Pone Yape Thit

Pone Yape Thit

Share

Football Review

09/03/2022

⚡ The "Instrument of Fate" special event starts tomorrow, on March 7 at 02:00 AM (UTC). Get ready to upgrade your Dante!

⚡ Don't forget to get the GIFT: head to Chapter 2 in Campaign, complete mission 9 (River of Oblivion) and check your in-game mail for a gift! The task is available till March 7, 2:00 PM (UTC), team level 10 required.

See you in Dominion! ✨ https://bit.ly/play_HWM

14/02/2021

သတင်းအတုတွေယုံနေရင်
၂ ခါပြန်သေလိုက်

Photos from Pone Yape Thit's post 17/01/2019
Photos from Pone Yape Thit's post 17/01/2019

မိမိတို့ မြေနေရာ အနည်းငယ်မှာ သပ်သပ်ရပ်ရပ် ဈေးသက်သက်သာသာနဲ့
သပ်သပ်ရပ် ရပ် အိမ်လေးတစ်လုံး အတွက်
အကျယ် - 👉🏾၁၀ပေ ၃၅ပေ
👉🏾ရှေ့နောက် pvc doors
👉🏾Pvc window
👉🏾ဘေးပြုတင်းပေါက်၃ပေါက်
👉🏾အောက် အုတ်၁ခွဲတက်ပီး
👉🏼Steel structure ကျာက်ပြား ။ အထူကပ် သွပ်မိုး အပြီးအစီး
ပစ္စည်းဖိုးလက်ခ - 💵 ၃၅သိန်း

ရက် ၂၀ အတွင်း အပြီး အစီး ဆောက်လုပ်ပေးသွားမည်ဖြစ်ပါသည်။ 09254046494 , 095105284 , 09443824008

Photos from Pone Yape Thit's post 15/01/2019

ပုံရိပ်သစ် ဆောက်လုပ်ရေးမှ
• လုံးချင်း RC အဆောက်အဦး
• Steel Structure လုပ်ငန်းအမျိုးမျိုး
• လှပသေသပ်သော Low Cost House များ ကို လူကြီးမင်းတို့ ငွေကြေး တွင်မှုတည်ပြီး တည်ဆောက်ပေးခြင်း
• အလုပ်ရုံအမျိုးမျိုး
• စားသောက်ဆိုင်
• ဖူဆယ် ဘောလုံးကွင်း
• ပြန်လည် ပြုပြင်မွမ်းမံလိုသော အဆောက်အဦး အဟောင်းများ
• စက်ရုံ ၊ ဂိုထောင် ၊ ရုံးခန်းအလှ အလှဆင်ခြင်း တို့ကို လူကြီးမင်းတို့စိတ်ကြိုက် တာဝန်ယူ ဆောက်လုပ်ပေးပါသည်။

ဆက်သွယ်ရန် 09-254046494 , 09- 5105284,09-443824008

15/01/2019

မင်္ဂလာပါခင်ဗျာ
မြန်မာနိုင်ငံအနှံ မှ မိဘ ပြည်သူများအတွက် ပုံရိပ်သစ်ဆောက်လုပ်ရေး မှ

၁၅ ပေ x ၄၀ ပေ ( 600 sqft ) ကို သိန်း ၁၀၀ ၀န်းကျင် ဖြင့် ရေ ၊ မီး ဆေး အစုံ ခေတ်မှီလှပသော Design ဖြင့် တာဝန်ယူဆောက်လုပ်ပေးသွားမည်ဖြစ်ပါသည်။

ph no : 09-254046494 , 09- 5105284 ,09-443824008

Photos from Pone Yape Thit's post 09/01/2019

ခြံစည်းရိုး လှလှလေးများ 😍

Photo Credit

01/01/2019

အဆောက်အဦတစ်ခုတည်ဆောက်တော့မည်ဆိုပါက management plan က အလွန်အရေးပါ ပါတယ်

အချို့က မလိုအပ်ဘူးယူဆကြတယ်
သတိမမူမိတဲ့အတွက် မဖြစ်သင့်သောလွဲမှားမှုတွေဖြစ်ပြီး မဆုံးရှုံးသင့်တာတွေဆုံးရှုံးကြရပါတယ်
အရှုံး အမြတ်အတွက် ကာမိအောင်ဆိုပြီး မတောင်းသင့်သောဈေးနှုန်းများ ပိုတောင်းတတ်လာသည့်အခါ နှစ်ဦးနှစ်ဘက်နစ်နာသွားရပါတော့တယ်
ဘယ်လ်ုနစ်နာနိုင်သလဲ ဆိုတော့
အလုပ်အပ်သူအနေဖြင့် ငွေကုန်ကြေးကျပိုများလာတတ်ပြီး အလုပ်လက်ခံသူအများစုမှာ ဈေးများသည်ဆိုကာ အလုပ်မရတတ်တာများပါတယ်
သင့်လျော်သည့်ဈေးနှင့် လုပ်ငန်းအဆင်ပြေချောမွေ့ဖို့အတွက်က management plan က အရေးပါလှပါတယ်
ါပဲ

ဖတ်ဖူးတာလေးတစ်ခု knowkedge share လုပ်ပေးပါ့မယ်
ဆက်လက်လေ့လာသူများအနေဖြင့် ရှာဖွေလေ့လာကြပါကုန်


ိုသည်မှာ

တစ်နေ့ကတုန်းက နိုင်ငံခြား Consultant အဖွဲ့တစ်ဖွဲ့ ပါဝင်ပတ်သက်နေတဲ့ Construction Project တစ်ခုကို ကျနော်သွားပြီးတော့ အလုပ်ကိစ္စဆွေးနွေးဖြစ်တယ်။ သူတို့မှာ ဘာအခက်အခဲဖြစ်နေတာလဲဆိုတော့ Consultant က Project Management Plan ရေးတင်ပါဆိုပြီး ညွှန်ကြားထားတယ်။ ဒါပေမယ့် ဘာရေးတင်ရမယ်မှန်း မသိ ဖြစ်နေတယ်။ အဲဒီမှာ Project Manager လုပ်နေတဲ့ ညီအစ်ကိုနဲ့ ပွင့်ပွင့်လင်းလင်း ပြောဖြစ်တော့ သူက ပြောတာ “ကျနော် အင်တာနက်ကနေတော့ ရှာကြည့်တယ် .. ဒါပေမယ့် လမ်းညွှန်ထားတာတွေက အများကြီးဖြစ်ပြီး ဘယ်ကနေစလုပ်ရမယ်မှန်း မသိဖြစ်နေတယ်” တဲ့။

အဲဒါနဲ့ ကျနော် သူ့ကို ရိုးရိုးလေးပဲ မေးလိုက်တယ် “ကျနော်တို့ Project Management လုပ်တယ်ဆိုတာ ဘာလုပ်တာလဲ” လို့ … သူ သိပ်မစဉ်းစားလိုက်ရပါဘူး။ ခနလေးတွေးပြီး ကျနော့်ကို ပြန်ပြောတယ် “Time, Cost, Quality ကို ထိန်းတာလား” တဲ့။ ဒီတော့ ကျနော် ပြန်ဖြေလိုက်တယ် .. “ဟုတ်ပါတယ် .. ကျနော်တို့ အဲဒါကို ဘယ်လိုထိန်းမယ်ဆိုတာကို ရေးထားရင် .. အဲဒါ Project Management Plan” ပဲလေလို့။

တကယ်တမ်းကျတော့ တစ်ချို့ ကိစ္စတွေမှာ အဖြေဟာ ကျနော်တို့ရဲ့ လက်တစ်ကမ်းမှာ ရှိပါတယ်။ ဒါပေမယ့် ကိုယ်က anxiety များနေတယ်၊ pressure အောက်ရောက်နေတယ်ဆိုရင် ဘာလုပ်လို့ ဘာကိုင်ရမယ်မှန်း မသိဖြစ်တတ်ပါတယ်။ အဲဒါကြောင့် ဒီညီအစ်ကိုလို မဖြစ်ရအောင် ကျနော် Project Management Plan ဘယ်လိုရေးရမယ်ဆိုတာလေး ရှင်းပြချင်ပါတယ်။

Project Management Plan ဟာ အစောက ပြောသလိုပါပဲ။ အဓိကအားဖြင့် Components သုံးခုပါရပါ့မယ်။ Time Management, Cost Management နဲ့ Quality Management ပါ။ တခြားဟာတွေ ထည့်ရေးချင်ရေးလို့ရပါတယ်။ ပိုပြီးပြည့်စုံတာပေါ့။ ဒါပေမယ့် ဒီအခြေခံ သုံးချက်ပါရင်ကို Consultant တော်တော်များများ လက်ခံပါတယ်။ Health and Safety Management တို့၊ Risk Management တို့ အစရှိသဖြင့် ကိုယ်ရေးနိုင်ရင် ရေးနိုင်သလောက် တခြား Component တွေ ထည့်ရေးလို့ရပါတယ်။

Time Management ဆိုတာကတော့ Schedule ကို ဆိုလိုတာပါ။ အခြေခံအားဖြင့် ကိုယ်လုပ်မယ့် အလုပ်ရဲ့  Master Programme ရှိရပါ့မယ်။ တတ်နိုင်ရင်တော့ ဒီ Master Programme ကို ပံ့ပိုးမယ့် Construction Sequences, Construction Methodology, Manpower and Resource Allocation တွေပါရပါ့မယ်။ ဒီအကြောင်းအရာတွေ တော်တော်များများ ကျနော် အရင်က ပို့စ်တွေမှာ ပြောထားခဲ့ပါတယ်။ ရှာကြံပြီး ဖတ်ရှုနိုင်ပါတယ်။

Cost Management ဆိုတာကတော့ ယေဘူယျအားဖြင့် Priced BOQ ကို အခြေခံထားတာပါ။ ဒီနေရာမှာ Priced ဆိုတာကြောင့် ဈေးထည့်ထားပြီးသား၊ တစ်နည်းအားဖြင့် Unit rate တွေ သတ်မှတ်ထားပြီးသား BOQ ဖြစ်ရမှာပါ။ ဒီဟာကို အခြေခံပြီးမှ ကျနော်တို့က Payment Schedule တို့ ၊ Cost S-curve တို့ အစရှိသဖြင့် ဆွဲရမှာပါ။ ယေဘူယျအားဖြင့်တော့ Master Schedule ရှိလာရင် ဒီ schedule ရဲ့ လစဉ်လစဉ် ဖြစ်လာမယ့် Progress ပေါ်အခြေခံပြီး Payment Schedule ကို ပြင်ထားရပါ့မယ်။

Quality Management ဆိုတာက ကိုယ်လုပ်ကိုင်မယ့် အလုပ်ရဲ့  အရည်အသွေးကို မည်သို့မည်ပုံ ထိန်းချုပ်မယ်ဆိုတာကို ရှင်းပြထားတဲ့ Plan ပါ။ Check List တွေ ဘယ်လိုသုံးမယ်။ ဘယ်သူက စစ်ဆေးမယ်။ ဘယ်လို Inspection and Test Plan တွေ ရှိမယ်ဆိုတာ ပြောပြထားရမှာပါ။ ကိုယ်လုပ်မယ့်အလုပ်မှာပါတဲ့ Scope တစ်ခုချင်းစီအလိုက် (သို့) အဆင့်တစ်ခုချင်းစီအလိုက် အဆင့်ဆင့် စစ်ဆေးပုံကို ပြောပြထားရမှာပါ။ ယေဘူယျအားဖြင့်တော့ Inspection and Test Plan ကို သေချာ ဖော်ပြနိုင်ရင် အဆင်ပြေကြတာများပါတယ်။

ဒီလောက်ဆိုရင် Project Management Plan တစ်ခုမှာ ဘာတွေ အကြမ်းဖျဉ်းပါရမလဲဆိုတာ ခင်ဗျားတို့ သဘောပေါက်ကြမှာပါ။ တကယ်တမ်းတော့ မခက်ပါဘူး။ ကျနော် ပြောတဲ့အချက်တွေကိုသာ သေသေချာချာ ရှင်းပြပြီး ရေးတင်လိုက်ပါ။ အရည်အသွေးမှီတဲ့ Project Management Plan တစ်ခုရပြီး Consultant လဲ လက်ခံသွားမှာပါ။ ဒီပို့စ်ကို ဖတ်နေတဲ့ ညီအစ်ကို မောင်နှမတွေ တချိန်ချိန်မှာ ကိုယ်တွေလဲ Project Management Plan ရေးတင်ရမယ်ဆိုပြီး ကြုံလာရင် ဒါလေးကို သတိရပါလို့ မှာကြားလိုက်ပါတယ်

အားလုံးအဆင်ပြေကြပါစေ

AKT

Photos credit to Internet
Kyaw Myo Htut

Want your business to be the top-listed Gym/sports Facility in Yangon?

Click here to claim your Sponsored Listing.

Location

Telephone

Website

Address


Yangon
1131