03/07/2026
တရုတ်ယဉ်ကျေးမှုမှာ လူတစ်ယောက်ရဲ့ စရိုက်၊ အမူအရာနဲ့ ပုံစံတွေကို တိရစ္ဆာန်တွေနဲ့ ခိုင်းနှိုင်းပြီး တင်စားလေ့ရှိကြပါတယ်။
နေ့စဉ်သုံးစကားတွေထဲမှာ အသုံးအများဆုံး စကားလုံးအချို့မှာ
千里马 (Qiānlǐmǎ) -မိုင်ထောင်ချီပြေးနိုင်သောမြင်း
ဆိုလိုရင်း : ပါရမီအင်မတန် ထက်မြက်ပြီး ရှေ့အလားအလာ အဝေးကြီးရှိတဲ့ "လူရည်ချွန်၊ လူတော်ကြီးများ" ကို တင်စားတာ ဖြစ်ပါတယ်။
纸老虎 (Zhǐlǎohǔ) - စက္ကူကျား
ဆိုလိုရင်း : အပြင်ပန်းကြည့်ရင်တော့ ကြောက်စရာကြီးလိုလိုနဲ့ တကယ်တမ်းကျ ဘာမှအသုံးမကျဘဲ အဖြစ်မရှိ၊ အားနည်းလွန်းတဲ့ "အပေါ်ယံ ကြောက်စရာ လူ သို့မဟုတ် အဖွဲ့အစည်း" တွေကို ပြောတာပါ။
铁公鸡 (Tiěgōngjī) - သံကြက်ဖ
ဆိုလိုရင်း : သံနဲ့လုပ်ထားတဲ့ ကြက်ဖဆိုတော့ အမွေးတစ်ပင်တောင် နှုတ်လို့မရဘူးပေါ့။ အင်မတန် ကပ်စေးနှဲပြီး တပြားမှ အပဲ့မခံတဲ့ "တွန့်တိုကပ်စေးနှဲသူ" တွေကို ခေါ်တာ ဖြစ်ပါတယ်။
变色龙 (Biànsèlóng) - ပုတ်သင်ညို
ဆိုလိုရင်း : ပတ်ဝန်းကျင် အခြေအနေကို ကြည့်ပြီး အရောင်ပြောင်းတတ်တဲ့ ပုတ်သင်ညိုလိုပဲ... ကိုယ့်အကျိုးစီးပွားအတွက် မျက်နှာပူစရာမလိုဘဲ လေယူရာယိမ်းတတ်တဲ့ "မျက်နှာလို မျက်နှာရ လူမျိုး" ကို နှိုင်းယှဉ်တာပါ။
井底蛙 (Jǐndǐwā) - တွင်းထဲက ဖားသူငယ်
ဆိုလိုရင်း : မြန်မာစကားအတိုင်း "ရေတွင်းထဲက ဖား" ပေါ့ဟ။ ကမ္ဘာကြီးကို ကျယ်ကျယ်ပြန့်ပြန့်မမြင်ဘဲ အမြင်ကျဉ်းမြောင်း၊ အမြင်တိုပြီး ကိုယ်သိတာလေးပဲ အဟုတ်ကြီး ထင်နေသူတွေကို ပြောတာပါ။
寄生虫 (Jìshēngchóng) - ကပ်ပါးကောင်
ဆိုလိုရင်း : ကိုယ်တိုင် ဘာမှမလုပ်ဘဲ သူတစ်ပါးအပေါ်မှာပဲ ခိုကပ်ပြီး မှီခိုစားသောက်နေတဲ့ "အလုပ်မလုပ်ဘဲ အချောင်ခိုသူ" တွေကို ခေါ်တာ ဖြစ်ပါတယ်။
夜猫子 (Yèmāozi) - ဇီးကွက်
ညဘက်ကျမှ မျက်စိပွင့်ပြီး ဉာဏ်ကောင်း၊ အလုပ်လုပ်နိုင်တဲ့ "ညဉ့်နက်သန်းခေါင်မှ အိပ်တတ်သူ (Night Owl)" တွေကို ပြောတာပါ။
替罪羊 (Tìzuìyáng) - အပြစ်အစားထိုးခံ ဆိတ်ကလေး
ဆိုလိုရင် : သူများလုပ်တဲ့အပြစ်ကို ကိုယ်က ကြားထဲကနေ ခေါင်းခံပြီး ခံပေးရတဲ့ "ဓားစာခံ" တွေကို နှိုင်းယှဉ်တာ ဖြစ်ပါတယ်။
墙头草 (Qiángtóucǎo) - တံတိုင်းပေါ်က မြက်ပင်
ဆိုလိုရင်း : တံတိုင်းပေါ်က မြက်ပင်ဟာ လေတိုက်တဲ့ဘက်ကို ယိမ်းသွားတတ်သလိုပဲ... မူဝါဒနဲ့ ခံယူချက်မမြဲဘဲ အားသာတဲ့ဘက်ကို ချက်ချင်း ပြောင်းလဲပူးပေါင်းသွားတတ်တဲ့ "လော်လီတတ်သူ" တွေကို ခေါ်ပါတယ်။
母老虎 (Mǔlǎohǔ) - ကျားမကြီး
ဆိုလိုရင်း : ဒေါသလည်းကြီး၊ မျက်နှာထားကလည်း ဆိုးပြီး အရမ်းရန်တွေ့တတ်တဲ့ "စရိုက်ကြမ်းတမ်း ဒေါသကြီးတဲ့ အမျိုးသမီး" တွေကို တင်စားခေါ်တာ ဖြစ်ပါတယ်။
#ပုံဆောင်စကားလုံးများ
#တရုတ်စာတရုတ်စကား
21/12/2025
21/12/2025