ဒီပေ့ခ်ျလေးကို ဖွင့်ရခြင်းအကြောင်းကတော့ ကျွန်တော်လက်ရှိလုပ်နေတဲ့ လုပ်ငန်းလေးကိုမိတ်ဆက် ပေးချင်လို့ပါပဲခင်ဗျား ။
လူကြီးမင်းတို့အနေနဲ့ အဆောက်အဥင်္ီး (အိမ်ခန်း ၊လုံးချင်း ၊ ကန်ထရိုက်တိုက်
ခန်း၊ ရုံးခန်း ) သာမကတခြား အဆောက်အဦးများစွာကို သူများနဲ့ပုံစံမတူ
ခြားနားတဲ့ Design စိတ်ကူးစိတ်သန်း ၊ လိုက်လျောညီထွေမှုအပြည့်နဲ့ ညှိနှိုင်း
ပေးမယ့် requirement တွေ၊ အဆောက်အဥင်္ီးကုန်ကျစရိတ်ကို ချွေတာနိုင်မယ့်
Eco Plan တွေချမှတ်ပေးမည့် အပြင်တကယ်ဆောက်လုပ်တဲ့ အခါလည်းဒီဇိုင်း
အတိုင်းတည်ဆောက် နိုင် အောင်ကြပ်မတ်ပေးနိုင်မည့် supervision plan များ
ချမှတ် ဆောင်ရွက်ခြင်းများကိုလည်း ၀န်ဆောင်မှုပေးလျက်ရှိပါသည်။
Architect များစုစည်းကာ အကောင်းဆုံးဝန်ဆောင်မှု၊ ဆန်းသစ်သွက်လက်သော
ဒီဇိုင်းစိတ်ကူးစိတ်သန်းများဖြင့် လူကြီးမင်းတို့အိပ်မက်ထဲက အဆောက်အဦးများ
လက်တွေ့ဖြစ်လာအောင် အကူအညီပေးနေပါပြီ။ အဆောက်အဦးတခုကို နေရာ
ချထားခြင်းမှ နောက်ဆုံးရုပ်လုံးပေါ်လာသည်အထိ လူကြီးမင်းတို့ရဲ့စိတ်ကူးအ
တိုင်း ဖြစ်လာဖို့ ကျွန်တော်တို့အဖွဲ့လေးက အပြည့်အ၀တာဝန်ယူပါသည်။
ယုံကြည်မှုလေးသာ ယူခဲ့ပေးပါ ကျွန်တော်တို့တတ်စွမ်းသလောက် ဆောင်ရွက်
ပေးသွားပါလိမ့်မည်။ အဆောက်အဦးအား Architect မပါပဲ ကန်ထရိုက်တာ၊
အင်ဂျင်နီယာဖြင့်သာ ဆောက်လုပ်ခဲ့သည့်ခေတ်မှ ယနေ့အသွင်မတူသောဒီဇိုင်း
စိတ်ကူးများဖြင့် လတ်ဆတ်သော အဆောက်အဦးပုံစံ နှင့်တဆင့်မြင့်မားသော
လူနေထိုင်မှု ပုံစံဖြင့် ဘ၀အားကျေနပ်ဖွယ်အပြည့်ဖြင့် ဖြတ်သန်းကြည့်လိုက်ပါ။
ကျွန်တော်တို့အဖွဲ့လေးကို Design4U လို့ပေးထားပါတယ်။ လူကြီးမင်းတို့အိမ်
လေးတွေရဲ့ စိတ်တိုင်းမကျတဲ့ အစိတ်အပိုင်းလေးတွေ ဖြစ်စေ၊ ရုံးခန်းလေးရဲ့ဖွဲ့
စည်းပုံကို အလိုမကျလို့ ပြန်လည်ပြောင်းလဲ လိုရင်ဖြစ်စေ renovation work ကို
လည်းစိတ်တိုင်းကျသည်အထိ ရေးဆွဲပုံဖော်ပေးဦး မှာဖြစ်ပါတယ်။ တကယ်လို့
လူကြီးမင်းတို့ရဲ့ လက်ရှိဆောက်လုပ်ပြီးသား အိမ် ၊ ရုံးခန်း ၊ တိုက်ခန်း တွေရဲ့
အတွင်းပိုင်းအပြင်အဆင်တွေ ကိုငြီးငွေ့လို့ Interior Design ကိုပြောင်းလဲလို
ရင်လည်း ကျွန်တော်တို့က Conceptual Design နဲ့အတူ သုံးစွဲမယ့် Material
များကို လူကြီးမင်းတို့နဲ့ ညှိနှိုင်း ရေးဆွဲပေးဦးမှာ ဖြစ်ပါတယ်။
အခုမှစဖွင့်ရတဲ့ ဒီပေ့ခ်ျလေးအပေါ်မှာ မပြည့်စုံခဲ့ရင် ၊တစုံတရာ စိတ်မကျေနပ်စ
ရာလေးများ ကြုံခဲ့ရင်အဖွဲ့ကိုယ်စား တောင်းပန်ပါတယ် ခင်ဗျား။
နောက်အလျဉ်းသင့်ရင်သင့်သလို အဖွဲ့လိုက်၊ ကျွန်တော်တယောက်တည်း
ဆောင်ရွက်ခဲ့တဲ့ project လေးတွေလည်း တင်ပေးသွားဦးမှာပါ။ စိတ်ဝင်စားလို့
ဆွေးနွေးချင်ရင်ပဲဖြစ်ဖြစ် လုပ်ငန်းအပ်နှံချင်ရင်ပဲဖြစ်ဖြစ် တိုင်ပင်ချင်လို့ပဲဖြစ်ဖြစ်
အချိန်မရွေး ဆက်သွယ်နိုင်ပါတယ် ... ။
HEIN ZAW HTET
PP> 095027536
Design Executive
Design4U ( Design Group )
Architectural practice
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Architectural practice, Daw Thein Tin Street, Yangon.
Want your business to be the top-listed Gym/sports Facility in Yangon?
Click here to claim your Sponsored Listing.
Click here to claim your Sponsored Listing.
Location
Telephone
Website
Address
Daw Thein Tin Street
Yangon