01/07/2026
Myanmar Tennis Federation
MTF-MM
01/07/2026
29/06/2026
မြန်မာနိုင်ငံတင်းနစ်အဖွဲ့ချုပ်မှကြီးမှူးကျင်းပသော ၂၀၂၆ အိုလံပစ်နေ့အထိမ်းအမှတ် လျှပ်တစ်ပြက်တင်းနစ်ပြိုင်ပွဲကို ရန်ကုန်မြို့သိမ်ဖြူတင်းနစ်ကွင်းတွင် ၂၀၂၆ ဇွန်လ ၂၈ရက်နေ့ မနက် ၈နာရီအချိန်မှစတင်ကျင်းပခဲ့သည်။ အဆိုပါပြိုင်ပွဲတွင် အသက် နှစ်ယောက်ပေါင်း ၁၃၀ပြိုင်ပွဲ၊ အလွတ်တန်းနှစ်ယောက်တွဲပြိုင်ပွဲ၊ အကောင်းဆုံးအရှုံးသမားနှစ်ယောက်တွဲပြိုင်ပွဲ စုစုပေါင်းပြိုင်ပွဲအမျိုးအစား ၃မျိုးကျင်းပခဲ့သည်။ တင်းနစ်ဝါသနာရှင်ကစားသမားစုစုပေါင်း (၁၂၂) ဦး ပါဝင်ယှဉ်ပြိုင်ခဲ့သည်။ Main Sponsorအဖြစ် KTR Group of Companies မှ ပဲ့ပိုးကူညီခဲ့ပါသည်။
26/06/2026
“Olympic Day Movement 2026”
အိုလံပစ်နေ့အထိမ်းအမှတ်လျှပ်တစ်ပြက်တင်းနစ်ပြိုင်ပွဲ
30/05/2026
Announcement!!
ပထမဦးဆုံးအကြိမ် NA မှ ဦးဆောင် ပြီး Coaching Beginner & Intermediate Players Course (ITF level 1) နည်းပြသင်တန်းကို ရန်ကုန်မြို့ “National Training Center” သိမ်ဖြူတင်းနစ်ကွင်းတွင် ဇွန်လ ၈ ရက်မှ ၁၂ ရက် (part 1) နှင့် ဇွန်လ ၁၅ ရက်မှ ၂၀ရက် (part 2) ၊ နေ့စဉ်မနက် ၉နာရီမှ ညနေ ၅နာရီ အထိ သင်တန်းကာလ ၁၁ ရက် ဖွင့်လှစ်သွားမည်ဖြစ်ပါသည်။ CBI (ITF level 1) သည် Face to Face Assessment သင်တန်းဖြစ်သည်။
သင်တန်းတွင် Test ၄ ခုရှိပါသည်။
1) Written test
2) Ability test
3) Group lesson test
4) Individual lesson test တို့ဖြစ်သည်။
CBI (ITF level 1) သင်တန်းသည် မိမိ၏နည်းပြ level ကို upgrade လုပ်ရန်ဆန္ဒရှိသောနည်းပြများ၊ ဆက်လက်ပြီး မိမိ Carrier အတွက် ထပ်ပြီး တိုးတက် လေ့လာချင်သောနည်းပြများ မဖြစ်မနေတက် ရောက်သင့်သောသင်တန်းဖြစ်ပါသည်။ သင်တန်းအောင်မြင်ခဲ့လျှင် NA certificate အပြင် နိုင်ငံတကာအသိအမှတ်ပြု level 1 အောင်လက်မှတ်ကို ITF Academy မှ ရမည်ဖြစ်ပါသည်။
၁။ သင်တန်းတက်ရောက်သော သင်တန်းသား(နည်းပြ) များသည် 70% attendance ပြည့်မှသာ လျှင် Attendance လက်မှတ်ကို NA မှ ရမည်ဖြစ်ပါသည်။
၂။ Test ၄ခုလုံးအောင်မှသာ အောင်မြင်ကြောင်း certificate ကို ITF Academy မှရမည်ဖြစ်သည်။
အရည်အချင်းသတ်မှတ်ချက်များမှာအောက်ပါအတိုင်းဖြစ်ပါသည်။
*Play Tennis Course/Pre level 1 အောင်မြင်ပြီးသူများသာဖြစ်ရပါမည်။*
၁။ ပထမဦးစားပေးမြန်မာ့လက်ရွေးစင်အဆင့်ကစားဖူးသူများ။
၂။ ဒုတိယဦးစားပေးတိုင်းနှင့်ပြည်နယ်အဆင့်ကစားဖူးသူများ။
၃။ အနည်းဆုံးအသက်၁၈နှစ်ပြည့်ပြီးသူဖြစ်ရပါမည်။
-သင်တန်းဝင်ကြေး တစ်ဦးလျှင် ၃၀၀,၀၀၀ ကျပ်
-နောက်ဆုံးစာရင်းပေးသွင်းရက် (၂၀၂၆ ဇွန်လ ၅ရက်နေ့ နေ့လည် ၁နာရီ)
-သင်တန်းကာလအတွင်း Lunch နှင့် Tea ကို မြန်မာနိုင်ငံတင်းနစ်အဖွဲ့ချုပ်မှ စီစဉ်ပေးပါမည်။
(မှတ်ချက်- အများဆုံးသင်တန်းသား ၁၅ ဦးသာလက်ခံပါမည်)
Detail information- 09972721901, 095087261
Junior Tennis Initiative - Myanmar
28/05/2026
“New Online Tennis Court Booking System”
13/05/2026
12/04/2026
သီရိလက်ာနိုင်ငံ ကိုလံဘို မြို့တွင် မတ်လ ၂၉ ရက်နေ့မှ ဧပြီလ ၁၀ ရက် နေ့အထိ ကျင်းပခဲ့သော “ITF Asia 14U Development Championships 2026, Finals” ပြိုင်ပွဲသို့သွားရောက်ယှဉ်ပြိုင်ခဲ့သည့် မြန်မာ U14 အသင်းသည် ယနေ့ မနက် ၈ နာရီ အချိန်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ပြန်လည်ရောက်ရှိလာခဲ့ပါသည်။
🎾Welcome Back🎾
Junior Tennis Initiative - Myanmar
30/03/2026
သီရိလက်ာနိုင်ငံ ကိုလံဘို မြို့တွင် မတ်လ ၂၃ ရက်နေ့မှ မတ်လ ၂၈ ရက်နေ့အထိ ကျင်းပခဲ့သော 2026 Juniors Davis Cup - Oceania Pre Qualifying event’ ပြိုင်ပွဲသို့သွားရောက်ယှဉ်ပြိုင်ခဲ့သည့် 🇲🇲 Team သည် မတ်လ ၃၀ရက်နေ့ မနက် ၈နာရီ၃၀မိနစ်အချိန်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ပြန်လည်ရောက်ရှိလာခဲ့ပါသည်။
🎾Welcome back🎾
Junior Tennis Initiative - Myanmar
27/03/2026
သီရိလက်ာနိုင်ငံ ကိုလံဘို မြို့တွင် မတ်လ ၂၉ ရက်နေ့မှ ဧပြီလ ၁၀ ရက် နေ့အထိ ကျင်းပမည့် “ITF Asia 14U Development Championships 2026, Finals” ပြိုင်ပွဲသို့သွားရောက်ယှဉ်ပြိုင်ရန်အတွက် မြန်မာ U14 အသင်းသည် ယနေ့ မနက် ၈ နာရီ ၃၅မိနစ်အချိန်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ သီရိလက်ာနိုင်ငံ ကိုလံဘိုမြို့သို့ ထွက်ခွါခဲ့ပါသည်။
Good luck 🇲🇲
Junior Tennis Initiative - Myanmar
Click here to claim your Sponsored Listing.
Location
Category
Website
Address
Theinphyu Tennis Court, Banyardala Rd
Yangon
11221
Opening Hours
| Monday | 06:00 - 23:00 |
| Tuesday | 06:00 - 23:00 |
| Wednesday | 06:00 - 23:00 |
| Thursday | 06:00 - 23:00 |
| Friday | 06:00 - 23:00 |
| Saturday | 06:00 - 23:00 |
| Sunday | 06:00 - 23:00 |