Relax Yoga

Relax Yoga

Share

Change Your Lifestyle with @Relax Yoga !

31/07/2026

မိုးအေးအေးနဲ့ ကိုယ် လက် ထုံကျင် ကိုက်ခဲပြီး အားမရှိသလို ခံစားရလေ့ရှိသူတွေအတွက် သင့်တော်တဲ့

𝐙𝐨𝐨𝐦 𝐎𝐧𝐥𝐢𝐧𝐞 𝐘𝐢𝐧 𝐘𝐨𝐠𝐚 𝐂𝐥𝐚𝐬𝐬
လေး 𝐀𝐮𝐠𝐮𝐬𝐭 𝟕 မှာ ပြန်စပါမယ်ရှင်
စုစုပေါင်း အတန်းချ်န် 𝟏𝟎 𝐬𝐞𝐬𝐬𝐢𝐨𝐧𝐬 ပါဝင်မှာပဲ ဖြစ်ပါတယ် .

**

🍃🍃🍃
Yin Yoga လေ့ကျင့်ခြင်းဖြင့်
Connective Tissue တွေရဲ့ mechanical loading အပေါ် ROM (range of motion) ပိုတက်လာပြီး
Joint stability ပိုရလာမယ်
Muscle Flexibility ပိုရလာပါမယ်

Yoga Pose တခုမှာ 3 to 5 minutes Duration နဲ့ hold ထားတဲ့အခါ
ဒီထိန်းထားတဲ့ force ကို Nervous system က လက်ခံနိုင်မှု့စွမ်းရည်(tolerance) ပိုကောင်းလာပါမယ် ..

**
🌿🌿🌿
Breathing နဲ့အတူ Yoga Pose တခုရဲ့ mechanical loading အပေါ်
မိမိ body ရဲ့ response လုပ်နေတဲ့ sensation တွေကို သိနေခြင်းအားဖြင့်
Breathing Awareness၊
Body Awareness ဖြစ်နေပြီး
ပစ္စုပ္ပန်နဲ့ ချိတ်ဆက် နေနိုင်တဲ့အတွက်
Embodiment လည်း ဖြစ်ပါတယ်

တချိန်ထဲမှာ အချိန်တိုင်း စိတ်က ခန္ဓာမှာ လှည့်ပြီး စောင့်ကြည့် နားထောင်နေတဲ့အတွက် Daily life မှာ Mental Awareness ရဖို့ အလေ့အကျင့်လေးကိုလည်း တလက်စတည်း တည်ဆောက်ပြီးသား ဖြစ်သွားပါသေးတယ် 🌱

**

တကယ်တော့ Yin ရဲ့ အဓိပ္ပါယ်က ဒီထက်မက ကျယ်ပြန့်နက်ရှိုင်းပါတယ် ..

Passive loading နဲ့ Parasympathetic nervous system ကို ထိန်းညှိပေးတာ ဖြစ်လို့ ယောဂကို စိတ်အေးလက်အေး လေ့ကျင့်ချင်သူတွေနဲ့ သင့်တော်ပါတယ် .

Yin ရဲ့ နက်ရှိုင်းမှု့ကို ဒီထက် ပို deepestဖြစ်ချင်တယ်ဆိုရင်တော့ သင်ကိုယ်တိုင် အပြည့်အဝ ခံစား လေ့လာနိုင်ဖို့
𝐀𝐮𝐠𝐮𝐬𝐭 𝐘𝐢𝐧 အတန်းလေးက နွေးထွေးစွာ ကြိုဆိုလိုက်ပါတယ် နော် 😊

{သင်တန်းအသေးစိတ်ကို page messenger မှ တဆင့် စုံစမ်း မေးမြန်းနိုင်ပါတယ်ရှင်}

Namaste 🙏





✨ Change Your Lifestyle With Relax Yoga ✨


💕
🌿
🧘‍♂️
😌
🕉️

29/07/2026

ဝါဆိုလပြည့် ဓမ္မစင်္ကြာနေ့လေးမှာ အားလုံးပဲ ကိုယ် စိတ် ကြည် သာ ရှိကြပါစေ ရှင် 🥰

🙏🙏🙏🙏🙏

28/07/2026

August အတွက် ရုံးချိန်လွတ် 𝐙𝐨𝐨𝐦 𝐎𝐧𝐥𝐢𝐧𝐞 𝐘𝐨𝐠𝐚 𝐂𝐥𝐚𝐬𝐬 တန်းခွဲလေးတွေ အပ်လို့ ရပါပြီရှင် 🥰

🌧️🌧️🌧️🌧️🌧️🌧️

မိုးတွေရွာနေလို့ အပျင်းထူပြီး ဘာမှ မလုပ်ပဲ နေရင်တော့ဖြင့် ဗိုက်ခေါက်ကြီးတွေ စူလာရင် ကျမအပြစ်မဟုတ်ဘူးနော် 😛
ယောဂ လာ မjoin တဲ့ အစ်မတို့ ညီမတို့ အပြစ် ဖြစ်သွားမှာပါ 😁

စားချင်တာတွေ စားပြီး ဝိတ်ထိန်းထားဖို့ဆိုရင် ယောဂလေးတော့ တွဲထားမှ စိတ်ချရမယ်နော် ချစ်တို့ရေ 🥰🥰

မိုးရေစက်တွေနဲ့အပြိုင် ချွေးပုပ်တွေ စွန့်ထုတ်ပြီး ပေါ့ပါး ကျန်းမာဖို့ Relax Yoga မှာ ကျမ စောင့်နေပြီနော် 😉

Namaste 🙏

**

✨ Change Your Lifestyle With Relax Yoga ✨


💕
🌿
🧘‍♂️
😌
🕉️

27/07/2026

July ထဲမှာ ဆရာမ ခရီးသွားလိုက်မိလို့ ပို့စ်လေးတွေ ကျဲသွားတာပါရှင် ..

အတန်းတွေ ပုံမှန်အတိုင်း ရှိနေပါတယ်နော် အမျိုးတို့ရေ 💛

✨ Change Your Lifestyle With Relax Yoga ✨

01/07/2026

𝐉𝐮𝐥𝐲 အတွက် 𝐘𝐢𝐧 𝐘𝐨𝐠𝐚 လေး ကြော်ငြာရင်း Yin Yoga ဆိုတာ ဘယ်လိုလဲ လို့ မေးလေ့ရှိကြတာမို့ ဒီပို့စ်မှာ တလက်စတည်း အားလုံးသိအောင် ပြောပြပေးမယ်နော်

ဲ့_သဘောသဘာဝ
Yin Yoga က ခန္ဓာနဲ့စိတ်ကို သက်တောင့်သက်သာဖြစ်စေတဲ့ restorative ယောဂအမျိုးအစားဖြစ်ပါတယ်
Feminine energy ပါ ..
ကျမတို့ ဘဝမှာ အမြဲတမ်း လှုပ်ရှား ရုန်းကန်နေဖို့ချည်း မရပါဘူး
နားနေအိပ်စက်ပြီး ခွန်အား ပြန်ဖြည့်ဖို့ လိုကို လိုပါတယ် ..
Yin Yoga က ဒီenergy ကို ပြန် charge လုပ်ပေးတဲ့ သဘောပါပဲ ..
သူ့မှာ ဆန်းပြားတဲ့ ယောဂအကွက်တွေ မပါ ပါဘူး
Sitting posture တွေကိုပဲ တနာရီအတွင်းမှာ ၈ကွက်၊ ၁၀လောက်ထိပဲ လေ့ကျင့်ရမှာ ဖြစ်ပါတယ်
ယောဂအကွက် တခုမှာ 3 to 5 mins hold လုပ်ထားရမှာ ဖြစ်ပါတယ် ..
ဒီအတွင်းမှာ ခန္ဓာကိုယ် မနာကျင်ဖို့ cushion လေးတွေ သုံးနိုင်ပါတယ် ..

🍂 ယောဂကို အခုမှ စတင်မယ့်သူတွေ၊
🍂 Injury ထိထားဖူးသူတွေ၊
🍂 လူကြီးပိုင်းတွေနဲ့
🍂 စိတ်ဖိအားများတဲ့သူတွေ
🍂 Body joint tightness ဖြစ်နေတဲ့သူတွေအတွက်
အင်မတန် သင့်တော်တဲ့ ယောဂအမျိုးအစား ဖြစ်ပါတယ် ..

🙅ဒီအတန်းက ချွေးထွက်မှ ကြိုက်တတ်သူတွေအတွက်တော့ မဟုတ်ပါဘူး
🙅ဝိတ်ကျချင်တဲ့သူတွေ အတွက် မဟုတ်ပါဘူး

တခုရှိတယ်
Yin ကို စိတ်မြန်တတ်သူတွေ လေ့ကျင့်ကြည့်သင့်ပါတယ် ..
Body ကို စိတ်ရှည်လာခြင်းက ကိုယ့်ရဲ့ Mind control power ကို improve ဖြစ်စေမှာမို့ပါ ..

**

💁🏻‍♀️Class Info:
𝐎𝐧𝐥𝐢𝐧𝐞 𝐙𝐨𝐨𝐦 𝐂𝐥𝐚𝐬𝐬 ဖြစ်ပါတယ်
Monday/ Wednesday/ Friday
7 to 8 PM ပါ
သင်တန်းကြေး 60000 ဖြစ်ပြီး
Yin ၆ကြိမ် တက်ပြီးသူတွေက 10% dis ကို လစဉ် ရသွားမှာ ဖြစ်ပါတယ်
သင်တန်းကာလ 𝐉𝐮𝐥𝐲 6 to 27 ပါရှင့်

**

ဇူလိုင်မိုးရေစက်လေးတွေနဲ့ ပြန်ဆုံကြပါစို့!! 🥰

Namaste 🙏

✨ Change Your Lifestyle With Relax Yoga ✨


💕
🌿
🧘‍♂️
😌
🕉️

29/06/2026

𝐉𝐮𝐥𝐲 အတွက် 𝐎𝐧𝐥𝐢𝐧𝐞 𝐘𝐨𝐠𝐚 𝐣𝐨𝐢𝐧 ဖို့ 𝐫𝐞𝐚𝐝𝐲 ဖြစ်ပြီလားရှင် 💁🏻‍♀️

**

သင်ကြားမှု့ပုံစံက
Beginner to Intermediate level
ပုံမှန် Regular session တွေ ဖြစ်ပါတယ် ..
လုံးဝ Beginner ဆိုရင် စ စ ချင်းမှာ attention ပေးပြီး ဇွဲရှိဖို့ လိုပါမယ်

ဘယ်လိုလူတွေနဲ့ သင့်တော်လဲဆိုရင် အိမ်မှာနေရင်း ကျန်းမာရေးသတိရှိရှိနဲ့ စဉ်ဆက်မပြတ် ရေရှည် လေ့ကျင့်လိုသူတွေအတွက် သင့်တော်တဲ့ 𝐘𝐨𝐠𝐚 𝐎𝐧𝐥𝐢𝐧𝐞 𝐜𝐥𝐚𝐬𝐬 တခု ဖြစ်ပါတယ်
𝐙𝐨𝐨𝐦 platform မှ သင်ပါတယ်

ကျမ Advance မသင်ပါဘူး
Intermediate အထိသာ သင်ပါတယ် 🌺

**
အခုအချိန်ထိ Relax Yoga အပေါ် ချစ်ခြင်းမေတ္တာ ကြီးမားကြသူအားလုံးကို မေတ္တာအပြည့်နဲ့ ကျေးဇူးအနန္တတင်ပါတယ် ဆိုတာလေးလည်း ဒီနေရာမှာ ပြောပါရစေနော် 🩵🙏

မနက် ၆/၇ Morning အတန်းလေးကို တီချယ်စန္ဒာ သင်ပြီး၊ ညနေ ၇:၄၅/၈:၄၅ regular အတန်းလေးကို တီချယ်သဲ သင်ပါတယ်ရှင့်

**
Namaste 🙏



✨ Change Your Lifestyle With Relax Yoga ✨


🧘‍♀️



😌
🕉️

22/06/2026

နိုင်ငံချင်း ခြားနေပေမယ့် ကိုယ်နဲ့ Energy ချင်း ချိတ်ဆက်ပြီး နှစ်ပေါင်းများစွာ နဲ့ လက်တွဲခဲ့တဲ့ ချစ်ရ တန်ဖိုးထားရတဲ့ ရေစက်လေးတစက်ပါ ❣️

Drop back ချပြီး ခါးနဲ့ လက်ပြင် ဖွင့်ထုတ်နိုင်တဲ့ အမှတ်တရလေးကို ဂုဏ်ယူစွာ တင်ပါရစေရှင့် 😇😇🥰🥰🥰😘

21/06/2026

𝐈𝐧𝐭𝐞𝐫𝐧𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐘𝐨𝐠𝐚 𝐃𝐚𝐲

အပြည်ပြည်ဆိုင်ရာ ယောဂနေ့မှာ ယောဂရဲ့လမ်းစဉ် ၈သွယ်အတိုင်း လိုက်နာ ကျင့်ကြံနေထိုင်ပြီး၊
ကိုယ့်ရဲ့ On the mat မှာသာမက၊
Off the mat မှာပါ
𝐘𝐨𝐠𝐚 𝐢𝐧 𝐚𝐜𝐭𝐢𝐨𝐧ဖြစ်နေဖို့
ကိုယ်နေဟန်ထား Asana တွေနဲ့အတူ အသက်ရှူမှု့နဲ့ စိတ်ကို ထိန်းကျောင်းဖို့ ဒီနေ့လေးမှာ လေးစားစွာ remind လေး လုပ်ပါရစေ ရှင် 🙏

အတွင်းနဲ့ အပြင် ဟန်ချက်ညီညီ ချိတ်ဆက်မိဖို့ ယောဂ လေ့ကျင့်ကြပါစို့!!!

ညနေ 𝐙𝐨𝐨𝐦 မှာ ဆုံမယ်နော် 💚

Namaste 🙏

✨ Change Your Lifestyle With Relax Yoga ✨

17/06/2026

21 ရက်နေ့မှာ ကျရောက်မယ့် 𝐈𝐧𝐭𝐞𝐫𝐧𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐘𝐨𝐠𝐚 𝐃𝐚𝐲 မှာ
ယောဂအကြောင်း ပေါ့ပေါ့ပါးပါး ဆွေးနွေးကြမယ့် စကားဝိုင်းလေးကို ဖိတ်ပါတယ်နော် .. 😃

ခံစားချက်တွေ၊ အမြင်တွေ အချင်းချင်း ဖလှယ်ကြမှာ ဖြစ်ပြီး
ယောဂနဲ့ပတ်သက်တဲ့ မေးခွန်းတွေကို ကိုယ်တွေ့ အတွေ့အကြုံတွေနဲ့ ယှဉ်ပြီး ပြောပြပေးသွားမှာ ဖြစ်ပါတယ် .. 🫶🏽

ဒီစကားဝိုင်းလေးမှာပါဝင်ဖို့ ဘာသတ်မှတ်ချက်မှ မရှိပါဘူး
Empty mind နဲ့ မိမိရဲ့စိတ်နှလုံးတံခါးလေးကို ဖွင့်ပြီးသာ လာခဲ့ပါ .. 💟

ယောဂကို ယခုမှ စတင်မယ့်သူတွေအတွက်လည်း ကိုယ်က ဘယ်ယောဂအမျိုးအစားနဲ့ သင့်တော်တယ် ဆိုတာ အကောင်းဆုံး ဆွေးနွေးအကြံပြုပေးသွားမှာလည်း ဖြစ်ပါတယ် ..

💥ဒီအစီအစဉ်လေးက ယောဂဆိုတာ ဘာပါလိမ့် ??
ဘယ်လိုကြီးလဲ ?? ကို သိချင်သူများအတွက် နားထောင်ဖို့ အကောင်းဆုံး အခွင့်အရေးဖြစ်မှာပါရှင် ..

Namaste 🙏

**

𝐉𝐮𝐧𝐞 𝟔
𝐒𝐭𝐚𝐫𝐭𝐢𝐧𝐠 𝟖 𝐏𝐌 with 𝐙𝐨𝐨𝐦

ID - 9892780076
Passcode - yogaday

Want your business to be the top-listed Gym/sports Facility in Yangon?

Click here to claim your Sponsored Listing.

Location

Category

Telephone

Address


Bo Moe Gyoe Street
Yangon
11421