The Sports Arena

The Sports Arena

Share

football, other sports update results and news

23/06/2024

ရိုနယ်ဒိုဦးဆောင်လာတဲ့ ပေါ်တူဂီအသင်းဟာ မနေ့ညက တူရကီအသင်းနဲ့ယှဉ်ပြိုင်ကစားခဲ့ပြီး ၃-၀ ဆိုတဲ့ရလဒ်နဲ့အနိုင်ရခဲ့လို့ ယူရို ၂၀၂၄ ပြိုင်ပွဲရဲ့ ၁၆ သင်းရှုံးထွက်အဆင့်ကိုတက်လှမ်းသွားခဲ့ပြီဖြစ်ပါတယ်။

ပေါ်တူဂီအသင်းအနေနဲ့ လက်ရှိယူရိုပြိုင်ပွဲမှာ Group F တွင် တူရကီ၊ ချက်၊ ဂျော်ဂျီယာအသင်းတို့နဲ့တစ်အုပ်စုတည်းကျရောက်ယှဉ်ပြိုင်ခဲ့ရပြီး လက်ရှိအချိန်ထိအုပ်စုတွင်းပွဲစဉ်အဖြစ် ချက်၊ တူရကီ တို့နဲ့နှစ်ပွဲယှဉ်ပြိုင်ကစားအပြီး နှစ်ပွဲစလုံးကိုအနိုင်ရခဲ့လို့ရမှတ် ၆ မှတ်နဲ့ နောက်တစ်ဆင့်ကိုရောက်ရှိခဲ့တာဖြစ်ပါတယ်။

လက်ရှိကစားပုံနဲ့ ခြေစွမ်းတွေအရလည်း ပေါ်တူဂ္အသင်းအနေနဲ့ချန်ပီယံဆုကိုမှန်းလို့ရနိုင်တဲ့အခြေအနေဖြစ်ပြီး အပြစ်ရှာပြောရမယ်ဆိုရင်တော့ goat ကြီး ရိုနယ်ဒို ဂိုးမသွင်းနိုင်သေးတာတစ်ခုလောက်ပဲပြောစရာရှိမယ်ထင်ပါတယ်။



22/06/2024

ကျွန်တော်တို့တွေရဲ့အုပ်ကြီး အင်ဖာတီနိုကတော့ မနေ့ကစတင်ပြီးကျင်းပခဲ့တဲ့ ကိုပါအမေရိကဖလားပြိုင်ပွဲရဲ့ အဖွင့်ပွဲစဉ်ဖြစ်တဲ့ အာဂျင်တီးနားအသင်းနဲ့ ကနေဒါအသင်းတို့ယှဉ်ပြိုင်ကစားခဲ့တဲ့ပွဲစဉ်မှာ မွေးစားသားအထွန်းဖွားလေးကို ကွင်းထဲအထိလာရောက်အားပေးသွားခဲ့ပါတယ်။

😁😝


22/06/2024

ရိုနယ်ဒိုအတွက်တော့ မြက်ခင်းစိမ်းတွေဟာ သူ့အိမ်သူ့ယာလို့ဆိုရမှာဖြစ်ပြီး ဘောလုံးကစားခြင်းဆိုတာ အိပ်ယာဝင်အိပ်ယာထအလုပ်တစ်ခု အဲ့ဒီ့ဘောလုံးကစားခြင်းနဲ့အတူ စံချိန်တွေရယူခြင်းဆိုတာဟာ ထမင်းစားရေသောက် တဲ့ကိစ္စလောက်ကို လွယ်ကူနေတဲ့ ဖြစ်မြဲဖြစ်နေတဲ့ကိစ္စရပ်တစ်ခုအဖြစ်ညွှန်းဆိုမယ်ဆိုရင် မလွန်လောက်ဘူးလို့ထင်ပါတယ်။

လက်ရှိကျင်းပနေတဲ့ယူရိုပြိုင်ပွဲမှာလည်း အုပ်စုအဖွင့်ပွဲကစားအပြီးမှာ ရိုနယ်ဒိုအတွက်နောက်ထပ်စံချိန်တစ်ခုကိုချိုးဖျက်မှတ်တမ်းတင်နိုင်ခဲ့ပြီဖြစ်ပါတယ်။ ဒီစံချိန်ကတော့ ဥရောပဖလားပြိုင်ပွဲသမိုင်းကြောင်းတလျှောက်မှာ ဂိုးရဖို့အခွင့်အရေးကောင်းဖန်တီးနိုင်မှုအဖြစ် ၄၃ ကြိမ်နဲ့ သူ့ရဲ့စီနီယာတစ်ဦးဖြစ်တဲ့တနိုင်ငံတည်းသားဂန္တဝင်ကစားသမား လူးဝစ်ဖီဂိုရဲ့ ၄၂ ကြိမ်ဆိုတဲ့မှတ်တမ်းကိုချိုးဖျက်ပြီး စံချိန်သစ်ရေးထိုးသွားနိုင်ခဲ့တာဖြစ်ပါတယ်။

အဆိုပါမှတ်တမ်းမှာတော့ ရိုနယ်ဒိုက ၄၃ ကြိမ်နဲ့ ပထမ၊ လူးဝစ်ဖီဂိုက ၄၂ ကြိမ်နဲ့ ဒုတိယ၊ မီဆွတ် အိုလ်ဇေးက ၄၀ ကြိမ်နဲ့ တတိယဆိုပြီးအစဉ်လိုက်ရပ်တည်နေတာကိုတွေ့ရပါတယ်။ ယူရိုပြိုင်ပွဲဟာအခုမှ အစပဲရှိနေသေးလို့ ပြိုင်ပွဲပြီးဆုံးချိန်ဆိုရင် goat ကြီးရိုနယ်ဒိုအနေနဲ့ နောက်ထပ်စံချိန်ဘယ်လောက်များများ ထပ်မံချိုးဖျက်နိုင်ဦးမလဲဆိုတာကလည်း ပရိတ်သတ်တွေအတွက် ရင်ခုန်စရာကောင်းတဲ့ပုစ္ဆာတစ်ပုဒ်အဖြစ်ရှိနေပါတယ်။



22/06/2024

မီချယ်လ် အိုလစ်ဆီကတော့သူ့ရဲ့အနာဂတ်အတွက်သေချာတဲ့ဆုံးဖြတ်ချက်တစ်ခုကိုချလိုက်ပြီလို့သိရပါတယ်။ ဒါဟာဘယ်လိုဆုံးဖြတ်ချက်မျိုးလဲဆိုရင်တော့ ဘိုင်ယန်မြူးနစ်အသင်းကိုပြောင်းရွှေ့ဖို့ ရွေးချယ်ခဲ့တာပဲဖြစ်ပါတယ်။

ပြီးခဲ့တဲ့ဘောလုံးရာသီမှာ ခရစ္စတယ်ပဲလေ့စ်အသင်းနဲ့အတူ ပရီးမီးယားလိဂ်မှာတောက်ပလာခဲ့တဲ့သူ့ရဲ့ခြေစွမ်းတွေကြောင့် လက်ရှိနွေရာသီအပြောင်းအရွှေ့ကာလမှာ အိုလစ်ဆီကိုခေါ်ယူဖို့ ကြိုးစားနေတဲ့အသင်းတွေက ဘိုင်ယန်အသင်းအပြင် နယူးကာဆယ်နဲ့ ချဲလ်ဆီးအသင်းတို့ပါပါဝင်နေတာဖြစ်ပါတယ်။

ယခုလိုအသင်းတွေရဲ့စိတ်ဝင်တစားကမ်းလှမ်းမှုတွေအပြိုင်လုပ်ခဲ့ကြရာမှာ အိုလစ်ဆီကတော့ ဘိုင်ယန်မြူးနစ်အသင်းကိုသာ ရှင်းလင်းပြတ်သားစွာရွေးချယ်ခဲ့ပြီး လက်ရှိအချိန်မှာဘိုင်ယန်မြူးနစ်အသင်းနဲ့ပုဂ္ဂိုလ်ရေးအရသဘောတူညီမှုတွေကိုပါရယူထားနိုင်ခဲ့ပြီလို့သိရပါတယ်။

အိုလစ်ဆီဟာပဲလေ့စ်အသင်းရဲ့စာချုပ်သစ်ကမ်းလှမ်းမှုကိုပါပယ်ချထားခဲ့ပြီး ဘိုင်ယန်မြူးနစ်အသင်းနဲ့အပြောင်းအရွှေ့စာချုပ် ချုပ်ဆိုဖို့အတွက်ပြင်ဆင်နေပြီး စာချုပ်သက်တမ်း၊ လစာနှင့် ကစားသမားဖက်မှခံစားခွင့်အချက်အလက်များကို အသေးစိတ်ထည့်သွင်းနိုင်ဖို့လုပ်ဆောင်နေတယ်လို့ နံမည်ကြီးအားကစားသတင်းထောက်တစ်ဦးဖြစ်တဲ့ ဖာဘရီဆီယို ရိုမာနိုက သူ့ရဲ့ social media မှာဖော်ပြသွားခဲ့ပါတယ်။

ဘိုင်ယန်လိုအသင်းမျိုးမှာ ဆက်လက်ပြီး တောက်ပတဲ့စွမ်းဆောင်ရည်တွေပြသနိုင်မလားဆိုတာကတော့ အိုလစ်ဆီအတွက်တကယ်ကိုကြီးမားတဲ့ စိန်ခေါ်မှုတစ်ခုဖြစ်လာတော့မယ်ဆိုတာကတော့ အသေအချာပဲဖြစ်ပါတယ်။


22/06/2024

ယူရို ၂၀၂၄ ပြိုင်ပွဲကြီးရဲ့မရဏအုပ်စုဖြစ်တဲ့ Group D မှာ နယ်သာလန်၊ ပြင်သစ်၊ ဩစတြီးလျ စတဲ့အသင်းတွေနဲ့ တစ်အုပ်စုတည်းကျပြီးယှဉ်ပြိုင်ခဲ့ရတဲ့ ပိုလန်အသင်းကတော့ လက်ရှိယူရိုပြိုင်ပွဲမှာ ပထမဆုံးအုပ်စုအဆင့်ကနေထွက်ခဲ့ရတဲ့အသင်းအဖြစ် မှတ်တမ်းဝင်ခဲ့ပြီဖြစ်ပါတယ်။

ပိုလန်အသင်းဟာအုပ်စုတွင်း ပွဲစဉ် ၂ ပွဲယှဉ်ပြိုင်ကစားခဲ့အပြီးမှာ နယ်သာလန်အသင်းနဲ့ ဩစတြီးလျအသင်းတို့ကိုရှုံးနိမ့်ခဲ့ပြီး ရမှတ်တစ်မှတ်မှမရသေးပဲ အိမ်ပြန်ရဖို့အတွက်သေချာသွားခဲ့တာဖြစ်ပါတယ်။ ပိုလန်အသင်းရဲ့လက်ရှိယူရိုပြိုင်ပွဲရလဒ်ဟာ အသင်းရဲ့ဂန္တဝင်တိုက်စစ်မှူးဖြစ်တဲ့ လီဝန်ဒေါ့စကီးအတွက်တော့ သူ့ရဲ့နောက်ပိတ်ဆုံးယူရိုပြိုင်ပွဲဟာ စိတ်ပျက်စရာမှတ်တမ်းတွေအဖြစ်ကျန်နေရစ်တော့မှာလည်းဖြစ်ပါတယ်။



22/06/2024

ဥရောပဖလားပြိုင်ပွဲမှာ နိုင်ငံအသင်းအတွက်ကစားပေးခဲ့ကြတဲ့ အဖေများနဲ့ လက်ရှိ ၂၀၂၄ ဥရောပဖလားပြိုင်ပွဲမှာ နိုင်ငံအသင်းအတွက်ပါဝင်ကစားပေးနေကြတဲ့ သားဖြစ်သူတွေဖြစ်ပါတယ်။

🇳🇱 Netherlands : Danny Blind (father) - Daley Blind (son).
🇮🇹 Italy : Enrico Chiesa (father) - Federico Chiesa (son).
🇵🇹 Portugal : Sérgio Conceição (father) - Francisco Conceição (son).
🇷🇴 Romania : Gheorghe Hagi (father) - Ianis Hagi (son).
🇩🇰 Denmark : Peter Schmeichel (father) - Jasper Schmeichel (son).
🇫🇷 France : Lilian Thuram (father) - Marcus Thuram (son).

👨 👦😍


14/06/2024

ယူရို ၂၀၂၄ ပြိုင်ပွဲသွားရောက်ယှဉ်ပြိုင်ကစားမည့် အီတလီလက်ရွေးစင်အသင်းသားများအား နည်းပြဖြစ်သူ စပယ်လက်တီမှတင်းကျပ်သည့်စည်းကမ်းချက်များ ချမှတ်ခဲ့ကြောင်းသိရသည်။

စပယ်လက်တီထုတ်ပြန်ခဲ့သည့်စည်းကမ်းချက်များတွင် အဓိကအားဖြင့်...

❌🎮 no PlayStation
❌🛌 no games at midnight
❌🎧 no headphones
❌📱 no phones at the massage table

စည့်အချက် ၄ ချက်ကိုမလွှဲမသွေလိုက်နာရမည်ဟုသိရသည်။



13/06/2024

မန်ယူနိုက်တက်အသင်းဟာ ပြီးခဲ့တဲ့ဘောလုံးရာသီအတွက် အသင်းရဲ့ခြေစွမ်းနဲ့ရလဒ်ပိုင်းအပေါ် ပြန်လည်သုံးသပ်မှုတွေလုပ်ဆောင်အပြီးမှာ နည်းပြ အဲရစ်တန်ဟက်နဲ့သာလာမယ့်ဘောလုံးရာသီကို ဆက်လက်ဖြတ်သန်းသွားမယ်လို့ အတည်ပြုသတင်းထုတ်ပြန်သွားခဲ့ပါတယ်။

အစောပိုင်းကအသင်း‌အနေနဲ့ အခြားသောနည်းပြအချို့နဲ့ချိတ်ဆက်စကားပြောဆိုမှုတွေရှိခဲ့ပေမယ့်လည်း နောက်ဆုံးမှာတော့ တန်ဟက်နဲ့သာဆက်လက်လက်တွဲသွားဖို့ဆုံးဖြတ်ခဲ့တာလည်းဖြစ်ပါတယ်။

တန်ဟက်ကတော့မန်ယူနိုက်တက်အသင်းကို သူတာဝန်ယူကိုင်တွယ်ခဲ့တဲ့ နှစ်နှစ်အတွင်းဆုဖလား ၂ လုံးရယူပေးထားခဲ့သူဖြစ်ပြီး သူ့ကိုအခုလိုအသင်းကထပ်မံအချိန်ပေးခဲ့တာနဲ့ပက်သက်လို့ အသင်းရဲ့ကစားသမားဟောင်းတွေအနေနဲ့လည်း မှန်ကန်တဲ့လုပ်ရပ်တစ်ခုအဖြစ်ပြောဆိုနေကြပါတယ်။



12/06/2024

ပေါ်တူဂီအသင်းနဲ့အတူကစားသမားဘဝ ၆ ကြိမ်မြောက်ယူရိုပြိုင်ပွဲကို ပါဝင်ယှဉ်ပြိုင်ကစားမယ့် ရိုနယ်ဒိုအတွက်သူကိုယ်တိုင်ပြောထားခဲ့ဖူးသလို စံချိန်ကောင်းတစ်ခုကအသင့်စောင့်ကြိုလျှက်ရှိနေပါတယ်။

ဒီအရာဟာဘယ်လိုစံချိန်မျိုးလဲဆိုရင်တော့ ယူရိုပြိုင်ပွဲသမိုင်းမှာ ဂိုးဖန်တီးမှုအများဆုံးကစားသမားအဖြစ်သတ်မှတ်ခံရဖို့ အခုလာမယ့် ယူရို ၂၀၂၄ မှာ ဂုတ်ကြီးအတွက်အခွင့်အရေးရရှိထားခဲ့တာဖြစ်ပါတယ်။

လက်ရှိမှာယူရိုပြိုင်ပွဲသမိုင်းရဲ့ဂိုးဖန်တီးမှုအများဆုံးကစားသမားအဖြစ် ချက်အသင်းနဲ့မန်ယူနိုက်တက်မသင်းရဲ့ကစားသမားဟောင်းတစ်ဦးဖြစ်တဲ့ ပိုဘော့စကီးကဂိုးဖန်တီးမှု ၈ ကြိမ်နဲ့အဆင့်တစ်နေရာမှာရှိနေပြီး ရိုနယ်ဒိုကတော့ ဂိုးဖန်တီးမှု ၇ ကြိမ်နဲ့ ဒုတိယနေရာမှာရှိနေတာဖြစ်ပါတယ်။

ဒါကြောင့်လည်းရိုနယ်ဒိုအတွက်တော့လာမယ့်ယူရိုပြိုင်ပွဲမှာ ပိုဘောစကီးရဲ့စံချိန်ဟောင်းကိုချိုးဖျက်ပြီး စံချိန်သစ်တင်နိုင်ဖို့ဆိုတာ ငှက်ပျောသီးအခွံခွာရတာထက်တောင်လွယ်ကူနေတဲ့ကိစ္စရပ်တစ်ခုအဖြစ် ဖော်ပြပေးလိုက်ရပါတယ်။



11/06/2024

ဘောလုံးလောကမှာ စံချိန်ပေါင်းများစွာကို စိုက်ထူထားနိုင်ခဲ့တဲ့ goat ကြီးရိုနယ်ဒိုကတော့ ယူရိုပြိုင်ပွဲ သမိုင်းကြောင်းတလျောရ်မှာလည်း ဂိုးသွင်းအများဆုံးကစားသမားအဖြစ်ရပ်တည်နေသူဖြစ်ပါတယ်။

ရိုနယ်ဒိုဟာ ယူရိုပြိုင်ပွဲကို ၂၀၀၄ ခုနှစ်ကစတင်ပြီးပေါ်တူဂီလက်ရွေးစင်အသင်းနဲ့အတူပါဝင်ကစားခဲ့တာဖြစ်ပြီး သူပါဝင်ကစားခဲ့တဲ့ယူရိုပြိုင်ပွဲ ၅ ကြိမ်မှာသွင်းဂိုး ၁၄ ဂိုးအထိသွင်းယူထားပြီး သွင်းဂိုးအများဆုံးကစားသမားစာရင်းမှာ ထိပ်ဆုံးကရပ်တည်နေတာဖြစ်ပါတယ်။

အဆိုပါစာရင်းမှာ ပြင်သစ်ရဲ့ဂန္တဝင်ကစားသမားတစ်ဦးဖြစ်တဲ့ ပလာတီနီကသွင်းဂိုး ၉ ဂိုးနဲ့ဒုတိယနေရာမှာရှိနေခဲ့ပြီး ဒိန်းမတ်ဂန္တဝင်ကစားသမားကြီး အိုလီ မတ်ဆန်၊ ပြင်သစ်ကစားသမား ဂရေ့စ်မန်းနဲ့ အင်္ဂလန်ဂန္တဝင်ဟောင်း အလန်ရှီးယားတို့က သွင်းဂိုး ၇ ဂိုးစီနဲ့ တတိယနေရာမှာအသီးသီးရပ်တည်နေကြတာဖြစ်ပါတယ်။



"s_alltime_topscorers

08/06/2024

ယူရိုမှာဗိုလ်စွဲဖို့ရေပန်းအစားဆုံးဖြစ်နေတဲ့ ဆောက်ဂိတ်ရဲ့ဘောလုံးဘိုးအေအသင်းကြီးကတော့ အိမ်ကွင်းမှာကစားခဲ့တဲ့ခြေစမ်းပွဲစဉ်မှာ အိုက်စလန်အသင်းကို ၀-၁ ဆိုတဲ့ရလဒ်နဲ့ အရှက်တကွဲရှုံးနိမ့်သွားခဲ့ပါတယ်။

ဆောက်ဂိတ်ရဲ့အသင်းဟာ ပြီးခဲ့တဲ့ဘောလုံးရာသီရဲ့ ဥရောပထိပ်တန်းလိဂ်တွေမှာဂိုးသွင်းစွမ်းရည်အကောင်းဆုံးတိုက်စစ်ကစားသမားတွေကို ပိုင်ဆိုင်ထားခဲ့ပေမယ့်လည်း အိမ်ကွင်းမှာအသင်းငယ်တစ်သင်းကိုဂိုးမသွင်းနိုင်ခဲ့တာကအရှက်ရစရာပဲဖြစ်ပါတယ်။

လာမယ့်ယူရိုအတွက်မျှော်လင့်ချက်ကြီးကြီးမားမားထားနေကြတဲ့ အင်္ဂလန်ပအသင်းရိတ်သတ်တွေအတွက်တော့ အခုကတည်းကစိတ်လျော့ထားလိုက်တာအကောင်းဆုံးဖြစ်မယ်လို့ထင်ပါတယ်။😁


07/06/2024

ဖူလ်ဟမ်အသင်းရဲ့ကစားသမား တိုဆင် အဒါရာဘိုင်အိုရိုကို ချဲလ်ဆီးအသင်းခေါ်ယူမှု အောင်မြင်သွားခဲ့ပြီး ၄ နှစ်စာချုပ်ချုပ်ဆိုသွားမယ်လို့သိရပါတယ်။

Want your business to be the top-listed Gym/sports Facility in Yangon?

Click here to claim your Sponsored Listing.

Location

Telephone

Website

Address


Yangon