18/05/2023
Next Level Fitness Centre မှ မိမိရဲ့အိမ်မှာပဲ workout လုပ်ချင်သူများအတွက် Home PT များလိုက်လံပြသပေးနေပါတယ်ဗျ
မိမိရဲ့အိမ်မှာပဲ workoutလုပ်ချင်သူများ cbတွင်ဆက်သွယ်မေးမြန်းလို့ရပါတယ်ဗျ
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Next Level Fitness Centre, Gym/Physical Fitness Center, Yangon.
18/05/2023
Next Level Fitness Centre မှ မိမိရဲ့အိမ်မှာပဲ workout လုပ်ချင်သူများအတွက် Home PT များလိုက်လံပြသပေးနေပါတယ်ဗျ
မိမိရဲ့အိမ်မှာပဲ workoutလုပ်ချင်သူများ cbတွင်ဆက်သွယ်မေးမြန်းလို့ရပါတယ်ဗျ
20/03/2023
သင့်ရဲ့ကြံ့ခိုင်မှုကိုမြင့်တင်ဖို့အတွက်
Next Level မှကူညီပေးပါရစေ။
Home Personal Training ကစားချင်သူများ ဆက်သွယ်လို့ ရပါပီဗျ
☎️09420030631
How to prevent from Injury ? 🤔
ကျွန်တော်တို့ Exercise လုပ်တဲ့အခါမှာ အရေးကြီးဆုံး သတိထားရမဲ့အချက်က (Injury) မဖြစ်ဖို့ပါ။ Injury
သေးသေး ကြီးကြီး မဖြစ်အောင် ဂရုစိုက်ခြင်းသည်အကောင်းဆုံးပါပဲ ။ Injury ဖြစ်ပီဆိုရင်တော့ အနားယူရပီး ကျွန်တော်တို့ရောက်ချင်တဲ့ Body Goal တွေက အချိန်ကာလတစ်ခုကြာမှာ ဖြစ်ပါတယ်။
ကဲ ဒါဆို injuryမဖြစ်အောင်ဘယ်လိုကာကွယ်မလဲ?
( 1 ) ပထမဦးဆုံး အနေဖြင့် ကျွန်တော်တို့ ဆော့မည့် Muscle ကို* Stretching အရင်လုပ်ကို လုပ်ရပါမယ်။
Muscle တွေ က thightness (တင်းကျပ်မူ့)
မဖြစ်ပဲ Flexible (ပျော့ပြောင်း) ဖြစ်ပီး Movement တွေမှာ injury မဖြစ်ပဲ Performance တိုးကာ Injury risk နဲ့ ဝေးကွာမည် ဖြစ်ပါတယ်။
(2) ဒုတိယအနေနဲ့ကတော့ ကျွန်တော်တို့ရဲ့ အဆစ် joint များကို mobilizationလုပ်ရပါမယ်။ Jointများကို mobilization လုပ်ခြင်းအားဖြင့် ကျွန်တော်တို့ joint pain တွေ ကိုသက်သာစေမဲ့အပြင် Jointတွေ့ရဲ့ လှုပ်ရှားမူ့ ရွေ့ရှားမူ့ က mobilization လုပ်ခြင်းကြောင့် ပိုမိုကောင်းမွန်လာပီး Injury risk နဲ့ဝေးကွာမည်ဖြစ်ပါတယ်။
(3) တတိယအနေနဲ့ကတော့ ကျွန်တော်တို့ Stretching နှင့် Mobilizeလုပ်ပီး Exercise တန်း လုပ်လို့မရသေးပါ warm up အရင်လုပ်ရပါမယ်။
Warm up လုပ်ပီးမှသာ ကျွန်တော်တို့ဆော့မဲ့သက်ဆိုင်ရာ Exercise ကို သေချာထိထိမိမိ Trainသင့်ပါတယ်ခဗျ။
အဆုံးထိဖတ်ပေးလို့ကျေးဇူပါဗျ။
Crd
13/03/2023
အဆီချခြင်းရဲ့ ရည်ရွယ်ချက် အရေးကြီးပါတယ်။✅
သင့်အနေနဲ့
ကျန်းကျန်းမာမာ အဆီကျလာတာကို လိုချင်တဲ့လူဖြစ်တယ်ဆိုရင် သင့်ရည်ရွယ်ချက်ကိုအမြဲသတိရပါ။
အဆီချတဲ့ ဖြစ်စဥ်မှာ အဆီကင်းတဲ့ အခြေအနေကို မရောက်သေးတဲ့ အဓိကအကြောင်းအရင်းကတော့
အဆီချတယ်ဆိုတဲ့ အကြောင်းကို
လွဲမှားစွာသိနေပြီး
အခြားသော ကိုယ်အလေးချိန်ကျဆင်းမှုတွေနှင့်
သင့်ကိုယ်သင် အလွန်အမင်း တိုင်းတာနေသေးတဲ့အချက်လည်း ပါဝင်ပါတယ်။
လူ့ ခန္ဓာကိုယ်ဟာ အချိန်တိုအတွင်း အဆီထုထည်တွေ
အလျင်အမြန် ဖျက်ခနဲ ဖျက်ခနဲ ကျဆင်းစေတာမျိုး
သဘာဝမှာမရှိပါဘူး။
သင့်အနေနဲ့ ဒါကိုလက်မခံပဲ အလေးချိန်ကျရင်ပြီးရော
အစားအသောက်ကို လုံးဝလျော့ချမယ်ဆိုရင်
လိုအပ်တဲ့ ခန္ဓာကိုယ်အတွက် အရေးကြီးတဲ့ စွမ်းအင်တွေ ကျဆင်းလာမှာဖြစ်တဲ့အတွက်
သင်ဟာ အလုပ်အကိုင်မရှိတဲ့ လူတစ်ယောက်ဆိုရင် ခဏတာ အလေးချိန်ကျလာလို့ အဆင်ပြေနေမှာဖြစ်သော်လည်း
ဦးနှောက်နှင့် ခန္ဓာသုံးနေရတဲ့
အလုပ်အကိုင် လုပ်နေရတဲ့လူဆိုရင်
သင့်အလုပ်အကိုင်အပေါ် အာရုံစူးစိုက်မှုမှာ စထိလာမှာဖြစ်တယ်။
ဒါဆိုရင် သင့်ရဲ့ ရည်ရွယ်ချက်နှင့် ဆန့်ကျင်ပြီး
ကျန်းမာမှုကို စထိလာမှာဖြစ်တဲ့အပြင်
အလုပ်ကိုပါ အနှောင့်အယှက်ဖြစ်လာစေပါတယ်။
ဒါကြောင့် ကျန်းကျန်းမာမာနှင့်
အဆီတွေကျဆင်းဖို့အတွက်ဆိုရင်
သင့်ရဲ့ Lifestyle မှာ
လေ့ကျင့်ခန်းကို ရင်းနှီးပါ။
Healthy Food တွေကို တနေ့တာရဲ့ 80% စားသုံးခြင်းဖြင့် ရင်းနှီးပါ။
တစ်ပတ်တစ်ရက် Favourit meal စားပေးလို့ရတယ်။
ဘာဖြစ်ဖြစ်ရတယ်(အလွန်အကျွံမဟုတ်ရင်ရပြီ)
အိပ်ချိန်မှန်ပါစေ။✅
ဖိအားတွေကို သူ့အချိန်နှင့်သူ ခွဲထားပါ။
သင့်ကိုယ်သင်နှင့်ပက်သက်တဲ့
Positive Thinking သည်လည်း အရေးကြီးပါတယ်။
အဆီကင်းတဲ့လူ လုံးဝဖြစ်မလာဘူးလို့ တွေးထားရင်
သင့်အနေနဲ့ လုံးဝဖြစ်လာမှာမဟုတ်ပါဘူး။🚫
ဒါကြောင့် အကောင်းဆုံးတွေ ဖြစ်လာမယ်လို့ယုံကြည်ပါ။
Crd : SwanYe
___________________________________________
❌Stop Wishing & Start Doing.
We will help your fitness to next level.📊
သင့်ရဲ့ကြံ့ခိုင်မှုကိုမြင့်တင်ဖို့အတွက်
Next Level မှကူညီပေးပါရစေ။
Home Personal Training ကစားချင်သူများ ဆက်သွယ်လို့ ရပါပီဗျ
☎️09420030631
23/02/2023
❌Stop Wishing & Start Doing.
We will help your fitness to next level.📊
သင့်ရဲ့ကြံ့ခိုင်မှုကိုမြင့်တင်ဖို့အတွက်
Next Level မှကူညီပေးပါရစေ။
Home Personal Training ကစားချင်သူများ ဆက်သွယ်လို့ ရပါပီဗျ
☎️09420030631
👵အသက် ၅၀ ကျော် အဖွားကြီး JLo ရဲ့၁၀ ကျော်သက် တစ်ယောက်လို နုပျိုကျန်းမာလှပနေခြင်းရဲ့ နောက်ကွယ်က လျှို့ဝှက်ချက်💥
‼️၂ ချက် ရှိပါတယ်‼️
၁. lifestyle
၂. skin care & aesthetic(cosmetic surgery)
ဒီ post မှာတော့ lifestyle အကြောင်းပဲ ပြောပါမယ်👇🏼
-JLo ရဲ့ lifestyle က အခက်ကြီးတော့ မဟုတ်ပါဘူး👌
-တစ်ပါတ်ကို ပုံမှန် လေးငါးရက်လောက် workout လုပ်တယ်✅️
-workout တစ်ခါလုပ် ၁ နာရီလောက်ကြာပြီး resistance training(အလေးဝန်သုံးပြီး ကစားခြင်း)ကို အဓိက လုပ်ပြီး cardio နဲ့ dancing ကို ရံဖန်ရံခါ လုပ်ပါတယ်✅️
-သန့်ရှင်း လတ်ဆတ် တဲ့ အသားငါး အသီးအရွက်တွေ များများ စားတယ် , အဆီအစိမ့် နဲ့ ကစီဓါတ်တွေ လျှော့တယ် , အသင့်စား ready made food တွေ ရှောင်တယ်✅️
-ဆေးလိပ် မသောက်ဘူး , အရက် နဲ့ ကော်ဖီ အနည်းငယ် သာ သောက်တယ်❎️
-ရေလုံလုံလောက်လောက် သောက်တယ်
(တစ်နေ့ ၃လီတာ လောက်)✅️
-အိပ်ရေး ဝဝ အိပ်တယ် (တစ်နေ့ အိပ်ချိန် အနည်းဆုံး
၈ နာရီ ရှိတယ်)✅️
-အရေးကြီးဆုံး က အပေါ်က အချက်တွေ ကို တစ်ဘဝလုံး စွဲစွဲမြဲမြဲ လုပ်ဆောင် ခဲ့ခြင်းပါပဲ❗️
-အကျိုးဆက် အနေနဲ့ ရွယ်တူတွေ သွေးဆုံးပြီး အဖွားကြီး တွေ ဖြစ်ကုန်ချိန် မှာ JLo ကတော့ ယောကျာ်း ယူ လို့ ကောင်းတုန်း ပဲဖြစ်ပါတယ်✴️💪🏼
✴️JLo လို ဖြစ်ချင်ပါက ပထမဆုံး Fitness ကို lifestyle တစ်ခု ဖြစ်အောင် အရင်လုပ်ပါ✴️
Crd:
19/02/2023
သင်လေ့ကျင့်မှုလွန်ကဲနေပြီလား?
----------------------------------------------
ဒီနေ့တော့ fitness အားကစားနဲ့ တခြား အမျိုးမျိုးသောအားကစားသမားတွေ ဖြစ်လေ့ဖြစ်ထရှိတဲ့ လေ့ကျင့်မှု လွန်ကဲ ခြင်း (over training) ဆိုတဲ့ အကြောင်းလေး ရေးပေးချင်ပါတယ်
အားကစားသမားတွေဟာ ကိုယ့် ရဲ့ရည်မှန်းချက် ကိုရောက်ရှိဖို့ ရေကုန်ရေခန်း အားအင် စိုက်ထုတ်ပြီးလေ့ကျင့်ခန်းတွေ ပြုလုပ်လေ့ရှိပါတယ်
ဒါဟာ ကောင်းမွန်တဲ့ ကြိုးစားအားထုတ်မှုလို့ဆိုနိုင်ပေမယ့် လွန်ကဲစွာပြုလုပ်မိပြန်ရင် တန်ဆေးလွန်ဘေးဆိုတဲ့အတိုင်း လေ့ကျင့်မှုလွန်ကဲခြင်း ပြသနာကို ကြုံရတော့မှာ အမှန်ဧကန်ပါပဲ
အားကစားလေ့ကျင့်ခန်းတွေမှာ မိမိ ရဲ့အမြင့်ဆုံးစွမ်းဆောင်ရည်ကိုအသုံးပြုလေ့ကျင့်ဖို့ လိုအပ်ပါတယ်
ဒါပေမယ့် ဒီလို လေ့ကျင့်မှု နဲ့ လေ့ကျင့်မှု လွန်ကဲခြင်းဆိုတဲ့ ပြသနာကြားမှာ စည်း ပါးပါးလေးတစ်ခုသာခြားတယ်လို့ဆိုရမယ်
အမြင့်ဆုံးစွမ်းဆောင်ရည် အောက်လျော့နည့းလေ့ကျင့်ရင်လည်း တိုးတက်မှုနှေးကွေးသလို မိမိ အမြင့်ဆုံး စွမ်းဆောင်နိုင်တာနဲ့ အနည်းငယ် ပိုပြီး လွန်ကျူး စွာလေ့ကျင့်လိုက်တာနဲ့ over training ကိုရောက်သွားစေမှာပါ ပဲ
ဘယ်လိုအကြောင်းအရာတွေက လေ့ကျင့်မှု လွန်ကဲတာကိုဖြစ်စေသလဲ.........
ကျွန်တော်တို့ အားကစားလေ့ကျင့်ခန်းတွေပြုလုပ်လိုက်ပြီဆိုတာနဲ့ ကြွက်သားမျှင်တွေဟာ ပျက်စီးခြင်းအဆင့်ကိုစတင်ဖြစ်ပေါ်ပါတယ် ပြီးတော့မှ ခန္ဓာ ကိုယ်ကနေပြီး ဒီပျက်စီးသွားတဲ့ကြွက်သားတစ်ရှူး တွေကို စားသောက်လိုက်တဲ့အာဟာရတွေကနေစွမ်းအင်ရယူပြီး ပြန်ပြုပြင် ပေးလို့ ပိုပြီး ကြီးထွားသန်မာလာစေတယ်
ဒီလို ပြန်လည်ပြု ပြင်ရတဲ့ ဖြစ်စဉ် ဟာ အားကစားပြု လုပ်ပြီးချိန်မှ နောက် ၃၆ နာရီအထိ အချိန်ယူရပါတယ်
ဒါကို အနားယူချိန်မလုံလောက်ဘဲ ထပ်ခါထပ်ခါ လေ့ကျင့်ခန်းတွေ ဆက်တိုက်ပြုလုပ်နေမယ်ဆိုရင် လေ့ကငြျ့မှုလှနျကဲခငျးဖွဈစပေါလျိမ့ျမယျ
နောက်တစ်ခုက gym ကစားတာလို အလေးတွေနဲ့ ကြွက်သားတွေဖိအားပေးကစားရတဲ့ အားကစားမှာ
ကစားချိန်တစ်ချိန်ကို အချိန် ကြာမြင့်စွာ high volume high intensity long time အလေးများများ
အကြိမ်ရေများများ
အကျော့အများကြီးနဲ့ ကြီးချင်ဇောနဲ့ လွန်ကဲစွာကစားရင် muscle က catabolic stage ကိုရောက်ပြီး over training ဖြစ်သွားပါမယ်
ကြီးချင်ဇောနဲ့ အလေးတွေအများကြီး အကြိမ်အကျော့အများကြီး အချိန် နှစ်နာရီ၃နာရီခန့် ကစားနေကြတဲ့သူတွေ သတိပြုဖို့ပါ
Over training ဖြစ်လာရင် ကြွက်သားတွေဟာ ကြီးထွားဖို့မပြောနဲ့ ပိုပြီးတော့တောင်ပျက်စီးသွားပါလိမ့်မယ်
overtraining ဖြစ်လာရင် ဘယ်လို လက္ခဏာတွေ နဲ့ သိနိုင်မလဲ
1ကြွက်သားတွေအချိန်ကြာမြင့်စွာနာကျင်နေမယ်
(ကြွက်သားနာကျင်မှုဟာ ပုံမှန်အားဖြင့် gym ကစားပြီး တစ်ရက်ကနေနှစ်ရက်အထိ နာကျင်နေတာ ပုံမှန်ဖြစ်ပေမယ့် ရက်အကြာကြီး မပျောက်ဘဲ နာနေမယ်ဆိုရင်တော့ သတိပြုသင့်နေပါပြီ)
2မောပန်းနွမ်းနယ်နေမယ်
3ပုံမှန်နားနေချိန်မှာတောင်နှလုံးခုန်နှုန်းမြင့်တက်နေမယ်
4ခန္ဓာကိုယ်ရဲ့ immune system ကျဆင်းလာလို့ မကြာခဏဖျားတာတွေဖြစ်မယ်
4ကစားနေရင်းနဲ့ ကြွက်သားဒဏ်ရာတွေရဖို့လွယ်ကူလာမယ်
5ညဘက်အိပ်မပျော်တာဖြစ်မယ်
6အစားအသောက်ပျက်လာမယ်
7စိတ်ဓာတ်ကျသလိုလို အားကစားလုပ်ဖို့ စိတ်အားထက်သန်မှု လျော့နည်းလာသလိုခံစားရမယ်
8ခန္ဓာကိုယ်အလေးချိန် ရုတ်တရက် ကျသွားတာမျိုး ဖြစ်နေမယ်
ဒီအပေါ်က အချက်တွေလိုမျိုး ကြုံလာရပြီဆို သင်ဟာ လေ့ကျင့်မှုလွန်ကဲနေပါပြီ
ဒီလေ့ကျင့်မှုလွန်ကဲခင်းပြသနာနဲ့နောက်ဆက်တွဲ ခံစားရတာတွေကို ဘယ်လိုဖြေရှင်းကြမလဲ
1အနားယူပါ
- အနားယူခြင်းသည် အရေးကြီး ဆုံးနဲ့ အထိရောက်ဆုံး ကုသခြင်းဖြစ်ပါတယ်
ကစားတဲ့ရက်တွေလျှော့ချလိုက်ပြီး နားရက်များများပိုယူပါ
လိုအပ်ရင်ကစားတာကိုလုံးဝရပ်ထားပြီး အချိန် ရက်သတ္တပတ် ခန့်အထိ ပြည့်ဝစွာနားလိုက်ပါ
ဒီလုပ်လုပ်ခြင်းအားဖြင့် နောက်တစ်ပတ်အကြာသင်လေ့ကျင့်ခန်းပြန်လည်ပြုလုပ်ချိန် မယုံနိုင်အောင်တိုးတက်မှုရှိလာတာတွေ့ရမယ်
2အာဟာရပြည့်ဝစွာစားသောက်ပါ
- အဆီချဖို့အတွက်diet လုပ်နေတဲ့အချိန် အာဟာရ ပိုင်းမှာအားနည်းချက်တွေ ရှိနေပါတယ်
ဒီအချိန်မှာ အာဟာရကို ပြည့်ဝအောင်ပြန်လည်တိုးမြှင့်စားသောက်ပါ
လိုအပ်ပါက multivitamin များကိုဖြည့်စွက်သောက်နိုင်ပါတယ်
3ကြွက်သားအုပ်စုများကိုရက် ခွဲပြီးကစားနည်းဖြင့်လေ့ကျင့်ပါ
-ကြွက်သားအုပ်စုတစ်စုကို လေ့ကျင့်ပြီးချိန်နောက် ထပ် နှစ်ရက်ကနေသုံးရက်အတွင်း ထိုကြွက်သားအုပ်စုကို ထပ်မံလေ့ကျင့်ခြင်းမှ ရှောင်ကြဉ်ပါ
4အားကစားရဲ့ပြင်းအားကိုလျှော့ချပါ
- လေ့ကျင့်ခန်းအကြိမ်အကျော့တွေ လျှော့ပါ
ကစားတဲ့အလေး ဝန်ကိုလျှော့ပါ
ဒီလိုလျှော့ချကစားတဲ့အတွက် ကစားတဲ့ကြွက်သားအပေါ်အာရုံစူးစိုက်ညှစ်ကစားနိုင်ပြီး ပိုတိုးတက်စေနိုင်ပါတယ်
5ခန္ဓာကိုယ်အပူချိန်ကိုပြောင်းလဲပေးတဲ့ ကုထုံးတွေကိုအသုံးပြုပါ
- ရေခဲရေစိမ်ခြင်း
ရေပူရေအေး တစ်လှည့်စီ ချိုးပေးခြင်းစတဲ့နည်းတွေဟာလည်း ကြွက်သားတွေကိုပြေလျော့စေပြီး နာကျင်ကိုက်ခဲမှု ကိုသက်သာစေပါတယ်
6နှိပ်နယ်ခြင်း
- နာကျင်နေတဲ့ကြွက်သားတွေကို ခပ်ဖွဖွနှိပ်နယ်ပေးခြင်းဖြင့်လည်း သက်သာစေမှာပါ
ကဲ ဒီလောက်ဆို သင်တို့လည်း အားကစားလေ့ကျင့်ခန်းတွေကို ဘယ်လိုချိန်ဆလေ့ကျင့်ရမလဲ သဘောပေါက်ပြီထင်ပါတယ်
အားလုံး လေ့ကျင့်မှုမလွန်ကဲစေဘဲ ဒဏ်ရာကင်းရှင်း ကျန်းမာခြင်းနှင့် မိမိရည်မှန်းချက်ရောက်ရှိနိုင်ကြပါစေခင်ဗျာ
Credit-Lets Fit By Dr.ရဲ
___________________________________________
❌Stop Wishing & Start Doing.
We will help your fitness to next level.📊
သင့်ရဲ့ကြံ့ခိုင်မှုကိုမြင့်တင်ဖို့အတွက်
Next Level မှကူညီပေးပါရစေ။
Home Personal Training ကစားချင်သူများ ဆက်သွယ်လို့ ရပါပီဗျ
☎️09420030631
12/02/2023
အားကစားလုပ်နေတဲ့ချိန်ရေသောက်လို့ရလား?🤔
ဟုတ်ကဲ့ရပါတယ်။✅
ကျွန်တော် တို့ အားကစားလုပ်နေတဲ့ချိန် မောလို့ ရေ ကို ဘယ်ချိန်သောက်ရမလဲ ဆိုရင် တစ် round နဲ့ တစ် round ကြားမှာ ရေ တစ်ငုံလောက် သောက် ရင်အဆင်ပြေပါတယ်။💁♂
တစ်ချို့တွေက ရေကို လုံးဝသောက်လို့မရဘူးလို့ထင်ကြတယ်ဗျ။❎
ရေကို မှန်မှန်ကန်ကန် စနစ်တကျ သောက်သုံးဖို့လိုပါတယ်ခင်ဗျ။✅
အကယ်လို့ ရေသောက်တာများရင် ဗိုက်အောင့်တာတို့၊မအီမလည် ဖြစ်ပြီးနေရထိုင်ရခက်တာတို့ဖြစ်တတ်ပါတယ်။
အားကစားလုပ်ရင်း ရေအများကြီးမသောက်ပဲ တစ်ငုံ တစ်ငုံခွဲ စီ ဖြည်းဖြည်း ချင်း သောက်ဖို့အကြံပေးပါရစေခင်ဗျာ။🫶
တစ်ချို့ ဆို သွေးပူပဲရှိသေးတယ် မောလို့ 1litre တစ်ဗူးလုံး မော့ချလိုက်တယ်။🙂
အဲ့တော့ ရေကို မှန်မှန်ကန်ကန်သောက်သုံးရင်း နည်းစနစ်မှန်မှန် ကစားနိုင်ကြပါစေ။🫶
ကျေးဇူးတင်ပါတယ်။❤️
Crd: Stay fit
___________________________________________
❌Stop Wishing & Start Doing.
We will help your fitness to next level.📊
သင့်ရဲ့ကြံ့ခိုင်မှုကိုမြင့်တင်ဖို့အတွက်
Next Level မှကူညီပေးပါရစေ။
Home Personal Training ကစားချင်သူများ ဆက်သွယ်လို့ ရပါပီဗျ
☎️09420030631
09/02/2023
ဒီနေ့ကတော့ Overtraining နဲ့ပတ်သက်ပြီးတော့ ပြောပြချင်ပါတယ်။💁♂
ဝိတ်ကျချင်လို့ မနက်ကော ညကော လေ့ကျင့်ခန်းတွေလုပ် ဝိတ်က ကျမလာဘူး ဘာလို့လဲ??🤔
ကျွန်တော်တို့ ခန္ဓာကိုယ်က အနားယူဖို့လိုအပ်ပါတယ်။
ကျွန်တော်တို့တွေက Overtraining တွေလုပ်လို့ ရှိရင် stress တွေ ဖြစ်လာ ပါလိမ့်မယ်။
ခန္ဓာကိုယ်က stress hormones တွေ ထွက်လာပီ ဆိုရင် ဝိတ်ကျ ဖို့ အဟန့်တား ဖြစ်နေပါလိမ့်မယ်။💁♂
ကျမ်းကျမ်းမာမာ နဲ့ ဝိတ် ကျ ချင်ရင်တော့ ပုံမှန်လေ့ကျင့်ခန်း နဲ့ Diet ကို စွဲစွဲမြဲမြဲလေးလုပ်ပေးပါ။
မနက်ကော ညကော လေ့ကျင့်ခန်းတွေ လုပ်စရာမလိုပါဘူး။🙅♂
အားလုံးကိုကျေးဇူးတင်ပါတယ်။❤️
Crd : Stay Fit
___________________________________________
သင့်ရဲ့ကြံ့ခိုင်မှုကိုမြင့်တင်ဖို့အတွက်
Next Level မှကူညီပေးပါရစေ။
Home Personal Training ကစားချင်သူများ ဆက်သွယ်လို့ရပါပီဗျ
☎️09420030631
06/02/2023
ခန္ဓာကိုယ်ပြောင်းလဲဖို့ကြိုးစားနေသူဆိုလျှင် မလုပ်သင့်တဲ့ အမှားများ🏋️
1️⃣ လုံလောက်စွာ မစားသုံးခြင်း
2️⃣ ရည်မှန်းချက်မရှိခြင်း
3️⃣ တစ်နေရာတည်းကို ကွက်ကစားခြင်း
4️⃣ အလေးတိုးကစားဖို့ လက်ရွံ့ခြင်း
5️⃣ သင့်ရဲ့နေထိုင်မူပုံစံ ကိုဂရုမစိုက်ခြင်း
___________________________________________
❌Stop Wishing & Start Doing.
We will help your fitness to next level.📊
သင်ဖြစ်ချင်နေတဲ့စိတ်ကူးအိမ်မက်တွေကို ယခုပဲအကောင်အထည်ဖော်လိုက်ပါ။
သင့်ရဲ့ကြံ့ခိုင်မှုကိုမြင့်တင်ဖို့အတွက်
Next Level မှကူညီပေးပါရစေ။☎️09420030631
28/01/2023
အမျိုးသားများ ကျားဟော်မုန်းထွက်နှုန်းတိုးစေဖို့ ဒီအချက် (၃) ချက်ကို သေချာလိုက်နာပါ!
၁။ လေ့ကျင့်ခန်းကို နေ့စဉ်ပြုလုပ်ပါ။
လေ့ကျင့်ခန်းလုပ်ခြင်းဟာ အမျိုးသားတွေအတွက် ကိုယ်အလေးချိန်ထိန်းညှိပေးသလို နှလုံး၊ အဆုတ်ကိုအားကောင်းစေတယ်။ သွေးလည်ပတ်စီးဆင်းနှုန်းကိုလည်း မြန်စေပြီး ချွေးနဲ့အတူ ခန္ဓာကိုယ်က အဆိပ်အတောက်များကို လျော့နည်းစေတယ်။ ဒါ့အပြင် ကျားဟော်မုန်းအထွက်များစေဖို့ မဖြစ်မနေလိုက်နာသင့်တဲ့ အချက်တွေထဲမှာ နံပါတ် ၁ နေရာက ပါနေပါတယ်။ အရွယ်ငယ်သေးတဲ့ အမျိုးသားတွေ လေ့ကျင့်ခန်းပုံမှန်လုပ်ပေးရင် ကျားဟော်မုန်းအထွက်နှုန်းဟာ အမြင့်ဆုံးနေရာမှာ ရှိနေသလို အသက်ကြီးပိုင်းအမျိုးသားတွေမှာလည်း တခြားရွယ်တူတွေလောက် ကျားဟော်မုန်းကျဆင်းမှု များမှာမဟုတ်ဘဲ သင့်တင့်တဲ့ ဟော်မုန်းပမာဏတစ်ခုကို ထိန်းထားနိုင်မှာပါ။
၂။ အစာအာဟာရကို ဂရုတစိုက်စားသုံးပါ။
အမျိုးသားများ ကျားဟော်မုန်းအထွက်တိုးစေဖို့ ပရိုတင်းဓာတ်လို့ ခေါ်တဲ့အသားဓာတ်၊ ကျန်းမာစေတဲ့ အဆီဓာတ်နဲ့ ကစီဓာတ်ပါဝင်မှုများတဲ့ အစားအစာတွေကို ပိုမိုစားပေးသင့်ပါတယ်။ ဒီအာဟာရဓာတ်တွေဟာ အမျိုးသားတွေရဲ့ ကြွက်သားနဲ့ အရိုးအဆစ်ထုထည်ကို ကြီးမားစေရုံသာမက ကိုယ်ခံအားကိုလည်း ကောင်းစေတယ်။ အဝလွန်ခြင်းမျိုးမဟုတ်ဘဲ ကိုယ့်အသက်အရွယ်၊ အရပ်အမြင့်နဲ့ ကိုက်ညီတဲ့ ကိုယ်ခန္ဓာအချိုးအစားကို ထိန်းပေးနိုင်တာကြောင့် ကျားဟော်မုန်းကို လျော့နည်းစေတဲ့ ကိုလက်စထရောနဲ့ ကယ်လိုရီတွေကို လျှော့ချပေးနိုင်ပါတယ်။
ပရိုတင်းဓာတ်အတွက် အနီရောင်ရှိတဲ့ အသားများ၊ ကြက်သား၊ နွားနို့တွေ၊ ကျန်းမာစေတဲ့ အဆီဓာတ်အတွက် နွားနို့၊ ကြက်ဥ၊ ထောပတ်သီး၊ ပင်လယ်စာများ၊ ကစီဓာတ်အတွက် ဂျုံကြမ်းပေါင်မုန့်၊ အာလူး၊ ကန်စွန်းဥ စတာတွေကို စားပေးနိုင်ပါတယ်။ စားစရာတွေကနေ ရတဲ့အာဟာရဓာတ်တွေဟာ အကျိုးအာနိသင်အရှိဆုံးဖြစ်ပြီး ထပ်ဆောင်းအနေနဲ့ ဖြည့်စွက်စာများ၊ အားဆေးများကို ဆရာဝန်ရဲ့ ညွှန်ကြားချက်နဲ့လည်း သောက်သုံးနိုင်ပါတယ်။ အပေါ်မှာ ပြောပြခဲ့တဲ့ အစားအစာများအပြင် အာဟာရဓာတ်ပြည့်ဝစေဖို့ ဟင်းသီးဟင်းရွက်၊ အသီးအနှံ၊ အစေ့အဆန်၊ ပဲ စတာတွေကိုလည်း နေ့စဉ်စုံလင်အောင် စားပေးသင့်ပါတယ်။
၃။ အိပ်ရေးဝအောင် အိပ်ပါ။
အိပ်ရေးပျက်ခြင်း၊ အိပ်ချိန်မမှန်ခြင်းဟာ အမျိုးသားတွေမှာ ငယ်ငယ်ရွယ်ရွယ်နဲ့ ကျားဟော်မုန်းကို သိသိသာသာ ကျဆင်းစေတဲ့ အချက်ပါ။ ဒီအတွက် ကျားဟော်မုန်းထွက်နှုန်း အားကောင်းစေဖို့ ညဘက်ကို ၁၁ နာရီထက် နောက်ကျပြီး မနေဖို့၊ တစ်ရက်အိပ်ချိန် အနည်းဆုံး ၇-၈ နာရီရှိဖို့ လိုအပ်ပါတယ်။ အိပ်ချိန်ပြည့်ဝစွာ အိပ်စက်အနားယူခြင်းက ခန္ဓာကိုယ်တစ်ခုလုံးမှာရှိတဲ့ ပျက်စီးနေတဲ့ ဆဲလ်တွေ၊ ကြွက်သား၊ အရိုးအဆစ်ကို ပြုပြင်ပေးတယ်၊ သက်သာစေတယ်။ ဦးနှောက်အာရုံကြောစနစ်ကို အားကောင်းစေလို့ စိတ်ဖိစီးမှုဟော်မုန်းများ အထွက်နည်းသွားပြီး ပျော်ရွှင်ခြင်းဟော်မုန်းများ၊ ကျားဟော်မုန်းနဲ့ တခြားကျန်းမာရေးအကျိုးပြုဟော်မုန်းတွေကို ပိုမိုထွက်လာစေပါတယ်။
ကျားဟော်မုန်းဟာ အမျိုးသားတွေရဲ့ လိင်ပိုင်းဆိုင်ရာစွမ်းဆောင်ရည်ကိုသာမက မျိုးအောင်နိုင်ခြင်း၊ အထွေထွေ ကျန်းမာရေး၊ ကိုယ်အလေးချိန် စတာတွေကိုလည်း သက်ရောက်မှုရှိတာကြောင့် နေထိုင်စားသောက်မှုပုံစံကို သေချာဂရုစိုက်ပြီး ပြုပြင်ပြောင်းလဲခြင်းဟာ သင့်အတွက် ရေရှည်မှာ ကျန်းမာရေးအကျိုးကျေးဇူးများစွာ ရှိစေနိုင်တာကို မမေ့သင့်ပါဘူး။
Crd : Dr phyo aung
___________________________________________
❌Stop Wishing & Start Doing.
We will help your fitness to next level.📊
သင်ဖြစ်ချင်နေတဲ့စိတ်ကူးအိမ်မက်တွေကို ယခုပဲအကောင်အထည်ဖော်လိုက်ပါ။
သင့်ရဲ့ကြံ့ခိုင်မှုကိုမြင့်တင်ဖို့အတွက်
Next Level မှကူညီပေးပါရစေ။☎️09420030631
24/01/2023
ခန္ဓာကိုယ်ပြောင်းလဲဖို့အတွက်ဆိုရင်
resistance training🏋️ လုပ်ကိုလုပ်ရမှာပါ။
ခန္ဓာကိုယ်က ကြွက်သားတွေကြီးထွားလာမှ
ကယ်လိုရီလောင်ကျွမ်းနှုန်းမြင့်တက်လာတဲ့အတွက်
အဆီချကစားသမားတွေအကျိုးရှိသလို
ခန္ဓာကိုယ်ကြီးထွားလိုသူတွေလည်း
ကြွက်သားထုထည်ကောင်းလာမှာဖြစ်ပါတယ်။
ဆိုတော့ အမျိုးသမီးတွေအနေနဲ့အလေးကိုင်ပြီး
လေ့ကျင့်ရတာကို ကြောက်စရာမလိုပါ🙅
cardio တွေမတရားလုပ်နေမှသာ
လိုချင်တဲ့ body နဲ့အလှမ်းဝေးနေမှာပါ။
အမျိုးသမီးတွေမှာ testosterone ပမာဏက
အမျိုးသားတွေထက်နည်းတဲ့အတွက်
ကြွက်သားကြီးထွားနှုန်းကလည်းနှေးပါတယ်။
အဲ့တာကြောင့်နေ့ချင်းညချင်း
ဗလကြီးတွေထွက်မလာနိုင်ပါ🙅
🚨သတိပြုရမဲ့အချက်မှာ
ကိုယ်စားသုံးတဲ့ကယ်လိုရီပမာဏဖြစ်ပါတယ်။ အဆီချချင်သူပဲဖြစ်ဖြစ်
ခန္ဓာကိုယ်ကြီးထွားချင်သူပဲဖြစ်ဖြစ်
ကယ်လိုရီအတိုးအလျော့အရမ်းအရေးကြီးပါတယ်။
နောက်ထပ်အရေးကြီးတဲ့အရာက
ကိုယ်စားတဲ့ကယ်လိုရီရဲ့ profile ပါ။
ဥပမာ ကြက်ဥကို ပြုတ်တာနဲ့ ကြော်တာနဲ့
ကွာသလိုပေါ့ဗျာ။
တနေ့တာစားရမဲ့ ပမာဏပြည့်ရင်ပြီးရောဆိုပြီး
ကယ်လိုရီ profile ကိုသတိမထားမိရင်
လိုရာခရီးရောက်မှာမဟုတ်ပါဘူး။
Crd #
မူရင်းရေးသားသူအား လေးစားလျက် 🙏🙏🙏
___________________________________________
❌Stop Wishing & Start Doing.
We will help your fitness to next level.📊
သင်ဖြစ်ချင်နေတဲ့စိတ်ကူးအိမ်မက်တွေကို ယခုပဲအကောင်အထည်ဖော်လိုက်ပါ။
သင့်ရဲ့ကြံ့ခိုင်မှုကိုမြင့်တင်ဖို့အတွက်
Next Level မှကူညီပေးပါရစေ။☎️09420030631
17/01/2023
Cristiano Ronaldo ရဲ့ Fitness routine,Diet plan,Lifestyle အကြောင်းကိုမိတ်ဆွေတို့အတွက် တင်ပြပေးသွားမှာ ဖြစ်ပါတယ်။
✅ Cristiano Ronaldo ရဲ့ Fitness,Games,သူ့ရဲ့ Skills တွေပေါ်မှာလူအများရဲ့ Attention များပါတယ်၊တိုးတတ်လာတဲ့ Football အားကစားရဲ့ Legendတစ်ဦးလို့လဲပြောလို့ရပါတယ်၊ခန္ဓာကိုယ်ကလည်း အားကစားသမားတစ်ဦးမှာ ရှိသင့်ရှိထိုက်တဲ့ကိုယ်ခန္ဓာ၊အဆီပမာဏ၊ကြွက်သားစတာတွေကို Proportion ကျကျထိန်းထားတယ်လို့ပြောလို့ရပါတယ်၊Sports industry မှာသူ့ခန္ဓာကိုယ်ကသတော်လေးကို အားကျရတဲ့ခန္ဓာကိုယ်တစ်ခုဖြစ်တယ်လို့ပြောလို့ရပါတယ်၊
2003 ခုနှစ်မှာဆယ်ကျော်သက်ပိန်ပိန်လေးအားကစားသမားအဆင့်ကနေ နာမည်ကျော်ကြားတဲ့ဘောလုံးသမားဖြစ်လာဖို့အတွက်သူ့ရဲ့ Training, fitness & lifestyle ဘယ်လိုရှိခဲ့သလဲ ဘာတွေလုပ်ပြီးတော့သူ့ရဲ့ Performance နဲ့ Physique ကို Best ဖြစ်အောင်ထားထားသလဲဆိုတာ ကြည့်ရအောင်။
💢 မိတ်ဆွေတို့သတိရှိသေးလားတော့မမသိဘူး၊2020က Interview တစ်ခုမှာ Ronaldo က Cocacola ဗူး 2ခုကိုဖယ်ပြီးတော့ သူ့ဘေးနားမှာရေသန့်ဗူးကိုယူထားခဲ့တယ်၊အဲ့ဒါကြောင့် Cocacola ကုမ္ပဏီက 4ဘီလီယံဒေါ်လာအရှုံးပေါ်ခဲ့တယ် ထိုကိစ္စမှာထဲက Ronaldo က Fitness lifestyle ကိုအလွန်နှစ်သက်တဲ့သူတစ်ဦးဆိုတာ ဖော်ပြခဲ့ပါတယ်၊Cristiano Ronaldoက ဒီနေ့မှာသာကမ္ဘာကျော်ဘောလုံးသမားဖြစ်နေတာ (သို့သော်)သူ့ရဲ့ကနဦးကာလမှာ ဖြစ်ခဲ့တဲ့အချို့ကျန်းမာရေးအခြေအနေတွေကိုကျော်လွှားပြီးတော့ဘဲဒီအခြေအနေကို ရောက်ခဲ့တာဆိုတာအတော်များများမသိရှာကြပါဘူး၊ Ronaldo ကသူ့ရဲ့ကနဦးကာလမှာ နှလုံးခုန်နှုန်းအရမ်းမြန်တဲ့ပြက်သနာရှိခဲ့ပါတယ်၊အားလုံးကကစားနေတဲ့အချိန်မှာဘဲနှလုံးခုန်နှုန်းမြန်လေ့ရှိပြီး Ronaldoကနားနေတဲ့အချိန်မှာတောင်နှလုံးခုန်နှုန်းမြန်တဲ့ပြက်သနာရှိခဲ့ပါတယ်၊ဒီကိစ္စကိုသိတာနဲ့ လူအတော်များများက Ronaldo ရဲ့ Football carrier ပြီးသွားပြီလို့ပြောခဲ့ကြတယ်၊သို့သော်ကံကောင်းစွာနဲ့ Surgery တစ်ခုလုပ်ပြီးသူကပြန်ကစားနိုင်ခဲ့တယ်။
✅ Ronaldo က Workout လုပ်ပြီးတော့သူ့ရဲ့Recovery ဖြစ်စဥ်ကောင်းဖို့အတွက် cryotherapy ice chamberတစ်ခုထားထားပါတယ်၊ဘာလုပ်တာလဲလို့မေးမယ်ဆိုရင် ရေခဲစိမ်တာပါသူ့ရဲ့ Temperature ကကိုး -163°C ထိသွားပါတယ်စျေးနှုန်းက 60000Euros ရှိပါတယ်၊အရမ်းကိုစျေးကြီးလှတယ်သူ့အတွက်တော့ မဟုတ်ပါဘူး၊ကျွန်တော်တို့အတွက် ပါ 😟 ၊သူ့ရဲ့ Fitness routine ကိုကြည့်မယ်ဆိုရင်တစ်ပတ်မှာ 5ရက်ကစားလေ့ရှိပါတယ်၊တစ်ရက်ကို 3 နာရီမှ 4နာရီအထိလေ့ကျင့်ခန်းလုပ်လေ့ရှိတယ်၊တစ်ပတ်မှာကျန်တဲ့ 2ရက်ကို Swimming (သို့မဟုတ်) Jogging လည်းလုပ်လေ့ရှိပါတယ်၊ဒီလောက်ထိ Training လုပ်တာကြောင့်သူ့ရဲ့ ကိုယ်တွင်းအဆီပမာဏကိုအလွန်နည်းအောင်ထားထားနိုင်တာဖြစ်ပါတယ်၊ Ronaldo ရဲ့ Workout split ကဘယ်လိုပုံစံရှိမလဲဆိုရင်
Monday- (Lower Body) Warmup
Tuesday- Active rest
Wednesday- Upper Body
Thursday- Quad focus & Sprinting
Friday - Body balance
Saturday - Active rest
Sunday - Cardio
🟢 Normal သမားတစ်ယောက်အနေနဲ့ Fitness & workout ကိုအချိန်ပေးရတာလွယ်ပေမဲ့ ဒီလို Top position မှာရှိတဲ့လူတစ်ယောက်အနေနဲ့ အလောက်ထိမလွယ်ပါဘူး၊ဒါတောင်မှ Ronaldo ကအချိန်ပေးပြီးသူ့ Body ကိုထိန်းထားတယ်ဆိုတာကလုံးဝလေးစားစရာကိစ္စတစ်ခုပါဘဲ။
✅ ဒီထဲမှာမေးချင်တဲ့မိတ်ဆွေတွေရဲ့မေးခွန်းကိုသိပါတယ်၊Cristiano Ronaldoလို ကစားရင်သူ့လိုမျိုး Body ရမလားဆိုပြီးမေးချင်တာမလား၊ဘယ်လို Workout ဘဲလုပ်လုပ်ထို Workout နဲ့ကိုက်ညီတဲ့ Diet မလုပ်ဘူးဆိုရင် ရလဒ်ရမှာမဟုတ်ပါဘူး၊Ronaldo ကသူ့ရဲ့Meal တွေ 3နပ်ခွဲထားပါတယ်မနက်စာ၊နေ့ခင်းစာ၊ညစာ အဲ့ဒီထဲမှာမှ Snacks 2ကြိမ်ပါဝင်ပါမယ်၊သေချာတာ တစ်ခုက Ronaldoက High protein dietဘဲ Follow လုပ်တာဖြစ်ပါတယ်၊သူ့ရဲ့ Breakfist မှာဂျုံအစားအစာနဲ့ကြက်ဥ၊အသီးအနှံဖျော်ရည်၊Caffine တို့စားသုံးလေ့ရှိတယ်၊အဲ့ဒါပြီးရင် Snacks, snacks အနေနဲ့ဘာစားလဲဆိုရင်တူနာငါးနဲ့ဆန်းဒ်ဝစ်ချစားလေ့ရှိတယ်၊နေ့ခင်းစားအတွက်ကို Chicken,Pasta,Green veg,tuna စတဲ့အာဟာရဓာတ်တွေကိုဖြည့်စွက်လေ့ရှိတယ်၊နေ့ခင်းစားပြီးရင် နောက်တစ်ခု Snackအနေနဲ့ Protein shakeတစ်ခွက်သောက်တယ်၊ Dinner မှာသူ့ရဲ့ Favourite foodဖြစ်တဲ့အစားအစာတစ်ခုကိုစားလေ့ရှိပါတယ်၊နောက်ဆုံးအနေနဲ့ Sleep & Recovery
👉 Fitness မှာ တိုင် 3တိုင်ရှိမယ်ဆိုရင် ပထမဦးဆုံးတိုင်က Exercise (2) Diet (3) Sleep ဒီတိုင် 3တိုင်မှာတစ်တိုင်ကယိုင်နေရင်တောင်ကိုယ်လိုချင်တဲ့ရလဒ်ရမှာမဟုတ်ပါဘူး၊ Celebrity အတော်များများအတွက် Personal trainer ရှိပါမယ်၊ Dietitionရှိပါမယ် Ronaldoကတစ်ဆင့်မြင့်ပြီးတော့ Sleep advance trainerတစ်ဦးပါထားထားပါတယ်၊သူ့ရဲ့နာမည်က Nick Littlehalesဖြစ်ပါတယ်၊သူက Ronaldo ရဲ့ Sleep pattern ကိုဘယ်လိုလုပ်ပေးထားလဲဆိုရင် တစ်ခါအိပ် 1နာရီခွဲနှုန်းနဲ့ 1ရက်ကို 5ခါအိပ်ခိုင်းထားပါတယ် အလိုမျိုးအိပ်တာကြောင့်သူ့ရဲ့ Performance ကောင်းနေဖို့အထောက်အကူပြုတယ်လို့ဆိုထားပါတယ်။
🎯 Ronaldo က Football မှာ Legend တစ်ဦးဖြစ်နေသော်လည်းဘဲ သူ့ရဲ့ legendary status ကို Maintain လုပ်ဖို့အတွက်နေ့တိုင်းလိုလိုဒီလောက်ကြိုးစားရတယ်ဆိုတာဘဲ အမှန်ပါ၊မိတ်ဆွေတို့လည်း Ronaldoဆီကအတုယူသင့်တာက ဘယ်လောက်ဘဲအလုပ်များများ ကျန်းမာရေးအတွက် အချိန်ပေးသင့်တယ်ဆိုတာပါဘဲ၊ကျေးဇူးတင်ပါတယ်။
Crd : Muscle Mechanic
___________________________________________
❌Stop Wishing & Start Doing.
We will help your fitness to next level.📊
သင်ဖြစ်ချင်နေတဲ့စိတ်ကူးအိမ်မက်တွေကို ယခုပဲအကောင်အထည်ဖော်လိုက်ပါ။
သင့်ရဲ့ကြံ့ခိုင်မှုကိုမြင့်တင်ဖို့အတွက်
Next Level မှကူညီပေးပါရစေ။☎️09420030631
11/01/2023
"များများစား-မြန်မြန်သေ"နှင့် Stress Recovery
(1) Electromagnetic Stress
- Mobile ဖုန်းနှင့် Wireless ပစ္စည်းတွေမှထွက်သော Electromagnetic Radiation နှင့်အခြားပြဿနာတွေကို
Electromagnetic Stress ဟုသတ်မှတ်သည်။
- Mobile ဖုန်းကိုဘောင်းဘီအိတ်ထဲ ကြာကြာထည့်ထားတတ်သော အမျိုးသားတွေမှာ S***m Count ကျသည်။
- ရင်ဘတ်အင်္ကျီအိတ်ထဲကြာရှည်ထည့်သော အမျိုးသမီးတွေမှာ ထည့်သည့်ဘက်နှင့်အနီးဆုံးရင်သားမှာ ကင်ဆာဖြစ်နှုန်းတက်သည်။
- Nervous system, Immune system, Cancer နှင့်ပတ်သက်သောပြသနာတွေ အပါအဝင်အခြားသော ကျန်းမာရေးပြသနာတွေကြားရသည်။
ဘယ်လိုပဲဖြစ်ဖြစ်သတိထားစရာခေတ်ပေါ် "STRESSOR" တစ်ခုဖြစ်သည်။
(2) Physical Stress
- အလွန်အကျွံအလုပ်လုပ်ရသူတွေ၊ Overtraining လုပ်သူတွေမှာ Testosterone ကျသည်။ Cortisol တက်ခြင်းကြောင့် Depression ရသည်အထိ ပြဿနာတွေရှိသည်။
(3) Mental Stress
- စိတ်ဖိစီးမှုတွေကြောင့် Psychological နှင့် Emotional strain မှသည်ရုပ်ပိုင်းဆိုင်ရာထိခိုက်မှု၊ Physiological breakdown, Depression နှင့်အခြားစိတ်ပိုင်းဆိုင်ရာ ပြဿနာတွေဖြစ်စေသည်။
(4) Chemical Stress
- အစားအသောက်တွေထဲပါသည့်ဆိုးဆေး၊ ကြာရှည်ခံထိန်းဆေး၊ အရောင်တု၊ အရသာအတု စသည့်ဓါတုဗေဒပစ္စည်းများကြောင့် ရေရှည်တွင် အသည်း၊ ကျောက်ကပ်စသည့် Detoxification organ တွေထိခိုက်ခြင်းမှ Cancer ဖြစ်စေသည်အထိ ဒုက္ခပေးသည်။
- Whole food နှင့် Natural food တွေဘေးဖယ်ပြီး Processed food နှင့် Junk food တွေစားသူတွေမှာ"များများစား-မြန်မြန်သေ" ပြဿနာရှိသည်။
(5) Environmental Stress
- ပတ်ဝန်းကျင်ညစ်ညမ်းမှုကြောင့်ခံစားရသောဖိစီးမှုတွေ
(6) Nutritional Stress
- အာဟာရမျှတအောင်မစားခြင်း၊ Imbalanced Nutrition မှသည်အလွန်အကျွံစားခြင်း၊ မတည့်စာတွေစားခြင်းစသော ပြဿနာတွေကြောင့် အသက်တိုကြရပေသည်။
💪 Fitness Professional တွေအနေအဖြင့်
- Healthy Lifestyle Changes
- Behavior Changes
- Recovery Strategies (Mind and Body Exercise) များကို Focus လုပ်လာကြခြင်းသည် ယနေ့ခေတ် Fitness Trend တစ်ခုဖြစ်လာပါသည်။
Crd: Zayarhtoonphyu
___________________________________________
❌Stop Wishing & Start Doing.
We will help your fitness to next level.📊
သင်ဖြစ်ချင်နေတဲ့စိတ်ကူးအိမ်မက်တွေကို ယခုပဲအကောင်အထည်ဖော်လိုက်ပါ။
သင့်ရဲ့ကြံ့ခိုင်မှုကိုမြင့်တင်ဖို့အတွက်
Next Level မှကူညီပေးပါရစေ။☎️09420030631