Fitness House Gym

Fitness House Gym

Share

yes business

Photos from Fitness House Gym's post 30/09/2022

ရင်ဘတ်ထဲ Gymလေး
ပိုင်ရှင်နဲ့ ကျွန်တော်နဲ့ မိသားစုလို ညီအကို
တစ်ယောက်နဲ့ တစ်ယောက်မှာ Respect To Respect တွေနဲ့။ 3year ကျော် လက်တွဲ လုပ်ဖြစ်ခဲ့တယ်

အကိုboss က သဘောထားပြည့်ဝပါတယ်
အနေအေးတယ် ယုံကြည်မူတွေကြောင့်
Boss 60%
Me 40%
စတင် အသက်သွင်းခဲ့တယ်

ကျွန်တော့်ကို တန်ဖိုးထားသူ မထားသူတွေ
ဘယ်လို ရှိရှိ ကျွန်တော်တောသားကတော့
ရိုးသားစွာနဲ့ ဖြတ်သန်းခဲ့တယ်

နှုတ်ဆက်ချိန် ကျရောက်လာတဲ့ အခါမှာလည်း
အဆင်ပြေပြေနဲ့ လည်ပတ်နေတဲ့ Gymလေးကို
ဆရာတစ်ရဲ့ ပီတိနဲ့ နှုတ်ဆက်ဖို့ အသင့်ပါ

ရင်ထဲမှာတော့ boss with Gym လေးက
မိသားစုပါပဲ အရာအာလုံးအတွက် ကျေးဇူးပါ 🙏🙏🙏🙏🙏

27/09/2022

ပိန်တဲ့လူက လေ့ကျင့်ခန်းလုပ်တဲ့အခါ ကြွက်သားတက်အောင် ဘယ်လိုစားသင့်သလဲ

ပိန်တဲ့ အထွက် (လှုပ်ရှားတာ၊ လေ့ကျင့်ခန်းလုပ်တာ) ထပ် အဝင် အစားအသောက်က ပိုများရပါမယ်။ ဒီလိုများဖို့ဆို လုပ်နိုင်တာက ပိုစားဖို့က လွဲပြီး မရှိပါဘူး။ (လေ့ကျင့်ခန်း လျှော့ပါလို့တော့ မပြောပါဘူး)

ပိန်သူတွေ အလေးဆော့မယ်ဆိုရင် Protein နဲ့ Carbohydrate ကို များများစား များများလုပ် နည်းနဲ့ စားပါ။ ဒါပေမယ့် Carbohydrate ကို လျှော့စရာမလိုပါဘူး။

နားရက်မှာလဲ Carbohydrate နဲ့ Protein များများစားပါ။ အပေါ်ကလူတွေလို အဆီမကျချင်တာမလို့ Carbohydrate ကို ရှောင်စရာမလိုပါဘူး။ ဘယ်အချိန် ဘာစားရမလဲဆိုတာကလဲ Join with me☺️

မတူတာက Carbohydrate ကို လျှော့စရာမလိုပဲ Carbohydrate နဲ့ Protein ကိုများအောင်စား။ ဘယ်လောက်စားရမလဲဆိုရင် အဝင်အစားအသောက်က အထွက်လှုပ်ရှားမှုထပ် များအောင် စားရမှာပါပဲ။ တစ်လကို ကိုယ်အလေးချိန် ၁.၅-၂.၅ ပေါင်လောက်တက်လာရင် အကောင်းဆုံးပါပဲ။

သိပ်ခက်ခက်ခဲခဲ မရှိပါဘူး။ တစ်ခုပဲ သတိပြုစရာဆိုလို့ ဆီကြော်စာတွေ ရှောင်ရုံပါ။

Coach Tz

Photos from Fitness House Gym's post 24/09/2022

အလုပ်လုပ်တဲ့သူတိုင်း Stress အနည်းနဲ့အများဆိုသလိုရှိပါတယ်။
Stress ဟာ ခဏတာအတွက်တော့ အင်မတန်ကောင်းပေမယ့်၊ ရေရှည်ဆိုရင် (အပတ်စဉ် Stress ရနေရင်တော့) တော့ ကျန်းမာရေးအတွက်ရော၊ ချမ်းသာရေးအတွက်ပါ မကောင်းတော့ပါဘူး။
‍‍‍‍‍‍ ‍‍
ပြန်လည်သုံးသပ်ကြည့်ဖို့လိုပါတယ်။
‍‍‍‍‍‍ ‍‍
ဘယ်လိုလုပ်ရင် Stress ကို ဖြေရှင်းနိုင်မလဲ ??
‍‍‍‍‍‍ ‍‍ ‍‍‍‍‍‍ ‍‍
၁) Challenge လို့မြင်ပေးပါ။
အလုပ်လို့ မြင်နေရင် လူတွေမှာ Stress ရတတ်ပါတယ်။
- ငါအလုပ်တွေ အများကြီး ရှိနေသေးတယ်
- ငါ အားကို မအားဘူး
- ငါ အရမ်းအလုပ်များတယ်
ဆိုပြီး.. အလုပ် အလုပ်ဆိုတဲ့ စကားလုံးနဲ့ပဲ ကိုင်ပေါက်ကြပါတယ်။
ဒီတော့ ဦးနှောက်က အလုပ်ဆိုတဲ့ အသံကြားတာနဲ့ Stress hormone ထုတ်ပေးပြီးသားဖြစ်နေပါတယ်။ ကိုယ်ကပြန်လည် တိုက်ချင်တယ်ဆိုရင်တော့ အလုပ်အစား ကိုယ့်ကို စိန်ခေါ်တဲ့ Challenge အနေနဲ့ပြောင်းမြင်ကြည့်ပေးပါ။
Game တခု ကစားသလိုပေါ့၊ ဒီ Level က ခက်ခဲပေမယ့် ကိုယ်မရရအောင် ကြိုးစားအားထုတ်ပြီးဆော့မယ်ဆိုတဲ့အတွေးဝင်နေရင် Stress မရဘဲ အောင်မြင်အောင် ဆက်ဆော့သလိုပါပဲ။
အလုပ်ဝင်လာတိုင်း.. ကိုယ့်ကို စိန်ခေါ်မယ့် အရာ၊ ကိုယ့်ရဲ့ လုပ်နိုင်စွမ်းရည်အတိုင်းအတာကို စိန်ခေါ်မယ့်အရာလို့မြင်ပေးလိုက်ပါ။
‍‍‍‍‍‍ ‍‍
၂) လေ့ကျင့်ခန်းပါ။
သူကတော့ Stress လျော့နည်းစေမယ့် အချက်ထဲက အကောင်းဆုံးနဲ့ အလွယ်ဆုံးနည်းလမ်းလည်းဖြစ်ပါတယ်။
လေ့ကျင့်ခန်းလုပ်ခြင်းကြောင့်
- Stress hormone တွေလျော့ပေးပါတယ်
- ဦးနှောက်က စိတ်ပျော်ရွှင်စေမယ့် hormone တွေထပ်ထုတ်ပေးပါတယ်
- ဦးနှောက် Cell တွေကို ပိုမိုများပြားစေပါတယ်
- ကျန်းမာရေးပိုပြီးကောင်းမွန်စေပါတယ်
ကဲ.. လုပ်ချင်လာပြီလား... စောင့်မနေနဲ့နော်.. ဒီနေ့ပဲ ရအောင်လုပ်ကြည့်ပါ
‍‍‍‍‍‍ ‍‍
၃) ဝင်လေထွက်လေရှုပါ
ဝင်လေထွက်လေရှုခြင်းက ဘာသာရေးအရမဟုတ်ပါဘူး။ ကျန်းမာရေးအရ၊ အောင်မြင်ရေးအရကို လုပ်သင့်တဲ့ အကောင်းဆုံးအလုပ်တခုပါ။
- မှတ်ဥာဏ်ကောင်းချင်တယ်
- စဉ်းစားတွေးခေါ်မှုကောင်းချင်တယ်
- Stress နည်းချင်တယ်
- အောင်မြင်ချင်တယ်
ဆိုရင် ဝင်လေထွက်လေရှုခြင်းက အကောင်းဆုံးပါပဲ။
‍‍‍‍‍‍
‍‍‍ကဲ.. အခု နည်းလမ်း ၃ခုသိသွားပြီဆိုတော့ နေ့စဉ် ကြုံနေရတဲ့ Stress တွေကို ပြန်လည်အံတု လိုက်ပါဦး။
‍‍
TrainerTz
FitnessHouseGym

Photos from Fitness House Gym's post 22/09/2022

Welcome to Our Fitness House Gym

20/09/2022

ကြွက်သားကြီးချင်တယ်၊ Abs ပေါ်ချင်တယ်၊ အဆီမရှိတဲ့ Body လိုချင်တယ်၊..... GYM လာတဲ့လူတိုင်း အဲဒီလို ပြောကြတယ်။ သို့သော် ၁လ..၂လ လောက်နေရင် လစ်သွားကြရော။ ဘာကြောင့်လဲလို့ မေးလိုက်ရင် အများစုက

၁။ ပစ္စည်းမစုံလို့
၂။ နည်းပြမကောင်းလို့
၃။ ဆော့လည်း တက်လာတဲ့အရိပ်အယောင် မတွေ့လို့
၄။ ပင်ပန်းလို့

ဆိုပြီး ဆင်ခြေပေးတတ်ကြတယ်။ ဟုတ်ပြီ။ Body Building & Fitness လောကမှာ Level လေးဆင့်ရှိတယ်။

၁။ Beginner Level
၂။ Pre-intermediate Level
၃။ Intermediate Level
၄။ Professional Level

ကိုယ်က ဘယ် Level ကလဲဆိုတာ အရင်ဆုံးသုံးသပ်သင့်တယ်။

ပစ္စည်းမစုံလို့
==========

" Beginner သမားတွေက P-I Level တန်း Workouts တွေကို ဆော့လို့မရဘူး၊ ထို့အတူ P-I Level ကလည်း I Level Workouts တွေကို ဆော့လို့မရပါ။ "

အထက်ပါသဘောတရားကို သိထားသင့်တယ်။ ကပ်သီးကပ်ဖဲ့သမားတွေက မေးလိမ့်မယ်၊ ဘာလို့ ဆော့လို့မရတာလဲ။ မယုံရင် ဆော့ကြည့်လိုက်ပါ။ Post Injuries နဲ့ညားလိမ့်မယ်၊ အခန့်မသင့်ရင် တသက်လုံး ဒုက္ခိတဘဝ ရောက်သွားလိမ့်မယ်။

သို့သော် Pro သမားတွေဆော့တဲ့ Workouts Video တွေကြည့်၊ Motivation Video တွေကြည့်ပြီး GYM ကိုရောက်လာ၊ ရောက်လာတော့ " ဟင်! ဟို Video ထဲကလို စက်ပစ္စည်းတွေလဲ မရှိပါလား၊ ဘာလားပဲ။ " ဆိုပြီး စိတ်ထဲကွက်ခနဲ ဖြစ်သွားကြတယ်။

Training လုပ်ဖို့ရောက်လာတာလား၊ စက်ကြည့်ဖို့ ရောက်လာတာလား။

နည်းပြမကောင်းလို့
==============

နည်းပြမကောင်းတာလား၊ ကိုယ်က lacking ဖြစ်နေတာလား။

နည်းပြ နဲ့ လေ့ကျင့်သူအကြား Communication နဲ့ နားလည်မှု ရှိဖို့ လိုအပ်တယ်ဆိုတာ အရင်သိထားရမယ်။

GYM လာရင် ဘယ်သူမှ ငါ့လောက်မတော်ဘူးဆိုသည့် ပုံစံမျိုးနဲ့လာ၊ နည်းပြက သေချာလမ်းညွှန်ပြတုန်း သေချာမကြည့်၊ ပြီးမှ သောက်တလွဲလုပ်၊ နည်းမကျတော့ ဘာဖြစ်သလဲ၊

- ကိုယ်ပဲ ပင်ပန်းတယ်၊
- ဥပမာ ကိုယ်က Biceps Workouts ဆော့သော်လည်း နည်းမကျတော့ Biceps အစား Forearms မှာပဲ သွားထိတယ်၊
- ကြာတော့ Injuries တွေဖြစ်လာမယ်၊

1. နှုတ်ဆက်ပါ။

နှုတ်ဆက်ဖို့ မပျင်းပါနဲ့၊ မရှက်ပါနဲ့၊ အပိုအလုပ်လို့မထင်ပါနဲ့။

- ကျောင်းမှာ စာသင်ခန်းထဲ ဆရာဝင်ရင် ဆရာ့ကို နှုတ်ဆက်ရမယ်၊ မဟုတ်လား။ အဲဒီလိုပဲ GYM မှာလည်း စိတ်ပါသည်ဖြစ်စေ၊ မပါသည်ဖြစ်စေ၊ ဆရာရေ...ကျနော်တို့ရောက်ပြီ၊ ဆရာရေ....ကျနော်တို့ပြန်ပြီ ဆိုပြီး အသိပေးရတယ်။ သူငယ်ချင်းလာလည်ရင်တောင်မှ " ငိုးမ၊ ဒေါင်းစား၊ အေရိုး.... ဖအေကြွပြီ " ဆိုပြီး အပြန်နှုတ်ဆက်ကြတယ်လေ။

2. လေးစားမှုထားပါ

- နည်းပြက နည်းလမ်းပြသနေပြီဆိုရင် စိတ်ဝင်တစားနဲ့ Respect ထားပြီး သေချာကြည့်၊ နားမလည်ရင် ဆရာ ဒီဟာက ဘယ်လိုလုပ်ရသလဲ၊ Respect ထားပြီးမေးရမယ်။ သို့သော် ကိုယ်က သူပြနေတုန်း သေချာမကြည့်၊ စကားပြောရင်လည်း Respect မထားတော့ ဘယ်နည်းပြမှ ကိုယ့်ကို ကောင်းကောင်းဂရုစိုက်မှာ မဟုတ်ဘူး။ ဘာ့ကြောင့်လဲ .... ဥပမာ ခင်ဗျားတို့ ၁၃နှစ်အရွယ် ကလေးတစ်ယောက်ကို စာမေးကြည့်၊ ကိုယ်ကသေချာမေးသော်လည်း သူက ဖြေချင်သလို၊ မဖြေချင်သလို၊ သူ့အကြည့်မှာလည်း ကိုယ့်အပေါ်လေးစားမှုရှိတဲ့ အရိပ်အယောင်မတွေ့ဘူးဆိုရင် ခင်ဗျားတို့စိတ်ထဲ ဘယ်လိုဖြစ်မလဲ။ သောက်ခွက်ကြီးပဲ ဖြတ်ရိုက်ပစ်ချင်စိတ်ပေါ်တယ်မလား။ အဲဒီလိုပဲ....

နေရာတကာမှာ Respect ထားတတ်တဲ့စိတ်ရှိရင် လူတိုင်းက သင့်ကို Respect ပြန်ထားမှာပဲ။

3. Communication တည်ဆောက်ပါ

- နည်းပြနဲ့ စကားပြောဆိုပေးရမယ်။ ပြောတဲ့အခါကျရင် #ကိုယ်သာသိ၊ #ကိုယ်သာတတ် ဆိုတဲ့ ပုံစံမျိုးမပြောရဘူး။ ဆရာ နှင့် တပည့်၊ အစ်ကို နှင့် ညီ တစ်ယောက်လို Conversation တည်ဆောက်ရမယ်။ ပြောတဲ့အခါကျရင် ဆရာပြောတဲ့စကားပြီးမှ ကိုယ်ကပြောရမယ်၊ ငါ့စကားနွားရ ဆိုပြီး ရေတံခွန်က ရေဒလဟောကျသလို မပြောရဘူး၊ ကြားဖြတ်မပြောရဘူး။

4. နားလည်မှုရှိပါ။

- GYM က နည်းပြတွေဟာ မနက်စောစော ကနေ ညမိုးချုပ်သည်အထိ လာသမျှ လူပေါင်းစုံ၊ အကျင့်စရိုက်ပေါင်းစုံကို Train ပေးရတယ်။ အဲဒီအတွက် တခါတလေကျရင် သူတို့ပင်ပန်းနေတတ်တယ်၊ အဲဒီအခါမှာ ကိုယ့်ဘာသာကိုယ် လေ့ကျင့်ရတော့မယ်။ ရှင်းရှင်းပြောရရင် နည်းပြလည်း လူပဲ။ လူတစ်ယောက်ချင်းစီကို ဘေးနားက ထိုင်ပြီး သေချာလိုက်ပြပေးဖို့မဖြစ်နိုင်ဘူး၊ ခင်ဗျားတို့၊ ကျနော်တို့တောင် အမေက ဟိုခိုင်း၊ ဒီခိုင်း လုပ်ရင် သောက်ပျင်းတောင်ကြီးသေးတာ မဟုတ်လား။ သို့သော် တချို့တွေကျတော့ ပြောသေးတယ်၊ " ငါတို့က အလကားလာလုပ်တာ မဟုတ်ဘူး၊ ပိုက်ဆံပေးပြီး လာလုပ်တာ " .... မှန်တယ်၊...ပိုက်ဆံပေးပြီး လာကျင့်တယ်ဆိုတာ သူတို့ တစ်ယောက်တည်းမှ မဟုတ်ဘူး၊ လူပေါင်းမြောက်များစွာ လာနေကြတာ။ တစ်ယောက်တည်း သီးသန့်ကျင့်ချင်ရင် Personal Trainer ဌားလိုက်လို့ပဲ ပြောချင်တယ်။

{ ဒီနေရာမှာ ဒီအတိုင်း တခြားသူတွေနဲ့ ကျင့်တာ နှင့် တစ်ယောက်တည်း သီးသန့်ကျင့်တာ ဘယ်ဟာ ပိုကောင်းသလဲလို့ မေးလာရင် အခြားသူတွေနဲ့အတူ ကျင့်တာ အကောင်းဆုံးပဲလို့ပြောချင်ပါတယ်။

4X Mr. Olympia Jay Cutler ရဲ့ 10 Rules Of Never End Growing မွာ

" ကျနော် GYM မှာ သွားကျင့်ပြီဆိုရင် လူတချို့က တစ်ယောက်တည်းပဲ လာတယ်၊ ကျင့်တယ်၊ ပြန်တယ်။ ထို့အပြင် သူတို့ကို စကားသွားပြောရင်လည်း မကြိုက်ကြဘူးဗျ။ အာရုံစူးစိုက်မှု ပျက်တယ်ဆိုတဲ့ ပုံစံမျိုးနဲ့ပဲ ပြောလွှတ်ကြတယ်။ သို့သော် ကျနော်ကတော့ GYM ရောက်ရင် ကျနော့် playmate တွေနဲ့အတူကျင့်တယ်၊ နားတုန်းမှာ ဟာသတွေပြောတယ်၊ မိန်းကလေးအကြောင်းတွေပြောတယ်ပေါ့ဗျာ။ ထို့အပြင် ဘယ်သူက ဘယ်လောက်ကြီးတယ် ဆိုပြီး အပြိုင်အဆိုင်လေးလည်းရှိတော့ GYM လာဆော့ရမှာ မပျင်းတော့ဘူးဗျ။ တဖြည်းဖြည်း ပျော်လာတယ်ပေါ့ဗျာ။ " }

5. အသိတရားရှိပါ။

တချို့တွေက နိုင်ငံခြားက Workouts Video တွေကိုကြည့်၊ ပြီးရင် သူတို့လုပ်သည့်အတိုင်း အလေးတွေကိုပစ်ချတယ်။ ဟိုက အလေးပစ်ချတယ်ဆိုတာ..... Weighs ပေါင်းများစွာထည့်ထားလို့ သေချာပြန်ချသည့်အခါ Injuries ဖြစ်မှာစိုးသည့်အတွက် ပစ်ချတာပဲဖြစ်ပါတယ်။ သို့သော် ဒီကဟာတွေက ၂၀-၃၀ လောက်နဲ့ ပစ်ချနေကြတယ်။ အလေး ပစ်ချချင်ရင် အိမ်မှာပဲ ဆော့ပါ။ လူအများဆော့တဲ့ GYM လာမဆော့ပါနဲ့။ ရှင်းရှင်းပြောရင် ကျနော်ဟာ ဘယ်သောအခါမှ အလေးတုံးတွေကို မပစ်ချဘူး၊ ပစ်ချတာလည်း လုံးဝမကြိုက်ဘူး၊ အလေးတပ်ဆင်ရင်တောင်မှ အလေးပြားက ချွင်၊ ချွမ်ဆိုတဲ့အသံထွက်တာ လုံးဝမကြိုက်ပါဘူး။ အလေးပြားတွေကို ပစ်စလခတ်ထားတာတွေ၊ ကိုယ်ဆော့ပြီးရင် ပြန်မထားတာတွေ .... ငါ့ပစ္စည်းမှ မဟုတ်တာ၊ လုပ်ချင်ရာ လုပ်မယ်၊ ဘာဖြစ်လဲဆိုတဲ့စိတ်ဓာတ်မျိုးတွေ၊

အဲဒီလိုအပြုအမူမျိုးတွေက ရှင်းရှင်းပြောရင် ရိုင်းတယ်၊ စည်းကမ်းမဲ့ တစ်ကိုယ်ကောင်းဆန်တယ် လို့ပဲ သတ်မှတ်ရလိမ့်မယ်။

လူမှန်ရင် စည်းကမ်းရှိရမယ်၊ လေးစားရမယ်၊ အသိတရားရှိရမယ်။

ကိုယ်ကိုယ်တိုင်က စည်းမရှိ၊ ကမ်းမရှိ ဖြစ်ရင် ဘယ်သူမှ ကိုယ့်ကိုမလေးစားတော့သလို၊ ဘယ်သူမှ ကိုယ့်ကို သောက်ထင်ကြီးမှာမဟုတ်ဘူး။

သူများကို အရင်အပြစ်ဖို့မယ့်အစား မိမိအမှားကို အရင်ဆုံးဆန်းစစ်ပါ။

ဆော့လည်း တက်လာတဲ့အရိပ်အယောင်မတွေ့လို့၊ ပင်ပန်းလို့
=========================================

အရာရာတိုင်းကို နည်းပြကိုယ်တိုင်ပြမှ၊ နည်းပြပြောမှ လုပ်မယ်ဆိုတဲ့သူတွေ.....စိတ်ချ.... ခင်ဗျားတို့ ဘယ်သောအခါမှ ခင်ဗျားတို့ လိုချင်တဲ့ Body ရမှာမဟုတ်ဘူး။

နည်းပြဆိုတာ #လမ်းညွှန်ဆိုင်းဘုတ် နဲ့တူတယ်။ ဒီလမ်းကို ညွှန်ပေးတယ်၊ ဘယ်လိုလုပ်ရင် ဘယ်လိုဖြစ်မယ်၊ ဘာစားရင် ဘယ်လောက်တက်မယ်... ဆိုပြီး ပြောမယ်။ သို့သော် သူတို့လည်း စာရေးသလောက် အတိအကျမပြောနိုင်ဘူး၊ ဘာကြောင့်လဲဆိုတော့ သူတို့အတွေးနဲ့ သူတို့ရှိလို့ပဲ။

အဲဒီအတွက် နည်းပြက ပြောတာ၊ သင်ကြားပြသတာတွေကို မှတ်သားထား၊ ပြီးရင် Internet က Body Building, Fitness ပိုင်းဆိုင်ရာ ဆောင်းပါးတွေဖတ်၊ လေ့လာ၊ နည်းပြပြောတာနဲ့ ချိန်ထိုးပြီး လိုနေတဲ့ ကွက်လပ်ကို ဖြည့်၊ ပြီးရင် ဆန်းစစ်၊ လုပ်ဆောင်ရမယ်။

တစ်နေ့လာလည်း GYM လာ...စက်ရုပ်လို ဒါလုပ်..No Disucssion...No Question....ပြီးပြန်.... အဲဒီလိုသာဆိုရင်တော့ ခင်ဗျားတို့ မတက်တာလည်း မပြောနဲ့။

လှချင်လို့သာ ဆော့ရတယ်၊ စိတ်ကမပါ၊ စိတ်မဝင်စားရင်တော့... လုပ်လည်း ဘာမှမထူးဘူး။ အပေါက်ပါတဲ့ ရေဘူးထဲ ရေထည့်နေသလိုပဲ။

Ko Aung Aung

16/09/2022

Gym မဆော့ခင်၊ ဆော့နေစဉ် နဲ့ ဆော့အပြီး ဘယ်အချက်တွေကို ဂရုစိုက်လိုက်နာသင့်သလဲ??
*--*--*--*--*--*--*--*--*--*--*--*--*--*--*--*--*

တခြား ပြောင်းပြန် ကမ္ဘာ တစ်ခုခုမှာ နေ့စဉ် Gym လုပ်နေတာက အဓိကအလုပ်ဖြစ်ပြီး အလုပ်တက် ရုံးသွားတာက အားလပ်ချိန်

လုပ်ဆောင်မှုမျိုး ဖြစ်နေမယ်ဆိုပါစို့။
ဒါဆိုရင် ဒီနေ့ Gym ကစားမယ့် Exerciseတွေကို နောင်တစ်နေ့မှာ ကစားလဲ ဘာပြသနာမှ ဖြစ်မှာမဟုတ်။ ဒီနေ့ကစားတာ

အရာမရောက်လဲ သိပ်ထွေထွေထူးထူး မရှိ။ နေ့တိုင်း အချိန်တိုင်း Gym ကစားနေမှာပဲ မလား။
ဒါပေမယ့် ဒါဟာ စိတ်ကူးယဉ် ကမ္ဘာသက်သက်ပါ။ တစ်ကယ် ကျင်လည်နေရတဲ့ ပတ်ဝန်းကျင်မှာ အလုပ်သွား၊ ရုံးတက် နေ့စဉ်

ကိစ္စတွေနဲ့တင် အချိန်ကုန်နေတာမို့ ခန္ဓာကိုယ်လှအောင် ဆော့ချင်သူတွေအတွက် အချိန်ဆိုတာ များများပေးနိုင်တာမှ မဟုတ်ပဲ။

ဒါ့ကြောင့်မို့ ရနိုင်တဲ့ အချိန်ပို တစ်နာရီအတွင်းမှာ ထိရောက်မှု ရှိအောင် ဘယ်လိုလုပ်နိုင်လဲ သိဖို့ဟာ လက်တွေ့မှာ အရေးကြီးပါတယ်။

တစ်ခါတစ်လေ Gym ထဲမှာ (အိမ်မှာလုပ်လဲ အိမ်ပေါ့) အရင်နေ့တွေကလောက် အားမရှိ၊ အရင်နေ့တွေကလောက်တောင်

မလုပ်နိုင်တာတွေကို ဘယ်လို ကျော်လွှားနိုင်မလဲဆိုတာ နည်းလမ်းလေးတွေ ရှိတာမို့ ဝေမျှလိုက်ပါတယ်။

••••••••
မလုပ်မီ
••••••••
Gym ဆော့တယ်ဆိုတာ gym ရောက်မှ ကစားတာမျိုး မဟုတ်ပါဘူး။ Gym မသွားမီ ဒီအချက်လေးတွေ ကြိုတင်ပြင်ဆင်သွားရင် Gym

လုပ်တဲ့ မိနစ် ၄၀၊ တစ်နာရီလောက် အတွင်းမှာ ပိုလုပ်နိုင်စေပါတယ်။ ပိုလုပ်နိုင်လေ၊ ကြွက်သား ပြတ်တောက်လေ၊ အစာစားရင်

ပိုကြီးထွား ပိုအကျိုးရှိလေ ဆိုရမှာမလား။ အဆီကျချင်သူတွေ အတွက်လဲ ပို Cardio လုပ်နိုင်လေ၊ ပိုအဆီကျလေမို့

လေ့ကျင့်ခန်းမလုပ်ခင် ဘာတွေ ပြင်ဆင်သင့်သလဲ ကြည့်လိုက်ရအောင်။

၁။ အစာကြေနှေးစေတဲ့ Carbohydrate အစာကို စားခြင်း

သုတေသနတွေ အရ အစာကြေနှေးတဲ့ Carbohydrate အစားအစာတွေကို လေ့ကျင့့်ခန်း မလုပ်မီအနည်းဆုံး ၂နာရီစောပြီး

စားသင့်တယ်ဆိုပါတယ်။ ဒီအစားအသောက်တွေဟာ Insulin level ကိုကျစေနိုင်ပြီး တနေ့တာလုံးမှာ အဆီကျစေနိုင်တဲ့

အကျိုးတွေရှိပါတယ်။ ဥပမာအစာတွေက ကန်စွန်းဥ၊ ပေါင်မုန့်ညိုကြမ်း၊ ထမင်းညိုကြမ်း၊ Oak အုတ်ဖြူ ၊ ပန်းဂေါ်ဖီဖြူ /စိမ်း၊

ခရမ်းသီး၊ ပဲ၊ မုန်လာဥနီ၊ Cottage cheese၊ Yogurt စတာတွေ ဖြစ်ပါတယ်။

၂။ ဆီကြော်စာကို ရှောင်ခြင်း

Workout မလုပ်မီ အကြော်အလှော်တွေ စားမိတဲ့နေ့တွေဆို လေ့ကျင့်ခန်းလုပ်ချိန်မှာ အားသိပ်မရှိတတ်တာ သတိထားမိမှာပါ။

ဆီကြော်စာတွေဟာ သွေးလည်ပတ်မှုကို နှေးစေတတ်တာမို့ လေ့ကျင့်ခန်းလုပ်ချိန်မှာ ကြွက်သားတွေကို သွေးရောက်မှုနည်းစေတာမို့

ထင်သလောက် အားမရှိဖြစ်စေပါတယ်။

၃။ Caffeine ဓာတ် သောက်ခြင်း

လေ့ကျင့်ခန်း မလုပ်မီ ၂ နာရီအလိုလောက်မှာ Caffeine ဓာတ် 200-400 mg လောက်သောက်ခြင်းဟာ အဆီပိုကျစေသလို

ကြွက်သားအတွက် ကောင်းတာမို့ ကြာကြာလုပ်နိုင်စေပါတယ်။ Caffeine ဓာတ်ကို Caffeine supplement တွေက ရနိုင်သလို

Coffee ကလဲ ရနိုင်ပါတယ်။

••••••••••••••••••••••••
လေ့ကျင့်ခန်း လုပ်နေချိန်
••••••••••••••••••••••••
လေ့ကျင့်ခန်း လုပ်နေချိန်မှာလဲ သိသင့်တဲ့ အချက်လေးတွေရှိပါတယ်။

၁။ ပထမ အခေါက်တွေမှာ အားအကုန် မသုံးပါနဲ့

ကြွက်သားး တစ်ခုခု စဆော့ပြီ ဆိုပါစို့။ တင်ပါး ဖြစ်ဖြစ်၊ ရင်ဘတ်သားဖြစ်ဖြစ် စဆော့တဲ့အခါမှာ ပထမပုံစံ တစ်မျိုးကို ၈ကြိမ်မှ ၁၂

ကြိမ်ကြားပဲ လုပ်နိုင်အောင် ဆော့ပါ။ ( ဘယ်လောက် အလေးလဲလို့ မမေးပါနဲ့။ အလေးတုံး ပမာဏဟာ လူတစ်ယောက်နဲ့

တစ်ယောက် အားမတူလို့ ပမာဏမတူပါဘူး။ ၈ ကြိမ်လောက်ဆို လေးလာပြီး ၁၂ကြိမ်လောက်ဆို ဆက် မလုပ်နိုင်တော့မယ့်

အလေးကို ရွေးပါ။ ရွေးပြီးလို့ ပထမစလုပ်ရင် အားအကုန်ထိ မသုံးပါနဲ့။ ၁၂ကြိမ်လောက် မရလဲ ၁၀ကြိမ်လောက်မှာ ရပ်လိုက်ပြီး၊

နောက် အခေါက်တွေမှ အားပိုသုံးသင့်ပါတယ်။

အလေးလွတ်၊ Bodyweight ဆိုလဲ ပထမအခေါက် ထိုင်ထလုပ်တဲ့အခါ၊ ဒိုက်ထိုးတဲ့အခါမှာ အားကုန်သွားတဲ့အထိ မလုပ်ပါနဲ့။

အားချန်ထားပြီး နောက်အခေါက်တွေမှ တိုးလုပ်ပါက ပိုလုပ်နိုင်ပါတယ်။

၂။ ကိုယ်လုပ်မယ့် ကြွက်သားကို စိတ်စုစည်းပြီး လုပ်ခြင်း

တစ်ခါတစ်လေ လေ့ကျင့်ခန်းလုပ်နေရင် အကြိမ်ရေပဲ စိတ်ကတွက်နေတတ်ပါတယ်။ ဒီလိုလုပ်တဲ့အခါ ပုံစံမမှန်ဖြစ်တတ်သလို၊

ကြွက်သားအပေါ်လဲ အပြည့်အဝ မထိရောက်တတ်ပါဘူး။ ကိုယ်လုပ်မယ့် ကြွက်သားအပေါ် အာရုံစူးစိုက်ပါ။

ရင်ဘတ်ကြွက်သားလုပ်နေတယ် ဆိုရင်လဲ ရင်ဘတ်ကြွက်သားကို အာရုံစိုက်ပြီး အသုံးပြုပါက ပိုထိရောက်နိုင်ပါတယ်။

၃။ အကြိမ်ရေ အပြောင်းအလဲ လုပ်ခြင်း

တစ်ခေါက်ကို ၈ကြိမ်မှ ၁၂ ကြိမ်အတွင်းလုပ်ပါ ဆိုပေမယ့်လည်း ကြားထဲမှာ အကြိမ်ရေ ပြောင်းလုပ်နိုင်ပါတယ်။

အကြိမ်ရေပြောင်းတာဟာ အလေးပမာဏ ပြောင်းပါလို့ ပြောတာနဲ့ တူတူပါပဲ။ ပိုလေးလေ အကြိမ်နည်းလေဖြစ်ပြီး၊ ပိုပေါ့သွားရင်

အကြိမ်ရေပိုများသွားမှာပါပဲ။

၄။ သီချင်း နားထောင်ခြင်း

Music ဟာ လေ့ကျင့်ခန်းလုပ်တာကို တိုက်ရိုက် အကျိုးသက်ရောက်မှုရှိတာ ငြင်းလို့ မရပါဘူး။ Upbeat music တွေဖြစ်တဲ့

တက်ကြွစေမယ့် သီချင်းတွေကို နားထောင်ရင်း လုပ်ပါက အများကြီး ပိုလုပ်နိုင်စေပါမယ်။

၅။ မဖြစ်နိုင်ပါဘူး ပြောတဲ့လူတွေကို မြင်ယောင်ခြင်း

မယုံမရှိပါနဲ့။ ဒီလို မဖြစ်နိုင်ပါဘူး ပြောတဲ့ Haters တွေရဲ့ စကားကို ပြန်ကြားယောင်လိုက်ပါ။ ဒီလိုလူတွေ မှားကြောင်း

သက်သေပြချင်တဲ့ စိတ်ဟာ ကြီးမားတဲ့ခွန်အားကို ရစေပါတယ်။

••••••••••••••••••••••••
လေ့ကျင့်ခန်း လုပ်အပြီး
••••••••••••••••••••••••

လေ့ကျင့်ခန်း လုပ်အပြီး အချိန်တွေမှာတော့ ကြွက်သားတွေ ပြတ်တောက်ချိန်၊ အစာအာဟာရလိုချိန် မလို့ ဒီအချိန်မှာ ဖြည့်တင်းမယ့်

အစားအသောက် အကြောင်း သိဖို့လိုပါတယ်။

၁။ Protein ဖြည့်ခြင်း

လေ့ကျင့်ခန်းလုပ်အပြီး အချိန်တွေမှာ Protein ဓာတ်ကို ဖြည့်ပေးရင် ကြွက်သားတည်ဆောက်မှုမှာ အကျိုးအများကြီး ရှိစေပါတယ်။

Whey protein powder အမှုန့်ကို ဖျော်သောက်နိုင်သလို Protein ကြွယ်ဝတဲ့ အသားငါး စတာတွေကိုလဲ စားနိုင်ပါတယ်။

အဆီကျဖို့ ကြိုးစားနေသူတွေအတွက်လဲ အစာမစားဘဲ မနေသင့်ပါဘူး။ အသီးအရွက်၊ အသားငါး စတာတွေ စားနိုင်ပြီး ဆီကြော်စာ၊

အချိုရည်တွေကိုတော့ ရှောင်ပါ။ ထမင်းစားပါက အရွက်အသား များများစားပြီး ထမင်းကို လျှော့စားပါ။

၂။ အကြောလျှော့ခြင်း

အကြောလျှော့တာကတော့ လေ့ကျင့်ခန်း လုပ်အပြီးမှ လုပ်သင့်ပါတယ်။ အကြောလျှော့ခြင်းဖြင့် သွေးလည်ပတ်မှု ကောင်းစေတာမို့

ပြန်လည်တည်ဆောက်နေတဲ့ ကြွက်သွားတွေဆီ အာဟာရ ပိုရစေနိုင်ပါတယ်။
လေ့ကျင့်ခန်း မလုပ်မီ အကြောလျှော့ရင်တော့ လေ့ကျင့်ခန်း အတွင်းမှာ ကြွက်သား အားကုန်သွားတတ်တာမို့ မလုပ်ပါနဲ့။

၃။ ရေနွေးဖြင့် ရေချိုးခြင်း

ရေနွေးနဲ့ ရေချိုးသူတွေဟာ သာမန်ရေနဲ့ ချိုးသူတွေထက် ကြွက်သား 13% ပိုတတ်တယ်လို့ Japan သုတေသနအဖွဲ့

တစ်ခုကဆိုပါတယ်။

၄။ ရေနွေးကြမ်း သောက်ခြင်း

ရေနွေးကြမ်း၊ Green tea စသဖြင့် တစ်နေ့ လေးခွက်မျှသောက်ခြင်းဟာ စိတ်ဖိစီးမှုကို လျော့ကျစေတာကို သိပြီးဖြစ်မှာပါ။

လေ့ကျင့်ခန်း လုပ်တယ်ဆိုတာလဲ ခန္ဓာကိုယ် ကြွက်သားတွေကို ဖိအားပေးတာမို့ လက်ဖက်ရည်ကြမ်း သောက်ခြင်းဟာ

အကျိုးရှိစေပါတယ်။

Trainartz
Personal trainar
Fitness House Gym

09/09/2022

You need CALORIE DEFICIT to lose weight.

""ကယ်လိုရီ IN နှင့်နှိုင်းယှဉ်ပါကကယ်လိုရီ OUT"
အဲဒါတကယ်ပဲအရေးပါသလား

ဤပုံစံသည်သင်သုံးစွဲသောအရေအတွက်နှင့်ကိုက်ညီရန်လိုအပ်သည့်စားသုံးသည့်ကယ်လိုရီအရေအတွက်ပေါ်အခြေခံသည်။

ကယ်လိုရီကိုလောင်ကျွမ်းစေသောအဓိကကိုယ်ခန္ဓာဖြစ်စဉ်သုံးခုရှိသည်။
ASBASAL ဇီဝကမ္မဗေဒ (အကြမ်းအားဖြင့် ၇၀% ခန့်)
IG Digestion (၁၀-၁၅%)
Y ရုပ်ပိုင်းဆိုင်ရာလှုပ်ရှားမှု (ကျန်ရှိသော% နှင့်ပေါင်း)

အစားအစာမှသင်ယူသောကယ်လိုရီအရေအတွက်သည်ဇီဝြဖစ်ပျက်မှု၊ အစာခြေခြင်းနှင့်ကိုယ်လက်လှုပ်ရှားမှုများကိုထိန်းသိမ်းရန်သင်လောင်ကျွမ်းသောကယ်လိုရီများနှင့်ကိုက်ညီပါကသင်၏အလေးချိန်သည်တည်ငြိမ်နေလိမ့်မည်။

ကိုယ်အလေးချိန်ကျအောင်လိုချင်ရင်ကယ်လိုရီလိုနေတယ်။
Calories လျော့စားမှ ဝိတ်ကျမယ်ဆိုတဲ့ သူတွေ
သေချာတိုင်ပင် သုံးသပ် အသုံးပြုစေချင်ပါသည်။

Trainer Tz
Fitness house gym
Tamwe 09890993872

06/09/2022

ကျန်းမာစွာနေထိုင်စားသောက်တတ်ခြင်းအနုပညာ (သို့) ကျန်းမာအောင်စားသောက်ယူခြင်းအလေ့အထကိုစတင်တည်ဆောက်တော့မယ်ဆိုရင်
++++++++++++++++++++++++++++++++++++++++++++++++++++++++++++
အစားအစာအဟာရ(Nutrition)၇မျိုးထဲမှာဘာတွေပါဝင်လဲ?

၁- Carbohydrate (ကာဗိုဟိုက်ဒြိတ်)= ကစီဓါတ်၊ ခွန်အားဓါတ် (energy)
၂- Fats (ဖတ်စ်)= အဆီဓါတ်
၃- Protein (ပရိုတိန်း)= အသားဓါတ်
၄- Fibers (ဖိုက်ဘာ)= အမျင်ဓါတ်
၅- Vitamins (ဗီတာမင်)= သက်စောင့်သြဇာဓါတ်
၆- Minerals (မင်နရယ်)= သတ္တုဓါတ်
၇- Water (ဝါးတား)= ရေဓါတ်တို့ဖြစ်ကြပါတယ်။

Photos from Fitness House Gym's post 02/09/2022

Morning Time
Training For clients
Welcome to All
You can join with me
For Fat lose /building muscle/
Mental health/physical Training/
Change your body/lifestyle
09890993872
I’m your personal Trainer

30/08/2022

ကိုလက်စထရောကိုဘယ်လိုလျှော့ချကြမလည်း
××××××××××××××××××××××××××××

၁။ ကောင်းသောကိုလက်စထရော( Good Cholesterol)နှင့် မကောင်းသောကိုလက်စထရော ( Bad Cholesterol) ရွေးချယ်စားသောက်ပါ။

ပြည့်ဝဆီနှင့်အစားအသောက်တွင်ပါသော ကိုလက်စထရောသည် မကောင်းသောအဆီ(LDL) ကိုတက်စေပါသည်။ LDL ကိုလက်စရောသည် နှလုံးသွေးကြောထဲတွင် အဆီကို ပွားများစေ၍ နှလုံးသွေးကြောပိတ်ရောဂါကို ဖြစ်စေပါသည်။ကောင်းသောအဆီ (HDL) သည်ခန္ဓာကိုယ်တွင်းရှိ ကိုလက်စထရောများကို အသည်းသို့ ပြန်၍သယ်ဆောင်သွားပေးခြင်းအားဖြင့် ဖယ်ရှားပစ်ပါသည်။ သို့ဖြစ်၍ အစားအသောက်ကို ရွေးချယ်စားသောက်ပြီး မကောင်းသောအဆီကို ကျစေခြင်း၊ကောင်းသောအဆီကို တက်စေခြင်းဖြင့် ဂရုစိုက်သင့်ပါသည်။

၂။ အစားအသောက်ကို ချင့်ချိန်၍မျှမျှတတစားပါ။

ပန်းကန်၏ လေးပုံတစ်ပုံသည် ထမင်း သို့မဟုတ် ပါစတာ (Pasta) သို့မဟုတ် ဂျုံ၊ ကောက်ညှင်းဖြင့် ပြုလုပ်သော အစားအစားဖြစ်သင့်ပြီး ကျန်လေးပုံတစ်ပုံမှာ အသား၊ငါး၊ပဲ စသော ပရိုတင်းဓာတ်ပါသော အစားအစာ ဖြစ်သင့်ပါသည်။ ကျန်လေးပုံတစ်ပုံသည် ဟင်းသီးဟင်းရွက်ဖြစ်သင့်ပြီး ကျန်လေးပုံတစ်ပုံသည် အသီးအနှံ ဖြစ်သင့်ပါသည်။

၃။ ဟင်းသီးဟင်းရွက်အသီးအနှံ များများစားပါ။

တစ်နေ့လျှင် စားနေကျအသီးအနှံနှင့် ဟင်းသီးဟင်းရွက် ၅ခွက်စာမှ ၉ခွက်စာ (5 to 9 servings) ကိုစားသုံးပါ။ အသီးအနှံ တစ်ခွက်စာ (one serving) စားခြင်းတစ်ခုမှာ သင်၏လက်သီးလုံးခန့်အကြမ်းဖျင်းအားဖြင့်ရှိပါသည်။ ဟင်းသီးဟင်းရွက်နှင့် အသီးအနှံများကို များများစားခြင်းအားဖြင့် မကောင်းသောအဆီ( LDL) ကိုကျစေသည့်အပြင် ၎င်းတို့ထဲတွင် Antioxidants အများအပြားပါဝင်သဖြင့် ခန္ဓာကိုယ်အတွက် အထူးကျေးဇူးရှိပါသည်။ ထို့အပြင် သွေးပေါင်ချိန်ကိုလည်းကျစေပြီး ကိုယ်အလေးချိန်ကိုလည်း ထိန်းသိမ်းပေးပါသည်။

၄။ နှလုံးကျန်းမာစေရန် ငါး စားပါ။

ငါးကို တစ်ပတ်နှစ်ကြိမ်စားပါ။ ငါးသည် ပြည့်ဝဆီနည်းပါးပြီး omega-3 fatty acid အများအပြားပါဝင်သော ကြောင့် ဖြစ်သည်။ အဆီများသောငါး ဆလမွန် (salmon) ငါး၊ တူနာငါး၊ ငါးသေတ္တာငါးများကို ပိုမိုစားသုံးပါ။ သို့သော် ကြော်ပြီးမစားပါနှင့်၊ ငါး၏အာနိသင်များကို ဖျက်ဆီးပစ်သလို ဖြစ်သွားနိုင်ပါသည်။

၅။ ဂျုံကြမ်း၊ ဆန်ကြမ်းများကို ပိုမိုစားသုံးပါ။

ဂျုံကြမ်း၊ ဆန်ကြမ်းများတွင်ပါသော အမျှင်ဓာတ်(fibre)နှင့် ကာဗိုဟိုက်ဒရိတ်ဓာတ် အစုံပါဝင်သော အစားအစာသည် အဆာခံစေပြီး ပိုမိုမစားသုံးမိရန် ကာကွယ်ပေးသလိုဖြစ်စေသည်။ ကိုယ်အလေးချိန်ကိုလည်း သွယ်ဝိုက်၍ ကျဆင်းစေပါ။ ၎င်းအစားအစာများမှာ ဆန် ကြမ်း၊ ဆန်လုံးညို၊ ပေါင်မုန့်ညို နှင့် ကွေကာအုပ် ဖြစ်ပါသည်။

၆။ အခွံမာသီး (Nuts) များကို များများစားပါ။

အခွံမာသီး နေ့စဉ်စားသုံးပါက နှလုံးရောဂါဖြစ်နှုန်းကို ကျဆင်းစေနိုင်သည်ဟုသိရှိရသည်။ အခွံမာသီးသည် အဆီနှင့် ကယ်လိုရီများသည့်အတွက် တစ်နေ့လျှင် လက်တစ်ဆုပ်ခန့်သာ စားသုံးသင့်သည်။ အခွံမာသီးများမှာ သစ်အယ်သီး၊ မြေပဲ၊ သီဟိုဋ္ဌ်စေ့၊ သစ်ကြားသီး၊ ဗာဒံစေ့၊ Almonds သီးတို့ဖြစ်ကြပါသည်။

၇။ မပြည့်ဝဆီများသည် နှလုံးကို ကာကွယ်နိုင်သည်။

မပြည့်ဝသော အဆီများမှာ မုန်ညှင်းဆီ၊ သံလွင်ဆီနှင့် နေကြာဆီတို့သည် မကောင်းသောအဆီ (LDL) ကို ကျဆင်းစေရုံသာမက ကောင်းသောအဆီ (HDL) ကိုမြှင့်တက်စေသည်။တစ်နေ့လျှင် လိုအပ်သောကယ်လိုရီပမာဏ၏ ၂၅ရာခိုင်နှုန်းမှ ၃၀ရာခိုင်နှုန်းသာ အဆီစားသုံးသင့်ပါသည်။

၈။ ပဲများများစား၍ ထမင်းနည်းနည်းစားပါ။

လူတို့သည် ကာဗွန်ဟိုက်ဒရိတ်ဓာတ်ကို တစ်နေ့တာလှုပ်ရှားမှု အတွက်စွမ်းအားအဖြစ် လိုအပ်ပါသည်။ ဆန်ကြမ်း၊ ဂျုံကြမ်းဖြင့် ပြုလုပ်ထားသော အစားအစာများတွင် ၎င်း၊ ပဲများတွင် ၎င်းအမျှင်ဓာတ်(fibre) ပေါများစွာပါဝင်သည့် အတွက် သွေးသကြားဓာတ်ကို အနည်းငယ်သာတတ်စေပါသည်။

၉။ သွက်လက်လှုပ်ရှားအားကစား လုပ်ပါ။

ကိုယ်လက်လေ့ကျင့်ခန်း တစ်နေ့လျှင် နာရီဝက်ခန့်၊ တစ်ပတ် ၃ရက်ခန့်ပြုလုပ်လျှင် လုံလောက်ပါသည်။ လေးကျင့်ခန်း ပုံမှန်လုပ်ခြင်းအားဖြင့် ပုံမှန်ကိုယ်အလေးချိန်ကို ထိန်းသိမ်းနိုင်ပြီး နှလုံးသွေးကြောပိတ်ခြင်းကို ကာကွယ်နိုင်ပါသည်။

I’m a trainer (personal trainer

Credit - British heart foundation, Sakura Hospital

29/08/2022

HIIT

ကိုယ်အလေးချိန်လျော့ချဘို့ အဆီတွေကျဘို့ cuttingဖြစ်ဘို့ ကြွက်သားတွေ ပေါ်လွင်ဘို့ ဆိုရင် တော့ ကယ်လိုရီတွေ
လောင်ကျွမ်းပြစ်ရမှာဖြစ်ပါတယ်။

သာမန်အားဖြင့် cardio လို့ခေါ်တဲ့ တသက်မှတ်တည်း ပြေးတာ စက်ဘီးနင်းတာ လှေခါးတက်တာ စတဲ့ လေ့ကျင့်ခန်းများဟာ ကယ်လိုရီလောင်ကျွမ်းတဲ့ေ လ့ကျင့်ခန်းများဖြစ်ပါတယ်။

ဒါပေမဲ့ နောက်ပိုင်းလေ့လာမှုများအရ high intensity interval training HIIT လို့ခေါ်တဲ့ အချိန်ခြားပြီးအားစိုက် လုပ်ရတဲ့ လေ့ကျင့်ခန်းများဟာ အချိန်တိုတို အတွင်းမှာဘဲ ကယ်လိုရီလောင်ကျွမ်းမှု ကို cardio ထက်ပိုများစေတယ် ဆိုတာတွေ့ရှိရပါတယ်။

လေ့ကျင့်ချိန်တိုတဲ့ အတွက် cardio ထက် စာရင် ကောတီစောcortisol ပင်ပန်းဖိစီးမှု ဒဏ်ခံဟော်မုန်းထွက်ရှိမှုပိုနည်းလို့ ဒီဟော်မုန်းကြောင့်ကြွက်သား ပျက်စီးမှုပိုနည်းပါတယ်။

ဒါကြောင့် ခုဆို HIIT လေ့ကျင့်ခန်းများဟာ သမရိုးကျ cardio လေ့ကျင့်ခန်းများကို အစားထိုးလာပါတယ်။ တသက်မှတ်တည်းတောက်လျောက်လေ့ကျင့်ရတာမဟုတ်လို့ လေ့ကျင့်သူရဲ့ စိတ်ကို ပိုမို ဆွဲဆောင်မှုရှိစေပါတယ်။

ဒါအပြင် နားနားလုပ်ရလို့ ဒူး ခြေကျင့်ဝတ် အဆစ်များ ဒဏ်ရာ ရမှုကို လျော့နည်းစေပါတယ်။

ကျန်းမာရေးအနေ နဲ့ ဇီဝဖြစ်စဉ်တွေ မြင့်တက်စေရုံသာမကပါဘူး အဆုတ်ရဲ့ အောက်ဆီဂျင် ရယူနိုင်မှု စွမ်းရည်ကိုမြင့်တက်စေပါတယ်။

နှလုံး နဲ့ သွေးကြောကျဉ်း ရောဂါများကို ကာကွယ်နိုင်ပါတယ်။ အင်ဆူလင်ရဲ့တုံပြန်မှု ကိုကောင်းစေပြီး သွေး အချိုဓါတ်ကိုထိန်းညှိပါတယ်။ တဆက်တည်း သွေးထဲက ကော်လက်စထရော နဲ့ အဆီ ဓါတ် ကို လျော့နည်းစေပါတယ်။

HIIT ဟာ ထူးထူးထွေထွေ လေ့ကျင့်ခန်းများ လည်း မဟုတ်ပါဘူး။ ဘယ်လေ့ကျင့်ခန်းကိုမဆို ပိုမိုအားစိုက်ပြီး လုပ်လိုက် နားလိုက် လေ့ကျင့်ခြင်းရုံဖြင့် ပြောင်းလဲဲမူကို
အပိုင်ရယူလိုက်ပါ

တနေ့ ကို ၁၅ မိနစ် တပတ်ကို ၄ ရက် ကစားနိုင်ရင်ကိုဘဲ ထိရောက်တဲ့ ကယ်လိုရီလောင်ကျွမ်းမှုကို ရရှိစေပါတယ်။
Photo with Sayar Ko Aung 🙏🙏🙏🙏🙏
I’m a Trainer
I’m your Trainer
Join with me All

Photos from Fitness House Gym's post 28/08/2022

ဆီကျပီးကြွက်သားကြီးထွားစေဖို့ လိုက်နာရမယ့်နည်းလမ်း ၁၀ မျိုး
++++++++++++++++++++++++++++++++++++++++++++++
ယနေ့မျက်မှောက်ကာလမှာ အများစုဟာအဆီကျ၊

ဝိတ်ချခြင်းကိုဓါတ်စာပြောင်းလဲစားသောက်လိုက်ရုံ (သို့မဟုတ်)စက်ပေါ်မှာပြေးလ်ိုက်ရုံနဲ့ဘဲ အဆီတွေကအချိန်တိုအတွင်းလျော့ကျလိမ့်မယ်လို့ မှားယွင်းစွာတွေးထင်မိကြပါတယ်။

👉you won’t get instant results from any diet on the planet or running on the machine👈

Diet လုပ်ပီးရက်သတ္တပတ် ၂ ပတ်လောက်ကျော်လွန်လာအချိန်မှာ စိတ်ပျက်ငြီးးတွားခြင်းကအစပြုလာပါပီ။ စိတ်ဓါတ်ပြင်းပြပီးကိုယ်ခန္ဓာမှအဆီပိုများလျော့ချဖို့ကြိုးစားတဲ့အခါမှာ မျှော်လင့်ထားတဲ့ရလဒ်မဖြစ်လာချိန်မှာအားမလိုအားမရဖြစ်ပီး သင်ဟာအမှားတွေကိုပြုလုပ်မိနိုင်တယ်။ စိတ်ရှည်၊ ဇွဲသန်၍ရေရှည်တစိုက်မတ်မတ်လုပ်နိုင်မှ သင်မျှော်လင့်တဲ့ ရလဒ်ကိုပိုင်ဆိုင်နိုင်မှာပါ။

အဆီကျပီးကြွက်သားကြီးထွားဖို့ လိုက်နာရမယ့်မယ့်အချက် ၁၀ ချက်ကတော့

၁- သင်နှင့်သင့်တော်မည့် ဓါတ်စာကိုရွေးချယ်စားသောက်ပါ။

၂- မနက်စာမပျက်မကွက်စားသုံးပါ။

၃- ပြောင်းလဲမူ့နှေးကွေးခြင်းကို စိတ်ရှည်၊သီးခံပါ။

၄- ဆုံးဖြတ်ထားတဲ့အတိုင်းနေထိုင်ပါ။ စိတ်ဓါတ်ခိုင်မာပါ။

၅- ကယ်လိုရီကိုအမြဲတွက်ချက်ပါ။

၆- အစားအစာအမျိုးမျိုးကို စားသုံးပါ။

၇- တရားလွန်အဆီပါဝင်သော အစားအစာရှောင်ခြင်းမပြုလုပ်ပါနှင့်။

၈- အဟာရမျိုးစုံပြည့်ဝအောင်စားသုံးပါ။

၉- ရေများများသောက်ပါ။

၁၀- ကိုယ်အလေးချိန်စက်တွင် မကြာခဏချိန်ခြင်းကို
ရှောင်ကျဉ်ပါ။

Photo Crd -My King 👑 Our king 👑
Sayar Aung Swe Naing 🙏🙏🙏🙏🙏

I’m your Trainer
I’m A Trainer
I’m Personal Trainer

Want your business to be the top-listed Gym/sports Facility in Yangon?

Click here to claim your Sponsored Listing.

Location

Telephone

Website

Address


Yangon