Training Day🏓
Table Tennis Stars-ချိန်လိန်ကိန်း
Table Tennis Training Center
20/02/2026
🏓 နွေပူပူမှာ အေးအေးလူလူနဲ့ စားပွဲတင်တင်းနစ် ကစားကြမယ်
အပြင်မှာ ဘယ်လောက်ပဲ ပူနေပါစေ၊ မီးတွေခဏခဏ ပျက်နေပါစေ... ကျွန်တော်တို့ Table Tennis Stars Club မှာတော့ စိုးရိမ်စရာမလိုဘူးနော်။
• အမြဲအေးမြနေမည့် Indoor ကွင်း: (Air-con) အပြည့်အဝဖြင့် အေးမြနေစေရပါမယ်။
• မီးပျက်မှာ မပူရ: ဆိုလာတပ်ထားတာဖြစ် လို့ သင်တန်းချိန်အတွင်း မီးပျက်လို့ ချွေးတလုံးလုံးဖြစ်မှာမျိုး လုံးဝ (လုံးဝ) မရှိပါဘူး။
🌟 စားပွဲတင်တင်းနစ် (Table Tennis) သင်ယူခြင်းရဲ့ အကျိုးကျေးဇူးများ
၁။ အမြင်အာရုံ ကောင်းမွန်စေခြင်း: အမြန်ရွေ့လျားနေတဲ့ ဘောလုံးလေးကို ကြည့်ရတဲ့အတွက် ကလေးတွေရဲ့ မျက်စိအားစိုက်မှုကို လေ့ကျင့်ပေးပြီး ဖုန်းကြည့်လို့ မျက်စိညောင်းတာတွေကို သက်သာစေပါတယ်။
၂။ ကိုယ်လက်လှုပ်ရှားမှုနှင့် ဖြတ်လတ်မှု: တစ်ကိုယ်လုံး လှုပ်ရှားရတဲ့အတွက် ကျန်းမာသန်စွမ်းစေပြီး တုံ့ပြန်မှု (Reflexes) မြန်ဆန်လာစေပါတယ်။
၃။ အာရုံစူးစိုက်မှု (Concentration): ကစားပွဲအပေါ် အာရုံစိုက်ရတဲ့အတွက် စာသင်ကြားတဲ့နေရာမှာလည်း အာရုံစူးစိုက်မှု ပိုကောင်းလာစေပါတယ်။
⚠️ အမြန်ဆုံး စာရင်းပေးသွင်းဖို့ လိုအပ်ချက်
သင်တန်းသားများကို အနီးကပ် သေချာသင်ကြားပေးချင်တာကြောင့် လူဦးရေ အကန့်အသတ်ဖြင့်သာ လက်ခံသွားမှာဖြစ်ပါတယ်။
16/02/2026
🧧 ပျော်ရွှင်စရာ တရုတ်နှစ်သစ်ကူး အခါသမယလေးမှာ Table Tennis Stars Club (ချိန်လိန်ကိန်း) ရဲ့ ကစားသမားတွေနဲ့ မိတ်ဟောင်းမိတ်သစ် ဘော်ဒါတွေအားလုံး စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာရှိကြပါစေလို့ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်ခင်ဗျာ... 🧧✨
နှစ်သစ်မှာ ကံကောင်းခြင်းတွေ အပြည့်နဲ့ အလုပ်အကိုင်တွေ အောင်မြင်ပါစေ၊ ပြီးတော့... ကိုယ်ချစ်တဲ့ Table Tennis ကစားရင်း လက်ရည်တွေလည်း ဒီထက်မက တိုးတက်ပါစေဦးနော်။ 🏓💪
မုန့်တွေအများကြီးစားပြီးရင်လည်း ကျန်းမာရေးအတွက် ချွေးထွက်အောင် ကစားဖို့ မမေ့နဲ့ဦးနော်။ အားလပ်ရက်မှာ အိမ်မှာပဲ ငြိမ်နေမယ့်အစား သူငယ်ချင်းတွေနဲ့အတူ ပျော်ပျော်ပါးပါး ကစားရင်း လူစုံတုန်း ဆုံကြဖို့ ကျွန်တော်တို့ Table Tennis Stars Club ကို လှမ်းခဲ့ဖို့ ဖိတ်ခေါ်ပါတယ်ဗျ။ 😍
Gong Xi Fa Cai ပါ ခင်ဗျာ! 🧧🍊🧨
#ချိန်လိန်ကိန်း
11/02/2026
"𝑷𝒓𝒆𝒑𝒂𝒓𝒆 𝒚𝒐𝒖𝒓𝒔𝒆𝒍𝒇 𝒆𝒗𝒆𝒓𝒚𝒅𝒂𝒚 𝒕𝒐 𝒃𝒆 𝒕𝒉𝒆 𝒃𝒆𝒔𝒕"
1. ဖုန်းတွေ၊ ဂိမ်းတွေအစား သားသားမီးမီးတို့ကို အကျိုးရှိစေမယ့် "နွေရာသီ စားပွဲတင်တင်းနစ်သင်တန်း" 🏓🌞📱❌
2. ဉာဏ်ရည်လည်းထက်၊ အာရုံစူးစိုက်မှုလည်း ကောင်းစေမယ့် အားကစားသူရဲကောင်းလေးတွေ ဖြစ်လာဖို့ ခုပဲ ပြင်ဆင်လိုက်ပါ! 🏓🧠🏆
3. ဒီနွေရာသီမှာ သားသားမီးမီးတို့ ပျော်ပျော်ပါးပါးနဲ့ အားကစားထူးချွန်သူလေးတွေ ဖြစ်လာဖို့ အခုပဲ စာရင်းသွင်းလိုက်ရအောင်! 🏓🌟🏃♂️
4. အာရုံစူးစိုက်မှု (Focus) နဲ့ ဆုံးဖြတ်ချက်ချနိုင်စွမ်းကို မြှင့်တင်ပေးမယ့် "နွေရာသီ စားပွဲတင်တင်းနစ် (Table Tennis) သင်တန်း" 🏓🔥✨
5. ကျောင်းပိတ်ရက်ကို အိမ်ထဲမှာတင် အချိန်မကုန်စေဘဲ စနစ်တကျနဲ့ အကျိုးရှိရှိ ဖြတ်သန်းဖို့ အမြန်ဆုံး စာရင်းပေးသွင်းလိုက်ပါ! 🏓🏃♀️⏳
နွေရာသီ အားလပ်ရက်မှာ ဖေဖေ/မေမေတို့အနေနဲ့ သင့် ကလေးရဲ့ sport talent ကိုထုတ်ဖော်ဖို့အတွက် Table Tennis Stars Club မှာရှာဖွေလိုက်ပါ🏆🏓🏓🏓
✅Fully Airconဖြစ်လို့ သက်တောင့်သက်သာ အားကစားပြုလုပ်နိုင်ပြီး အသက်၄နှစ်မှစ၍ ကျား/မ မရွေးသင်ကြားနိုင်ပါတယ်။
✅ယခုအချိန်မှာတော့ ကျွန်တော်တို့ Table Tennis Stars Club ၂ခုရှိပြီး သင်တန်း၂ခုလုံးကို TTStarsနည်းပြ team ရဲ့အမျိုးသား/အမျိုးသမီး လက်ရွေးစင်နည်းပြများမှ သင်ကြားပေးပါတယ်။
(𝟏)𝐓𝐚𝐛𝐥𝐞 𝐓𝐞𝐧𝐧𝐢𝐬 𝐒𝐭𝐚𝐫𝐬-ချိန်လိန်ကိန်း
☎️ 09 776 350 402
☎️ 09 797 251 769
ဒဂုံလွင်လမ်း၊ချိန်လိန်ကိန်းဗုဒ္ဓဘာသာဘုရားကျောင်း၊
တာမွေလေးရပ်ကွက်၊တာမွေမြို့နယ်။
(𝟐)𝐓𝐚𝐛𝐥𝐞 𝐓𝐞𝐧𝐧𝐢𝐬 𝐒𝐭𝐚𝐫𝐬-𝐆𝐨𝐥𝐝𝐞𝐧 𝐂𝐢𝐭𝐲
☎️ 09 776 350 402
☎️ 09 797 251 769
ရန်ကင်းလမ်း၊Golden City Office Tower,ရန်ကင်းမြို့နယ်။
LET'S GO 🏆
22/01/2026
အားလုံးပဲ မင်္ဂလာပါဗျာ 👋
၂၀၂၆ခုနှစ်ရဲ့Zalataw Cup ပြိုင်ပွဲကြီး လာတော့မယ်ဆိုတဲ့ သတင်းကောင်းလေး ကြိုတင်ပြောပြချင်ပါတယ် 📢
ဒီနှစ် Zalataw Cup - 2026 ကိုတော့ ဖေဖော်ဝါရီလ ၇ ရက်နဲ့ ၈ ရက်နေ့တွေမှာ ခမ်းနားစွာကျင်းပသွားမှာ ဖြစ်ပါတယ်။ 🗓️🏆
အထူးအစီအစဉ်အနေနဲ့ International School ကျောင်းများကို ဖိတ်ခေါ်ပြီး ကျင်းပသွားမှာဖြစ်လို့၊ ကိုယ့်ကျောင်းရဲ့ အားကစားသမားလေးတွေ စွမ်းရည်ပြသဖို့ အကောင်းဆုံးအခွင့်အရေးဖြစ်ပါတယ်ခင်ဗျား။
Zalataw Cup မှာ ပါဝင်ယှဉ်ပြိုင်ဖို့ စိတ်ဝင်စားတဲ့ International Schools အသင်းများ (သို့မဟုတ်) ကျောင်းကိုယ်စားလှယ်များအနေနဲ့ ပြိုင်ပွဲအသေးစိတ်အချက်အလက်တွေနဲ့ စာရင်းပေးသွင်းဖို့အတွက် ဖော်ပြပါ ဖုန်းနံပါတ်များသို့ အမြန်ဆုံး ဆက်သွယ်မေးမြန်းနိုင်ပါပြီခင်ဗျာ။ 📞
Zalataw Cup ရဲ့ စိတ်လှုပ်ရှားဖွယ်ရာ အားကစားပွဲတော်မှာ အတူတူပျော်ရွှင်ကြဖို့ ဖိတ်ခေါ်လိုက်ပါတယ်နော်! ကစားသမားကောင်းတွေရဲ့ စွမ်းရည်ပြသမှုတွေကို မြင်တွေ့ရဖို့ ရင်ခုန်နေပါပြီ! 💪🎉
ကဲ .. ဘေးလေးကိုကပ်😎
Independence Day Team Tournament 🏓🏆
31/12/2025
နှစ်သစ် ၂၀၂၆ ၏ မင်္ဂလာအပေါင်းနှင့် ပြည့်စုံပါစေကြောင်း Table Tennis Stars Club မှ စားပွဲတင်တင်းနစ် ချစ်သူများ၊ အသင်းဝင်များနှင့် ပရိသတ်များအားလုံးကို ဆုမွန်ကောင်း တောင်းအပ်ပါတယ်ခင်ဗျား။ 💖🎉
ဒီနှစ်သစ်မှာ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာရွှင်လန်းပြီး စားပွဲတင်တင်းနစ် လောကမှာ အောင်မြင်မှုသစ်တွေ၊ စွမ်းဆောင်မှုသစ်တွေ အများကြီး ရရှိကြပါစေလို့ ဆန္ဒပြုပါတယ်။ 🏓✨ ကစားသမားတိုင်း မိမိတို့ရဲ့ ရည်မှန်းချက်ပန်းတိုင်တွေကို ရောက်ရှိအောင် ကြိုးစားနိုင်ပါစေ၊ အားကစားစိတ်ဓာတ်အပြည့်နဲ့ ပျော်ရွှင်စွာ ကစားနိုင်ကြပါစေလို့လည်း ဆုတောင်းပေးပါတယ်။ 💪🌟
ကျွန်တော်တို့ Table Tennis Stars Club အနေနဲ့လည်း ၂၀၂၆ ခုနှစ်မှာ စားပွဲတင်တင်းနစ် အားကစား ပိုမိုတိုးတက်ပြန့်ပွားစေဖို့၊ ကစားသမားကောင်းတွေ ပေါ်ထွက်လာဖို့အတွက် အစီအစဉ်သစ်တွေ၊ လေ့ကျင့်ရေး အစီအစဉ်တွေ၊ ပြိုင်ပွဲတွေ အများအပြား ကျင်းပသွားဖို့ စီစဉ်နေပါတယ်။ အတူတကွ ပူးပေါင်းပါဝင်ပြီး အားပေးကြပါဦးလို့ ဖိတ်ခေါ်ရင်း အားလုံးအတွက် ပျော်ရွှင်စရာကောင်းတဲ့ နှစ်သစ်တစ်ခု ဖြစ်ပါစေကြောင်း ထပ်မံဆုတောင်းလိုက်ပါတယ် ခင်ဗျား။ 🥳🤝
Table Tennis Stars Club မှ နွေးထွေးစွာ လှိုက်လှဲစွာ ကြိုဆိုပါသည်။
#စားပွဲတင်တင်းနစ် #နှစ်သစ်မင်္ဂလာ
𝟮𝟬𝟮𝟱𝗥𝗲𝗰𝗮𝗽🏓
𝗧𝗮𝗯𝗹𝗲 𝗧𝗲𝗻𝗻𝗶𝘀 𝗦𝘁𝗮𝗿𝘀 𝗖𝗹𝘂𝗯'𝘀 𝟱
𝘆𝗲𝗮𝗿𝘀 𝗔𝗻𝗻𝗶𝘃𝗲𝗿𝘀𝗮𝗿𝘆 🎉
Table Tennis Stars Club ဖြစ်တည်ခြင်းရဲ့အစဖြစ်တဲ့
Table Tennis Stars ချိန်လိန်ကိန်း Club ဖွင့်လှစ်ခဲ့တာဟာ ယနေ့ဆိုရင် 5နှစ် တိတိပြည့်သွားခဲ့ပါပြီ။🙏😇
5နှစ်တာ အမှတ်တရများကိုလဲဖော်ပြလိုက်ရပါတယ်ခင်ဗျာ
𝕊𝕨𝕖𝕒𝕥 𝕟𝕠𝕨. 𝕊𝕙𝕚𝕟𝕖 𝕝𝕒𝕥𝕖𝕣
Click here to claim your Sponsored Listing.
Location
Category
Website
Address
Dagon Lwin Street Chinese Temple, Tamwe
Yangon
R5G7+H7YANGON