26/04/2026
တိုင်းဒေသကြီးနှင့်ပြည်နယ် အမျိုးသားယူ-၁၈ ပြိုင်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီးအသင်း အုပ်စု(က) တွင် ယှဉ်ပြိုင်ရမည်။
***********************************
၂၀၂၆ ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် အမျိုးသားယူ-၁၈ ဘောလုံးပြိုင်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီး အမျိုးသားယူ-၁၈ အသင်းသည် အုပ်စု(က)တွင် ကရင်ပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ် အသင်းတို့နှင့် တစ်အုပ်စုထဲ ကျရောက်ခဲ့သည်။ အဆိုပါ အုပ်စု(က)၏ ပွဲစဉ်များကို ကရင်ပြည်နယ် က အိမ်ရှင်အဖြစ် လက်ခံကျင်းပမည်ဖြစ်ရာ အုပ်စု(က)၏ ပွဲစဉ်အားလုံးကို ဘားအံမြို့တွင် သွားရောက်ယှဉ်ပြိုင်ရမည်ဖြစ်သည်။
တခြားအုပ်စုပွဲစဉ်များအဖြစ် အုပ်စု(ခ)တွင် အိမ်ရှင် ပဲခူးတိုင်းဒေသကြီး၊ နေပြည်တော်၊ ချင်းပြည်နယ် နှင့် မကွေးတိုင်းဒေသကြီး၊ အုပ်စု (ဂ)တွင် အိမ်ရှင် ရှမ်းပြည်နယ်၊ ကယားပြည်နယ်၊ မွန်ပြည်နယ် နှင့် တနင်္သာရီတိုင်းဒေသကြီး၊ အုပ်စု(ဃ) တွင် အိမ်ရှင် ဧရာဝတီတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး နှင့် ကချင်ပြည်နယ် တို့ ယှဉ်ပြိုင်ရမည်ဖြစ်သည်။
ပြိုင်ပွဲကို လာမည့် မေလ ၁၉ ရက်မှ ဇွန်လ ၃ ရက်အထိ ကျင်းပမည်ဖြစ်ရာ အုပ်စု(၄)အုပ်စုကို ဘားအံမြို့၊ ပုသိမ်မြို့၊ ပဲခူးမြို့နှင့် တောင်ကြီး မြို့တို့တွင် ကျင်းပသွားမည်ဖြစ်သည်။ ကွာတားဖိုင်နယ်မှ ဗိုလ်လုပွဲ အဆင့်အထိ ပွဲစဉ်များကို ရန်ကုန်မြို့တွင် ကျင်းပသွားမည်ဖြစ်ရာ ပဒေသာအားကစားကွင်၊ ပဒုမ္မာကွင်း၊ ဒဂုံမြို့သစ်(တောင်ပိုင်း)အားကစားကွင်း နှင့် ဗိုလ်လုပွဲစဉ်ကို သုဝဏ္ဏအားကစားကွင်းတွင် ကျင်းပမည် ဖြစ်သည်။
#2026
17/04/2026
ရန်ကုန်တိုင်းဒေသကြီးဘောလုံးအဖွဲ့ချုပ် ၏ နှစ်သစ်ဆုမွန်ကောင်း
******************************
ယနေ့ကျရောက်သော မြန်မာသက္ကရာဇ် ၁၃၈၈ ခုနှစ် နှစ်သစ်ကူး အခါသမယမှစ၍ မြန်မာပြည်သူ၊ ပြည်သား အားလုံး ကောင်းကျိုးချမ်းသာ မင်္ဂလာအဖြာဖြာနှင့် ပြည့်စုံကြပါစေ၊ ကျန်းမာ၊ ချမ်းသာစွာနှင့် စီးပွားဥစ္စာများ ဒီရေအလား တိုးပွားကြပါစေ၊ ဘေးအန္တရာယ်ခပ်သိမ်းမှ ကင်းဝေးကြပါစေကြောင်း ဆုတောင်းမေတ္တာပို့သအပ်ပါသည်။
13/04/2026
UNESCO ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ်စာရင်းဝင် မြန်မာ့နှစ်သစ်ကူး အတာသင်္ကြန် အခါသမယမှာ မြန်မာပြည်သူ၊ ပြည်သား အားလုံး စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာစွာ နဲ့ ဘေးသယာများ ဝေးကွာပြီး နှစ်သစ်ကို အေးချမ်းပျော်ရွှင်စွာ ဖြတ်သန်းနိုင်ကြပါစေကြောင်း ရန်ကုန်တိုင်းဒေသကြီးဘောလုံးအဖွဲ့ချုပ်မှ ဆုမွန်ကောင်းတောင်းအပ်ပါတယ်။
30/03/2026
မည်သူမဆို ပါဝင်လျှောက်ထားနိုင်မယ့် နွေရာသီ အခမဲ့ဘောလုံးသင်တန်း
********************************
ဘောလုံးကို စိတ်ပါဝင်စားတဲ့ 👦👧 ကလေးငယ်များအတွက် ရန်ကုန်တိုင်းဒေသကြီးဘောလုံးအဖွဲ့ချုပ် ရဲ့ အခမဲ့ နွေရာသီ အခြေခံဘောလုံးသင်တန်းကို စာရင်းပေးသွင်းနိုင်ပါပြီ 🙌
🏟️ တောင်ဥက္ကလာပမြို့နယ်ရှိ မြသီတာဘောလုံးကွင်းမှာ ရန်ကုန်တိုင်းဒေသကြီးဘောလုံးအဖွဲ့ချုပ်၊ Yangon City FC နှင့် Future Stars Football Training တို့ ပူးပေါင်းပြီး လာမယ့် ဧပြီလနှင့် မေလအတွင်း ဖွင့်လှစ်သင်ကြားပေးသွားမှာ ဖြစ်ပါတယ်။
📌 သင်တန်းအချက်အလက်
📅 သင်တန်းကာလ – 2.4.2026 မှ 28.5.2026
📆 သင်တန်းရက်များ – အပတ်စဉ် အင်္ဂါ နှင့်ကြာသပတေး
⏰ အချိန် – မနက် 7:00 မှ 9:00 အထိ
📍 နေရာ – မြသီတာဘောလုံးကွင်း (တောင်ဥက္ကလာပ)
👶 အသက်အရွယ် – ၉ နှစ် မှ ၁၄ နှစ်အထိ
👥 လက်ခံမည့်ဦးရေ – ၇၀ ယောက်
📝 စာရင်းပေးသွင်းရန်
📅 မတ်လ ၃၁ ရက် မှ ဧပြီလ ၂ ရက်အထိ
⏰ မနက် ၁၀ နာရီမှ ညနေ ၃ နာရီအတွင်း
📍 ပဒေသာအားကစားကွင်း (၄) ထပ်ဆောင် တွင် လျှောက်လွှာယူ၍ စာရင်းပေးသွင်းနိုင်ပါတယ်။
📎 လိုအပ်သောစာရွက်စာတမ်းများ –
• မှတ်ပုံတင် မိတ္တူ (သို့)
• ကျောင်းသားကတ် မိတ္တူ (သို့)
• အိမ်ထောင်စုစာရင်း မိတ္တူ
📢 မှတ်ချက်
သတ်မှတ်ချက်နှင့် ကိုက်ညီပြီး
ပထမဆုံး စာရင်းပေးသွင်းသူ ၇၀ ယောက် ကို
နည်းပြအဖွဲ့မှ စိစစ်ရွေးချယ်သင်ကြားပေးမှာ ဖြစ်ပါတယ်။
💪 Professional Coaches များနှင့်အတူ စနစ်တကျလေ့ကျင့်ပြီး ⚽ ဘောလုံးအရည်အသွေး တိုးတက်စေမည့် အခွင့်အရေးကို လက်လွတ်မခံပါနဲ့!
သင်တန်းအပြီးမှာ သင်တန်းဆင်း လက်မှတ်များကိုပါ ပေးအပ်သွားမှာ ဖြစ်ပါတယ်။
လျှောက်လွှာရယူဖို့ ဆက်သွယ်ရန်
အမည် – ဦးဝင်းသီဟ
ဖုန်း - 09785625263
ပဒေသာအားကစားကွင်း၊ ၄ထပ်ဆောင်၊ (ရုံးချိန်အတွင်းသာ)
#နွေရာသီဘောလုံးသင်တန်း #အခမဲ့ဘောလုံးသင်တန်း
23/03/2026
ရန်ကုန်တိုင်းဒေသကြီးဘောလုံးအဖွဲ့ချုပ်မှ မိသားစုနှင့်ထပ်တူ ဝမ်းနည်းကြေကွဲရပါသည်။
တက္ကသိုလ်ဘောလုံးအသင်း၊ ဘဏ္ဍာအခွန်ကလပ်အသင်း၊ မြန်မာ့လက်ရွေးစင်ဘောလုံးသမားဟောင်း၊ မြန်မာ့လက်ရွေးစင်အမျိုးသားဘောလုံးအသင်း၊ အမျိုးသမီးဘောလုံးအသင်းတို့၏ နည်းပြချုပ်ဟောင်း ၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၏ နည်းစနစ်ဒါရိုက်တာဟောင်း၊ တွဲဖက်အထွေထွေအတွင်းရေးမှုးဟောင်း နှင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် နည်းစနစ်ကော်မတီဥက္ကဌ စသည့်တာဝန်များကို ထမ်းဆောင်ခဲ့သည့် ဦးတင်မြင့်အောင် ကွယ်လွန်သွားခြင်းအတွက် ကျန်ရစ်သူမိသားစုနှင့်အတူ ထပ်တူထပ်မျှ ဝမ်းနည်းကြေကွဲရပါသည်။
07/03/2026
Happy Birthday Our Senior Vice President 🎂
ရန်ကုန်တိုင်းဒေသကြီးဘောလုံးအဖွဲ့ချုပ် အကြီးတန်းဒုတိယဥက္ကဌ ဦးချစ်ကိုကို ၏ ယနေ့တွင် ကျရောက်သော မွေးနေ့မွေးရက်မြတ်မှသည် နောင်နှစ်ပေါင်းများစွာတိုင် အောင်မြင်မှု၊ ပျော်ရွှင်မှု၊ သာယာအေးချမ်းမှုတို့နှင့်အတူ ဘဝခရီးလမ်းကို ဆက်လက်လျှောက်လှမ်းနိုင်ပါစေကြောင်း၊ လုပ်ငန်းများလည်း ဆထက်တပိုး အောင်မြင်မှု ရရှိပါစေကြောင်း ရန်ကုန်တိုင်းဒေသကြီး ဘောလုံးအဖွဲ့ချုပ် အုပ်ချုပ်မှုအဖွဲ့၊ နည်းပြများ၊ ကစားသမားများက ဆုမွန်ကောင်းတောင်းအပ်ပါသည်။
07/01/2026
ရှမ်းပြည်နယ် တောင်ကြီးမြို့တွင် ကျင်းပမည့် ကမ္ဘောဇဖလား အလွတ်တန်းဖိတ်ခေါ်ပြိုင်ပွဲအတွက် ကြိုတင်ပြင်ဆင်နေသည့် ရန်ကုန်တိုင်းလူငယ်အသင်း (Junior City) အသင်းသည် ယနေ့ညနေက အာရှဖလားပြိုင်ပွဲဝင် မြန်မာယူ-၁၇ အသင်းနှင့် သုဝဏ္ဏကွင်းတွင် ခြေစမ်းပွဲ ယှဉ်ပြိုင်ကစားခဲ့ရာ တစ်ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည်။
အဆိုပါ ခြေစမ်းပွဲကို မိနစ် ၃၀ (၃) ပိုင်း ယှဉ်ပြိုင်ကစားစေခဲ့ပြီး ပထမပိုင်းပွဲချိန် ၁၄ မိနစ်တွင် ကျော်ထက်အောင် ၏ သွင်းဂိုးဖြင့် ဦးဆောင်နိုင်ခဲ့ခြင်း ဖြစ်သည်။ ပွဲချိန် ဒုတိယပိုင်း နှင့် တတိယပိုင်း တို့တွင် နှစ်ဖက် အပြန်အလှန်တိုက်စစ်ဆင်ကစားခဲ့သော်လည်း ဂိုးအဖြစ် ပြောင်းလဲနိုင်ခဲ့ခြင်း မရှိသောကြောင့် ပွဲပြီးဆုံးချိန်တွင် Junior City အသင်းက အနိုင်ရရှိခဲ့ခြင်း ဖြစ်သည်။
Junior City အသင်းသည် တိုင်းဒေသကြီးနှင့်ပြည်နယ်ပြိုင်ပွဲဝင် ရန်ကုန်တိုင်းယူ-၁၈ အသင်းကို အခြေခံဖွဲ့စည်းထားခြင်း ဖြစ်ပြီး လက်ရှိတွင် ကစားသမား ၃၁ ဦးဖြင့် ဖွဲ့စည်းပြင်ဆင်လျက်ရှိကာ ကမ္ဘောဇဖိတ်ခေါ်ဖလားပြိုင်ပွဲအတွက် အဆင့်ဆင့်စီစစ်ရွေးချယ်သွားမည်ဖြစ်သည်။
28/11/2025
အဌမအကြိမ်မြောက် MFF Congress ကို ရန်ကုန်တိုင်းဒေသကြီးဘောလုံးအဖွဲ့ချုပ် အကြီးတန်းဒုတိယဥက္ကဌ တက်ရောက်
မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် MFF ၏ (၈) ကြိမ်မြောက် MFF Congress ကို ယနေ့ မနက်က ရန်ကုန်မြို့ Novotel Hotel တွင် ကျင်းပခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီးဘောလုံးအဖွဲ့ချုပ် အကြီးတန်းဒုတိယဥက္ကဌ ဦးချစ်ကိုကို တက်ရောက်ခဲ့သည်။
ယခုညီလာခံတွင် ၂၀၂၅ ခုနှစ်၏ ဘဏ္ဍာရေးအစီရင်ခံစာကို ပြန်လည်အတည်ပြုခြင်း၊ ၂၀၂၅ ခုနှစ်အတွင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၏ ဆောင်ရွက်မှုများကို ရှင်းလင်းတင်ပြခြင်း၊ ၂၀၂၅ ခုနှစ် ရငွေ၊ သုံးငွေ၊ လက်ကျန်ငွေ စာရင်းများကို တင်ပြခြင်း၊ ၂၀၂၆ ခုနှစ်အတွက် သုံးစွဲမည့် လျာထားဘဏ္ဍာရေးစာရင်း တင်ပြခြင်း၊ အလုပ်အမှုဆောင်အဖြစ် မြန်မာ့လက်ရွေးစင်ကစားသမားဟောင်း ဦးအောင်အောင်ဦး အား ရွေးချယ် တင်မြောက်ခြင်း အစရှိသည့် လုပ်ငန်းစဉ်များကို ပြုလုပ်ခဲ့သည်။
Yangon Region Football Association Senior Vice President Attends the 8th MFF Congress
The Myanmar Football Federation (MFF) held its 8th MFF Congress this morning at Novotel Hotel in Yangon, with U Chit Ko Ko, Senior Vice President of the Yangon Region Football Association, in attendance.
During the congress, several key matters were addressed, including the approval of the 2025 financial report, presentation of the MFF’s activities for 2025, submission of income, expenditure, and balance sheets for 2025, and the proposed budget for 2026. Additionally, former Myanmar national team player U Aung Aung Oo was nominated and confirmed for an executive position.
22/11/2025
Congratulations Our Guy 👏👏
ယနေ့ယှဉ်ပြိုင်ကစားခဲ့တဲ့ မြန်မာယူ-၁၇ အသင်းနဲ့ အာဖကန်နစ္စတန်ယူ-၁၇ အသင်းတို့ရဲ့ အာရှဖလား ခြေစစ်ပွဲစဉ်မှာ မြန်မာအသင်းအတွက် အဖိုးတန်အနိုင်ဂိုးကို ရန်ကုန်တိုင်းယူ-၁၈ အသင်း၏ ကစားသမား ရဲနိုင်အောင် က သွင်းယူပေးခဲ့တာဖြစ်ပါတယ်။
ရဲနိုင်အောင် ဟာ ၂၀၂၅ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် ယူ-၁၈ ပြိုင်ပွဲဝင် ရန်ကုန်တိုင်းဒေသကြီး ယူ-၁၈ အသင်းရဲ့ ကစားသမား တစ်ဦးဖြစ်ပါတယ်။
In today’s AFC qualifying match between the Myanmar U-17 team and the Afghanistan U-17 team, Yangon Region U-18 player Ye Naing Aung scored the valuable winning goal for Myanmar.
Ye Naing Aung is a member of the Yangon Region U-18 team, which will compete in the 2025 States and Regions U-18 Tournament.
21/11/2025
တိုင်းမှသည် ပရော်ဖက်ရှင်နယ်သို့
******************************
ရန်ကုန်တိုင်းဒေသကြီးဘောလုံးအဖွဲ့ချုပ်အနေဖြင့် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ ကြီးမှုးကျင်းပလျက်ရှိသည့် တိုင်းဒေသကြီးနှင့်ပြည်နယ် ဘောလုံးပြိုင်ပွဲများတွင် အောင်မြင်မှု ရရှိစေနိုင်ရေး ရည်မှန်းဆောင်ရွက်လျက်ရှိသလို တိုင်းဒေသကြီးအတွင်းမှ မျိုးဆက်သစ်ကစားသမားများ ထွက်ပေါ်လာစေရေးအတွက်လည်း ကြိုးစားဆောင်ရွက်လျက်ရှိပါတယ်။ အဖွဲ့ချုပ်၏ လုပ်ငန်းတာဝန်များကို ဆောင်ရွက်ရာတွင် အောင်မြင်မှု ရရှိစေရေး တစ်ခုတည်းအတွက် မဟုတ်ပဲ ရန်ကုန်တိုင်းဒေသကြီး ဘောလုံးအဖွဲ့ချုပ်၏ အဓိက ဆောင်ပုဒ်ဖြစ်တဲ့ ရည်မှန်းချက်ပန်းတိုင်အတွက် တံတားတစင်း ဆိုသည့် ဦးတည်ချက်နှင့်အညီ တိုင်းဒေသကြီး ကိုယ်စားပြု ကစားခဲ့သည့် ကစားသမားများ ပြိုင်ပွဲများ ဆက်လက်ယှဉ်ပြိုင်ခွင့် ရရှိစေရေး၊ တိုင်းအဆင့်မှ ပရော်ဖက်ရှင်နယ်ပြိုင်ပွဲများသို့ တက်လှမ်းယှဉ်ပြိုင်ခွင့် ရရှိစေရေး စတဲ့ ရည်မှန်းချက်များဖြင့် လုပ်ငန်းတာဝန်များ ဆောင်ရွက်ပေးလျက် ရှိပါတယ်။
လက်ရှိမှာဆိုရင်လည်း မကြာခင်က ကျင်းပခဲ့တဲ့ တိုင်းဒေသကြီးနှင့်ပြည်နယ်ယူ-၁၈ ပြိုင်ပွဲဝင် ရန်ကုန်တိုင်းဒေသကြီးအသင်းကို မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ ကျင်းပနေသည့် ပရော်ဖက်ရှင်နယ်လိဂ် ပြိုင်ပွဲတစ်ခုမှာ ထပ်မံမြင်တွေ့ရတော့မှာ ဖြစ်ပါတယ်။ အဆိုပါအသင်းကို တိုင်းဒေသကြီးနှင့်ပြည်နယ် ယူ-၁၈ ပြိုင်ပွဲကျင်းပပြီးစီးခဲ့သည့် ဇူလိုင်လကတည်းက ဆက်လက်စခန်းသွင်းလေ့ကျင့်စေခဲ့ပြီး ကစားသမား ရွေးချယ်မှုများ ဆက်လက်ပြုလုပ်ထားခဲ့တာ ဖြစ်ပါတယ်။
အဆိုပါ အသင်းကို နည်းပြချုပ်အဖြစ် ဦးအေးနိုင် မှ တာဝန်ယူကိုင်တွယ်သွားမှာ ဖြစ်ပြီး အသွင်သစ်နဲ့ ပြင်ဆင်မှုအသစ်တွေကို မကြာခင်မှာ မြင်တွေ့သွားရမှာဖြစ်ပါတယ်။
From State and Region to Professional Level
As the Yangon Region Football Association, under the supervision of the Ministry of Sports and Youth Affairs, we have been working with the aim of achieving success in the Region and State football tournaments currently being held, while also striving to nurture and develop new generations of players from within the region.
In carrying out the responsibilities of the association, our goals are not only to achieve success, but also to ensure that players who have represented the region continue to receive opportunities to compete in various tournaments, and to support their pathway from regional-level competitions to professional leagues. With these objectives, we continue to carry out our duties.
At present, the Yangon Region U-18 team—which recently participated in the Region and State U-18 tournament—will soon be seen competing again in one of the professional leagues currently organized by the Myanmar Football Federation. Since the completion of the Region and State U-18 competition in July, the team has continued training in camp and further player selection has been ongoing.
The team will be led by Head Coach U Aye Naing, and a refreshed squad with new preparations will soon be revealed.