Beyond The Dream Wellness

Beyond The Dream Wellness “Fitness . Wellness. Active Lifestyle”

🌼A slow morning. ☕️🤍Good coffee, a quiet place,and a little time for myself.🌼Sometimes, we just need to slow down. 🌿    ...
28/09/2026

🌼A slow morning. ☕️🤍
Good coffee, a quiet place,
and a little time for myself.

🌼Sometimes, we just need to slow down. 🌿

🌼ဒီနေ့ Parent Meeting သွားရင်း သမီးတို့ရဲ့ Group Work Project လေးထဲက သမီးရေးထားတဲ့ ကဗျာလေးကို တွေ့ခဲ့တယ်။ 🌼ရိုးရိုးလေးပါ...
25/09/2026

🌼ဒီနေ့ Parent Meeting သွားရင်း သမီးတို့ရဲ့ Group Work Project လေးထဲက သမီးရေးထားတဲ့ ကဗျာလေးကို တွေ့ခဲ့တယ်။

🌼ရိုးရိုးလေးပါပဲ…
ဒါပေမယ့် မေမေကတော့ သဘောကျပြီး
ဓာတ်ပုံတောင် ရိုက်လာမိတယ်။ 🥰

🌼ကလေးတွေ ကိုယ်တိုင်စဉ်းစား၊ ကိုယ်တိုင်ရေး၊
ကိုယ်တိုင်ဖန်တီးထားတဲ့ အရာလေးတွေက မိဘတွေအတွက်တော့ တန်ဖိုးရှိတဲ့ အမှတ်တရလေးတွေပါပဲ။



🌿 June Running Memory…🌟ပြီးခဲ့တဲ့ June လတုန်းက ပြေးခဲ့တဲ့နေ့လေးတွေ✨တစ်ခါတလေ အလုပ်တွေရှုပ်လို့ မပြေးဖြစ်တဲ့နေ့တွေရှိတယ်။✨...
22/09/2026

🌿 June Running Memory…

🌟ပြီးခဲ့တဲ့ June လတုန်းက ပြေးခဲ့တဲ့နေ့လေးတွေ

✨တစ်ခါတလေ အလုပ်တွေရှုပ်လို့ မပြေးဖြစ်တဲ့နေ့တွေရှိတယ်။
✨တစ်ခါတလေ ကိုယ့် pace ကိုယ်မကြိုက်တဲ့နေ့တွေလည်းရှိတယ်။

🌟ဒါပေမယ့် ပြေးပြီးသွားတဲ့အခါတိုင်းတော့
ကိုယ့်အတွက် အချိန်လေးတစ်ချိန် ပေးနိုင်ခဲ့တယ်ဆိုတဲ့ ပျော်ရွှင်မှုလေး ရှိနေတတ်တယ်။ 🧡

🌟Running က ကျွန်မအတွက် distance နဲ့ pace တွေထက်ပိုပါတယ်။

🌟နေ့စဉ်ဘဝထဲမှာ ကိုယ့်ကိုယ်ကို ပြန်တွေ့နိုင်တဲ့
အချိန်လေးတစ်ခုလည်း ဖြစ်လာခဲ့ပါတယ်။ 🏃🏻‍♀️🌿



🧡အမေဘာလုပ်လုပ် ဂုဏ်ယူပေးတဲ့ သမီးလေး…🌼အမေက Running စပြေးတဲ့အချိန်ကတည်းကသမီးလေးက အမြဲတမ်း အားပေးခဲ့တယ်။🌼အမေ Training သွားရ...
15/09/2026

🧡အမေဘာလုပ်လုပ် ဂုဏ်ယူပေးတဲ့ သမီးလေး…

🌼အမေက Running စပြေးတဲ့အချိန်ကတည်းက
သမီးလေးက အမြဲတမ်း အားပေးခဲ့တယ်။

🌼အမေ Training သွားရင်လည်း အားပေးတယ်၊
Race ဝင်ရင်လည်း အားပေးတယ်၊
အမေ Finish Line ရောက်လာရင်လည်း
အမေ့ထက်တောင် ပိုပျော်ပေးတယ်။ 🥰

🌼အမေက သမီးလေးကို
“အိပ်မက်တွေရှိရင် ကြိုးစားပြီး လိုက်ပါ” လို့ သင်ပေးချင်သလို…
သမီးလေးကလည်း အမေ့ကို
“အမေ လုပ်ချင်တာတွေကို ဆက်လုပ်ပါ” လို့
တိတ်တိတ်လေး အားပေးနေသလိုပါပဲ။

🌼အမေဘာလုပ်လုပ် ဂုဏ်ယူပေးတဲ့
သမီးလေးရဲ့ အပြုံးလေးက အမေအတွက်တော့ အကောင်းဆုံးဆုတစ်ခုပါ။🧡





13/09/2026

🏃🏻‍♀️ One Year of Running 🧡

🌟အပြေးစခဲ့တာ ဒီလဆို တစ်နှစ်ပြည့်ခဲ့ပါပြီ။

🌟စပြီးပြေးခဲ့တဲ့အချိန်တုန်းက ဘယ်လောက်ဝေးဝေး ပြေးနိုင်မလဲဆိုတာထက်”ငါ တကယ်ပြေးနိုင်ပါ့မလား” ဆိုတဲ့စိတ်နဲ့ စခဲ့တာပါ။

🌟တစ်နှစ်အတွင်းမှာ…
ပျော်တဲ့နေ့တွေရှိခဲ့သလို
ပင်ပန်းတဲ့နေ့တွေလည်း ရှိခဲ့တယ်။
နာကျင်လို့ နားခဲ့ရတဲ့အချိန်တွေရှိခဲ့သလို
ပြန်ထပြီး ဆက်ပြေးခဲ့တဲ့နေ့တွေလည်း ရှိခဲ့တယ်။

🌟3K ကနေ စခဲ့တဲ့ ခရီးက 10 Miles၊ 21K၊ 50K Trail အထိ ရောက်လာခဲ့တယ်။

🌟ဒါပေမယ့် ဒီတစ်နှစ်မှာ ရခဲ့တာက
Distance နဲ့ Medal တွေထက် ပိုပါတယ်။
ကိုယ့်ကိုယ်ကို ယုံကြည်လာတယ်။
စိတ်ရှည်တတ်လာတယ်။
ပင်ပန်းရင် နားတတ်လာတယ်။

🌟ပြီးတော့ အသက်အရွယ်ဆိုတာ…
ကိုယ်လုပ်ချင်တဲ့အရာတွေအတွက် အကန့်အသတ်တစ်ခု မဟုတ်ဘူးဆိုတာ သိလာတယ်။

🌟တစ်နှစ်လောက်ပဲ ရှိသေးတဲ့ ကျွန်မရဲ့ Running Journey…
နောက်ထပ် ဘယ်လောက်ဝေးဝေး ရောက်သွားမလဲတော့ မသိသေးဘူး။ ဒါပေမယ့် တစ်လှမ်းချင်းစီနဲ့ ဆက်ပြေးသွားမယ်။ 🏃🏻‍♀️🌿

Cheers to one year of running
and many more miles to come. 🧡





🥗 Simple Meals, Healthy Choices🌼တစ်ပတ်အတွင်း ကိုယ်တိုင်စားဖြစ်ခဲ့တဲ့ meal plan တွေထဲက တချို့ကို မျှဝေပေးချင်ပါတယ်။ 🧡🌼Hea...
11/09/2026

🥗 Simple Meals, Healthy Choices

🌼တစ်ပတ်အတွင်း ကိုယ်တိုင်စားဖြစ်ခဲ့တဲ့ meal plan တွေထဲက တချို့ကို မျှဝေပေးချင်ပါတယ်။ 🧡

🌼Healthy eating ဆိုတာ အမြဲတမ်း perfect ဖြစ်နေဖို့ မလိုပါဘူး…

✅ကိုယ်စားမယ့်အစားအစာတွေကို ကြိုတင်စဉ်းစားထားတာ
✅Protein၊ အသီးအရွက်နဲ့ carbohydrate တွေကို သင့်တင့်အောင် ထည့်ပေးတာ
✅ကိုယ့်နေ့စဉ်ဘဝနဲ့ အဆင်ပြေအောင် စားသောက်ပုံကို တည်ဆောက်ထားတာက ပိုအရေးကြီးပါတယ်။

🌼အထူးသဖြင့် အသက် ၄၀ ကျော်လာတဲ့အခါ
Exercise တစ်ခုတည်းမဟုတ်ဘဲ ကိုယ်စားတဲ့အစားအစာကလည်း ကိုယ့်ရဲ့ Strength & Healthy Aging အတွက် အရေးကြီးပါတယ်။

🌼Perfect ဖြစ်ဖို့မလိုပါဘူး။
နေ့တိုင်း နည်းနည်းစီ ပိုကောင်းတဲ့ရွေးချယ်မှုတွေ လုပ်သွားရုံပါပဲ။





🌟နေ့စဉ်ဘဝမှာ လုပ်စရာတွေက မကုန်နိုင်အောင်များတယ်…🌟အလုပ်တွေ၊ အိမ်မှုကိစ္စတွေ၊ မိသားစုအတွက် အချိန်ပေးရတာတွေနဲ့ တစ်နေ့တာလုံး...
09/09/2026

🌟နေ့စဉ်ဘဝမှာ လုပ်စရာတွေက မကုန်နိုင်အောင်များတယ်…

🌟အလုပ်တွေ၊ အိမ်မှုကိစ္စတွေ၊ မိသားစုအတွက် အချိန်ပေးရတာတွေနဲ့ တစ်နေ့တာလုံး ကိုယ့်အတွက် အချိန်ဆိုတာ နည်းနည်းလေးပဲ ကျန်တတ်တယ်။

🌟ဒါပေမယ့်…
ပြေးလမ်းပေါ်ရောက်တဲ့အချိန်မှာတော့ ခဏလောက် အရာအားလုံးကို မေ့ထားပြီး ကိုယ့်အတွက် ကိုယ် ပြေးနိုင်တယ်။

🌟အဲဒီအချိန်မှာ ရလာတဲ့
အသက်ရှူသံ၊ လွတ်လပ်မှုနဲ့ အပြုံးလေးက ကျွန်မအတွက် ပျော်ရွှင်မှုတစ်မျိုးပါ။

🌟ကိုယ့်ဘဝကို တည်ဆောက်ရင်း
ကိုယ့်ကိုယ်ကိုလည်း မမေ့ဖို့…🧡

Keep moving. Keep smiling. ✨




🌼တစ်ယောက်တည်း မဟုတ်ဘူး…အတူတူ လှုပ်ရှားကြတဲ့နေ့တွေကလည်း ပိုပျော်စရာကောင်းတယ်။ 🌼ဒီနေ့ Group Training Day 💪🏻ကိုယ့်ရဲ့ကျန်းမ...
06/09/2026

🌼တစ်ယောက်တည်း မဟုတ်ဘူး…
အတူတူ လှုပ်ရှားကြတဲ့နေ့တွေကလည်း ပိုပျော်စရာကောင်းတယ်။

🌼ဒီနေ့ Group Training Day 💪🏻
ကိုယ့်ရဲ့ကျန်းမာရေးအတွက်…
တစ်နေ့ချင်း၊ တစ်ဆင့်ချင်း ဆက်လျှောက်နေပါတယ်။

Strong body. Healthy life. Happy mind. 🧡



💪Finish line တစ်ခုရောက်တိုင်းအကွာအဝေးတစ်ခုကို ပြီးဆုံးတာထက် ပိုတဲ့အရာတွေ ရခဲ့ပါတယ်။ 🏃‍♀️✨ပင်ပန်းတဲ့နေ့တွေမှာ ဆက်သွားဖို့...
04/09/2026

💪Finish line တစ်ခုရောက်တိုင်း
အကွာအဝေးတစ်ခုကို ပြီးဆုံးတာထက် ပိုတဲ့အရာတွေ ရခဲ့ပါတယ်။ 🏃‍♀️

✨ပင်ပန်းတဲ့နေ့တွေမှာ ဆက်သွားဖို့ သင်ယူခဲ့တယ်။
မလုပ်နိုင်တော့ဘူးလို့ ထင်တဲ့အချိန်တွေမှာ ကိုယ့်ကိုယ်ကို ယုံကြည်ဖို့ သင်ယူခဲ့တယ်။

✨ပြီးတော့ အရေးအကြီးဆုံးက—
အသက်အရွယ်က ကိုယ့်ဘဝကို တည်ဆောက်ဖို့ အတားအဆီးတစ်ခု မဟုတ်ဘူးဆိုတာ သိလာခဲ့တယ်။

✅ပွဲတိုင်းမှာ finish line က မတူဘူး။
✅အကွာအဝေးတွေကလည်း မတူဘူး။
ဒါပေမယ့် finish line တစ်ခုချင်းစီမှာ မနေ့ကထက် ပိုသန်မာတဲ့ ကိုယ်တစ်ယောက်ကို တွေ့ရတယ်။

✨ကိုယ့်ဘဝကို ကိုယ်တိုင် မရပ်မနားတည်ဆောက်နေခြင်း။

✨အလုပ်တွေ၊ မိသားစုတာဝန်တွေ၊
နေ့စဉ်ဘဝရဲ့ အလုပ်များမှုတွေကြားကနေ
ကိုယ့်အတွက် အချိန်လေးတစ်ခု ဖယ်ထုတ်ပြီး
ကိုယ့်ခန္ဓာကိုယ်နဲ့ ကိုယ့်စိတ်ကို ဂရုစိုက်နိုင်ခြင်း။

✨Finish line ကို ရောက်ခဲ့တာထက် ဒီခရီးတစ်လျှောက်မှာ ပိုသန်မာလာတဲ့ ကျွန်မကို ပိုတန်ဖိုးထားမိတယ်။

✨ဒီအကြောင်းအရာလေးတွေက ပြေးပွဲအကြောင်းတင် မဟုတ်ပါဘူး။ဘဝကို ကိုယ်လိုချင်တဲ့ပုံစံနဲ့ ဆက်တည်ဆောက်နေတဲ့ အမျိုးသမီးတိုင်းအတွက်ပါ။ 🧡

Keep moving.
Keep growing.
At every stage of life.




🔥Building my life, one step at a time. 💪🌟အမျိုးသမီးတွေက ကိုယ့်အတွက် သီးသန့်အချိန်ပေးဖို့ မလွယ်ပါဘူး။🌟အလုပ်တွေ၊ မိသားစုတွ...
02/09/2026

🔥Building my life, one step at a time. 💪

🌟အမျိုးသမီးတွေက ကိုယ့်အတွက် သီးသန့်အချိန်ပေးဖို့ မလွယ်ပါဘူး။

🌟အလုပ်တွေ၊ မိသားစုတွေ၊ တာဝန်တွေကြားမှာ
တခါတလေ ကိုယ့်အိပ်မက်တွေကိုတောင် နောက်ဆုံးမှာထားမိတတ်ကြတယ်။

🌟ဒါပေမယ့် မအားတဲ့ကြားကနေ ကိုယ့်အတွက် အချိန်လေးတွေ ဖန်တီးပြီး ကိုယ်လိုချင်တဲ့ဘဝကို တစ်ဆင့်ချင်း တည်ဆောက်လို့ရပါတယ်။

It’s never too late to build the life you want. 🧡



Address

No(72), Ta Yoke Kyaung Street, Sanchaung Township
Yangon
11111

Opening Hours

Monday 07:00 - 20:00
Tuesday 07:00 - 20:00
Wednesday 07:00 - 20:00
Thursday 07:00 - 20:00
Saturday 07:00 - 20:00
Sunday 07:00 - 20:00

Telephone

+9595090892

Website

Alerts

Be the first to know and let us send you an email when Beyond The Dream Wellness posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share