Chin United FC

Chin United FC

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Chin United FC, Professional Sports Team, No.12, Nature Park Valley, Min Dhama Rd, Yangon.

22/05/2020

RIPပါနောင်ဘဝမှာဒီလိုအဖြစ်ဆိုးတွေမကြုံရပါစေနဲ့လို့ဆုတောင်းပါတယ်..{U 20 .Chin United FC ကစားသမားဟောင်း -ဟန်လင်းထက်}

21/05/2020

Chin United နှင့်ပါတ်သက်သောသတင်း
များအားတိကျသေချာမူနှင့်တရားဝင်ရေးသားဖော်ပြခွင့်
များအတွက်၎င်းခွင့်ပြုချက်များကိုအောက်ပါဖုန်းနံပါတ်သို့အတည်ပြုမေးမြန်းခြင်းပြုပါရန်
09787345125
တဦးတယောက်ပြောဆိုမူဖြင့်တဘက်သက်ရေးသားခြင်းများ,CUFC CEO /BODမှခွင့်ပြုချက်မရှိသတင်းထုတ်ပြန်သူများ အားတရားဥပဒေအရထိထိရောက်ရောက်အရေးယူပါမည်ဖြစ်ကြောင်းအသိပေးအကြောင်းကြားပါသည်.

27/04/2020
18/04/2020

https://www.facebook.com/101740048157797/posts/118107453187723/

သူပြောတဲ့ သူ့အကြောင်း (အမှတ်စဥ်-၁)
**************************************

ဒီနှစ်မြန်မာနေရှင်နယ်လိဒ်ကို ရာသီအစထဲက အားပေးခဲ့သူဆိုရင် သေချာပေါက် သတိထားမိမယ့်ပြည်တွင်းမျက်နှာသစ်ကစားသမားတစ်ဦးရှိပါတယ်။သူကတော့ ချင်းယူနိုက်တက်အသင်းက ကျောနံပါတ် 25 ကျော်မင်းသန်းပဲ ဖြစ်ပါတယ်။
ဒီရာသီမှာ ပထမဆုံး ရာသီအဖွင့်ပွဲစဥ် သုံးပွဲလုံးဂိုးသွင်းနိုင်တဲ့သူဟာဆိုရင် သူနဲ့ ရန်ကုန်ယူနိုက်တက်က အီမန်နျူရယ်ပဲ ရှိပါတယ်။ဒါကြောင့် ပထမဆုံး ရာသီအဖွင့် သုံးပွဲစလုံးကို ဂိုးသွင်းနိုင်တဲ့တစ်ဦးတည်းသော ပြည်တွင်းကစားသမားအဖြစ် ပရိသတ်တွေက သတိထားမိခဲ့ကြမှာဖြစ်ပါတယ်။

ကျွန်တော့်ကို ပိုပြီးတော့ သတိထားမိစေခဲ့တဲ့အချက်ကတော့ သူသွင်းယူခဲ့တဲ့အသင်းတွေရဲ့ဂိုးသမားတွေဟာ MNL မှာ ဝါရှိကြတဲ့ ကျော်ဇင်ထက် (ရန်ကုန်ယူနိုက်တက်) ၊ စိုးအာကာ (မကွေး အက်ဖ်စီ) ၊ ကိုကိုနိုင် (ဟံသာဝတီယူနိုက်တက်) တွေပဲ ဖြစ်ပါတယ်။ သွင်းဂိုးတွေဟာလည်း နေရာယူမှန်မှန်နဲ့ တွန်းတွန်းတိုက်တိုက်သွင်းယူခဲ့ပြီး ဟံသာဝတီယူနိုက်တက်ကို သွင်းယူခဲ့တဲ့ဂိုးဆိုရင် မိမိနောက်တန်းက ကန်တင်ပေးတဲ့ဘောလုံးကို တစ်ဖက်နောက်တန်းသုံးယောက်ကြား တစ်ကိုယ်တော် ယှဥ်ပြေးပြီးမှ သွင်းယူခဲ့ရတာဖြစ်ပါတယ်။တိုက်စစ်အားသန်တဲ့သူ့ကို သတိထားမိရင်း နောက်ပိုင်း ပွဲတွေမှာ ချင်းယူနိုက်တက်ရဲ့ ခြေစွမ်းနှင့် Team work ပိုင်း ကျဆင်းလာမှုကနေ သူ့အကြောင်းသတိတရ ရှိတာမို့ အခု ကျွန်တော်ရေးတဲ့ ဆောင်းပါးရဲ့ ပထမဆုံး ကစားသမားအဖြစ် မေးမြန်းဖော်ပြလိုက်ရခြင်း ဖြစ်ပါတယ်ခင်ဗျာ။

ကျော်မင်းသန်းကို 8-11-1997 နေ့မှာ ဧရာဝတီတိုင်း မြောင်းမြမြို့နယ် ကြံကီး ကျေးရွာမှာ မွေးဖွားခဲ့တာပါ။မွေးချင်း 8 ယောက်မှာ အငယ်ဆုံးဖြစ်ပြီး အစ်ကို 3 ယောက် အစ်မ 4 ယောက်ရှိပါတယ်။ ငယ်စဥ်ကတည်းက အစ်ကိုတွေ ဘောလုံးကစားရာနောက်ကို လွယ်အိတ်လွယ်ပေး အကျီကိုင်ပေးရင်း ဘောလုံးကို ဝါသနာကြီးခဲ့ရာကနေ အရွယ်ရောက်လာခဲ့ချိန်မှာတော့ မြို့နယ်အဆင့် ခရိုင်အဆင့်ပွဲများစွာ ကစားခွင့်ရခဲ့ပြီး ဧရာဝတီတိုင်းလက်ရွေးစင်အသင်းကြီးအတွက် အသက် 21 နှစ် ၊ အသက် 23 နှစ်အောက်ပြည်နယ်နှင့်တိုင်း ပြိုင်ပွဲတွေမှာ ကိုယ်စားပြုကစားခွင့်ရရှိခဲ့ပါတယ်။

2015 ခုနှစ်မှာ ဧရာဝတီတိုင်းအသင်းအတွက် ကစားပေးပြီးနောက် မြန်မာနေရှင်နယ်လိဒ် ပြိုင်ပွဲဝင် ဧရာဝတီယူနိုက်တက်အသင်းမှ ခေါ်ယူမှုကို လက်ခံရရှိခဲ့ပြီး မြန်မာနေရှင်နယ်လိဒ် Pro ကစားသမားဘဝ ခြေလှမ်းကို စတင်ခဲ့ပါတယ်။အသက်အရွယ်ငယ်ရွယ်သေးတာကြောင့် ပထမ ရာသီမှာတော့ ပွဲထွက်ကစားခွင့်မရရှိခဲ့ပေမယ့် ဒုတိယ ရာသီဝက်မှာတော့ MNL2 ပြိုင်ပွဲဝင်အသင်းဖြစ်တဲ့ City Yangon အသင်းကို ရာသီဝက်မှာ အငှားနဲ့ ပြောင်းရွေ့ပြီး ပွဲထွက်ခွင့်စတင်ရရှိခဲ့ပါတယ်။ထိုရာသီမှာ အငှားသွားရောက်ကစားခဲ့တဲ့ City Yangon အသင်းဟာ MNL2 ချန်ပီယံဖြစ်ခဲ့ပြီး တန်းတက်ခွင့် ရရှိခဲ့ပေမယ့် အကြောင်းအမျိုးမျိုးကြောင့် အသင်းဖျက်သိမ်းသွားခဲ့တာကြောင့် ကျော်မင်းသန်းဟာ မိခင် ဧရာဝတီ အသင်းမှာပဲ တတိယ ရာသီကို ဖြတ်သန်းခဲ့ရပါတယ်။ MNL 1 ကို လူစားဝင်ကစားသမား အဖြစ် 5 ပွဲလောက်ကစားခဲ့ရပြီး စတုတ္ထရာသီရဲ့ ဒုတိယအကျော့မှာတော့ အူအတတ်ခွဲစိတ်ကုသရတာကြောင့် မြက်ခင်းစိမ်းတွေနဲ့ ထပ်မံဝေးခဲ့ရပြန်ပါတယ်။

ကျော်မင်းသန်းဟာ ဧရာဝတီယူနိုက်တက်အသင်းမှာပဲ 4 နှစ်ကြာ ဖြတ်သန်းလာခဲ့ပြီးတဲ့နောက်မှာတော့ MNL1 စင်မြင့်ထက်ကို ပွဲထွက်ဦးစားပေးကစားဖို့ အခွင့်အရေးရရှိလာခဲ့တော့တယ်။ ဧရာဝတီအသင်းမှာ တူတူဖြတ်သန်းခဲ့တဲ့ နည်းပြဆရာအောင်ခိုင်က ယခုနှစ် MNL 1 ကို တန်းတက်လာတဲ့ချင်းယူနိုက်တက်ကို ပြောင်းလာခဲ့ရချိန်မှာ တပည့်ဖြစ်သူ ကျော်မင်းသန်းကိုလည်း ယုံကြည်စွာနဲ့ ခေါ်ယူဖို့ ပြုလုပ်ပေးခဲ့ကြပါတယ်။

ပထမဆုံး ပွဲထွက်ကစားရမယ့်အသင်းက အအောင်မြင်ဆုံးအသင်းဖြစ်တဲ့ ရန်ကုန်ယူနိုက်တက်နှင့် လက်ရွေးစင်ဂိုးသမား ကျော်ဇင်ထက်မို့ လွယ်ကူတဲ့စာမေးပွဲတော့ မဟုတ်ခဲ့ပါဘူး။ဒါပေမယ့် ပထမပိုင်း ရန်ကုန်ယူနိုက်တက်က သန်းပိုင်ရဲ့ ခေါင်းတိုက်ဂိုးနဲ့ ဦးဆောင်နေရာမှာ ပထမပိုင်းပြီးဖို့ နောက်ဆုံးမိနစ်မှာမှ အသင်းဖော် ချစ်စုမိုးရဲ့ ညာတောင်ပံ ဖြတ်တင်ပေးတဲ့ဘောလုံးကို နောက်တန်းတွေကြားကနေ နေရာယူမှန်မှန်နဲ့ ပိတ်သွင်းနိုင်ခဲ့ပြီး သူ့ရဲ့ ပထမဆုံး MNL1 အဖွင့်ဂိုးစာမျက်နှာကို ဖွင့်နိုင်ခဲ့ပါတယ်။
ဒုတိယမြောက်ပွဲစဥ်ကိုတော့ မကွေးအက်ဖ်စီအသင်းနဲ့ ရန်ကုန်ယူနိုက်တက်ကွင်းမှာပဲ ကစားခဲ့ရပြီး ပွဲချိန် 88 မိနစ်မှာ ရရှိလာတဲ့ပြစ်ဒဏ်ဘောကို တစ်ဖက်နောက်တန်းကစားသမားနဲ့ ခေါင်းချင်းယှဥ်တိုက်ပြီး အကျမှာ ညာခြေနဲ့ အပြင်းကန်သွင်းကာ ဒုတိယမြောက် ဂိုးကို ရယူနိုင်ခဲ့ပါတယ်။
တတိယမြောက်ပွဲစဥ်မှာတော့ အသွင်သစ် အမြင်သစ် နည်းပြသစ်နဲ့ ပွဲထွက်လာတဲ့ ဟံသာဝတီယူနိုက်တက်အသင်းကို သုံးဂိုးပြတ်ရှုံးနိမ့်နေချိန်မှာ ခံစစ်က အသင်းဖော် ညီညီထွေး ကန်တင်ပေးလိုက်တဲ့ ဘောလုံးကို တစ်ဖက်နောက်တန်း သုံးယောက်နဲ့ ယှဥ်ပြေးပြီး ဂိုးသမားကိုပါ အသာအယာသွင်းယူပြီး ခြေပဂိုးသွင်းယူပေးခဲ့နိုင်ပြန်ပါတယ်။

တာထွက် သုံးပွဲပြီးမှတော့ ချင်းယူနိုက်တက်ဟာ ရခိုင်ယူနိုက်တက်အသင်းကို အဝေးကွင်းမှာ သရေတစ်မှတ် ရယူနိုင်ခဲ့တာကလွဲပြီး ရှုံးပွဲတွေဟာ ဆက်တိုက်ရရှိလာခဲ့ပါတယ်။ အသင်းရဲ့ ခံစစ်ကို အဓိက ပြင်ကစားခဲ့တဲ့ကစားကွက်အောက်မှာလည်း အထောင်တိုက်စစ်အားသန်တဲ့ ကျော်မင်းသန်းရဲ့ခြေစွမ်းဟာ ပျောက်ဆုံးသွားခဲ့ရပါတယ်။

ကျော်မင်းသန်းကို အသင်းဖော်တွေနဲ့ ငယ်သူငယ်ချင်းများက နာမည်ရင်းအစား ဗဒင်လို့ အခေါ်များကြပါတယ်။ပြည်တွင်းကစားသမားတွေထဲမှာတော့ သူ့အကြိုက်ဆုံးကစားသမားတွေက နောက်တန်းမှာဆို ကိုကျော်ဇင်လွင်(ဧရာဝတီယူနိုက်တက်) ၊အလယ်တန်းမှာ ကိုတင်ဝင်းအောင် (ဧရာဝတီယူနိုက်တက်) နဲ့ ကိုသီဟဇော် (ဧရာဝတီယူနိုက်တက်) ၊ ရှေ့တန်းမှာဆိုရင်တော့ အခု ထိုင်းလိဒ်မှာ သွားရောက်ကစားနေတဲ့ ကိုကျော်ကိုကိုတို့ကို လေးစားအားကျရတယ်လို့ ပြောပြပါတယ်။ လက်ရှိ ချင်းယူနိုက်တက်အသင်းမှာလည်း အသင်းဖော်တွေနဲ့ နားလည်မှုရှိစွာ ကစားနေပြီး ပြည်ပကစားသမား ဆန်မျူရယ်ဆီကနေလည်း အတွေ့အကြုံကောင်းတွေ သင်ယူခွင့်ရတယ်လို့ သိရပါတယ်။ ပြည်ပကစားသမားထဲမှာဆိုရင်တော့ ခရစ်စတီယာနို ရော်နယ်ဒိုက သူ့အတွက် Idol တစ်ယောက်ဖြစ်ပါတယ်။

ကျွန်တော်တို့ REAL Sports က သူ့အကြောင်းဆောင်းပါးရေးဖို့ ဆက်သွယ်ခဲ့ရမှာတော့ အခုလိုလုပ်ပေးတာဟာ သူ့အတွက် တစ်ခါမှ မရှိခဲ့သေးတဲ့အရာမို့ အရမ်းဝမ်းသာမိတဲ့အကြောင်းပြောခဲ့တာမို့ ကျွန်တော်ကိုယ်တိုင်လည်း ကြည်နူးမိပါတယ်။ဘယ်သူမဆို ကိုယ်ကြိုးစားခဲ့တဲ့အရာတစ်ခုကို အသိအမှတ်ပြုခံရရင် ကျေနပ်ကြစမြဲပဲမဟုတ်လားခင်ဗျာ။

သူ့အနေနဲ့ ဒီထက်ပိုပြီး အသင်းအတွက် ပေးဆပ်ကစားသွားပြီး ပွဲထွက်ခွင့်တွေ သွင်းဂိုးတွေကို ရယူသွားမယ်လို့ ပြောပါတယ်။လက်ရွေးစင်တစ်ယောက်ဖြစ်ဖို့အတွက် ယုံကြည်ချက်အပြည့်ရှိစွာ ကြိုးစားနေပေမယ့် အသင်းငယ်ကမို့ အရွေးမခံရမှာကိုတော့ အနည်းငယ် စိုးထိတ်မိနေတာကို သတိထားမိခဲ့ရပါတယ်။

ငယ်စဥ်ထဲကနေ အခုထိ ဘောလုံးထဲကို ပေးဆပ်ထားတဲ့သူ့အတွက် လက်ရွေးစင်အိမ်မက်က ပန်းတိုင်တစ်ခုဆိုလည်း မမှားပါဘူး။လက်ရွေးစင်အဆင့်ရောက်ခဲ့ရင် အခုထိ ပိုမိုကောင်းမွန်တဲ့ နည်းစနစ်တွေ Training တွေ စီနီယာအသင်းဖော်တွေနဲ့ကစားရမယ်ဆိုရင် အခုခြေစွမ်းထက် ပိုမိုကောင်းမွန်လာမယ်လို့လည်း ယုံကြည်နေသူတစ်ဦးပါ။ ဒါကြောင့် သူယုံကြည်ရာ အိမ်မက်ပန်းတိုင်ကို သွားဖို့ အတွက် ပရိသတ်က အဓိက တွန်းအားတွေထဲက တစ်ခုပါပဲ။သူ့ပရိသတ်ကြီးနှင့် MNL ပရိသတ်ကြီးအတွက် သူ့ရဲ့ နှုတ်ခွန်းဆက်စကားကတော့

မြန်မာနေရှင်နယ်လိဒ်ကို အားပေးနေကြတဲ့ပရိသတ်ကြီးကို အထူးပဲကျေးဇူးတင်ပါတယ်။ မြန်မာလူမျိုးတွေ မြန်မာဘောလုံးပရိသတ်တွေဟာ ဘယ်လိုပဲ အနိုင်အရှုံးတွေနဲ့ ကြုံတွေ့နေပါစေ ကိုယ့်နိုင်ငံအသင်းကို အားပေးနေတတ်တဲ့လူမျိုးတွေပါ။ အခုလို ရောဂါကပ်ဆိုးကြီးဖြစ်နေတဲ့အချိန်မှာ အိမ်ထဲမှာပဲနေကြပါ။ ဒီကပ်ဆိုးကြီးကို ကျော်လွှားပြီးရင် အရင်လို ဘောလုံးကွင်းထဲမှာ ပရိသတ်ကြီးနဲ့အရင်ကထက် ပျော်ပျော်ရွင်ရွင်နဲ့ ဆုံတွေ့ချင်ပါတယ်.....လို့ ပြောသွားပါတယ်ခင်ဗျာ။

အခုလို ဆောင်းပါးအတွက် ကျွန်တော်တို့ REAL Sports က ဆက်သွယ်မေးမြန်းတဲ့အပေါ် သူ့ရဲ့ သဘောထားအမြင်ကို မေးမြန်းရာမှာလည်း အခုလိုပဲ ဖြေပေးခဲ့ပါတယ်။

" အစ်ကိုတို့လို ကိုယ်ထူကိုယ်ထ Online Media လေးတွေကနေ ကျွန်တော်တို့လို ယောင်ယောင်လေး မပြတပြဖြစ်နေတဲ့ အသင်းငယ်က ကစားသမားတစ်ယောက်ကို အခုလို ဆက်သွယ်မေးမြန်းပေးတာကို ပျော်လည်းပျော်တယ်။ ဝမ်းလည်းဝမ်းသာပါတယ်။ကျေးဇူးလည်းအထူးတင်ပါတယ်။အကိုတို့ဖော်ပြပေးလိုက်လို့ ကျွန်တော်တို့လို အသင်းငယ်က ကစားသမားတွေအနေနဲ့ လူမသိဘူး ၊ လက်ရွေးစင်ဖြစ်မလာနိုင်ဘူးလို့ ပြောလို့မရဘူးလေ။ ဒါကြောင့် ကျွန်တော်တို့လို အခုမှ ကြိုးစားနေတဲ့မျိုးဆက်သစ်ကစားသမားတွေအတွက် အခုလို Online Media တွေကနေ အသိအမှတ်ပြုပေးတာကိုပဲ အရမ်းကျေးဇူးတင်ပါတယ်ခင်ဗျာ။"

အခုလို ကျွန်တော်တို့ REAL Sports မီဒီယာကနေ ကျောက်ရိုင်းလေးတွေ ၊ မီးခဲပြာဖုံးလေးတွေကို ပရိသတ်ရှေ့မှောက်ချပြခွင့်ရရင်ကို ကျေနပ်မိတာမို့ မြန်မာ့ဘောလုံးပရိသတ်ကြီး တို့ကလည်း အမြဲမပြတ်စောင့်ကြည့်အားပေးကြဖို့ တောင်းဆိုလိုက်ပါတယ်ခင်ဗျာ။နောက်ရက်တွေမှာ ဘယ်ကစားသမားအကြောင်းသိချင်ကြသလဲဆိုတာလည်း အကြံပြုတောင်းဆိုနိုင်ပါကြောင်း ပြောကြားရင်းနဲ့ သူပြောတဲ့သူ့အကြောင်း ဆောင်းပါးလေးကို နိဂုံးအဆုံးသတ်လိုက်ရပါတယ်ခင်ဗျာ။

မိတ်ဆွေ ယနေ့ စိတ်ချမ်းသာပါစေ
ကိုအားမာန်
18-4-2020 (Saturday)

© သတိပေး မေတ္တာရပ်ခံချက် ©
ယခုဆောင်းပါးသည် ကျွန်တော်တို့ REAL Sports Team မှ အချိန်ယူဖန်တီးထားသောအရာများဖြစ်သောကြောင့် crd ပေး၍ တဆင့်ကူးယူဖော်ပြခြင်း ခွင့်မပြုပါကြောင်းနှင့် မပြုလုပ်ခြင်းဖြင့် ကူညီပေးပါရန် တောင်းဆိုအပ်ပါသည်ခင်ဗျာ။ယခုဆောင်းပါးသည် REAL Sports ၏ မူပိုင် © ဆောင်းပါးဖြစ်ပါတယ်။

သူ့ပြောတဲ့သူ့အကြောင်း (အမှတ်စဥ်-၁)
ကျော်မင်းသန်း (ချင်းယူနိုက်တက်)
https://m.facebook.com/story.php?story_fbid=118107453187723&id=101740048157797

သူ့ပြောတဲ့သူ့အကြောင်း (အမှတ်စဥ်-၂)
ကောင်းမြတ်ကျော် (ရခိုင်ယူနိုက်တက်)
https://m.facebook.com/story.php?story_fbid=118601923138276&id=101740048157797

သူ့ပြောတဲ့သူ့အကြောင်း (အမှတ်စဥ်-၃)
မောင်မောင်ဝင်း (ရန်ကုန်ယူနိုက်တက်)
https://m.facebook.com/story.php?story_fbid=119143299750805&id=101740048157797

24/03/2020

https://www.facebook.com/178900665539718/posts/2737120773051015/

မြန်မာနေရှင်နယ်လိဂ် ပွဲစဉ်များအားလုံးကို ယနေ့မှစ၍ ရွှေ့ဆိုင်းမည်
=====================================

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ (၂၃.၃.၂၀၂၀) ရက်နေ့ ည ၁၁း၄၅ နာရီ ထုတ်ပြန်ချက် အရ ချင်းပြည်နယ် တီးတိန်ပြည်သူ့ ဆေးရုံနှင့် ရန်ကုန်မြို့ ဝေဘာဂီ ဆေးရုံတို့၌ စောင့်ကြပ်ကြည့်ရှုခြင်း ခံထားရသော လူနာနှစ်ဦးတွင် COVID-19 ရောဂါပိုး တွေ့ရှိကြောင်း သိရှိရပါသည်။

သို့ဖြစ်ရာ ရောဂါပြန့်ပွား ကူးစက်ခြင်းမှ ကာကွယ်နိုင်ရန် အတွက် အသင်းအားလုံးနှင့် ညှိနှိုင်းကာ ကွင်းပိတ်ကျင်းပလျှက်ရှိသော မြန်မာနေရှင်နယ်လိဂ်မှ ကြီးမှူးကျင်းပနေသည့် ဘောလုံးပြိုင်ပွဲများ အားလုံးကို မတ်လ (၂၄) ရက် ယနေ့မှ စတင်ရွှေ့ဆိုင်းလိုက်ပြီ ဖြစ်သည်။

ပွဲစဉ်များ ပြန်လည်ကျင်းပမည့် ရက်နှင့် အစီအစဉ်များကို အသေးစိတ် ပြန်လည်၍ ကြိုတင် ထုတ်ပြန်ပေးသွားမည် ဖြစ်ပါသည်။

Photos from Chin United FC's post 22/03/2020

ချင်းယူနိုက်တက် အသင်းမှ ဦးဆောင်၍ အလင်းစစ်ပညာဒါန ကျောင်းတွင် Grassroots Programs တစ်ခုကျင်းပပြုလုပ်ခဲ့ ။

ချင်းယူနိုက်တက် အသင်းမှ ဦးဆောင်၍ မတ်လ၂၂ရက်နေ့ မနက်ပိုင်းတွင် ပဲခူးမြို့ ၊ ဥသာမြို့သစ် ၊ ရပ်ကွက်ကြီး ၈ တွင်ရှိသော ရွှေဂူကြီးတောရ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းနှင့် အလင်းစစ်လူငယ်ဖွံဖြိုးရေး (ပညာဒါန) ပရဟိတကျောင်းတွင် ဘောလုံးအားကစား နှင့်ပက်သတ်သော အခြေခံအားကစား နည်းများ နှင့် ကစားပုံများအား ချင်းယူနိုက်တက် အသင်းမှ နည်းပြ ၊ ကစားသမားတချို့နှင့် အသင်းတာဝန်ရှိသူများမှ သင်ကြားပြသပေးခဲ့ပါသည်။အလင်းစစ်​ပညာဒါနကျောင်းတွင်
အားကစား ပစ္စည်း များ လှူဒါန်းပံ့ပိုးမှုပြုလုပ်ခဲ့သည်
ချင်းယူနိုက်တက် အသင်းမှ အလင်းစစ် လူငယ်ဖွံဖြိုးရေး (ပညာဒါန) ပရဟိတကျောင်းတွင် လှူဒါန်းမှု့နှင့် Grassroots Football Program ပြုလုပ်ခဲ့ပါသည်

ထို့အပြင် ပဲခူးမြို့ ၊ ဥသာမြို့သစ် ၊ ရပ်ကွက်ကြီး ၈ တွင်ရှိသော ရွှေဂူကြီးတောရ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းနှင့် အလင်းစစ်လူငယ်ဖွံဖြိုးရေး (ပညာဒါန) ပရဟိတကျောင်းတွင် ကစားသမားလူငယ် ၄၀ ဦးခန့်အား ဘောလုံးအားကစား နှင့်ပက်သတ်သော အခြေခံအားကစား နည်းများ နှင့် ကစားပုံများအား ချင်းယူနိုက်တက် အသင်းမှ နည်းပြ ၊ ကစားသမားတချို့နှင့် အသင်းတာဝန်ရှိသူများမှ သင်ကြားပြသပေးခဲ့ပါတယ် ။

ချင်းယူနိုက်တက် အသင်းမှ ဦးမင်းမင်းထွန်း(အထွေထွေ မန်နေဂျာ) ၊ ဦးနန္ဒကျော် (နည်းပြချုပ် ၊ ချင်းယူနိုက်တက် ယူ၁၉) ၊ ဦးကျော်ဇင်သိန်း (မီဒီယာတာဝန်ခံ) တို့နှင့် ကစားသမားများဖြစ် ကြသော ထွန်းထွန်းနိုင် (ဂိုး - ချင်းယူနိုက်တက် ယူ၁၉) ၊ သက်ပိုင်စိုး ( ချင်းယူနိုက်တက် ယူ၁၉) နှင့် ရဲဝင်းလှိုင် (ချင်းယူနိုက်တက် ယူ၁၉) တို့မှ ပါဝင် ကူညီ ဆောင်ရွက်ခဲ့ကြပါတယ် ။


&DonationsProgram

Photos from Chin United FC's post 07/03/2020

Today at Mandalay !!!

27/02/2020

လက်ရှိချန်ပီယံနှင့် ယှဉ်ပြိုင်ကစား သွားရမဲ့ ချင်းယူနိုက်တက်

ချင်းယူနိုက်တက် အသင်းဟာ မြန်မာနေရှင်နယ်လိဂ် ပြိုင်ပွဲ ပွဲစဉ် ၈ အဖြစ် လက်ရှိချန်ပီယံ ရှမ်းယူနိုက်တက်အသင်းနှင့် လာမဲ့ မတ်လ ၁ရက်နေ့ (တနင်္ဂနွေနေ့) တွင် ရန်ကုန်မြို့မှာ ရှိတဲ့ သုဝဏ္ဏကွင်းမှာ မွန်းလွဲ ၄နာရီအချိန်တွင် ယှဉ်ပြိုင်ကစားသွားရမှာလည်းဖြစ်ပါတယ် ။

ချင်းယူနိုက်တက် အသင်းဟာ လက်ရှိ မြန်မာနေရှင်နယ်လိဂ် ပြိုင်ပွဲ ပွဲစဉ် ၇ပွဲ ယှဉ်ပြိုင်ကစားအပြီးမှာတော့ ၁ပွဲနိုင် ၁ပွဲသရေ ၅ပွဲရှုံး ရလဒ်နဲ့အတူ အမှတ်ပေးဇယား အဆင့် ၁၀ နေရာမှာ ရပ်တည်နေတာဖြစ်ပါတယ် ။

တန်းဆင်းဇုန်အထက်မှာသာ ရပ်တည် ထားနိုင်ခဲ့တဲ့ ချင်းယူနိုက်တက်အသင်းအနေနဲ့ ဒီပွဲစဉ်မှာ ရမှတ်ရရှိဖို့ အကောင်းဆုံး ကြိုးစားယှဉ်ပြိုင်ကစားသွားရမဲ့ ပွဲစဉ် ၁ ပွဲ လို့ဆိုရမှာဖြစ်ပါတယ် ။

Want your business to be the top-listed Gym/sports Facility in Yangon?

Click here to claim your Sponsored Listing.

Location

Culinary Team

Attire

Website

Address


No.12, Nature Park Valley, Min Dhama Rd
Yangon
11062