22/06/2024
ဈေးအနည်းငယ်တက်သွားပါသဖြင့် ၁၀ ဗူးသာဝယ်လာပါသည်။ များများလိုချင်ရင် ကြိုတင်မှာကြားပေးပါခင်ဗျ။
ညီအကိုမောင်နှမတွေ ဂေါက်သီးရိုက်ကစားမယ်၊လှုမယ်၊ကူညီမယ်၊အတူတူပျော်ကြမယ်။
22/06/2024
ဈေးအနည်းငယ်တက်သွားပါသဖြင့် ၁၀ ဗူးသာဝယ်လာပါသည်။ များများလိုချင်ရင် ကြိုတင်မှာကြားပေးပါခင်ဗျ။
GAGC အသင်း၏အကြိမ်( ၂၀ )
မြောက်ပြိုင်ပွဲ
အား ၆/၈/၂၀၂၂ ( စနေနေ့ ) တွင်
Dagon City Golf Club ၌
ကျင်းပပါမည်
ဆုပေးပွဲနှင့်ညစာစားပွဲအား
Club House တွင်ပြုလုပ်ပါမည်
11:00 am အရောက်လာပေးပါရန်
လစဉ်ကြေး ၄၀,၀၀၀ ကျပ်အား
မသွင်းရသေးသူများ
ပြိုင်ပွဲကျင်းပသည့်နေ့တွင်
ပေးသွင်းနိုင်ပါသည်
Green fee 25,000 kyats
ပေးသွင်းရပါမည်
Buggy တစ်စီးလျှင် 2 players
အသုံးပြုနိုင်ပါသည်
Green fee နှင့် Buggy fee အား
ပြိုင်ပွဲဝင်မှ
မိမိအစီအစဉ်ဖြင့်ပေးသွင်းရပါမည်
ပြိုင်ပွဲအား
1. Lady Division
2. Division A
3. Division B ဟူ၍ ၃ တန်းခွဲ၍ ဆုချီးမြှင့်ပါမည်
အတန်းတစ်တန်းစီတွင်
Winner
Runner
2nd Runner
Most Birdie
Most Par ဟူ၍ တစ်တန်းကို ၅ ဆုနှင့်
ပြိုင်ပွဲဝင် အားလုံးနှင့်သက်ဆိုင်သော
Nearest Pin
Nearest Line
Longest Drive
Best Trier ဆုတို့အား ချီးမြှင့်ပါမည်
ပြိုင်ပွဲအား Dagon City Golf Club ၏
Local Rules အတိုင်းကျင်းပပါမည်
ပ ဒု တ ရွေးချယ်ရာတွင်
အချက်ရေတူပါက HC အမြင့် ( HC 1 and HC 2 ဆိုလျှင် HC 1 ) အားရွေးချယ်ပါမည်
အချက်ရေတူ HC တူပါက
နောက်ဆုံး ၃ ကျွင်း အချက်ရေနဲသူ
တူနေပါက
နောက်ဆုံး ၆ ကျွင်း အချက်ရေနဲသူ
တူနေပါက
နောက်ဆုံး ၉ ကျွင်း အချက်ရေနဲသူအား
အဆင့်ဆင့်ရွေးချယ်ပါမည်
Most Birdie အရေအတွက်တူပါက
Total Index နဲသောသူအားရွေးချယ်ပါမည်
Most Par အရေအတွက်တူပါက
HC နိမ့်သောသူ ( HC 1 and HC 2 ဆိုလျှင် HC 2 ) အားရွေးချယ်ပါမည်
HC တူပါက Total Index နဲသောသူအား
ရွေးချယ်ပါမည်
Player တစ်ဦးအား ဆုတစ်ဆုသာ ချီးမြှင့်ပါမည်
ပြိုင်ပွဲဝင်စာရင်းအား ၂/၈/၂၀၂၂ တနင်္လာနေ့ နောက်ဆုံးထား၍ စာရင်းပေးသွင်းပါရန် လေးစားစွာပန်ကြားအပ်ပါသည်။
လေးစားစွာဖြင့်
Ag Ag Lefty
30/06/2022
ဆရာဝန်တွေကို သေနတ်နဲ့ချိန်ပြီး အချိန်ဆွဲခဲ့တဲ့ဖခင်က သားဖြစ်သူရဲ့အသက်ကို ကယ်တင်ပေးနိုင်ခဲ့
ဆရာဝန်တွေက သူ့သားကို ဦးနှောက်သေပြီလို့ သတ်မှတ်ပြီး အသက်ကယ်စက် ဖြုတ်ဖို့ ပြင်နေကြပြီ။ ဒါပေမဲ့ သူ့သား ဦးနှောက်သေသွားပြီဆိုတာကို ဂျော့က မယုံဘူး။ သူ့သားကို အချိန်နည်းနည်း စောင့်ကြည့်ပေးဖို့ သူ့ရဲ့ တောင်းဆိုမှုကိုလည်း ဆေးရုံက လက်မခံဘူး။
ဒီတော့ ဂျော့က အရက်မူးအောင် သောက်၊ သေနတ်ကိုင်ပြီး ဆေးရုံထဲ ဝင်သွားတယ်။ သူ့သားကို တွေ့ခွင့်ပေးပါ၊ အသက်ကယ်စက် မဖြုတ်ကြနဲ့ဦးလို့ သေနတ်နဲ့ချိန်ပြီး ခြိမ်းခြောက်ခဲ့တာပေါ့။
သူ့သားက အရင်ကလည်း အတက်ရောဂါ ဖြစ်လေ့ဖြစ်ထရှိတယ်။ ဒီတော့ သူ့သား အသက်ရှင်နေသေးတယ်လို့ သူ တထစ်ချ ယုံတယ်။ ဆေးရုံထဲ သူ ယူလာတဲ့သေနတ်ကို သူ့သား နောက်တစ်ယောက်က ဆွဲလုထားခဲ့ပေမဲ့ ဂျော့က သူ့သားအခန်းထဲ ဝင်သွားတယ်။ တံခါးကို အထဲကနေ လော့ခ်ချလိုက်ပြီး သူ့မှာ နောက်ထပ်သေနတ်တစ်လက် ရှိနေတယ်လို့ ညာပြောလိုက်တယ်။ ဆေးရုံက ဖုန်းဆက်လိုက်လို့ အပြင်မှာ အထူးရဲတပ်ဖွဲ့တွေ ရောက်နေကြပြီ။
ဂျော့ကို လက်နက်ချပြီး အဖမ်းခံဖို့ ဖြောင်းဖျတယ်။ ဂျော့ကလည်း သူ့သား သတိပြန်လည်လာမယ့်အချိန်ကိုစောင့်ဖို့ တတ်နိုင်သမျှ အချိန်ဆွဲခဲ့တယ်။ နောက်ဆုံးမှာတော့ ဆရာဝန်တွေ မှားပြီး ဂျော့ မှန်ခဲ့ပါတယ်။ သူ့သားက ဦးနှောက်သေသွားတာ မဟုတ်ခဲ့ပါဘူး။ သတိပြန်လည်လာခဲ့ပါတယ်။ အထူးရဲတပ်ဖွဲ့နဲ့ ညှိနှိုင်းနေတဲ့ ၃ နာရီအတွင်းမှာ သူ့သားက ဂျော့ရဲ့လက်ကို ၃၊ ၄ ကြိမ် ညှစ်ခဲ့ပါတယ်။
သူ့သား အသက်ရှင်နေသေးကြောင်း တိတိကျကျ သိလိုက်ရပြီးနောက်မှာတော့ ဂျော့ကလည်း အဖမ်းခံလိုက်ပါတယ်။ ဂျော့ရဲ့ ဒီလုပ်ရပ်က ဥပဒေချိုးဖောက်ရာ ရောက်ပေမဲ့ သူ့သားအသက်ကိုတော့ ကယ်တင်နိုင်ခဲ့တယ်။ နောက်ပိုင်း ကုသမှုတွေ လုပ်ပေးပြီးချိန်မှာ သူ့သားက အကောင်းပကတိ ပြန်သက်သာလာခဲ့တယ်။
ဂျော့ကို အချုပ်ထဲ ပို့ပြီး လက်နက်ကိုင် ခြိမ်းခြောက်မှု စွဲချက်တွေ တင်ခဲ့ပေမဲ့ သူ့ရဲ့တွက်ဆမှု မှန်ကန်ခဲ့ပြီး သူ့သားအသက်ကို ကယ်တင်ပေးနိုင်ခဲ့တာဖြစ်လို့ ပြင်းထန်တဲ့စွဲချက်ကို ရုပ်သိမ်းပေးခဲ့ပြီး လပိုင်းလောက်ပဲ ထောင်ကျခဲ့တယ်။
'' မိဘတွေရဲ့ တာဝန်က သားသမီးကို ကာကွယ်ပေးဖို့ပါပဲ။ အဖေက တာဝန်ကျေခဲ့ပါတယ်။ သူ့ကြောင့်သာ ကျွန်တော် အသက်ဆက်ရှင်ခွင့်ရတာပါ'' လို့ သားဖြစ်သူက ပြောပါတယ်။
ဒီဖြစ်ရပ်ကတော့ ၂၀၁၅ ခုနှစ် ဇန်နဝါရီလက အမေရိကန်နိုင်ငံ တက္ကဆက်ပြည်နယ်၊ ဟူစတန်မြို့ Tomball Regional Medical Center မှာ ဖြစ်ပွားခဲ့တာပါ။ ဖခင်အမည်က ဂျော့ပစ်ကာရင်း(၂)ဖြစ်ပြီး သူ့သားကတော့ ဂျော့ပစ်ကာရင်း (၃)လို့ အမည်ရပါတယ်။
Ref: Mirror " 'Brain dead' son wakes up after gun-toting dad's standoff with doctors who wanted to turn life support off"
Team ( ရိုးရာလေး)
29/06/2022
DDAM Golf
LIZARD GRIP
Made in INDONESIA
အိမ်မြှောင်လို တွယ်ကပ်နေမယ့် လက်အိတ်
29500 ကျပ်
မှာယူလိုပါက စရံငွေ ၅၀၀၀ ကျပ် ပေးရပါမည်။
YGN
09422282751
viber
+66827125446
29/06/2022
29-6-2022
တတိယအကြိမ်မြောက် ကီမိုသွင်း ချင်းအနုပညာ
ဘတ် ၅၀၀ ပိုပေးတော့ အခန်းကော ထိုင်ခုံပါပြောင်းပြီး သီသန့် ခန်းလေပေါ့
29/06/2022
မြွေဆိပ်ကနေ သွေးတိတ်စေမယ့်ဂျယ် ထုတ်လုပ်
သြစတြေးလျနိုင်ငံ ကွင်းစ်လန်းတက္ကသိုလ်က ဇီဝပစ္စည်း သုတေသီတွေဟာ အချိန်တိုအတွင်း သွေးတိတ်အောင် လုပ်ပေးနိုင်မယ့် ဂျယ်တစ်မျိုးကို မြွေဆိပ်ကနေ ထုတ်လုပ်နိုင်ခဲ့ပါတယ်။
သြစတြေးလျနိုင်ငံမှာ တွေ့ရတဲ့ အဆိပ်ပြင်း မြွေညိုနဲ့ လွှပုံအကြေးခွံရှိတဲ့ မြွေပွေးရဲ့အဆိပ် (၂)မျိုးထဲက ပရိုတိန်းဓာတ်တွေကို ထုတ်ပြီး သွေးတိတ်စေမယ့်ဂျယ် ဖော်စပ်ခဲ့တာပါ။
ပုံမှန်အားဖြင့် သွေးခဲစေဖို့ အချိန် (၈)မိနစ် ကြာမြင့်ပေမဲ့ အဲဒီဂျယ်ကို သုံးလိုက်ရင် တစ်မိနစ်အတွင်း သွေးခဲစေမှာပါ။ လွှပုံမြွေပွေးရဲ့အဆိပ်ကနေရတဲ့ Ecarin က သွေးခဲမှုဖြစ်စဉ်ကို မြန်ဆန်စေပြီး မြွေညိုရဲ့အဆိပ်ကနေ ရရှိတဲ့ textilinin က သွေးခဲတွေ အရည်မပျော်အောင် ထိန်းပေးပါတယ်။
မြွေကိုက်ခံရတဲ့အခါ မြွေဆိပ်မှာပါတဲ့ Pro-coagulant (သွေးခဲစေတဲ့) ပရိုတိန်းကြောင့် သွေးကြောတွေထဲဆီ သွေးစီးဆင်းမှု ရပ်တန့်သွားတဲ့အခါ ကိုယ်အင်္ဂါအစိတ်အပိုင်းတွေ၊ တစ်သျှူးတွေ သွေးမရောက်ဘဲ လူသေဆုံးမှု ဖြစ်ရတာပါ။
မြွေဆိပ်ကနေ ထုတ်ယူထားတဲ့ ဂျယ်မှာတော့ သွေးထွက်နေတဲ့ နေရာကိုပဲ ပရိုတိန်း သက်ရောက်စေမှာဖြစ်ပြီး ခန္ဓာကိုယ်တစ်ခုလုံးကို ပျံ့နှံ့စေမှာ မဟုတ်ပါဘူး။ အဲဒီဂျယ်ဟာ အပူချိန်ကို တုံ့ပြန်နိုင်စွမ်းရှိလို့ အေးခဲတဲ့နေရာမှာ သိုလှောင်ထားရင် အရည်ပုံစံ ဖြစ်နေပြီး ခန္ဓာကိုယ်မှာ လိမ်းသုတ်လိုက်ရင်တော့ ခန္ဓာကိုယ်အပူချိန်ကြောင့် ခဲသွားပြီး အနာကို အုံပြီးသားဖြစ်စေမှာပါ။
ကြွက်တွေနဲ့ စမ်းသပ်မှုအရ အဲဒီဂျယ်ဟာ သွေးထွက်မှုပမာဏ ၄၈ ရာခိုင်နှုန်းကနေ ၁၂ ရာခိုင်နှုန်းအထိ လျော့နည်းစေကြောင်း တွေ့ရပါတယ်။ ဒါဟာ ဒဏ်ရာပြင်းထန်သူတွေကို သွေးထွက်လွန်လို့ အသက်ဆုံးရှုံးမယ့် အန္တရာယ်ကနေ ကာကွယ်ပေးနိုင်မယ်လို့ သုတေသီတွေက မျှော်လင့်ထားကြပါတယ်။ ဒါ့အပြင် ဒဏ်ရာအကျက် မြန်စေလိမ့်မယ်လို့လည်း မျှော်လင့်နေပါတယ်။ လက်ရှိအချိန်မှာတော့ တိရစ္ဆာန်တွေနဲ့ပဲ စမ်းသပ်နေဆဲဖြစ်ပြီး လူတွေနဲ့ စမ်းသပ်လို့ အောင်မြင်ခဲ့ရင်တော့ အများအပြား ထုတ်လုပ်နိုင်ဖို့ ပြင်ဆင်နေပါတယ်။
Ref: Made From Snake Venom, These Hydrogels Could Treat Uncontrolled Bleeding
Team (ရိုးရာလေး)
29/05/2022
Discount
ချထားလို့ သားနဲ့ ဆင်တူဝတ်ဖို့ ဝယ်လိုက်ပြီ။
လိုချင်မှာလိုက် ဝယ်ပို့ပေးမယ်။
THB 225
| Monday | 09:00 - 17:00 |
| Tuesday | 09:00 - 17:00 |
| Wednesday | 09:00 - 17:00 |
| Thursday | 09:00 - 17:00 |
| Friday | 09:00 - 17:00 |