NAK Sport

NAK Sport

Share

Sport Items in Myanmar

24/12/2023

🪅🎄

For the second year in a row Arsenal are top of the tree at Christmas 🎄

07/12/2023

🇲🇲 အမျိုးသားနေ့ တို့မမေ့ 🇲🇲

ယနေ့ တန်ဆောင်မုန်းလပြည့်ကျော် ၁၀ ရက်နေ့တွင် ကျရောက်သော ၁၀၃ နှစ်မြောက် အမျိုးသားနေ့အား ကြိုဆို ဂုဏ်ပြုအပ်ပါသည်။


#အမျိုးသားနေ့

30/10/2023

" ဝါလ ကင်းလွတ် သီတင်းကျွတ် " မှာ စိတ်ချမ်းသာ ကိုယ်ကျန်းမာပြီး ဘေးအန္တရာယ်ခပ်သိမ်းမှ ကင်းဝေးကြပါစေကြောင်း NAK Sport မိသားစုမှ ဆုမွန်ကောင်းတောင်းအပ်ပါတယ်ခင်ဗျာ 🙏🏻



07/10/2023

"Human Error နှင့် Technology "

ဒီတစ်ခါတော့ နည်းပညာပြဿနာမဟုတ်ပဲ လူတို့ရဲ့ စိတ်အခြေနေ၊ ဆုံးဖြတ်ချက်အမှားတွေကြောင့် နစ်နာသွားခဲ့ရတာတွေလဲ ရှိတာကို ပရီးမီးယားလိဂ်ပွဲက သက်သေပြခဲ့ပါတယ်။
Liverpool နှင့် Tottenham ပွဲမှာ ဒိုင်ရဲ့ ဆုံးဖြတ်ချက်ကို သံသယဝင်တာကြောင့် VAR ဆွေးနွေးမှုအသံဖိုင်ကို Liverpool တို့ အရဲတဝံ့တောင်းဆိုခဲ့ကြပြီး အခုတော့ လူအများရှေ့ချပြလိုက်ပြီပဲ ဖြစ်ပါတယ်။
ဒီးယက်ဇ်ရဲ့ ဂိုးကို ဒိုင်ဆိုင်မွန်ဟိုပါက အလံထောင်တဲ့အပေါ် VAR လက်ထောက်ဒိုင် ဒါရင်းအင်္ဂလန်က သေချာမစိစစ်ပဲ check complete လို့ မှားယွင်းဆုံးဖြတ်ခဲ့ပါတယ်။
အချိန်အနည်းငယ်ကြာပြီးတဲ့နောက် အနှေးပြအော်ပတာကို ကြည့်တဲ့အခါ VAR ရဲ့ Check complete ဆိုတာကို သံသယဝင်ခဲ့ကြပြီး အင်္ဂလန်ရဲ့ ဆုံးဖြတ်ချက်ဟာ off-side မဟုတ်ပဲ on-side ဖြစ်ကြောင်း ထောက်ပြကြတဲ့အခါ အင်္ဂလန်က သူ့အမှားကို သိပြီး အလန့်တကြားအော်ဟစ်ဆဲဆိုခဲ့ပါတယ်။
ဒါပေမယ့် သေချာမစဉ်းစားပဲ ဆုံးဖြတ်ခဲ့တဲ့အပေါ် ပြန်လည်ပြင်ဆင်ခြင်းမရှိပဲ ပွဲကို ပြန်လည်စခဲ့တဲ့အပြင် ကွင်းထဲက အဖွဲ့နဲ့လဲ တိုင်ပင်မှုမရှိတာကတော့ အတော်ဆိုးရွားပြီး ရုပ်ပေါက်လွန်းပါတယ်။
ပရီးမီးယားလိဂ်ပွဲတိုင်းမှာ ဒီလိုဖြစ်စဉ်တွေ မကြာခဏ ဖြစ်လေ့ဖြစ်ထရှိခဲ့ပေမယ့် ဒီတစ်ခါကတော့ အတော်လေးကို ဆိုးရွားသွားခဲ့ပါတယ်။
လီဗာပူးလို မတရားခံရမှုကို တွန်းလှန်ဖို့ ကြိုးစားနေခြင်းအပေါ် ဝိုင်းကူညီပေးကြရမယ့်အစား
စိတ်အခြေနေဖိအားတွေကြောင့် မှားတတ်မှာပဲဆိုတဲ့ အကြောင်းပြချက်နဲ့သာ ပြီးဆုံးသွားခဲ့ပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ် initiative move ကို အရဲတဝံ့လုပ်ဆောင်ခဲ့တဲ့ လီဗာပူးကြောင့် အနာဂတ်မှာ decision making ပိုင်းကို သေချာစိစစ်လာကြမယ်လို့ ယုံကြည်ပါတယ်။
ဒီအခြေနေကိုကြည့်ပြီး လူတို့ရဲ့ လွဲချော်မှုတွေကို နည်းပညာကနေတဆင့် သိနိုင်သလို နည်းပညာရဲ့ ပြဿနာတွေကိုလဲ လူတို့က ဖြေရှင်းနိုင်ကြတာကြောင့် နည်းပညာကို ကောင်းကောင်းသာ အသုံးချတတ်ရင် အကျိုးများစွာရှိမှာပဲ ဖြစ်ပါတယ်။
ပွဲကြီးကြပ်သူတွေကြားက ဆွေးနွေးမှုအပြည့်အစုံကိုတော့ အောက်က ဗီဒီယိုထဲမှာ အသေးစိတ်ကြည့်နိုင်ပါတယ်…



06/10/2023

"Castore brand ရဲ့ Quality ကောင်းမွန်မူကြောင့် ဗီလာ အမျိုးသမီးဘောလုံးအသင်းသက်တောင့်သက်သာ မရှိခြင်းဖြင့်ရင်ဆိုင်ရ"

Britain (UK) brand ဖြစ်တဲ့ Castore ဟာ2015 ကစတင်တည်ထောင်ခဲ့ပြီး Philip Beahon နှင့် Thomas Beahon တို့ညီကိုနှစ်ဦးက အသက်ငယ်ငယ် founder များဖြစ်ကြပါတယ်…

Sponsorship တွေကို 2019 tennis champion ဖြစ်တဲ့ Andy Murray ကစပြီး ပေးခဲ့ပါတယ်
ယခုနှစ်ပိုင်းမှာ sponsor အနေနဲ့ English football league မှာဆိုရင် Aston villa အမျိုးသမီးအသင်းကို sponsor ပေးခဲ့ရာမှ Jersey ရဲ့ချွေးစုပ်ယူမူအားကောင်းသောကြောင့် ခန္ဓာကိုယ်မှာကပ်ပြီး အမျိုးသမီးများ နေရထိုင်ရခက်နေခဲ့ရပါတယ်။
အမျိူးသမီးများ ကိုယ်ခန္ဓာပေါ်ရှိချွေးများကိုစုပ်ယူမူပြုလုပ်ခြင်းကြောင့် အရမ်းကပ်နေပြီးရင်သားများ ပေါ်လွင်စေသည်အထိအခက်အခဲဖြစ်ခဲ့ရပါတယ်။
ဒီအတွက်နေရထိုင်ရခက်ခဲ့ပါတယ်။ ကစားသမားတစ်ယောက်ရဲ့ အင်္ကျီကို design ၊ သက်တောင့်သက်သာရှိသောပိတ်စသားနှင့် အရည်အသွေးပေါ် အထူးပြုလုပ်ချုပ်ရပါတယ်။
အခုလက်ရှိ ပြဿနာကို Beahon ညီအစ်ကိုတို့ ဘယ်လိုဖြေရှင်းမလဲဆိုတာကို စောင့်ကြည့်ပြီး သူတို့ ရဲ့ Moto အတိုင်း “I can’t tell you any more or I’ll get shot by my product team!”
ဘာဖြစ်လာမလဲဆိုတာကိုစောင့်စားရမယ့် အခြေအနေပါ …
နောက်လာမယ့် Aston villa နဲ့ Manchester United ပွဲကို အားပေးရင်းစောင့်ကြည့်ကြရအောင်…





18/09/2023

“A trophy carrier dust. Memories last forever.”

~ Mary Lou Retton



11/09/2023

“Age is no barrier. It’s a limitation you put on your mind.”
~ Jackie Joyner-Kersee



08/09/2023

ဖြစ်တောင့်ဖြစ်ခဲ ပေါ်တူဂီမြေရဲ့ VAR 🤭

စက်တင်ဘာ ၃ ရက် Portuguese league ရဲ့ Porto နဲ့ Arouca တို့ပွဲမှာ ဒိုင်လူကြီးက VAR ကြည့်ဖို့လုပ်တဲ့အခါ ရှော့ရသွားစေတဲ့ ထူးခြားဖြစ်စဉ်ဖြစ်ခဲ့ပါတယ်

Arouca ရဲ့ ရှေ့တန်းကစားသမားခရစ်စတိုဟာ ၈၆ မိနစ်မှာ ပထမဂိုးလ်သွင်းခဲ့ပြီး
၉၀ မိနစ်ကန်အပြီးမှာတော့ ပေါ်တိုတိုက်စစ်မှူး တယ်ယာမီကို ပင်နယ်တီဧရိယာထဲမှာ အင်္ကျီဆွဲခံထားရတယ်ဆိုတဲ့ အကြောင်းကြောင့် ပေါ်တိုကို ပင်နယ်တီပေးသင့်မပေးသင့် ဒိုင် မီဂဲလ်ဟာ VAR ကြည့်ဖို့ လုပ်ပါတယ်။

VAR Screen တွေ ပျက်လေ့ပျက်ထမရှိပေမယ့် ပေါ်တူဂီကွင်းထဲက VAR Screen ကတော့ ပျက်နေတာပါဘဲ။😂

ဒါနဲ့ မီဂဲလ်လည်း ပုံထဲကလို ခပ်တည်တည်နဲ့ VAR ခန်းကို ဖုန်းလှမ်းဆက်ပြီး မေးရပါတော့တယ်။

ပင်နယ်တီမပေးခဲ့ပေမဲ့ ရှားရှားပါးပါး VAR ကို ဖုန်းနဲ့အတည်ပြုရတဲ့ပွဲလည်း ဖြစ်သွားခဲ့ပြီး

၁၀၆ မိနစ်ကြာ ကစားပြီးနောက် ပေါ်တိုတို့ ပင်နယ်တီထပ်မံကန်ခွင့်ရကာ တစ်ဖက် တစ်ဂိုးလ်စီဖြင့် သရေကျခဲ့ပါတယ်…




04/09/2023

“Always work hard, never give up and fight until the end because it’s never
really over until the whistle blows.”

~ Alex Morgan





01/09/2023

“ Congratulations Team BBA”




28/08/2023

"If my mind can conceive it and my heart can believe it - then I can achieve it.”
- Muhammad Ali





Photos from NAK Sport's post 22/08/2023

အဖွင့်၂ပွဲဆက် အနိုင်ရလဒ်နဲ့အတူ ဘရိုက်တန်အသင်း လက်ရှိချန်ပီယံ မန်စီးတီးအသင်းတို့နှင့် ရမှတ်တူ ဂိုးကွာခြားချက် အနေအထားဖြင့် အမှတ်ပေးဇယား တတိယနေရာတွင် ဦးဆောင်နေသည့် အာဆင်နယ်အသင်း...

မနေ့ညကယှဥ်ပြိုင်ကစားခဲ့တဲ့ အဂ်လန် ပရီးမီးယားလိဂ် ပွဲစဥ်(၂)မှာတော့ ကစားရခက်ခဲတဲ့ ခရစ်စတယ်ပဲလေ့စ်အသင်းကို သူတို့ရဲ့အိမ်ကွင်း ဆဲလ်ဟာ့ပါ့ခ် ကွင်းမှာ နာမည်ကြီး အာဆင်နယ် အသင်းဟာ အသင်းခေါင်းဆောင် အိုဒီဂတ်ရဲ့ တလုံးထဲသောပင်နတီသွင်းဂိုးနဲ့အတူ တဂိုး ဂိုးမရှိဆိုသောရလဒ်ဖြင့် အနိုင်ရရှိခဲ့ပါတယ်...
ဒုတိယပိုင်း မိနစ်၇၀ဝန်းကျင်မှာတော့ အာဆင်အသင်းရဲ့ နောက်ခံလူ တိုမီယာစုဟာ ၂ဝါတနီဖြင့်ထုတ်ပယ်ခံခဲ့ရတာကြောင့် ၁၀ယောက်ကျန်အနေအထားဖြင့် ခရစ်စတယ်ပဲ​လေ့စ်အသင်းကို အနိုင်ရရှိဖို့အတွက် လက်ကျန် မိနစ်၃၀ခန့်ကို ရေကုန်ရေခမ်းကြိုးစားခဲ့ရပါတယ်...
လန်ဒန်ဒါဘီပြိုင်ဘက်အသင်းတွေ ဖြစ်ကျတာနဲ့အညီ တဖက်နဲ့တဖက် အကျိတ်အနယ်ယှဥ်ပြိုင်ကစားကျရင်း နောက်ဆုံးမှာတော့ အာဆင်နယ်အသင်းကပဲ Clean sheet နိုင်ပွဲအတူ လိုအပ်နေတဲ့ အနိုင်သုံးမှတ်ကို စုဆောင်းသွားနိုင်ခဲ့ ပါတယ်...
နောက်လာမယ့်အပတ် ပွဲစဥ်(၄)မှာတော့ အာဆင်နယ်အသင်းဟာ ဖူလ်ဟမ်အသင်းကို အိမ်ကွင်းမှာလက်ခံ ယှဥ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်...




Want your business to be the top-listed Gym/sports Facility in Yangon?

Click here to claim your Sponsored Listing.

Location

Category

Telephone

Address


Yangon