25/01/2026
ဦးဇင်ဝိုင်းကြီးပဲ သနားတော့တာ
Tips and Slips
25/01/2026
ဦးဇင်ဝိုင်းကြီးပဲ သနားတော့တာ
02/11/2024
ဝင်းတာအစ်စ်ကမ်းမင်း
20/09/2024
" မမှားသော Tipster
မမှန်သော ' မောင်း ' သမား "
လို့တော့ မရှိပါဘူး။
ဒါပေမယ့် ကျနော်ပေးတဲ့အခါတိုင်းလဲ
မှန်တယ်လို့ကိုမရှိပါဘူး။
01/09/2024
ဆရာကြီးမှ ရောက်မယ်ကြံတုန်းရှိသေး
ရွာက စ ပျက်ချင်နေပြီ
31/07/2024
အပြောင်းအရွှေ့သတင်းမဟုတ်ပေမယ့်လို့
စလွန်းအတွက် ကောက်ရိုးတမျှဉ် ဖြစ်လာနိုင်ဖွယ်ရှိတဲ့
ချဲဆီးရဲ့ လေ့ကျင့်အစီအစဉ်တွေမှာ
လူကာကူ လာရာပူးပေါင်းမယ်ဆိုတဲ့ သတင်း
လေ့ကျင်းခန့်ဆင်းရင်းကနေ ချဲဆီးမှာပဲ ဆက်နေသွာမယ်ဆိုရင်တော့
ဝမ်းတာ သာလိုက်ကြတော့
30/07/2024
ဒီဘက်ခေတ် မော်ဒန်ဘောလုံးလောကမှာ မက်စီနဲ့ ရော်နယ်ဒိုဆိုတာခင်ဗျားတို့ ကျုပ်တို့သိကြတဲ့ အတိုင်း ဆိတ်ကြီးနှစ်ကောင်ပေါ့ဗျာ။
သူတို့နှစ်ယောက်နဲ့ ပတ်သက်ပြီးလဲ ဖန်တွေကြား အမြဲတန်း ငြင်းခုံလေ့ရှိတာကတော့ ဘယ်သူပိုကောင်းလဲဆိုတာပေါ့။
ခင်ဗျားတို့ရော ဘယ်သူပိုကောင်းတယ် ထင်လဲ ပုံလေးဖိကြည့်ပြီး ဖြေသွားကြပါဦး။
27/07/2024
ရာသီ အသစ်မှ စမယ် မကြံသေးဘူး ဖ ာ တန်းက မီးလောင်နေပြီ
27/07/2024
Admin တစ်ဦး၏
" ဇ "
Sunday Quote
-
တစ်ပွဲတည်း နှစ်ခါ မရှုံးစေနဲ့
07/06/2024
ကမ္ဘာ့ဖလား အာရှဇုံခြေစစ်ပွဲ ပဉ္စမ အကျော့အဖြစ် ကစားခဲ့တဲ့ မြောက်ကိုရီးယား - ဆီးရီးယား ပွဲရဲ့ ပထမပိုင်း အချက်အလက်တွေဟာ FotMob, Live Score တို့လို Application တွေမှာသာမက Google နဲ့ ESPN ရဲ့ Official website မှာပါ ဖော်ပြထားခြင်း မရှိတာကို တွေ့ရပါတယ်။
အာရှဇုံခြေစစ်ပွဲမှာ မြန်မာအသင်းရဲ့ ပွဲစဉ်လဲရှိနေတော့ ထုံးစံအတိုင်း မြန်မာအသင်းပွဲရှိတဲ့နေ့ဆို မြန်မာဘက်ကန် အဲဗားမှန်ဆိုသလို သူ့ကိုတည်ပြီး သူငယ်ချင်းနှစ်ယောက်မောင်းတစ်ကဒ်ရိုက်ခဲ့တယ်ဆိုပါတော့ဗျာ။
အဲ့ဒီမောင်းထဲမှာ ဆီးရီးယားကိုထည့်ထားခဲ့တယ် ပထမပိုင်း မပြီးခင်လေးမှာ ဆီးရီးယား က ၁ ဂိုး ဂိုးမရှိနဲ့ နိုင်နေတော့ အဆင်ပြေတယ်ပေါ့။
ဒီလိုနဲ့ ပွဲပြီးခါနီး Goal Score လေး ဝင်ကြည့်မိပါတယ် ၀ - ၁ ကနေ ၊ ၁ - ၀ ဖြစ်နေပါလေရော။
ညက အဲဒီအတိုင်းပဲ ထားလိုက်ပြီး ခုမနက်မှာ ပြန်ရှာကြည့်တဲ့အခါ အဲဒီ မြောက်ကိုရီးယား - ဆီးရီးယား ပွဲစဉ်ရဲ့ ပထမပိုင်း အချက်အလက်တွေဟာ ကျနော်သိသလောက် Live Score App တွေနဲ့ Google မှာပါ မရှိတာကို တွေ့ရတယ်။
ဒါနဲ့ YouTube မှာ အဲဒီပွဲကို ရိုက်ရှာပြီး ပြန်ကြည့်တော့ အောက်ကပုံထဲကအတိုင်း တွေ့ရတာပါပဲဗျာ။ ညီကိုတို့လဲ အဲဒီပွဲနဲ့ ပတ်သက်ပြီး သိထားတာလေးများရှိရင် မျှဝေသွားပါဦး။