Mahoraga Combat Sports & Physical Education Club

Mahoraga Combat Sports & Physical Education Club

Share

Join with Us

20/02/2026

ကိုယ်ပိုင်ကျောင်းများအတွက် နွေရာသီ Physical Education Program ကို Mahoraga နဲ့အတူ လက်တွဲဖို့ဖိတ်ခေါ်ပါတယ်။

Mahoraga Combat Sports & Physical Education Service မှ
Private Schools များအတွက် အထူးစီစဉ်ထားသော
Summer Kickboxing Program ကို လက်ခံနေပါပြီ။

🌟 ဘာကြောင့် Mahoraga ကို ရွေးချယ်သင့်သလဲ?

ကျွန်ုပ်တို့သည် Private Schools များနှင့် ပူးပေါင်း၍
ကျောင်းသားများစွာကို စနစ်တကျ၊ လုံခြုံစိတ်ချစွာ သင်ကြားပေးခဲ့သော
ခိုင်မာသော အတွေ့အကြုံရှိသော Training Team တစ်ခုဖြစ်ပါသည်။

ယခုအခါတွင် လူကြီးမင်းတို့၏ ကျောင်းသားများအတွက်
ပိုမိုပြည့်စုံသော Physical Education Program ဖြင့်
Team Mahoraga မှ ဝန်ဆောင်မှုပေးရန် အသင့်ရှိနေပါတယ်။

✨ Kickboxing သင်တန်းမှ ရရှိနိုင်မည့် အကျိုးကျေးဇူးများ

🥊 Physical Strength – ခန္ဓာကိုယ်ဖွံ့ဖြိုးမှုနှင့် သန်စွမ်းမှု တိုးတက်စေခြင်း
🧠 Mental Toughness – စိတ်ဓာတ်ခိုင်မာမှုနှင့် အခက်အခဲများကို ရင်ဆိုင်နိုင်စွမ်း မြှင့်တင်ခြင်း
👨‍🏫 Professional Training – ကျွမ်းကျင်နည်းပြများမှ ဘေးကင်းလုံခြုံစွာ သင်ကြားပေးခြင်း
🤝 Character Building – စည်းကမ်းရှိမှု၊ အသင်းအဖွဲ့စိတ်ဓာတ်နှင့် ခေါင်းဆောင်မှု ဖွံ့ဖြိုးစေခြင်း

ယနေ့ခေတ်မှာ Parent များသည် Academic တစ်ခုတည်းမဟုတ်ပဲ Physical Education နှင့် Character Development ပါဝင်သော ကျောင်းများကို ပိုမိုရွေးချယ်လာကြပါတယ်။

Mahoraga Team နှင့် လက်တွဲခြင်းဖြင့် သင့်ကျောင်း၏ Summer Program ကို Competitive Advantage တစ်ခုအဖြစ် ပြောင်းလဲနိုင်ပါသည်။

ကိုယ်ပိုင်ကျောင်းများအတွက် နွေရာသီ Physical Education Program ကို Mahoraga နဲ့အတူ လက်တွဲဖို့ဖိတ်ခေါ်ပါတယ်။

Mahoraga Combat Sports & Physical Education Service မှ
Private Schools များအတွက် အထူးစီစဉ်ထားသော
Summer Kickboxing Program ကို လက်ခံနေပါပြီ။

🌟 ဘာကြောင့် Mahoraga ကို ရွေးချယ်သင့်သလဲ?

ကျွန်ုပ်တို့သည် Private Schools များနှင့် ပူးပေါင်း၍
ကျောင်းသားများစွာကို စနစ်တကျ၊ လုံခြုံစိတ်ချစွာ သင်ကြားပေးခဲ့သော
ခိုင်မာသော အတွေ့အကြုံရှိသော Training Team တစ်ခုဖြစ်ပါသည်။

ယခုအခါတွင် လူကြီးမင်းတို့၏ ကျောင်းသားများအတွက်
ပိုမိုပြည့်စုံသော Physical Education Program ဖြင့်
Team Mahoraga မှ ဝန်ဆောင်မှုပေးရန် အသင့်ရှိနေပါပြီ။

✨ Kickboxing သင်တန်းမှ ရရှိနိုင်မည့် အကျိုးကျေးဇူးများ -

🥊 Physical Strength – ခန္ဓာကိုယ်ဖွံ့ဖြိုးမှုနှင့် သန်စွမ်းမှု တိုးတက်စေခြင်း
🧠 Mental Toughness – စိတ်ဓာတ်ခိုင်မာမှုနှင့် အခက်အခဲများကို ရင်ဆိုင်နိုင်စွမ်း မြှင့်တင်ခြင်း
👨‍🏫 Professional Training – ကျွမ်းကျင်နည်းပြများမှ ဘေးကင်းလုံခြုံစွာ သင်ကြားပေးခြင်း
🤝 Character Building – စည်းကမ်းရှိမှု၊ အသင်းအဖွဲ့စိတ်ဓာတ်နှင့် ခေါင်းဆောင်မှု ဖွံ့ဖြိုးစေခြင်း

ယနေ့ခေတ်မှာ Parent များသည် Academic တစ်ခုတည်းမဟုတ်ပဲ
Physical Education နှင့် Character Development ပါဝင်သော ကျောင်းများကို ပိုမိုရွေးချယ်လာကြပါတယ်။

ဒါကြောင့် Mahoraga Team နှင့် လက်တွဲခြင်းဖြင့် သင့်ကျောင်း၏ Summer Program ကို Competitive Advantage တစ်ခုအဖြစ် ပြောင်းလဲလိုက်ပါ။

📞 Partnership & Proposal Discussion အတွက်
09795220703/09450066734 သို့မဟုတ် Page Messenger မှ ဆက်သွယ်နိုင်ပါသည်။

📞။

Photos from Mahoraga Combat Sports & Physical Education Club's post 18/01/2026

"အားကစားစိတ်ပညာ သင်တန်း Batch(1)"
(Sports Psychology Training)

သင်က အားကစားနည်းပြလား❓
Gym Trainerလား❓
အားကစားသမားလား❓
အားကစားကိုစိတ်ဝင်စားသူလား❓
PEဆရာ/ဆရာမလား❓
ဒါမှမဟုတ် စိတ်ပညာကို စိတ်ဝင်စားသူလား❓

👉ဒါဆိုရင် ခုသင်တန်းလေးက သင့်အတွက် များစွာအကျိုးရှိစေမှာ သေချာပါတယ်။

☑️အားကစားစိတ်ပညာဆိုင်ရာ အသိပညာတွေကို
လက်တွေ့ဘဝမှာအသုံးချပြီး အောင်မြင် ကျေနပ်တဲ့ဘဝတွေရအောင် ကြိုးစားနေထိုင်ဖို့ဘဲ ဖြစ်ပါတယ်။

☑️မြန်မာနိုင်ငံမှာ ပထမဆုံးအကြိမ် ဖွင့်လှစ်
မဲ့ အားကစား စိတ်ပညာ(Sports Psychology)သင်တန်းမှာဆိုရင်-

1️⃣လက်တွေ့အသုံးချ အားကစားစိတ်ပညာ
(Applied Sports Psychology)
2️⃣ကိုယ်ရည်ကိုယ်သွေးနှင့် အားကစားစိတ်ပညာ
(Personality and Sports Psychology)
3️⃣ပေါင်းသင်းဆက်ဆံရေးနှင့် အားကစားစိတ်ပညာ
(Social and Sports Psychology)
4️⃣စိတ်ကျန်းမာရေးနှင့် နှစ်သိမ့်ဆွေးနွေး အကြံပေးစိတ်ပညာ
(Mental Health & Counseling Psychology)
5️⃣အားကစား စိတ်ပိုင်းဆိုင်ရာ ထိန်းချုပ်နည်း
(The Mental Game)
6️⃣အားကစားသမားများ အား အသက်အရွယ်အလိုက် ထားရှိရမဲ့ စိတ်ပညာနည်းစနစ်များ
(Age-Appropriate Psychological Strategies for Athletes)
U-10,U-12, U-15,U-20,U-21,U-23, Senior Athletes
7️⃣အားကစားသမားများ စိတ်ဖိစီးဒဏ်ကို လျော့ချနည်း
(Management of competitive stress
in elite sporrt)
စသည့် သင်ရိုးများကို "မြန်မာလို"
စနစ်တကျနဲ့ လက်တွေ့လုပ်ဆောင်ချက်များပါ
ရှင်းလင်းစွာ သင်ပြပေးမည့် သင်တန်းဖြစ်ပါတယ်။

သင်တန်းအချိန်-
🗓️(တစ်လ)ကြာ သင်ကြားရမှာပါ
📅အပတ်စဥ်-
အင်္ဂါနေ့-ဗုဒ္ဓဟူးနေ့-ကြာသပတေးနေ့
👉၁၀.၂.၂၀၂၆တွင် အတန်းစပါမည်။
🕜ည 7:30 To 8:30
💻Zoom + (အားတဲ့အချိန်ပြန်လေ့လာနိုင်မဲ့ Video Record)မှ တဆင့်သင်ကြားပေးသွားပါမည်။

✨သင်တန်းကြေး ( သုံးသိန်းငါးသောင်းကျပ်).
🌞Physical Education Center Myanmarသင်တန်းတက်ဖူးသူ မှန်သမျှ 50000 ကျပ် Discount🌞
👉သင်တန်းပြီးဆုံးပါက Certificate ပေးမည်။
ဆက်သွယ်ရန် ဖုန်းနံပါတ် (09977491896)

သင်ကြားမည့်ဆရာ/ဆရာများ👇

ဆရာမ မြမြဆွေ(စိတ်ပညာ)
Founder Of "Sein Lei Myaing Counselling Service"
Honest Hour (Mental Well-Being Service) ရဲ့ Professional Counsellor
BA(Q) (Psychology)
MA (Psychology)
BEd. MEd(Q)
(HGP)
မြန်မာနိုင်ငံတွင် စိတ်ပညာ ဘာသာရပ်ဆိုင်ရာ Certificate တန်းများနဲ့ Diploma တန်းများကို သင်ကြားမျှဝေပေးနေတဲ့ ဆရာမဘဲဖြစ်ပါတယ်။

ဆရာအောင်ပိုင်ဦး(Sports)
(Founder Of Physical Education Center Myanmar)
မြန့်မာပထမဆုံး "အားကစားစိတ်ပညာ"စာအုပ်ရေးသားသူ ဖြစ်ပါတယ်။
2nd years Hons (Sports)
(Institute of Sports and Physical Education)
Sport coaching and psychology(The Open University)
Counseling Psychology Level(1)
(Sein Lei Myaing Counselling Service)
Introduction To Buddhist Psychotherapy (This Movement Zone)
Diploma in outdoor and Physical Education studies (Ireland)
Diploma in Physical Fitness(Ireland)
Diet and Nutrition(Oxford University )
Sports Event Management(Oxford University)
International -Level Athletes Education Program(WORLD ANTI-Doping AGENCY)
Medical Professional At Major Games(WORLD ANTI-Doping AGENCY)

အခုလို အားကစားစိတ်ပညာ Batch (1) အတန်းကို တက်ရောက်လိုပါက အခုပဲ Messenger မှာ စာရင်းပေးသွင်း အပ်နှံနိုင်ပါပြီ။





14/10/2025

Martial arts cocktailတစ်ခု(သို့မဟုတ်) ယဉ်ကျေးမှုတွေရောစပ်မှုကြောင့် မွေးဖွားလာတဲ့ Kick boxing

Kickboxing ဆိုတဲ့နာမည်တင်ကြားတာနဲ့ လူတိုင်းရဲ့ စိတ်ထဲ ဒေါသကြီးကြီးနဲ့ကြမ်းကြမ်းတမ်းတမ်းတိုက်ခိုက်တဲ့နိုင်ငံခြား actionကားတေွကိုသွားသတိရပါလိမ့်မယ်။ ဒါပေမဲ့…KBဆိုတာဘယ်ကစပြီး ဘယ်လိုဖြစ်လာတာလဲ?အချိန်တွေနောက်ဆုတ်ကြည့်ရအောင်။
ဂျပန်နိုင်ငံမှ အမိအဖများ ..
ယနေ့ခေတ် မြင်တွေ့ရတဲ့ KB ဟာ ၁၉၆၀ ခုနှစ်ဝန်းကျင်Japanမှာစပြီးဖြစ်ထွန်းလာတာ ဖြစ်ပါတယ်။ ဒါပေမဲ့ရုတ်တရက်ဗြုန်းဆိုင်းကြီးထပြတီထွင်လိုက်တာမဟုတ်ပါဘူး ဒီအားကစားဟာ Muay Thaiနဲ့Karate တို့ကြား တိုက်ခိုက်ပြိုင်ဆိုင်မှုကြောင့် မွေးဖွားလာခဲ့တာပါ။
၁၉၅၀ နှစ်လယ်ပိုင်းမှာ ဂျပန် Karateနယ္ပယ္ကလူတွေက Muay Thai အပေါ်စိတ်ဝင်စားလာကြတယ်။ တချို့ကတော့ဒီတိုင်းဘဲစိတ်ဝင်စားတာမဟုတ်ဘဲပညာနှစ်ခုယှဉ်ချင်တာပါ ဒါကြောင့် ဂျပန်သားတွေဟာ Muay Thai နယ္ပယ္ကို စိန်ခေါ်ခဲ့ကြတယ်။ ဒီအချိန်မှာMuay thaiကတော့Muay thaiပါဘဲဆိုတဲ့အတိုင်း ဒူး၊ တံတောင် ပါ မချန် ကောင်းကောင်းအသံုးချရတဲ့သူတို့ရဲ့တိုက်ကွက်တွေဟာ အရမ်းကို ထိရောက်ကြမ်းတမ်းခဲ့တယ်။
အဲ့ဒီအဖြစ်အပျက်တေွကိုအလေးအနက်ထား စိတ်ဝင်စားသွားသူတစ်ဦးရှိတယ်။ သူကတော့ Osami Noguchi လို့ခေါ်တဲ့ ဂျပန်က Boxing promoter တစ်ယောက်ပါ။ သူက Muay Thai ရဲ့ kick တွေနဲ့ knee တွေ၊ elbowတေွKarate ရဲ့ technique တွေ၊ Boxing ရဲ့တိကျတဲ့Ruleတေွကို ပေါင်းစပ်ပြီး martial artsတစ်မျိုးကိုတီထွင်ခဲ့တယ်။ဒါကပဲ Kick boxingဆိုတာကြီိး ရဲ့ စတင်မှု ဖြစ်လာတာပါ။ဒီလိုနဲ့၁၉၆၆ ခုနှစ်မှာပဲ ဂျပန်နိုင်ငံOsaka မှာ ပထမဆုံး KBပြိုင်ပွဲကိုကျင်းပခဲ့တယ်။ အဲ့ဒီမှာ face guardနဲ့ boxing gloves ဝတ်ပြီး boxing ring မှာကစားခဲ့ကြတယ်။ Punch, kick နဲ့ knee တွေသုံးခွင့်ရှိပေမဲ့ elbow, တံတောင်ရိုက်ချက်တေွကိုတားမြစ်ထားတယ္ဒီလိုကြောင့်ဘဲMuay Thai နဲ့ Karate ကိုမတူတဲ့ အားကစားတေွအဖြစ် ထင်ထင်ရှားရှားလက်ခံလာတယ်။
၁၉၇၀ နဲ့ ၈၀ ဝန်းကျင်မှာ ဂျပန်မှာ Kickboxing ထင်ရှားလာခဲ့ပါတော့တယ်။ KBကစားသမားတွေနဲ့KB gym တွေတိုးပွားလာတယ်၊ TV မှာလည်း mainstreamဆန်ဆန် ပြသလာကြတယ်။၁၉၇၀ ပြည့်လွန်နောက်ပိုင်းမှာတော့ Kickboxing ဟာ USA ကိုပါခြေချလာပါပြီ။US ဘက် မှာတော့ Full contact Karateလို့ခေါ်ပြီး ပြိုင်ပွဲတချို့မှာ Low kickမပါဘဲ boxing X karate ပုံစံနဲ့ ကစားကြတယ္။နောက်ပိုင်းမှာတော့ ထိုင်း၊ဂျပန်နဲ့ အမေရိကန် သုံးနိုင်ငံစလုံးရဲ့ပါဝင်မှုတေွကိုအရင်းတည်ပြီး KBအားကစားတဖြည်းဖြည်းတိုးတက်လာပါတော့တယ္။
ဒီနေ့မှာတော့ K-1, Glory, ONE fc တို့ထဲက တိုက်ခိုက်မှုတွေကို ကြည့်မယ္ဆိုရင်Stand fighting ပိုင်းမှာKBဘယ်လောက်အထိလွှမ်းမိုးထားလဲဆိုတာမြင်ကြရမှာဖြစ်ပါတယ္။အကျဥ်းချုပ်ပြောရရင်တော့ Kickboxing ဟာ ရိုးရိုးဖြစ်တည်လာတဲ့ Martial arts မဟုတ်ပါဘူး။ သူက cultureတေွပေါင်းစပ်ထားတဲ့Hybridအားကစာတစ်ခုပါ။ Karate နဲ့ Muay Thai ဆိုတဲ့မိဘနှစ်ပါးကနေမွေးဖွားပြီး၊ ဂျပန်မှာ ကြီးပြင်းလာပြီး၊ ကမ္ဘာတစ်ဝှမ်းမှာ လက်ခံလာတဲ့Combat sportsတစ်ခုဖြစ်လာခဲ့တာပါ။

တိုက်ခိုက်ရေးအားကစားနဲ့ပက်သက်တဲ့အကြောင်းအရာများကိုမျှဝေလျက်..


02/10/2025

ကျန်းမာရေး Kickboxing သို့မဟုတ် Physical Education Kickboxing
------------------------------------------------------------------------------------------------------

Kickboxing ဆိုတာ သာမန်အားကစားတစ်ခု မဟုတ်ပါဘူး။
Kickboxing သည် အသက်အရွယ်မရွေး၊ ကလေးများမှ စ၍ လူကြီးများအထိ Fitness အတွက် အထူးသင့်တော်တဲ့ အားကစား ဖြစ်ပါတယ်။

ကျွန်တော်တို့ Mahoraga Combat Sports and Physical Educations မှာ ကျောင်းသားတွေကို အဓိကထား သင်ကြားပေးနေပြီး—

စိတ်ဓာတ် တည်ကြည်မှု
စည်းကမ်းကျင့်မှု
ကိုယ်ခံအား တိုးတက်မှု
အကျိုးဆက်ကောင်းမွန်တဲ့ ကျန်းမာရေးတွေကို အတူတူ ဖွံ့ဖြိုးနိုင်စေဖို့ အထူးလေ့ကျင့်ပေးနေပါတယ်။

Kickboxing လေ့ကျင့်သူတိုင်းဟာ ကိုယ့်ကိုယ်ကိုယုံကြည်မှု ပိုမိုတိုးတက်လာပြီး၊ တက်ကြွမှု၊
အားမာန်ပြည့်ဝမှုနဲ့အတူ မိမိရဲ့ သင်ယူမှုတွေကို နေ့စဉ်ဘဝမှာ သုံးနိုင်ပါသည်။
အထူးသဖြင့် ကျောင်းသားလူငယ်များ အတွက် Kickboxing ဟာ စည်းကမ်းနဲ့ တာဝန်ယူမှုကို သင်ပေးနိုင်တဲ့ အားကစားဖြစ်သလို၊
လေ့ကျင့်နေစဉ်ကနေ စိတ်အားထက်သန်မှု၊ အားပေးမှုတွေကို တိုးတက်စေပါတယ်။

တစ်ဖက်မှာ လူကြီးများအတွက်လည်း Kickboxing သည် Fitness အတွက် အလွန်ထူးခြားပြီး—
ကိုယ်ခန္ဓာကျန်းမာရေး ပြန်လည်ကောင်းမွန်စေတယ်
အလုပ်ဖိအားတွေ လျော့ချနိုင်စေတယ်
ကိုယ်အလေးချိန်ထိန်းချုပ်နိုင်စေတဲ့ အကျိုးကျေးဇူးတွေ ရရှိနိုင်ပါသည်။

Mahoraga Combat Sports and Physical Educations မှာ ကျောင်းသားများအတွက် အခြေခံသင်တန်းမှ စ၍
အဆင့်မြင့်သင်တန်းများအထိ တိုးတက်အောင် သင်ကြားပေးနေတာကြောင့် အသက်အရွယ်မရွေး၊
စိတ်အားထက်သန်သူတိုင်း အတွက် Kickboxing သည် အံ့ဖွယ်ကောင်းတဲ့ Fitness အနုပညာတစ်ခု ဖြစ်ပါသည်။

ကျွန်တော်တို့နဲ့အတူ တက်ကြွတဲ့ ဘဝအသစ်ကို စတင်လိုက်ပါ ✨

Photos from Mahoraga Combat Sports & Physical Education Club's post 20/09/2025

Physical Education Center Myanmar နဲ့
Team Mahoragaတို့ ပူပေါင်းCollabလိုက်တဲ့

Basic Physical Education Teacher Training Batch (20)

Physical Education Center Myanmar ဆိုတာ
မြန်မာနိုင်ငံရဲ့ ပထမဆုံးကိုယ်ပိုင် PE သင်တန်းကျောင်း ဖြစ်သလို၊ International School ၊ Private School များနှင့် ချိတ်ဆက်ပေါင်းဆောင်ထားသည့် သင်တန်းကျောင်းလည်း ဖြစ်ပါတယ်။

🏀ဘာကြောင့် PE Training တက်သင့်သလဲ?

- ကလေးတွေရဲ့ ဖွံ့ဖြိုးမှုကို နားလည်နိုင်ဖို့
- ဘာသာရပ်တိုင်းမှာ Activity Times ပါသဖြင့် ဆရာ/ဆရာမတိုင်း လေ့လာသင့်တဲ့ မရှိမဖြစ်ပညာရပ်ဖြစ်တဲ့အတွက်
- PE ဆရာအနေနဲ့ သင်တန်းသားများအတွက် တိကျသော နည်းပညာ၊ ကျွမ်းကျင်မှုများ ရရှိဖို့ အတွက်တက်ရောက်သင့်ပါတယ်

👤 ဘယ်သူတွေ တက်သင့်သလဲ?

- School Teacher / Private Teacher များ
(ဘာသာရပ်မရွေး)

- ကိုယ်ပိုင် School Founderများ,
Learning Center, Tuition Center Founderများ

- PE Teacher ဖြစ်ချင်သူများ

- Early Childhood Care & Development (ECCD) နဲ့ ကလေးဖွံ့ဖြိုးရေးနယ်ပယ်တွင် အလုပ်လုပ်နေသူများ

- International & Private School တွေမှာ အလုပ်လုပ်ချင်သူများ

- Coaching / Training Career ကို လိုချင်သူများ

📝 သင်ကြားမည့် အကြောင်းအရာများ –

1️⃣ Child physiology, nutrition, and development
2️⃣ Hereditary health factors and childhood obesity
3️⃣ Fine and gross motor skill development
4️⃣ Cognitive psychology and special needs in PE
5️⃣ Cross-training and safety protocols
6️⃣ Sleep science, ECCD, and sport-brain connection
7️⃣ Practical implementation of int'l PE curricula
8️⃣ Comprehensive sports instruction

ရက်စွဲ – October 20, 2025
အချိန် – ည 7:30 – 8:30 (Zoom)

သင်တန်းသားတိုင်းကို အချိန်မရွေးပြန်လေ့လာနိုင်ရန် Record Video များပေးပါသည်

သင်တန်းသား လက်ခံမှု – 10 ဦးသာ (Limited Seats)
သင်တန်းကြေး – 200,000 Ks
သင်တန်းပြီးဆုံးပါက Certificate ပေးမည်

Special⭐ Note:

သင်တန်းပြီးဆုံးပြီးသူများအနေနဲ့
ရန်ကုန်မြို့ကိုယ်ပိုင်ကျောင်းများ International ကျောင်းများတွင် Intern Training,One Job Training အနေဖြင့် Team Mahoragaနှင့်အတူလက်တွေ့သင်ကြားခွင့်
ရရှိမည်ဖြစ်ပါသည်

အသေးစိတ် ဆက်သွယ်စုံစမ်းရန် – 09977491896

Physical Education Center Page- https://www.facebook.com/share/17DJHZy9ue/

08/08/2025

Mahoraga မှ
Next Gen တွေရဲ့ လက်ခမောင်းခတ်သံ

"ဟိုက်ယားးးး"

ယုဇနအလင်း ကိုယ်ပိုင်အထက်တန်းကျောင်း

Photos from Mahoraga Combat Sports & Physical Education Club's post 22/07/2025

"ကိုယ်လက်လှုပ်ရှားမှုကနေ စတင်တဲ့ ပညာရေးတည်ဆောက်မှု"

ကျွန်တော်တို့ Mahoraga PE Trainer အဖွဲ့ မှ
PILA Private School မှ
အရေးပါဆုံး ပညာရေးအင်အားစုဖြစ်တဲ့ ဆရာ၊ ဆရာမများ နှင့်အတူ
ကိုယ်လက်လှုပ်ရှားမှုအခြေပြု Team Activities များကို
အတူတကွ ဝမ်းမြောက်စွာ ပြုလုပ်ခဲ့ပါသည်။

ပညာရေးဆိုသည်မှာ စာအုပ်ထဲက သင်ကြားမှုတင်မက
ရုပ်ပိုင်း – စိတ်ပိုင်း – လူမှုဆက်ဆံရေး သုံးခုလုံး ပြည့်စုံဖွံ့ဖြိုးနိုင်ရန်
ကျောင်းအတွင်းမှာပါ Active Lifestyle ကို ပံ့ပိုးပေးရမည်ဟု
ကျွန်ုပ်တို့ ယုံကြည်ပါသည်။

🧠🦵 Training the Teachers Programme🧠🦵

ယခုအချိန်က တစ်ဆင့်
ဆရာ၊ ဆရာမများအတွက် ဖန်တီးထားသော
"Training the Teachers" Programme ကို
မကြာမီအချိန်အတွင်း ပြန်လည်မိတ်ဆက်ပေးသွားမည်ဖြစ်ကြောင်း
ယခုအခါမှ ဝမ်းမြောက်စွာအသိပေးအပ်ပါသည်။

🎯 သက်ဆိုင်သူများအား ဖိတ်ခေါ်အပ်ပါသည်
ကျောင်းပိုင်ရှင်များ၊ Founder များ၊
ပညာရေးအုပ်ချုပ်သူများ၊
မိဘများနှင့် ကျောင်းသားကျောင်းသူများအတွက်
ကျွန်ုပ်တို့ Mahoraga သည်
ပညာရေးနယ်ပယ်အတွင်း
စိတ်ဓာတ် – စည်းကမ်း – ပညာ စသော တိုးတက်မှု ကို ဦးတည်သော
သစ်လွင်သော Programme များဖြင့် မျှဝေသွားမည် ဖြစ်သောကြောင့် ကျွန်တော်တို့ Mahoragaနှင့်အတူ လက်တွဲရန် ဖိတ်ခေါ်အပ်ပါသည် ခင်မျ။

“Rise. Learn. Conquer.

23/06/2025

Mahoraga က နာဘလ်း (ခ) ရေချမ်း
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°
ဒီ၂လသား ဆရာသမားက တစ်ပါတ်ထဲ ၅ပွဲ ဆက်တိုက်ထိုးထားပြီး
၅ပွဲ ဆက်တိုက် အနိုင်ရတာ
ရန်ကုန်တိုင်း
ဗန်ဒို အတိုက်ကို ရွှေရထားတာ
ပြိုင်ပြီး ၄ရက်အကြာမှာ
3MA Hard Sparring ထပ်ပြိုင်တာ
အခု နှစ်ချီနဲ့ အနိုင်ယူလိုက်ပြန်ပြီ

အခုတော့ ဒီကောင့်ကို
အနားပေးပြီး
ဆေးနည်းနည်းခြယ်အုန်းမယ်

နောက်တစ်ယောက်လာမည် မျှော်

Photos from Mahoraga Combat Sports & Physical Education Club's post 13/06/2025

❕Jr. PE Instructor အလုပ်သင်အခွင့်အလမ်း ❕
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°

Mahoragaသည် လက်ရှိ ကျောင်း ၁၄ ကျောင်းနှင့် ပူးပေါင်း၍ Physical Education (PE) နှင့်
Combat Sports သင်ကြားမှုများကို စနစ်တကျ ဆောင်ရွက်နေသော ပညာရေးအဖွဲ့အစည်းတစ်ခု ဖြစ်ပါသည်။

အခုအခါမှာPE ဆရာအဖြစ်
အသက်မွေးလုပ်ကိုင်လိုသူများ၊
နည်းစနစ်တကျ စတင်လိုသူများအတွက်
Jr. Instructor(Apprenticeship)
အခွင့်အလမ်းများ ဖွင့်လှစ်ထားပါသည်။

---

Mahoraga Jr. Instructor Program ဆိုတာ

-ကျောင်း ၁၄ ကျောင်းအတွင်းမှ
တစ်ကျောင်းတွင်
လက်တွေ့သင်ကြားမှု အတွေ့အကြုံရရှိမည်

-PE သင်ကြားနည်း၊Kickboxing နည်းစနစ်၊ကလေးများနှင့်ဆက်ဆံနည်းစသည့် Mentorship Program ပါဝင်မည်

-Mahoraga Certified Instructor Program** ထဲသို့ တက်ရောက်ခွင့်ရမည်

-စိတ်အားထက်သန်ပါက အချိန်ပြည့် Instructor အဖြစ် အဆင့်မြှင့်တင်ပေးမည်

---

Mahoraga သည် PE နှင့် Combat Sports
သင်ကြားရာတွင်

-International Physical Literacy Frameworks

- Fundamental Movement Skills (FMS)

- Youth Combat Sports Progressions

စသည့် ကမ္ဘာ့အဆင့်မီ သင်ရိုးများဖြင့် လေ့ကျင့်သင်ကြားပေးပါသည်။
ထို့ကြောင့် Jr. Instructors များအနေဖြင့် Global-Ready Teaching Experience ရရှိမည်။

---

Jr. Instructor တစ်ဦးအနေဖြင့် ရရှိမည့် အရည်အသွေးများ

🔹 PE နှင့် Kickboxing လက်တွေ့သင်ကြားမှု အတွေ့အကြုံ

🔹 ကျောင်းသားများအား စီမံခန့်ခွဲနည်း နှင့် အတန်းဖွဲ့စည်းမှု အရည်အသွေး

🔹 အခြေခံသင်ကြားနည်း နှင့် ဆက်သွယ်ပြောဆိုနိုင်စွမ်း

🔹 အနာဂတ်အလုပ်အကိုင်အတွက် Portfolio နှင့် Reference Letter

🔹 Mahoraga Full Instructor Certification
ရရှိရန် အရည်အချင်းပြည့်မီမှု

🔹 ကိုယ်ပိုင် PE/Fitness လုပ်ငန်းလမ်းကြောင်း စတင်နိုင်ရန် အခြေခံလိုအပ်ချက်များ

---

🔍 လိုအပ်ချက်များ
°°°°°°°°°°°°°°°°°°°°°°°°
-PE / Sports Science / Education ကို စိတ်ဝင်စားသူ

-ကျောင်းသားများနှင့် ပူးပေါင်းလုပ်ဆောင်နိုင်စွမ်း

-တက်ကြွမှု၊ စိတ်ဓာတ်၊ တာဝန်ယူမှု ရှိသူ

---

📈 ဒီအစီအစဉ်မှာ ဘာတွေရနိုင်မလဲ?

- လက်တွေ့သင်ကြားမှုဖြင့်
ကျွမ်းကျင်မှု တည်ဆောက်နိုင်ခြင်း

- အပြည်ပြည်ဆိုင်ရာ စံနှုန်းများနှင့်
သင်ကြားနည်းများ ကျွမ်းကျင်လာခြင်း

- Instructor အဖြစ် အသက်မွေးနိုင်မည့်
အခြေခံအတွေ့အကြုံများ ရရှိခြင်း

- အနာဂတ်အခွင့်အလမ်းများ (တစ်နိုင်ငံလုံး/နိုင်ငံတကာ)အတွက် အားသာချက်ရရှိခြင်း

---

သင်ကြားပေးမည့် ဆရာများ
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°
Mahoraga ၏ Jr. PE Instructor Programတွင် ဘန်ကောက်အခြေစိုက် Bangkok Thonburi University (အားကစားနှင့် ကာယပညာရပ်ဆိုင်ရာ အထင်ကရ တက္ကသိုလ်) မှ အတွေ့အကြုံရင့် ဆရာများ၊ Combat Sports နယ်ပယ်မှ Senior Instructor များတို့က တိုက်ရိုက်လမ်းညွှန်သင်ကြားပေးမည်ဖြစ်ပါသည်။

-အဆင့်မြင့် PE နည်းပြများ
Bangkok Thonburi University၏
နည်းစနစ်များဖြင့် သင်ကြားပို့ချပေးပါသည်။

-Combat Sports ကျွမ်းကျင်သူများ Kickboxing, Fundamental Movements စသည့် လက်တွေ့အရည်အသွေးများကို အခမဲ့လေ့လာခွင့်ရရှိမည်

-Mentorship System
Senior Instructors များနှင့် တစ်ဦးချင်း လမ်းညွှန်မှုများဖြင့်လေ့လာဆည်းပူးနိုင်သည်။

ဤသင်တန်းတွင် အပြည်ပြည်ဆိုင်ရာ အသိအမှတ်ပြု နည်းပညာများ၊ ကမ္ဘာ့အဆင့်မီ Coaching Methods များကို အာရှ၏ ထိပ်တန်း ဆရာများထံမှ တိုက်ရိုက်လေ့လာခွင့် ရရှိမည်ဖြစ်ပါသည်။

"အတတ်ပညာကို အရင်းအမြစ်မှန်၊ ဆရာမှန်တို့ထံမှ သင်ယူပါ။"

📩 လျှောက်ထားရန် / ဆက်သွယ်ရန်
Page Inbox သို့မဟုတ်
Viber – 09-795220703

Photos from Mahoraga Combat Sports & Physical Education Club's post 07/06/2025

အခြေခံမှသည် စနစ်ကျသော ကျွမ်းကျင်နည်းစနစ်များ အတွက် ကျွန်တော်တို့ Team Mahoraga မှ PE ဆရာများ နဲ့ အတူ ယုဇနအလင်းကိုယ်ပိုင်အထက်တန်းကျောင်းမှ ကျောင်းသားကျောင်းသူများ၏လေ့ကျင့်မှု မှတ်တမ်းပုံရိပ်များ 🤩🤩

ကျောင်းအုပ်ကြီးနဲ့သက်ဆိုင်ရာမိဘ ဆရာသမားများ အားလုံးကို ကျေးဇူးအထူးတင်ရှိပါတယ် 🙏

31/05/2025

KBTC X Mahoraga 1 year💪💪

Photos from Mahoraga Combat Sports & Physical Education Club's post 27/05/2025

Mahoraga ရဲ့ မျက်နှာသစ်လေးတွေ

ယခုလအတွင်းကျင်းပတဲ့ Shadow Boxing ပြိုင်ပွဲမှာ

Mahoraga မှ အသက် ၁၈နှစ်အောက် ၄ယောက်၊ ၁၅နှစ်အောက် ၂ယောက် စုစုပေါင်း ၆ယောက်ယှဉ်ပြိုင်ခဲ့ကြပါတယ်။

ရလဒ်ကတော့ —
အထူးဆု (၁) ဆု
ရိုးရိုးဆု (၅) ဆု

စိတ်ဓာတ်စွမ်းအားကြီးကြီးမားမားနဲ့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြတဲ့ကျောင်းသားလေးတွေကို ဂုဏ်ယူပါတယ်။

Mahoraga မှာ နည်းစနစ်တွေပဲသင်တာမျိုးမဟုတ်ဘူး၊
စိတ်ဓာတ်ကိုပါ တည်ဆောက်တယ်။
လေ့လာတယ် ပြန်အသုံးချတယ်။
တစ်ခါမနိုင်လဲ သင်ယူတယ်။
နောက်တစ်ခါအောင်မြင်တယ်။

Rise, Learn, Conquer.

Want your business to be the top-listed Gym/sports Facility in Yangon?

Click here to claim your Sponsored Listing.

Location

Website

Address


Yangon