/01/2019
Some Workout plans for you 💪🔥
10/01/2019
လက်ရှိgymမှာဆော့ကစားနေတဲ့ ညီအစ်ကိုများထံမှ
လစဉ်၅၀၀၀ကျပ်သာ ကောက်ခံမှာဖြစ်ပြီး ပစ္စည်းများပြုပြင်ထိန်းသိမ်းရန်
သောက်ရေသန့်များစီစဉ်ပေးနိုင်ရန်အတွက် ဝိုင်းဝန်းကူညီကြပါရန်မေတ္တာရပ်ခံအပ်ပါတယ်ခင်ဗျ
Ko Swam Htet(09697256879)
Ko Min Maung Maung(09799566094)
10/01/2019
#လေ့ကျင့်ခန်း၏_ပြင်းအား(Intensity)
လေ့ကျင့်ခန်း၏ ပြင်းအား(intensity) ဆိုတာကို အကြမ်းဖျဉ်း ရှင်းပြချင်ပါတယ်။ intensity ဆိုတာ လေ့ကျင့်ခန်းပြုလုပ်နေစဉ်အတွင်းမှာ energy ဘယ်လောက်အသုံးပြုလိုက်သလဲ ဆိုတာကို ကိုယ်စားပြုတာပဲဖြစ်ပါတယ်။ လေ့ကျင့်ခန်းပြုလုပ်နေစဉ် အတွင်းမှာ ခန္ဓာကိုယ် ဟာ သုံးစွဲ လိုက်တဲ့ လောင်စာဆီ ပမာဏ ကိုဆိုလိုတာဖြစ်ပါတယ်။ နောက်တနည်းအနေနှင့် intensity ဟာ ကိုယ်လက်လှုပ်ရှားမှု စွမ်းအား (physical power) ဖြစ်ပြီး၊ ခန္ဓာကိုယ်ဟာ လေ့ကျင့်ခန်းလုပ်နေစဉ်အတွင်း အောက်စီဂျင် သုံးစွဲမှု (oxygen consumption) ပမာဏ ဘယ်လောက်များသလဲ ဆိုတဲ့ အပေါ်မှာ အခြေခံပါတယ်။
ကြွက်သားတွေ ကြီးထွားချင်လို့ပဲ ဖြစ်ဖြစ်၊ အဆီတွေလောင်ကျွမ်းချင်လို့ပဲ ဖြစ်ဖြစ် လေ့ကျင့်ခန်းပြုလုပ်ရာမှာ ပြင်းအား(intensity) ဟာ ကစားသမားတွေ နဲ့ တိုက်ရိုက်သက်ဆိုင်ပါတယ်။ ဥပမာ...စက်ဘီး စီးတယ်ဆိုပါစို့။ ၁၀ မိနစ် စက်ဘီး စီးလို့ ချွေးတွေ ပြိုက်ပြိုက်ထွက်ပြီး အသက်ကို မနည်းရှူနေရတဲ့ သူ ရဲ့ အသုံးပြုလိုက်တဲ့စွမ်းအင်၊ လောင်ကျွမ်း သွားတဲ့ kcal နဲ့ ၁၀ မိနစ် စက်ဘီး စီးပြီးလို့ ချွေးတောင် မထွက်တဲ့သူ ရဲ့ စွမ်းအင်အသုံးပြုမှု၊လောင်ကျွမ်းသွားတဲ့ kcal နိုင်းယှဉ်မယ်ဆိုရင် ဘယ်လိုမှ မတူညီနိုင်ပါဘူး။ တစ်ချို့ ဆိုရင် လေ့ကျင့်ခန်းလေးလုပ်လိုက် selfie လေးရိုက်လိုက်၊ လေ့ကျင့်ခန်းလေးလုပ်လိုက် ဖုန်းလေးပွတ်လိုက်၊ စကားလေးပြောလိုက်နဲ့ အချိန်တွေသာ ကုန်သွားတယ် ပြောင်းလည်းမှုက တိုးတက်မလာပါဘူး။ gym ကစားတာ ၂/၃ လသာကြာလာတယ် ပိန်လည်းမသွားဘူး၊ ကြီးထွားချင်တဲ့သူတွေကလည်း ပြောင်းလည်းမလာပဲ လိုချင်တဲ့ target မရရှိကြပါဘူး။ ကြာလာတော့ gym ကစားတာကို စိတ်မပါတော့ပဲ gym ကစားလည်း အလကားပါ ဘာမှ မတိုးတက်လာပါဘူးဆိုတဲ့ အမြင်မျိုး၊ အတွေးမျိုးတွေ ဝင်လာတတ်ပါတယ်။
ဘာကြောင့်ပါလဲ ?
ကစားသမားတွေ အနေနှင့် လေ့ကျင့်ခန်းရဲ့ intensity ကို ဂရုမပြုမိကြလို့၊ သတိမထားမိကြလို့ပဲ ဖြစ်ပါတယ်။ ပိန်ချင်လို့ပဲဖြစ်ဖြစ်၊ ကြီးထွားချင်လို့ပဲ ဖြစ်ဖြစ် intensity ဟာ အဓိကကြတဲ့ နေရာမှာ ရပ်တည်နေပါတယ်။ မိမိ ခန္ဓာကိုယ် ကို စိတ်ကြိုက်ပုံဖော်ပြီး၊ ပြောင်းလည်းဖို့ဆိုရင် intensity ဆိုတဲ့ လေ့ကျင့်ခန်းပြင်းအားကိုလည်း အတိအကျ လိုက်နာရပါမယ်။ နည်းစနစ်တွေ ဘယ်လောက်ကောင်းကောင်း intensity မကောင်းရင်လည်း ရလဒ် က zero ပါပဲ။ ဝိတ်ချချင်တဲ့ လူ နှစ်ဦး ကို တူညီတဲ့ workout တွေ ပေးပြီး၊ intensity ပြင်းအားကောင်းကောင်းနဲ့ လေ့ကျင့်တဲ့ သူနှင့် သာမန်ပဲ လေ့ကျင့်တဲ့သူ နှစ်ဦးရဲ့ ရလဒ် ဟာ လွန်စွာမှ ခြားနားတာကို တွေ့ရှိရမှာဖြစ်ပါတယ်။ ခန္ဓာကိုယ် ကြီးထွားချင်တဲ့ သူတွေလည်း intensity ကွာခြားတာနဲ့ ပြောင်းလည်းမှု ဟာ ကွာခြားတာကို တွေ့ရှိရပါတယ် (တစ်ကျော့နှင့်တစ်ကျော့ကြား အကြာကြီးနားခြင်း၊ အာရုံစူးစိုက်မှု မရှိခြင်း) ။အဲဒီတော့ intensity ရဲ့အရေးပါမှုကို သိရှိလောက်ပြီထင်ပါတယ်။
ကောင်းပြီ.. ကစားသမားတွေ အနေနဲ့ မိမိရဲ့ intensity ကို ဘယ်လိုတိုင်းတာရမလဲ ဆိုရင် နည်းလမ်းတွေ များစွာရှိတဲ့အနက်မှ လွယ်ကူ ရိုးရှင်းပြီး ကစားသမားတိုင်း နားလည်လွယ်မဲ့ နည်းလမ်း နှစ်မျိုးကို တင်ပြချင်ပါတယ်။
(၁) စကားပြောခြင်းဖြင့်စမ်းသတ်ခြင်း
လေ့ကျင့်ခန်း၏ ပြင်းအား intensity ကို တိုင်းတာစစ်ဆေး တဲ့ နေရာမှာ စကားပြောခြင်းဖြင့် စစ်ဆေးခြင်းဟာ အလွယ်ကူဆုံးနဲ့ အရိုးရှင်းဆုံး စမ်းသတ်နည်းဖြစ်ပါတယ်။အောက်ပါတို့ကိုလေ့လာကြည့်ရအောင်ပါ-
# လေ့ကျင့်ခန်းပြုလုပ်နေစဉ်အတွင်း(သို့) ပြီးဆုံးချိန်မှာ ကစားသမားတစ်ယောက်ဟာ စကားလည်းကောင်းကောင်းပြောနိုင်မယ်၊ သီချင်းတစ်ပုဒ် တောင် ဆိုနိုင်သေးတယ်ဆိုရင် သူ့ရဲ့ ကစားလိုက်တဲ့ ပြင်းအား intensity က မကောင်းပါဘူး။ အားထည့်မကစားပဲ ရေသာခိုပြီး သာသာယာယာ ပဲ ကစားတဲ့ သူဖြစ်ပါတယ်။ အချိန်တွေသာကုန်သွားတယ် ရလဒ် ကတော့ zero ပါ။ပြောင်းလဲ မလာပါဘူး။ gym တွေမှာ အများဆုံးတွေ့ရှိရတဲ့ ကစားသမားများဖြစ်ပါတယ်။
# လေ့ကျင့်ခန်းပြုလုပ်နေစဉ်အတွင်း(သို့) ပြီးဆုံးချိန်မှာ ကစားသမားတစ်ယောက်ဟာ စကားတော့ပြောနိုင်တယ်၊ သီချင်းစာသား အချို့ ကို ဖြောင့်အောင်မဆိုနိုင်ဘူးဆိုရင် သူ့ရဲ့ ပြင်းအား intensity ဟာ အလယ်အလတ် အဆင့်ဖြစ်ပါတယ်။သူ့ရဲ့ပြင်းအားဟာ ၆၀% ~ ၇၀% ကြားမှာရှိနေပါတယ်။ကစားသမားအသစ်တွေ လိုက်ပါကစားဖို့အကြံပြုတင်ပြချင်ပါတယ်။
# လေ့ကျင့်ခန်းပြုလုပ်နေစဉ်အတွင်း(သို့) ပြီးဆုံးချိန်မှာ ကစားသမားတစ်ယောက်ဟာ သီချင်းဆိုဖို့ မဆိုထားနှင့် စကားကိုတောင် အနည်းငယ် ပဲ ပြောနိုင်မယ်ဆိုရင်တော့ သူ့ရဲ့ ပြင်းအား intensity က အလယ်အလတ်အဆင့်ထက်ပိုပြီး ပြင်းအား ကောင်းတဲ့ အဆင့်မှာရှိ နေပါတယ်။သူ့ရဲ့ ပြင်းအားဟာ ၇၀% ~ ၈၀% ကြားမှာရှိနေပါတယ်။
# လေ့ကျင့်ခန်းပြုလုပ်နေစဉ်အတွင်း(သို့) ပြီးဆုံးချိန်မှာ ကစားသမားတစ်ယောက်ဟာ သီချင်းလည်းမဆိုနိုင်ဘူး၊ စကားကိုတောင် တစ်လုံးစ၊ နှစ်လုံးစ ပဲပြောနိုင်ပြီး၊ အသက်ကိုတောင် မနည်းလုပြီးရှူနေရရင်တော့ သူ့ရဲ့ ပြင်းအား intensity ဟာ သိပ်ကောင်းပြီး၊ ပြင်းအားအရမ်းမြင့်တဲ့အတွက် ကစားသမားအသစ် တွေ လိုက်ပါမကစားသင့်ပါဘူး။သူ့ရဲ့ ပြင်းအားဟာ ၉၀% ~ ၁၀၀% အနေအထားမှာရှိနေပါတယ်။
အထက်ဖော်ပြပါ လေ့ကျင့်ခန်း၏ ပြင်းအားတွေ ၊ အားထည့်ပြီးကစားတဲ့ ပြင်းအားတွေ ကွာခြားတာနဲ့ အမျှ တစ်ယောက်နှင့်တစ်ယောက် ပြောင်းလည်းမှု ရလဒ် ဟာ သေချာပေါက် ကွာဟ တယ်ဆိုတာ အထွေအထူးပြောစရာမလိုပဲ သိနိုင်ပြီ ထင်ပါတယ်။
မှတ်ချက်။ ကျန်းမာရေး ချို့တဲ့သူ၊ နှလုံးရောဂါရှိတဲ့သူတွေ အနေနှင့် ဆရာဝန်၏ လမ်းညွှန်မှုကိုရယူပါသင့်ပါတယ်။
(၂) နှလုံးခုန်နှုန်းဖြင့် စမ်းသတ်စစ်ဆေးခြင်း
အထက်မှာတင်ပြထားတဲ့ စကားပြောခြင်းဖြင့် စမ်းသတ်စစ်ဆေးခြင်းကတော့ ကစားသမားတွေ အားလုံးကို ရည်ရွယ် ပြီးဖော်ပြထားတာဖြစ်ပြီး ယေဘူယျ general အဖြစ်တင်ပြထားတာဖြစ်ပါတယ်။ ယခုတင်ပြမဲ့ နှလုံးခုန်နှုန်းဖြင်းစမ်းသတ်စစ်ဆေးခြင်းကတော့ တစ်ဦး တစ်ယောက်ခြင်းစီ ရဲ့ နှလုံးခုန်နှုန်းကို မူတည်ပြီး စစ်ဆေးခြင်းဖြစ်တဲ့အတွက် ပိုမိုတိကျကောင်းမွန်ပါတယ်။ persional trainer တွေ သိထားသင့်ကြောင်း အကြံပြုတင်ပြချင်ပါတယ်။
ကစားသမား တစ်ဦး ရဲ့ အမြင့်ဆုံး နှလုံးခုန်နှုန်း(maxium heart rate) ကိုသိဖို့အတွက် ဆိုရင် ပုံသေနည်း(formula) အရ- ၂၂၀ ထဲမှ မိမိ၏ အသက်ကို နုတ်ရပါမယ်။ မိမိအသက်က ၅၀ ဆိုပါစို့ ( ၂၂၀-၅၀= ၁၇၀) mexium heart rate က (၁၇၀) ဖြစ်ပါတယ်။ ပြင်းအား အလယ်အလတ်ဖြစ်တဲ့ ၆၀% ~ ၇၀% နဲ့ ကစားမယ်ဆိုရင် အောက်ပါအတိုင်းဆက်လက်တွက်ယူရပါမယ်-
၂၂၀-၅၀= ၁၇၀
ပြင်းအားအလယ်အလတ် ၆၀% = ၁၇၀ × ၀.၆၀= ၁၀၂ (bpm) တစ်မိနစ် နှလုံးခုန်နှုန်း ဖြစ်ပါတယ်။
ပြင်းအားအလယ်အလတ် ၇၀% = ၁၇၀ × ၀.၇၀ = ၁၁၉ (bpm) တစ်မိနစ် နှလုံးခုန်နှုန်း ဖြစ်ပါတယ်။
# အသက် ၅၀ အရွယ် ကစားသမားတစ်ဦးဟာ ပြင်းအားအလယ်အလတ် ၆၀% ~ ၇၀% နဲ့ကစားမယ်ဆိုရင် တစ်မိနစ် ရှိသင့်တဲ့ နှလုံးခုန်နှုန်းဟာ ၁၀၂ ~ ၁၁၉ (bpm) ကြားမှာရှိသင့်ပါတယ်။
ပြင်းအားကောင်းတဲ့ အဆင့်ဖြစ်တဲ့ ၇၀% ~ ၈၀% ကို အောက်ပါအတိုင်းတွက်ချက်နိုင်ပါတယ်-
ပြင်းအားကောင်း ၇၀% = ၁၇၀ × ၀.၇၀ = ၁၁၉ (bpm)
ပြင်းအားကောင်း ၈၀% = ၁၇၀ × ၀.၈၀ = ၁၃၆ (bpm)
# အသက် ၅၀ အရွယ် ကစားသမားတစ်ဦးဟာ ပြင်းအားကောင်းကောင်းနဲ့ ၇၀% ~ ၈၀% နဲ့ကစားမယ်ဆိုရင် တစ်မိနစ် ရှိသင့်တဲ့ နှလုံးခုန်နှုန်းဟာ ၁၁၉ ~ ၁၃၆ (bpm) ကြားမှာရှိသင့်ပါတယ်။
မိမိ၏ အသက်အရွယ် ပေါ်မူတည်ပြီး၊ ပြင်းအား အလယ်အလတ်၊ ပြင်းအားကောင်း တို့ကို အခြေပြုကာ ရည်မှန်းချက် target ကို ရောက်နိုင်ဖို့အတွက် တွက်ချက်နိုင်ပြီဖြစ်ပါတယ်။ မိမိ၏ အသက်ကို အစားထိုးထည့်သွင်းခြင်းဖြင့် တစ်မိနစ်တွင်ရှိသင့်သည့် နှလုံးခုန်နှုန်းကို သိရှိနိုင်ပြီဖြစ်ပါတယ်။
နှလုံးခုန်နှုန်းကို ဘယ်လိုတိုင်းတာမလဲဆိုရင် အောက်ပါအတိုင်း တိုင်းတာနိုင်ပါတယ်...
* ၁၀ မိနစ် ခန့် ကစားပြီးရင် ရပ်လိုက်ပါ။
* လက်ကောက်ဝတ် ပေါ်တွင် လက်နှစ်ချောင်းဖြင့် အသာအယာ ဖိပြီးသွေးခုန်နှုန်းကို စမ်းသတ်ပါ။လက်မ တစ်ချောင်းတည်းဖြင့် မဖိရ။
* ၁၅ စက္ကန့် ကြာသည်အထိ သွေးခုန်သည့် အကြိမ်အရေအတွက်ကို မှတ်သားထားပါ။
* ရရှိသည့် သွေးခုန်နှုန်းကို ၄ ဖြင့်မြှောက်ပါက တစ်မိနစ် သွေးခုန်သည့်အရေအတွက်ကို ရရှိပြီဖြစ်ပါတယ်။
* ရရှိသည့် သွေးခုန်နှုန်း ကိုမူတည်၍ မိမိ၏ ရည်မှန်းချက် အတိုင်း ပြင်းအားနည်းနေလျင် ပြင်အားမြှင့်ကစားပြီး၊ ပြင်းအားများနေလျင် လျော့ချ နိုင်ပါတယ်။ပြင်းအားနည်းပါက အချိန်ကြာကြာ ကစားနိုင်ပြီး၊ ပြင်းအားမြင့်ပါက အချိန် အနည်းငယ်သာ ကစားသင့်ပါသည်။
ပြောင်းလည်းမှုတွေ အလှမ်းဝေးနေတဲ့ ကစားသမားများ၊ ရည်မှန်းချက် ကို အရောက်သွားချင်သောကစားသမားများ နှင့်၊ ကုန်ဆုံးသွားသော အချိန်များ၊ ပေးစပ်လိုက်ရသော ငွေကြေးများအတွက် တန်ဖိုးနှင့် လျော်ညီသည့် ရလဒ် ကို ပြန်လည်ရရှိဖို့အတွက် လေ့ကျင့်ခန်း၏ ပြင်းအား intensity. ၏ အရေးပါမှု ကို ကစားသမားများသိရှိ တန်ဖိုးထားတတ်စေရန် ရည်ရွယ်၍ တင်ဆက်လိုက်ရပါသည်။
မှတ်ချက်။ ဤစာစု ငယ်ဖြင့် ဆရာနိုင်ဦးအား ဂါရဝပြု အပ်ပါသည်။
လေးစားစွာဖြင့်
ဦးထင်ကျော်မိုး
Htinkyaw Wazi
Olympia Fitness Centre(သုဝဏ္ဏ)
MFTA Certified Trainer
ph-095038010
09/01/2019
****သတိပြုစရာလေးတွေ*****
(ဝိတ်ချနေရင်း ပိုတက်လာသူတွေ စားနေတဲပုံစံ
မှန်မမှန် သိဖို့ အများစုက အစားလျှော့ရင် ကျပါတယ်
ကိုယ့်အလှည့်မှ မထူးခြားဘူးဆိုရင် အောက်ကအချက်
တွေကို သတိထားကြည့်နော်)
- လျှော့စားနေရင်း ပိုဝလာတာလား
- ဒီလိုမျိုး အခြေအနေက အသည်းပေါက် စရာပါနော်။
အစာလည်း လျှော့စားနေတုန်း မကျတဲ့အပြင် နဂိုထက်
ပိုတက်လာတယ်ဆိုတော့ စိတ်ပျက်တာတွေ ဖြစ်ဖူးတယ်မလား။
- ဒီလိုအချိန်မှာ မထူးပါဘူး မကျမယ့်တူတူ စားချင်တာ
စားပစ်လိုက်တာလည်းရှိတယ်။
- စိတ်တွေဆိုးပြီး စားနေကျထက် အများကြီးကို တစ်နေ့
တည်း စားပစ်လိုက်တာလည်းရှိတယ်။
- ဒါဆို ပိုဝလာမယ် ပိုပြီးကျန်းမာရေးကို ထိလာဖို့ပဲရှိ
တယ်။စိတ်ဓာတ်ကျတာ စိတ်ပျက်တာ ဘယ်အခြေအ
နေကိုမှ ပိုကောင်းအောင် မကူညီနိုင်ပါဘူး။လက်ရှိထက်
ပိုဆိုးရွားစေပါတယ်။
- လွဲနေတာတွေအတွက် အဖြေရှာရအောင်နော်။
- ခုပြောပြမှာတွေကို page မှာအကျယ်ချဲ့ပြီး သေချာ
ရေးထားပြီးသားပါနော်။ခုက မေ့နေမှာစိုးလို့။
- သတိထားစရာ အချက် (၁၀) ချက်ရှိပါတယ်။ညီမသိ
သလောက်လေး ပြောပြမယ်နော်။
(၁)ဆီ
- ညီမတို့ အရွက်သုပ်တွေပဲ စားတယ်။ဆီရွှဲရွှဲနဲ့ဆို ဆီက ကယ်လိုရီတအားများနေရင် ဝိတ်ပိုတက်လာနိုင်
ပါတယ်။
- ဟင်းတွေစားရင်လည်း တစ်တုံးနှစ်တုံးပဲစားတာ ဆီက
ရွှဲနေတာပဲဆိုရင် အဆီပိုတွေထပ်စုမိမှာပဲလေ။
- ဆီက ကယ်လိုရီများပါတယ်။ကောင်းတဲ့ဆီရှိသလို
မကောင်းတဲ့ဆီလည်း ရှိပါတယ်။
- အများစု စားနိုင်တဲ့ဆီက မကောင်းတကောင်း ဆီတွေ
ပါ။ဆီမပါပဲစားရင် သိပ်အဆင်မပြေဘူးဆိုတော့ လျှော့
စားရုံပဲရှိမယ်။
- ဝိတ်ချတယ်ဆိုတာ နည်းနည်းလေးပဲစားတာ မဟုတ်
ဘူးနော်။ကျန်းမာရေးနဲ့ ညီညွတ်တာတွေ ပြောင်းစား
တာပါ။
- ဆီရွှဲရွှဲ အသား ၁ တုံး ဆီများတဲ့ အရွက်သုပ်တစ်ပွဲ
အာ့လိုစားသူနဲ့စာရင် အသားပြုတ်အတုံးကြီး ဆီပါရုံ
လေး အရွက်သုပ် ၃ ပွဲ လောက်စားသူက ပိုဝိတ်ကျမှာပဲ
လေ။
(၂)ဟင်းခတ်မှုန့်
- တချို့စားနေတာက ဟင်းရွက်အများကြီးကို ဆီမထည့်
ဘူး။ဟင်းခတ်မှုန့်တစ်ခဲနဲ့ ပြုတ်ပြီး တစ်နေကုန် စားရော။
- ဟင်းခတ်မှုန့်တွေမှာလည်း ကယ်လိုရီရှိတယ်လေ။
စားများရင် ကျန်းမာရေးလည်း ထိခိုက်တယ်။အများစု
စားနေတဲ့ဟာတွေက လွယ်လွယ်ရတယ် ဓာတုပစ္စည်း
တွေနဲ့လေ။
- အရွက်သုပ်တာတွေ အသားသုပ်တာတွေမှာ အရသာ
ရှိအောင် သုံးတဲ့အနှစ်တွေ များနေရင်လည်း အဆီပိုတွေ
စုလာမှာပဲလေ။
- မစားနဲ့မပြောဘူးနော်။အာ့ဒါတွေထည့်မှ အရသာရှိမှာ
ဆိုတော့ သတိနဲ့ချိန်စားနော်။
(၃)အားကစား လုပ်သူများ
- အလေးမရင် ကြွက်သားတွေ တက်လာတယ်နော်။
မိန်းကလေးတွေကတော့ တက်တာနှေးပါတယ်။
- အားကစားလုပ်လို့ ကြွက်သားတွေတက်လာတဲ့အခါ
အလေးချိန်ပိုလာမှာပဲလေ။
- ကိုယ်ကစားနေတာ weight gain လား weight loss
လား မမှားအောင် ဂရုစိုက်ဖို့လိုတယ်နော်။
- အများစုကတော့ အလေးတွေနဲ့ကစားမှ ကြွက်သား
တက်တာပါ။ဒီတိုင်းကစားနေတုန်း ပိုဝလာတာဆိုရင်
တော့ အစားအသောက်မဟုတ်ရင် တခြားအရာကြောင့်
ပါနော်။
- ဝတဲ့သူတွေက အဆီချတာနဲ့အလေးမတာ တွဲကစားရ
တာပါ။တစ်ဖက်ကအဆီကျမယ် ကျတဲ့နေရာမှာ ကြွက်
သားတွေက နေရာယူလာမယ်။
- ကိုယ်က ကစားနေတုန်း ခန္ဓာကိုယ်ကသေးလာပြီး
အလေးချိန်က များလာတယ်ဆိုရင် ဒါကောင်းတဲ့အခြေ
အနေပါ။ကျစ်သွားတာပါ။
- gym trainer ကို ကိုယ်မနားလည်ရင် သေချာမေးပေါ့
နော်။
(၄)စိတ်ဖိစီးမှု
- စိတ်ဖိစီးမှုများရင် ပိန်တဲ့လူရှိသလို ဝလာတဲ့သူလည်း
ရှိပါတယ်။
- စိတ်ဖိစီးတယ်ဆိုတာ တကယ်တော့ မလိုအပ်ပဲ
ကိုယ့်ကိုယ်ကိုနှိပ်စက်နေတာပါ။
- ညီမတို့အများစုက နေ့စဉ် အကြောင်းအရာအမျိုးမျိုးနဲ့
စိတ်ဖိစီးနေကြပါတယ်။
- သိထားဖို့က ကိုယ်စိတ်ဆင်းရဲနေတာ ဘာအကူအညီ
မှမဖြစ်ပါဘူး။ဖြစ်နေတဲ့ အခြေအနေကို ထပ်မဆိုးသွား
အောင် လုပ်နိုင်တာ ထလုပ်တာက အကောင်းဆုံးပါနော်။
(၅)အိပ်ရေးမဝခြင်း
- ညီမဆို အိပ်ရေးပျက်ပြီး စိတ်ဖိစီးပြီး ပိုဝလာတာ ဖြစ်ဖူး
ပါတယ်။
- တစ်ခုခုစားမိပြီး အိပ်မပျော်တာထက် စိတ်ဖိစီးနေလို့
အိပ်မပျော်တာ ပိုဆိုးပါတယ်။
- page မှာ ဒီအကြောင်းနဲ့ပက်သက်ပြီး ရေးပေးထား
တာတွေရှာဖတ်နော်။အကူအညီရမှာပါ။
(၆)ဆီး ဝမ်းမမှန်ခြင်း
- ဒီအချက်ကလည်း အရေးကြီးပါတယ်။
- ဆီးပုံမှန်သွားရဲ့လား။ဝမ်းမှန်ရဲ့လား သေချာ ပြန်ဆန်း
စစ်ဖို့လိုပါတယ်။
- ဒီ page မှာ ဝမ်းမှန်အောင် ဘယ်လိုလုပ်မလဲ ရေးပေး
ထားတာတွေ ရှိပါတယ်။ရှာဖတ်ပါ။
(၇)ရေသောက်နည်းခြင်း
- ရေက အရမ်းအရေးကြီးပါတယ်။
- ရေမတရားသောက်ဖို့ ပြောတာမဟုတ်ဘူးနော်။
တအားမနည်းရင် ရပြီ။
- ခန္ဓာကိုယ်က ရေဓာတ်ပြည့်နေမှ စားလိုက်တဲ့အစာ
တွေ လုပ်လိုက်တဲ့အားကစားတွေအတွက် ပိုထိရောက်
ပါတယ်။
(၈)ဝိတ်တန့်ခြင်း
- ပေါင် ၁၅၀ နဲ့ ၁၄၀ မှာ ၁၄၀ သမား ဝိတ်ချချိန် စားတဲ့
အစာက ပိုနည်းရပါမယ်။
- ၁၅၀ မှာ ဝိတ်ချတော့ လျှော့စားတယ်။၁၄၀ ရောက်
တော့ ဒီတိုင်းဆက်စားတယ်။ဒါဆို ဝိတ်တန့်နေမှာပဲနော်။
- ၁၂၀ ရောက်ပြီ ဝိတ်ချတာ။ဒါကို ၁၅၀ အတိုင်းပဲစားနေ
ရင်တော့ ဝိတ်တန့်ရာကနေ ဝိတ်တက်သွားမှာပါ။
(၉)ကယ်လိုရီ
- ဝိတ်ချရာမှာ ကယ်လိုရီ သိဖို့ သိပ်အရေးမကြီးပါဘူး။
- ပုံမှာ ကြက်ကြော်တစ်တုံးက ကယ်လိုရီဘယ်လောက်
ရေးထားတယ်ပဲထား။သူ့ပုံက ကြက်နဲ့ ကိုယ်ချက်တဲ့
ကြက် ကြော်တဲ့ဆီ ပါဝင်တဲ့အမှုန့်တွေ တူမှမတူတာ။
- ဒါကြောင့် ကယ်လိုရီကိုပဲ မစိုးရိမ်ပါနဲ့။ဘာပဲစားစား
တစ်ခါစားစာ သင့်တော်ရုံပမာဏ စားရင်ရပါပြီ။
- ကိုယ်ချက်တာက ကယ်လိုရီပိုများနေတယ် ဒါပေမယ့်
ပုံကနဲ့ ပုံစံတူတူပဲဆိုပြီး စားမိတဲ့အခါ ဝိတ်မကျတာ
လည်းဖြစ်တတ်ပါတယ်။
- အသီးအရွက်တွေက ကယ်လိုရီနည်းတယ်။အများကြီး
စားလည်း အဆီပိုမဖြစ်ဘူး။ဒါကြောင့် အသီးအရွက်တွေ
အသားငါးတွေ ပိုစား ဆီကိုလျှော့စားလို့ပြောတာပါ။
(၁၀)အသင့်စားအစားအစာ
- ဒါလည်း ဘာပါလဲ သေချာမှမသိတာ။မြန်မာမှာဆို
ဘာပါလဲ ကယ်လိုရီ ဘယ်လောက်လဲ သေချာရေးပေး
ထားတာ ရှားပါတယ်။
- အိမ်မှာ ချက်စားတာသာ စိတ်အချရဆုံးပါ။လတ်လတ်
ဆတ်ဆတ် အစာတွေက တာရှည်ခံအောင် ပြုလုပ်ထား
တာထက် ပိုကောင်းပါတယ်။
- ဒါပေမယ့် ဒီအစာတွေကို အိမ်နဲ့ဝေးသူတွေ အလုပ်မ
အားသူတွေက မရှောင်နိုင်ပါဘူး။
- လျှော့စားပေါ့နော်။
08/01/2019
MMU fitness club စ run နေပါပြီ. Member ဝင်ချင်သူများ လာဝင်လို့ရနေပါပြီ။ member ကြေးက ၅၀၀၀ ပါ။ လစဉ်ကြေးက ၅၀၀၀ ပါ။ ဒါပေမဲ့ အထူး promotion အနေနဲ့ ဒီလ(january)အတွင်း member ဝင်မည်ဆိုပါက member ကြေးfreeပါ။ လစဉ်ကြေးသာပေးရန်လိုအပ်ပါသည်။ နောက်လတွေအတွက်လည်း လစဉ်ကြေးသာပေးရန်လိုအပ်ပါသည်။ member ဟောင်းများနှင့် fitness စိတ်ဝင်စားသည့်သူများကို activity time အတွင်းလာခဲ့ကြပါရန် လေးစားစွာ ဖိတ်ခေါ်အပ်ပါသည်။
06/07/2017
June လ Member စာရင်း
အသုံးစရိတ်နဲ့
ကျန်ငွေစာရင်းပါ